iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္မွန္ဘယ္ေလာက္အေရးၾကီးသလဲဆိုတဲ့အေၾကာင္းကို မ်က္မွန္တပ္ေနရသူေတြသာသိမယ္။ ကိုယ္ႏွင့္မခြာအျမဲေဆာင္ယူသြားေနရတဲ့ပစၥည္းထဲမ်က္မွန္ကထိပ္ဆံုးပါတယ္။ မ်က္မွန္ကိုင္းေလးက်ိဳးသြားလို႔ ဆိုင္သြားေပးထားရင္ေတာင္ တစ္ရက္ေလာက္မ်က္ကန္းဘဝထဲေရာက္သြားသလိုခံစားရတာမ်ိဳးက စာေရးသူကိုယ္ေတြ႔ပါ။ ဒါေၾကာင့္မ်က္မွန္တပ္သူေတြအတြက္ မ်က္မွန္နဲ႔ပတ္သတ္ျပီး ဗဟုသုတလည္းရျပီး အက်ိဳးလညး္ရွိေစမယ့္ နည္းလမ္းေကာင္းေလးေတြကိုမွ်ေဝေပးလိုက္ပါတယ္။

၁။အေမွာင္ထဲမွာမ်က္မွန္ရွာတဲ့အခါ

ကိုယ္အျပင္ထြက္ခါနီးမွ မီးကပ်က္၊ မ်က္မွန္ဘူးကိုလည္းဘယ္လိုရွာရမွန္းမသိတဲ့အခါ ဒီနည္းေလးသံုးလို႔ရပါတယ္။ အႏုျမဴေသာ့ခ်ိတ္ကုိ ကိုယ့္မ်က္မွန္အိတ္ထဲခ်ိတ္ထားပါ။ သို႔မဟုတ္တြဲခ်ည္ထားပါ။ ဒါဆိုရင္ေတာ့ ဘယ္ေလာက္ပဲေမွာင္ေနတဲ့အခန္းျဖစ္ပါေစ လြယ္လြယ္နဲ႔ရွာေတြ႔သြားမွာပါ။

၂။မ်က္မွန္ကိုင္းေခ်ာင္က်တဲ့အခါ

မ်က္မွန္ကိုင္းေခ်ာင္က်တာကေတာ့ မ်က္မွန္ကိုင္းထိပ္က ခပ္ေျပေျပျဖစ္ျပီး နားေပၚကေခ်ာ္က်လို႔ပါ။ အဲ့ဒီ့အခါ မ်က္မွန္ကိုင္းထိပ္ကို ေရေႏြးပူပူထဲစိမ္ျပီး ေပ်ာ႔လာတဲ့အခါ ဆြဲေကြးလိုက္ပါ။ အဲ့ဒီအခါ နားေပၚက ေခ်ာ္က်တဲ့ျပသနာမရွိေတာ့ပါဘူး။

ေနာက္ထပ္နည္းတစ္ခုကေတာ့ ကိုင္းထိပ္နားေလးေတြကို ေခါင္းစည္းၾကိဳးေျဗာင္ေသးေသးေလးနဲ႔ ပတ္ထားလုိက္ပါ။ အဲ့ဒါကလုပ္ရလည္းလြယ္ပါတယ္။

၃။မွန္မ်က္ႏွာျပင္ ေရေငြ႔ဟပ္တဲ့အခါ

YBS ကားေပၚက ဆင္းလာတဲ့မ်က္မွန္သမားတိုင္း ခံစားဖူးမွာပါ။ မ်က္မွန္ခၽြတ္ျပီးဆင္းျပန္ေတာ့လည္း ပတ္ဝန္းက်င္တစ္ခုလံုးေဝဝါးေနတဲ့အျဖစ္။ ေရေငြ႔မဟပ္ေစခ်င္ရင္ေတာ့ နည္းတစ္ခုရွိပါတယ္။ ေရမစိုေသးတဲ့ ဆပ္ျပာကို မွန္မ်က္ႏွာျပင္ေပၚ နည္းနည္းပြတ္ျပီး မွန္သုတ္အဝတ္ႏုနဲ႔ တစ္ျပင္လံုးပ်႔ံေအာင္သုတ္ေပးလုိက္ပါ။ ဒါမွမဟုတ္ မုတ္ဆိတ္ရိတ္ ခရင္မ္ေလးထည့္ျပီး အဝတ္ႏုနဲ႔သုတ္ပစ္လိုက္ပါ။ ေရေငြ႔လံုးဝမဟပ္ေစရပါဘူး။

၄။မ်က္မွန္ေပၚျခစ္ရာထင္တဲ့အခါ

မ်က္မွန္ေပၚျခစ္ရာထင္တဲ့အခါမွာေတာ့ သိပ္မျပင္းလြန္းတဲ့ အေပ်ာ႔စား သြားတုိက္ေဆးနည္းနည္းထည့္ျပီး ဂြမ္းေလးနဲ႔ စက္ဝိုင္းပံုသ႑ာန္ ၁၀စကၠန္႔ေလာက္ပြတ္ေပးပါ။ ျပီးရင္ေရေအးနဲ႔ေဆးခ်ျပီး မ်က္မွန္သုတ္အဝတ္ပါးစေလးနဲ႔ေသခ်ာသုတ္ေပးလုိက္ပါ။

၅။မ်က္မွန္ေဆးတဲ့အခါ

မ်က္မွန္ကို သာမန္ Dish Washing Liquid (ပန္းကန္ေဆးဆပ္ျပာရည္)နဲ႔ေဆးလို႔ရပါတယ္။ ဒါေပမယ့္ Alcohol, Vinegar, Ammonia နဲ႔ ေခ်းခၽြတ္ေဆးမပါတဲ့ ဆပ္ျပာရည္ျဖစ္မွသာအဆင္ေျပမွာပါ။

၆။မ်က္မွန္ၾကာရွည္ခံေစခ်င္ရင္

မ်က္မွန္ၾကာရွည္ခံေစခ်င္ရင္ေတာ့ ေတြ႔ကရာအဝတ္နဲ႔မသုတ္ပဲ မ်က္မွန္သုတ္အဝတ္စေလးနဲ႔ပဲ သုတ္ေပးသင့္ပါတယ္။ တျခားအဝတ္ေတြက မ်က္မွန္သုတ္အဝတ္စေလာက္မႏူးညံ႔တာေၾကာင့္ မွန္သားေတြအေပၚျခစ္ရာထင္ေစႏုိင္ျပီး အျမင္ဝါးေစပါတယ္။ အဝတ္ႏုစေလးေတြကိုလည္း ပံုမွန္သန္႔ရွင္းေပးဖို႔လိုပါတယ္။

၇။အနီးမႈန္သမားမ်ား ပစၥည္းရွာခ်င္တဲ့အခါ

အေၾကာင္းတစ္စံုတစ္ခုေၾကာင့္ မ်က္မွန္အထားမွားလို႔ရွာမယ္ဆုိေပမယ့္ ကိုယ္က အနီးမႈန္သမားျဖစ္ေနလို႔ အခက္ေတြ႔ေနပါလား။ ဒါဆိုမပူပါနဲ႔။ ကိုယ္ဖုန္းထဲက ကင္မရာကတစ္ဆင့္ၾကည့္ျပီးရွာလို႔ရပါတယ္။ အဲ့ဒါက အျမင္ကိုရွင္းေစတဲ့အျပင္အနီးမႈန္သမားမ်ားအတြက္ အရမ္းအဆင္ေျပမွာပါ။

မ်က္မွန္တပ္ၾကရတဲ့ စာဖတ္ပရိသတ္ေတြအတြက္ ဒီနည္းလမ္း (၇)မ်ိဳးက အင္မတန္အက်ိုးေပးမွာမို႔လို႔ လိုအပ္တဲ့အခါလိုသလုိသံုးလိုက္ၾကပါ။

Credit: MyStyle
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မျက်မှန်ဘယ်လောက်အရေးကြီးသလဲဆိုတဲ့အကြောင်းကို မျက်မှန်တပ်နေရသူတွေသာသိမယ်။ ကိုယ်နှင့်မခွာအမြဲဆောင်ယူသွားနေရတဲ့ပစ္စည်းထဲမျက်မှန်ကထိပ်ဆုံးပါတယ်။ မျက်မှန်ကိုင်းလေးကျိုးသွားလို့ ဆိုင်သွားပေးထားရင်တောင် တစ်ရက်လောက်မျက်ကန်းဘဝထဲရောက်သွားသလိုခံစားရတာမျိုးက စာရေးသူကိုယ်တွေ့ပါ။ ဒါကြောင့်မျက်မှန်တပ်သူတွေအတွက် မျက်မှန်နဲ့ပတ်သတ်ပြီး ဗဟုသုတလည်းရပြီး အကျိုးလည်းရှိစေမယ့် နည်းလမ်းကောင်းလေးတွေကိုမျှဝေပေးလိုက်ပါတယ်။

၁။အမှောင်ထဲမှာမျက်မှန်ရှာတဲ့အခါ

ကိုယ်အပြင်ထွက်ခါနီးမှ မီးကပျက်၊ မျက်မှန်ဘူးကိုလည်းဘယ်လိုရှာရမှန်းမသိတဲ့အခါ ဒီနည်းလေးသုံးလို့ရပါတယ်။ အနုမြူသော့ချိတ်ကို ကိုယ့်မျက်မှန်အိတ်ထဲချိတ်ထားပါ။ သို့မဟုတ်တွဲချည်ထားပါ။ ဒါဆိုရင်တော့ ဘယ်လောက်ပဲမှောင်နေတဲ့အခန်းဖြစ်ပါစေ လွယ်လွယ်နဲ့ရှာတွေ့သွားမှာပါ။

၂။မျက်မှန်ကိုင်းချောင်ကျတဲ့အခါ

မျက်မှန်ကိုင်းချောင်ကျတာကတော့ မျက်မှန်ကိုင်းထိပ်က ခပ်ပြေပြေဖြစ်ပြီး နားပေါ်ကချော်ကျလို့ပါ။ အဲ့ဒီ့အခါ မျက်မှန်ကိုင်းထိပ်ကို ရေနွေးပူပူထဲစိမ်ပြီး ပျော့လာတဲ့အခါ ဆွဲကွေးလိုက်ပါ။ အဲ့ဒီအခါ နားပေါ်က ချော်ကျတဲ့ပြသနာမရှိတော့ပါဘူး။

နောက်ထပ်နည်းတစ်ခုကတော့ ကိုင်းထိပ်နားလေးတွေကို ခေါင်းစည်းကြိုးဗြောင်သေးသေးလေးနဲ့ ပတ်ထားလိုက်ပါ။ အဲ့ဒါကလုပ်ရလည်းလွယ်ပါတယ်။

၃။မှန်မျက်နှာပြင် ရေငွေ့ဟပ်တဲ့အခါ

YBS ကားပေါ်က ဆင်းလာတဲ့မျက်မှန်သမားတိုင်း ခံစားဖူးမှာပါ။ မျက်မှန်ချွတ်ပြီးဆင်းပြန်တော့လည်း ပတ်ဝန်းကျင်တစ်ခုလုံးဝေဝါးနေတဲ့အဖြစ်။ ရေငွေ့မဟပ်စေချင်ရင်တော့ နည်းတစ်ခုရှိပါတယ်။ ရေမစိုသေးတဲ့ ဆပ်ပြာကို မှန်မျက်နှာပြင်ပေါ် နည်းနည်းပွတ်ပြီး မှန်သုတ်အဝတ်နုနဲ့ တစ်ပြင်လုံးပျံ့အောင်သုတ်ပေးလိုက်ပါ။ ဒါမှမဟုတ် မုတ်ဆိတ်ရိတ် ခရင်မ်လေးထည့်ပြီး အဝတ်နုနဲ့သုတ်ပစ်လိုက်ပါ။ ရေငွေ့လုံးဝမဟပ်စေရပါဘူး။

၄။မျက်မှန်ပေါ်ခြစ်ရာထင်တဲ့အခါ

မျက်မှန်ပေါ်ခြစ်ရာထင်တဲ့အခါမှာတော့ သိပ်မပြင်းလွန်းတဲ့ အပျော့စား သွားတိုက်ဆေးနည်းနည်းထည့်ပြီး ဂွမ်းလေးနဲ့ စက်ဝိုင်းပုံသဏ္ဍာန် ၁၀စက္ကန့်လောက်ပွတ်ပေးပါ။ ပြီးရင်ရေအေးနဲ့ဆေးချပြီး မျက်မှန်သုတ်အဝတ်ပါးစလေးနဲ့သေချာသုတ်ပေးလိုက်ပါ။

၅။မျက်မှန်ဆေးတဲ့အခါ

မျက်မှန်ကို သာမန် Dish Washing Liquid (ပန်းကန်ဆေးဆပ်ပြာရည်)နဲ့ဆေးလို့ရပါတယ်။ ဒါပေမယ့် Alcohol, Vinegar, Ammonia နဲ့ ချေးချွတ်ဆေးမပါတဲ့ ဆပ်ပြာရည်ဖြစ်မှသာအဆင်ပြေမှာပါ။

၆။မျက်မှန်ကြာရှည်ခံစေချင်ရင်

မျက်မှန်ကြာရှည်ခံစေချင်ရင်တော့ တွေ့ကရာအဝတ်နဲ့မသုတ်ပဲ မျက်မှန်သုတ်အဝတ်စလေးနဲ့ပဲ သုတ်ပေးသင့်ပါတယ်။ တခြားအဝတ်တွေက မျက်မှန်သုတ်အဝတ်စလောက်မနူးညံ့တာကြောင့် မှန်သားတွေအပေါ်ခြစ်ရာထင်စေနိုင်ပြီး အမြင်ဝါးစေပါတယ်။ အဝတ်နုစလေးတွေကိုလည်း ပုံမှန်သန့်ရှင်းပေးဖို့လိုပါတယ်။

၇။အနီးမှုန်သမားများ ပစ္စည်းရှာချင်တဲ့အခါ

အကြောင်းတစ်စုံတစ်ခုကြောင့် မျက်မှန်အထားမှားလို့ရှာမယ်ဆိုပေမယ့် ကိုယ်က အနီးမှုန်သမားဖြစ်နေလို့ အခက်တွေ့နေပါလား။ ဒါဆိုမပူပါနဲ့။ ကိုယ်ဖုန်းထဲက ကင်မရာကတစ်ဆင့်ကြည့်ပြီးရှာလို့ရပါတယ်။ အဲ့ဒါက အမြင်ကိုရှင်းစေတဲ့အပြင်အနီးမှုန်သမားများအတွက် အရမ်းအဆင်ပြေမှာပါ။

မျက်မှန်တပ်ကြရတဲ့ စာဖတ်ပရိသတ်တွေအတွက် ဒီနည်းလမ်း (၇)မျိုးက အင်မတန်အကျိုးပေးမှာမို့လို့ လိုအပ်တဲ့အခါလိုသလိုသုံးလိုက်ကြပါ။

Credit: MyStyle

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top