iMyanmarHouse.com - Best Property Website for Myanmar
×

ေခါင္းမေျခာက္ေသးဘဲနဲ႔လည္း အိပ္ရာမဝင္သင့္ဘူးေနာ္။
မနက္အိပ္ရာကႏုိးတုိင္း အခ်ိန္ယူၿပီးလုပ္ရတဲ့ အလုပ္တစ္ခုက ဆံပင္႐ွင္းရတဲ့ကိစၥပါ။ ႐ံုးသြား၊ ေက်ာင္းသြားဖုိ႔ ေနာက္က်ေနရတဲ့အထဲ ဆံပင္က ၿဖီးမႏိုင္ ႐ွင္းမရဆုိရင္ အဲ့ဒီမွာတင္ အခ်ိန္က ပုပ္ကုန္ၿပီ။ ဆံပင္ဖို႔႐ို႕ဖားလ်ားႀကီးနဲ႔ အလုပ္ကို၊ ေက်ာင္းကို ေရာက္သြားရတဲ့အခ်ိန္ေတြကို မုန္းေနၿပီလား။ အခု မဒီေျပာျပသလိုသာ လုပ္ထားရင္ မနက္မနက္ ဆံပင္ရွင္းရတဲ့အခ်ိန္ေတြဟာ နည္းသြားပါလိမ့္မယ္ေနာ္။
ကိုယ္လိုခ်င္တဲ့ ဆံပင္ပံုစံက ဘယ္လုိမ်ိဳးလဲဆုိတာ အရင္ဆံုးေတြးပါ။ ဆံပင္က ေကာက္ထားတာ ဒါမွမဟုတ္ လႈိင္းတြန္႕ေလးေတြ လိုခ်င္တာဆုိရင္ေတာ့ ညမအိပ္ခင္မွာ က်စ္ဆံၿမီးက်စ္ၿပီး အိပ္ပါ။ ဆံပင္ကို ေသေသခ်ာခ်ာ ရွင္းေအာင္ၿဖီးၿပီးမွ က်စ္ဆံၿမီးက်စ္ေပါ့။  

မနက္က်ရင္ က်စ္ဆံၿမီးကိုျဖည္ၿပီး ဘီးနဲ႔ ၃ ခ်က္ေလာက္ ဆြဲလိုက္တာနဲ႔ အို္ေကသြားၿပီ။ ဒီနည္းဟာ ဆံပင္ေတြ ရႈပ္ပြတာကို သက္သာေစ႐ံုမက ဆံသားက်ိဳးေၾကတာေတြလည္း မျဖစ္ေစပါဘူး။
အိပ္ရာႏိုးခ်ိန္မွာ ဆံပင္ကို ေျဖာင့္ေျဖာင့္စင္းစင္းေလးပဲ ျဖစ္ေနခ်င္တယ္ဆုိရင္ေတာ့ က်စ္ဆံၿမီးမက်စ္ပါနဲ႔။ တစ္ပတ္လွ်ိဳဆံထံုးေလးကို ထံုးၿပီးအိပ္ပါ။ ဆံပင္ကို အရင္းကေန စုကိုင္ၿပီး က်န္လက္တစ္ဖက္နဲ႔ ညာဘက္ကိုရစ္ကာ အရင္းကိုႏႈိက္လိုက္ရင္ တစ္ပတ္လွ်ိဳဆံုးထံုးရပါၿပီ။ ေခါင္းနားထိေရာက္ေအာင္ တင္းတင္းႀကီး မထံုးရပါဘူး။ အိပ္ရတာ အဆင္မေျပျဖစ္ပါလိမ့္မယ္။
လည္ပင္းနားေလာက္မွာ တြဲတြဲေလးျဖစ္ေအာင္ ထံုးေပးရင္ ရပါၿပီ။ ဒါမွမဟုတ္ ဆံပင္ကို ေဘးႏွစ္ဘက္မွာ ဆံထံုးပြပြေလးႏွစ္ခု ျဖစ္ေအာင္ ထံုးၿပီးမွအိပ္လည္း ရပါတယ္။ ခပ္ေလ်ာ့ေလ်ာ့ဆံထံုးေလးကို မနက္က်ရင္ ျဖည္ကာ hair coat ေလးလူး ၊ ေခါင္းေလးနည္းနည္းၿဖီးရံုနဲ႔ ဆံပင္ေလးက သပ္ရပ္လွပေနေတာ့မွာပါေနာ္။

Credit: Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ခေါင်းမခြောက်သေးဘဲနဲ့လည်း အိပ်ရာမဝင်သင့်ဘူးနော်။
မနက်အိပ်ရာကနိုးတိုင်း အချိန်ယူပြီးလုပ်ရတဲ့ အလုပ်တစ်ခုက ဆံပင်ရှင်းရတဲ့ကိစ္စပါ။ ရုံးသွား၊ ကျောင်းသွားဖို့ နောက်ကျနေရတဲ့အထဲ ဆံပင်က ဖြီးမနိုင် ရှင်းမရဆိုရင် အဲ့ဒီမှာတင် အချိန်က ပုပ်ကုန်ပြီ။ ဆံပင်ဖို့ရို့ဖားလျားကြီးနဲ့ အလုပ်ကို၊ ကျောင်းကို ရောက်သွားရတဲ့အချိန်တွေကို မုန်းနေပြီလား။ အခု မဒီပြောပြသလိုသာ လုပ်ထားရင် မနက်မနက် ဆံပင်ရှင်းရတဲ့အချိန်တွေဟာ နည်းသွားပါလိမ့်မယ်နော်။
ကိုယ်လိုချင်တဲ့ ဆံပင်ပုံစံက ဘယ်လိုမျိုးလဲဆိုတာ အရင်ဆုံးတွေးပါ။ ဆံပင်က ကောက်ထားတာ ဒါမှမဟုတ် လှိုင်းတွန့်လေးတွေ လိုချင်တာဆိုရင်တော့ ညမအိပ်ခင်မှာ ကျစ်ဆံမြီးကျစ်ပြီး အိပ်ပါ။ ဆံပင်ကို သေသေချာချာ ရှင်းအောင်ဖြီးပြီးမှ ကျစ်ဆံမြီးကျစ်ပေါ့။ 

မနက်ကျရင် ကျစ်ဆံမြီးကိုဖြည်ပြီး ဘီးနဲ့ ၃ ချက်လောက် ဆွဲလိုက်တာနဲ့ အိုကေသွားပြီ။ ဒီနည်းဟာ ဆံပင်တွေ ရှုပ်ပွတာကို သက်သာစေရုံမက ဆံသားကျိုးကြေတာတွေလည်း မဖြစ်စေပါဘူး။
အိပ်ရာနိုးချိန်မှာ ဆံပင်ကို ဖြောင့်ဖြောင့်စင်းစင်းလေးပဲ ဖြစ်နေချင်တယ်ဆိုရင်တော့ ကျစ်ဆံမြီးမကျစ်ပါနဲ့။ တစ်ပတ်လျှိုဆံထုံးလေးကို ထုံးပြီးအိပ်ပါ။ ဆံပင်ကို အရင်းကနေ စုကိုင်ပြီး ကျန်လက်တစ်ဖက်နဲ့ ညာဘက်ကိုရစ်ကာ အရင်းကိုနှိုက်လိုက်ရင် တစ်ပတ်လျှိုဆုံးထုံးရပါပြီ။ ခေါင်းနားထိရောက်အောင် တင်းတင်းကြီး မထုံးရပါဘူး။ အိပ်ရတာ အဆင်မပြေဖြစ်ပါလိမ့်မယ်။
လည်ပင်းနားလောက်မှာ တွဲတွဲလေးဖြစ်အောင် ထုံးပေးရင် ရပါပြီ။ ဒါမှမဟုတ် ဆံပင်ကို ဘေးနှစ်ဘက်မှာ ဆံထုံးပွပွလေးနှစ်ခု ဖြစ်အောင် ထုံးပြီးမှအိပ်လည်း ရပါတယ်။ ခပ်လျော့လျော့ဆံထုံးလေးကို မနက်ကျရင် ဖြည်ကာ hair coat လေးလူး ၊ ခေါင်းလေးနည်းနည်းဖြီးရုံနဲ့ ဆံပင်လေးက သပ်ရပ်လှပနေတော့မှာပါနော်။

Credit: Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top