iMyanmarHouse.com - Best Property Website for Myanmar
×

သဘာဝ နည္းလမ္း ေလးေတြ ျဖစ္ပါတယ္။သြားတုိက္ေဆးအနံ႔ၾကီးကို မၾကိဳက္ဘူးလား။ အရင္က ဘာမွမျဖစ္ေပမဲ့ သြားတိုက္ေဆးနံ႔ကို မခံႏုိင္ေတာ့ဘဲ တျခားနည္းေျပာင္းသံုးခ်င္တာမ်ိဳးလား။ သြား သန္႔ရွင္းဖို႔ အတြက္ သြားတုိက္ေဆး အစား အျခား သဘာဝ နည္းလမ္း ေလးေတြ ရွိပါတယ္။

၁ – ဆား

ဆား ဟာ သြားတုိက္ရာမွာ အသံုးျပဳလို႔ရတာကို လူအမ်ားစု သိၾကပါတယ္။ ပင္လယ္ဆားစစ္စစ္နဲ႔တုိက္ရင္ပိုေကာင္းပါတယ္။ ဆားပြင့္ေတြၾကား သြားမ်က္ႏွာျပင္ ပြတ္တိုက္မိမွာစိုးတယ္ဆုိရင္ ဆားကို ေရခြက္ထဲမွာ ေပ်ာ္ေအာင္ထားျပီး သြားပြတ္တံကို ဆားေရနဲ႔တို႔ကာ တိုက္တာမ်ိဳးလည္း လုပ္လို႔ရပါတယ္။

၂ – မုန္႕ဖုတ္ဆိုဒါ

မုန္႔ဖုတ္ဆုိ ဒါနဲ႔လည္း တုိက္လို႔ရပါတယ္။ သြားပြတ္တံကို မုန္႔ဖုတ္ဆုိဒါ ထဲႏွစ္ျပီး တုိက္လို႔ရပါတယ္။ ဒါမွမဟုတ္ ေရနဲ႔ေဖ်ာ္ျပီး တိုက္မယ္ဆုိလည္း ရပါတယ္။ အိမ္မွာပဲ သြားတုိက္ေဆး ကို ကိုယ့္ဘာကိုယ္လုပ္သူေတြဟာ မုန္႔ဖုတ္ဆုိဒါကို အသံုးမ်ားၾကပါတယ္။

၃ – ေရ

သြား ကို တစ္ခုခုနဲ႔တုိက္ရတာမ်ိး မလုပ္ခ်င္သူေတြအတြက္ ေရနဲ႔တုိက္လို႔လည္းရပါတယ္။ ေရနဲ႔ ဒီအတုိင္းတိုက္ျခင္းဟာ အလုပ္ျဖစ္တယ္လို႔ အခ်ိဳ႕ကေတာ့ဆုိၾကပါတယ္။ ဒါေပမယ့္ သြားတုိက္ေဆးနဲ႔ တုိက္ေနရင္ျဖစ္တတ္တဲ့ ရွိန္းတိန္းတိန္း အရသာ မ်ိဳးေတာ့မရပါဘူး။ ဒီ့အတြက္ မသန္႔ရွင္းဘူးလို႔ ထင္တတ္ပါတယ္။

၄ – အုန္းဆီ

အုန္းဆီ ကလည္း ေနာက္ထပ္ေရြးခ်ယ္စရာတစ္ခုပါ။ မိႈနဲ႔ ေရာဂါပိုး ေသေစတဲ့ပစၥည္းေတြ အုန္းဆီမွာ ပါဝင္ပါတယ္။ ပါးစပ္ေဆးေၾကာျခင္းအတြက္လည္း အသံုးဝင္ပါတယ္။ အုန္းဆီ တစ္မ်ိဳးတည္း သံုးႏုိင္တဲ့အျပင္ မုန္႔ဖုတ္ဆိုဒါလို ပစၥည္းေတြနဲ႔လည္း ေရာသံုးႏုိင္ပါတယ္။

၅ – မီးေသြး

ဒါကလည္း လူသိမ်ားတဲ့ ရိုးရာနည္းတစ္ခုျဖစ္ပါတယ္။ ႏွစ္မိနစ္ေလာက္အနည္းဆံုးတိုက္ေပးဖို႔ လိုျပီး ေရနဲ႔ျပန္ပလုပ္က်င္းေပးရမွာလည္း ျဖစ္ပါတယ္။ မီးေသြး နဲ႔ သြားတုိက္ျခင္းဟာ သြားေတြကို ျဖဴေဖြးေစတယ္လို႔ ဆုိၾကပါတယ္။

Credit: Duwun
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သဘာဝ နည်းလမ်း လေးတွေ ဖြစ်ပါတယ်။သွားတိုက်ဆေးအနံ့ကြီးကို မကြိုက်ဘူးလား။ အရင်က ဘာမှမဖြစ်ပေမဲ့ သွားတိုက်ဆေးနံ့ကို မခံနိုင်တော့ဘဲ တခြားနည်းပြောင်းသုံးချင်တာမျိုးလား။ သွား သန့်ရှင်းဖို့ အတွက် သွားတိုက်ဆေး အစား အခြား သဘာဝ နည်းလမ်း လေးတွေ ရှိပါတယ်။

၁ – ဆား

ဆား ဟာ သွားတိုက်ရာမှာ အသုံးပြုလို့ရတာကို လူအများစု သိကြပါတယ်။ ပင်လယ်ဆားစစ်စစ်နဲ့တိုက်ရင်ပိုကောင်းပါတယ်။ ဆားပွင့်တွေကြား သွားမျက်နှာပြင် ပွတ်တိုက်မိမှာစိုးတယ်ဆိုရင် ဆားကို ရေခွက်ထဲမှာ ပျော်အောင်ထားပြီး သွားပွတ်တံကို ဆားရေနဲ့တို့ကာ တိုက်တာမျိုးလည်း လုပ်လို့ရပါတယ်။

၂ – မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆို ဒါနဲ့လည်း တိုက်လို့ရပါတယ်။ သွားပွတ်တံကို မုန့်ဖုတ်ဆိုဒါ ထဲနှစ်ပြီး တိုက်လို့ရပါတယ်။ ဒါမှမဟုတ် ရေနဲ့ဖျော်ပြီး တိုက်မယ်ဆိုလည်း ရပါတယ်။ အိမ်မှာပဲ သွားတိုက်ဆေး ကို ကိုယ့်ဘာကိုယ်လုပ်သူတွေဟာ မုန့်ဖုတ်ဆိုဒါကို အသုံးများကြပါတယ်။

၃ – ရေ

သွား ကို တစ်ခုခုနဲ့တိုက်ရတာမျိး မလုပ်ချင်သူတွေအတွက် ရေနဲ့တိုက်လို့လည်းရပါတယ်။ ရေနဲ့ ဒီအတိုင်းတိုက်ခြင်းဟာ အလုပ်ဖြစ်တယ်လို့ အချို့ကတော့ဆိုကြပါတယ်။ ဒါပေမယ့် သွားတိုက်ဆေးနဲ့ တိုက်နေရင်ဖြစ်တတ်တဲ့ ရှိန်းတိန်းတိန်း အရသာ မျိုးတော့မရပါဘူး။ ဒီ့အတွက် မသန့်ရှင်းဘူးလို့ ထင်တတ်ပါတယ်။

၄ – အုန်းဆီ

အုန်းဆီ ကလည်း နောက်ထပ်ရွေးချယ်စရာတစ်ခုပါ။ မှိုနဲ့ ရောဂါပိုး သေစေတဲ့ပစ္စည်းတွေ အုန်းဆီမှာ ပါဝင်ပါတယ်။ ပါးစပ်ဆေးကြောခြင်းအတွက်လည်း အသုံးဝင်ပါတယ်။ အုန်းဆီ တစ်မျိုးတည်း သုံးနိုင်တဲ့အပြင် မုန့်ဖုတ်ဆိုဒါလို ပစ္စည်းတွေနဲ့လည်း ရောသုံးနိုင်ပါတယ်။

၅ – မီးသွေး

ဒါကလည်း လူသိများတဲ့ ရိုးရာနည်းတစ်ခုဖြစ်ပါတယ်။ နှစ်မိနစ်လောက်အနည်းဆုံးတိုက်ပေးဖို့ လိုပြီး ရေနဲ့ပြန်ပလုပ်ကျင်းပေးရမှာလည်း ဖြစ်ပါတယ်။ မီးသွေး နဲ့ သွားတိုက်ခြင်းဟာ သွားတွေကို ဖြူဖွေးစေတယ်လို့ ဆိုကြပါတယ်။



Credit: Duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top