iMyanmarHouse.com - Best Property Website for Myanmar
×

သိကၡာရွ္ိစြာလမ္းခြဲတတ္ပါေစ
____________________________

ေလာကၾကီးထဲမွာ ေယာက္်ားေလးျဖစ္ေစ မိန္းကေလး
ျဖစ္ပါေစ...
ကိုယ့္ခ်စ္သူက ေနာက္ကြယ္မွာ ေဖာက္ျပန္ေနတာေတြ ၊
ေျခရႈပ္ေနတာေတြကို သိရက္နဲ ့ အၾကိမ္ၾကိမ္နားလည္
ခြင့္လႊတ္ေပးျပီး အတင္းလိုက္တြယ္ကပ္ေနတာေတြဟာ
ေလာကၾကီးထဲ ကိုယ္နဲ ့တူတန္တဲ့ ေယာက်္ား’ မိန္းမ ရွား
ေနလို ့ မ်ားထင္ေနလား ။
ေယာက်္ား / မိန္းမ ဆိုတဲ့ လူသားေတြေပါပါတယ္ …
“ သစၥာတရား “ ဆိုတာ ရွားပါးလို ့
“ ေမတၱာတရား ပိုေပးမိလိုက္သူ “ ရွားလို ့
“ သံေယာဇဥ္ေတြ “ ျဖတ္ရခက္ေနလို ့
“ အခ်စ္ “ ဆိုတာကို တန္ဖိုးထားလို ့
“ ကိုယ့္သိကၡာနဲ ့ ကိုယ္က်င့္တရားေတြ“ ကို ေစာင့္ထိန္း
ေနၾကလို ့ ။

ကိုယ့္အေပၚ မ်က္ရည္ မ်က္ခြက္နဲ ့ အသနားခံျပီး လိုက္ဆြဲ
ေနတိုင္း ……
ဒီေယာက်္ား / ဒီမိန္းမ ငါ့ကို မျပတ္နိုင္ပါဘူး ဆိုျပီး
သိပ္အထင္ ၾကီးမေနၾကနဲ ့ အခ်္ိန္တန္ရင္ ကိုယ္နဲ ့တန္ရာ
ဘဝကိုေရာက္သြားမွာဘဲ ။

သစၥာတရားကို တန္ဖိုးထားတတ္သူေတြဟာ
သူတို ့ကိုယ္တိုင္
အမွားကို မက်ဴလြန္မိေအာင္ ေစာင့္ထိန္းနိုင္သလို
သစၥာေဖာက္ခံရရင္ေတာင္ အၾကိမ္ၾကိမ္ သေဘာထားၾကီးစြာ
နာလည္ခြင့္လႊတ္ေပးတယ္ ။

ဘာလို ့လည္းဆိုရင္ ……
ကိုယ့္ဆီမွာရွိတဲ့သစၥာတရားကို အသက္မက
တန္ဖိုးထားခဲ့ေတာ့ အလြယ္တကူ အပ်က္စီးမခံနိုင္လို ့ဘဲ ။
ေမတၱာကိုလူတိုင္းအေပၚထားမိေပမဲ့ ပိုေပးမိတဲ့သူကို
ပိုျမတ္နိုးေတာ့ အလြယ္တကူ အဆံုးရႈံးမခံနိုင္ၾကတာလည္း
ပါတယ္ ။
အခ်စ္ ဆိုတဲ့စိတ္ခံစားမႈကို နွလံုးသားနဲ ့ ရင္းျပီး ထိုက္ထိုက္
တန္တန္ေပးခဲ့မိသူကို ကိုယ္ဘဲရယူပိုင္ဆိုင္ခ်င္တာ
သဘာဝေလ ။
ကိုယ္က်င့္သိကၡာကို ေစာင့္ထိန္းသူတိုင္း
ဒီတစ္ေယာက္နဲ ့ျပတ္လိုက္ ဟိုတစ္ေယာက္နဲ ့တြဲလိုက္
ဆိုတဲ့ စရိုက္မရွိသလို ဘယ္ေတာ့မွ မလုပ္ဘူး ။
ဒီတစ္ေယာက္သာ ေကာင္းေကာင္းဆိုးဆိုး လက္ခံထားၾကတယ္ ။

တခ်ိဳ ့ေျပာတာၾကားဖူးတယ္ “ ငါ့ေလာက္ မင့္အေပၚ
ဘယ္သူမွ အနစ္နာမခံဘူး “ ဆိုတဲ့ စကားရယ္
“ မင္းအေပၚ ငါ့ေလာက္ ဘယ္သူမွ မခ်စ္နိုင္ဘူး “ ဆိုတဲ့
စကားနဲ ့ ခ်ည္ေနွာင္ခ်င္ေသးတာ ။
အေတာ္ေလး ဟာသဆန္ပါတယ္ ။
ကိုယ္ေတာင္ သူ ့ထက္သာတယ္ထင္တဲ့သူနဲ ့ေဖာက္ျပန္
ေနေသးတာပဲ သူ ့မွာလည္း သူ ့အိုးနဲ ့သူ ့ဆန္တန္တဲ့သူ
မရွိနိုင္ဘူးတဲ့လား ေတြးၾကည့္ပါ ။
ကိုယ္ေတာင္ သူ ့ထက္ပို ဂရုစိုက္တဲ့သူအနား ခ်ဥ္းကပ္ေန
ေသးတာဘဲ သူ ့မွာလည္း ကိုယ့္ထက္သာတဲ့သူ မရွိနိုင္
ေတာ့ဘူးလား ေမးလိုက္ခ်င္တယ္ ။

ကိုယ့္အေပၚ သစၥာရွိရွိနဲ ့ ခ်စ္တဲ့ခ်စ္သူအေပၚ
သစၥာေဖာက္သူေတြအေနနဲ ့ မိမိမေကာင္းတာေတာင္
ခခယယတြဲကပ္ေနတဲ့ ခ်စ္သူဟာ ဘဝတစ္ေလွွ်ာက္လံုး
လက္မလႊတ္သင့္တဲ့ ခ်စ္သူဆိုတာ သိေစခ်င္တယ္ ။

သစၥာမဲ့သူေတြအနနဲ ့
ကိုယ့္အေပၚ ေမတၱာၾကီးမားစြာ ထားေပးတဲ့ တဖက္လူကို
ပမာမခန္ ့ မလုပ္ပါနဲ ့ အရမ္းခံရခက္ေစပါတယ္ ။
သစၥာၾကီးသူေတြကို မျဖစ္နိုင္လို ့ သစၥာေဖာက္ရင္ေဖာက္သြားပါ
ရိုးသားခ်င္ေယာင္ေဆာင္ျပီး ဆက္လိမ္ညာမေနပါနဲ ့
တဖက္လူအတြက္ သိသိရက္ၾကီးဆက္ဆံရတာ
ေသမတတ္ မြန္းၾကပ္ေစပါတယ္ ။
ကိုယ့္ခ်စ္သူက
အေရွ ့မွာခ်စ္တယ္ေျပာျပီး ေနာက္ကြယ္မွာ ေဖာက္ျပန္
တာသိရင္ နွလံုးေတြသားေတြနာက်င္မႈမ်ိဳး
ဘာနဲ ့မတူေအာင္ နာက်င္ရပါတယ္ ။

သစၥာတရားဆိုတာ
တခါတေလ ေငြဆိုတဲ့ အရာနဲ ့
ယွဥ္လာရင္ ဒူးေထာက္လိုက္ရတာေတြရွိပါသလို
တခါတေလေတာ့လည္း သာယာရွာသူေတြအတြက္
လွည့္စားခံရတာေတြရွိပါတယ္ ။
ဘယ္လိုနည္းနဲ ့ သစၥာေဖာက္မိသြားပါေစ ေလွနံနွစ္ဖက္
နင္းေနတဲ့ ေျခပိုင္ရွင္မျဖစ္ပါေစနဲ ့ ။

“ ငါ့ေလာက္ မင္းအေပၚဘယ္သူေကာင္းလည္း “ ဆိုတဲ့
ပံုစံ
“ နင့္နားမွာ ငါ မရွိလို ့ မျဖစ္ပါဘူး “ ဆိုတဲ့ အခ်ိဳးမ်ိဳးေတာ့
သြားမလုပ္မိေစနဲ ့
သင္မရွိလည္း နွာေခါင္းေပါက္က အသက္ရႈနိုင္ေသးတယ္
ေသမသြားဘူး ။
ေလာကၾကီးထဲ မျဖစ္နိုင္လို ့ လမ္းခြဲသြားၾကတဲ့သူေတြ
အမ်ားအျပား အခုခ်ိန္ထိ အသက္ရွင္ ေနၾကဆဲပါ ။
လူတစ္ေယာက္ကို မခ်စ္နိုင္ေတာ့လို ့ ေရွ ့ဆက္လက္တြဲဖို ့
မျဖစ္နိုင္ေတာ့လို ့ လမ္းခြဲမယ္ဆိုရင္ေတာင္ သိကၡာမဲ့စြာ
သစၥာေဖာက္ျပီးမွ လမ္းခြဲျခင္းဟာ အယုတ္ညံ့ဆံုးျဖစ္ပါတယ္ ။
ဒါေၾကာင့္
လူ ့တန္ဖိုးကို နာလည္းစြာ လမ္းခြဲျခင္းမ်ိဳး ေရြးခ်ယ္တတ္ၾကပါေစ ။

စာကိုနွစ္သက္ရင္ လြတ္လပ္စြာ share နိုင္ပါတယ္ရွင္ ...။

Credit: MayNoe
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သိက္ခာရှိစွာလမ်းခွဲတတ်ပါစေ
____________________________

လောကကြီးထဲမှာ ယောက်ျားလေးဖြစ်စေ မိန်းကလေး
ဖြစ်ပါစေ...
ကိုယ့်ချစ်သူက နောက်ကွယ်မှာ ဖောက်ပြန်နေတာတွေ ၊
ခြေရှုပ်နေတာတွေကို သိရက်နဲ့ အကြိမ်ကြိမ်နားလည်
ခွင့်လွှတ်ပေးပြီး အတင်းလိုက်တွယ်ကပ်နေတာတွေဟာ
လောကကြီးထဲ ကိုယ်နဲ့တူတန်တဲ့ ယောကျ်ား’ မိန်းမ ရှား
နေလို့ များထင်နေလား ။
ယောကျ်ား / မိန်းမ ဆိုတဲ့ လူသားတွေပေါပါတယ် …
“ သစ္စာတရား “ ဆိုတာ ရှားပါးလို့
“ မေတ္တာတရား ပိုပေးမိလိုက်သူ “ ရှားလို့
“ သံယောဇဉ်တွေ “ ဖြတ်ရခက်နေလို့
“ အချစ် “ ဆိုတာကို တန်ဖိုးထားလို့
“ ကိုယ့်သိက္ခာနဲ့ ကိုယ်ကျင့်တရားတွေ“ ကို စောင့်ထိန်း
နေကြလို့ ။

ကိုယ့်အပေါ် မျက်ရည် မျက်ခွက်နဲ့ အသနားခံပြီး လိုက်ဆွဲ
နေတိုင်း ……
ဒီယောကျ်ား / ဒီမိန်းမ ငါ့ကို မပြတ်နိုင်ပါဘူး ဆိုပြီး
သိပ်အထင် ကြီးမနေကြနဲ့ အချိန်တန်ရင် ကိုယ်နဲ့တန်ရာ
ဘဝကိုရောက်သွားမှာဘဲ ။

သစ္စာတရားကို တန်ဖိုးထားတတ်သူတွေဟာ
သူတို့ကိုယ်တိုင်
အမှားကို မကျူလွန်မိအောင် စောင့်ထိန်းနိုင်သလို
သစ္စာဖောက်ခံရရင်တောင် အကြိမ်ကြိမ် သဘောထားကြီးစွာ
နာလည်ခွင့်လွှတ်ပေးတယ် ။

ဘာလို့လည်းဆိုရင် ……
ကိုယ့်ဆီမှာရှိတဲ့သစ္စာတရားကို အသက်မက
တန်ဖိုးထားခဲ့တော့ အလွယ်တကူ အပျက်စီးမခံနိုင်လို့ဘဲ ။
မေတ္တာကိုလူတိုင်းအပေါ်ထားမိပေမဲ့ ပိုပေးမိတဲ့သူကို
ပိုမြတ်နိုးတော့ အလွယ်တကူ အဆုံးရှုံးမခံနိုင်ကြတာလည်း
ပါတယ် ။
အချစ် ဆိုတဲ့စိတ်ခံစားမှုကို နှလုံးသားနဲ့ ရင်းပြီး ထိုက်ထိုက်
တန်တန်ပေးခဲ့မိသူကို ကိုယ်ဘဲရယူပိုင်ဆိုင်ချင်တာ
သဘာဝလေ ။
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းသူတိုင်း
ဒီတစ်ယောက်နဲ့ပြတ်လိုက် ဟိုတစ်ယောက်နဲ့တွဲလိုက်
ဆိုတဲ့ စရိုက်မရှိသလို ဘယ်တော့မှ မလုပ်ဘူး ။
ဒီတစ်ယောက်သာ ကောင်းကောင်းဆိုးဆိုး လက်ခံထားကြတယ် ။

တချို့ပြောတာကြားဖူးတယ် “ ငါ့လောက် မင့်အပေါ်
ဘယ်သူမှ အနစ်နာမခံဘူး “ ဆိုတဲ့ စကားရယ်
“ မင်းအပေါ် ငါ့လောက် ဘယ်သူမှ မချစ်နိုင်ဘူး “ ဆိုတဲ့
စကားနဲ့ ချည်နှောင်ချင်သေးတာ ။
အတော်လေး ဟာသဆန်ပါတယ် ။
ကိုယ်တောင် သူ့ထက်သာတယ်ထင်တဲ့သူနဲ့ဖောက်ပြန်
နေသေးတာပဲ သူ့မှာလည်း သူ့အိုးနဲ့သူ့ဆန်တန်တဲ့သူ
မရှိနိုင်ဘူးတဲ့လား တွေးကြည့်ပါ ။
ကိုယ်တောင် သူ့ထက်ပို ဂရုစိုက်တဲ့သူအနား ချဉ်းကပ်နေ
သေးတာဘဲ သူ့မှာလည်း ကိုယ့်ထက်သာတဲ့သူ မရှိနိုင်
တော့ဘူးလား မေးလိုက်ချင်တယ် ။

ကိုယ့်အပေါ် သစ္စာရှိရှိနဲ့ ချစ်တဲ့ချစ်သူအပေါ်
သစ္စာဖောက်သူတွေအနေနဲ့ မိမိမကောင်းတာတောင်
ခခယယတွဲကပ်နေတဲ့ ချစ်သူဟာ ဘဝတစ်လှျှောက်လုံး
လက်မလွှတ်သင့်တဲ့ ချစ်သူဆိုတာ သိစေချင်တယ် ။

သစ္စာမဲ့သူတွေအနနဲ့
ကိုယ့်အပေါ် မေတ္တာကြီးမားစွာ ထားပေးတဲ့ တဖက်လူကို
ပမာမခန့် မလုပ်ပါနဲ့ အရမ်းခံရခက်စေပါတယ် ။
သစ္စာကြီးသူတွေကို မဖြစ်နိုင်လို့ သစ္စာဖောက်ရင်ဖောက်သွားပါ
ရိုးသားချင်ယောင်ဆောင်ပြီး ဆက်လိမ်ညာမနေပါနဲ့
တဖက်လူအတွက် သိသိရက်ကြီးဆက်ဆံရတာ
သေမတတ် မွန်းကြပ်စေပါတယ် ။
ကိုယ့်ချစ်သူက
အရှေ့မှာချစ်တယ်ပြောပြီး နောက်ကွယ်မှာ ဖောက်ပြန်
တာသိရင် နှလုံးတွေသားတွေနာကျင်မှုမျိုး
ဘာနဲ့မတူအောင် နာကျင်ရပါတယ် ။

သစ္စာတရားဆိုတာ
တခါတလေ ငွေဆိုတဲ့ အရာနဲ့
ယှဉ်လာရင် ဒူးထောက်လိုက်ရတာတွေရှိပါသလို
တခါတလေတော့လည်း သာယာရှာသူတွေအတွက်
လှည့်စားခံရတာတွေရှိပါတယ် ။
ဘယ်လိုနည်းနဲ့ သစ္စာဖောက်မိသွားပါစေ လှေနံနှစ်ဖက်
နင်းနေတဲ့ ခြေပိုင်ရှင်မဖြစ်ပါစေနဲ့ ။

“ ငါ့လောက် မင်းအပေါ်ဘယ်သူကောင်းလည်း “ ဆိုတဲ့
ပုံစံ
“ နင့်နားမှာ ငါ မရှိလို့ မဖြစ်ပါဘူး “ ဆိုတဲ့ အချိုးမျိုးတော့
သွားမလုပ်မိစေနဲ့
သင်မရှိလည်း နှာခေါင်းပေါက်က အသက်ရှုနိုင်သေးတယ်
သေမသွားဘူး ။
လောကကြီးထဲ မဖြစ်နိုင်လို့ လမ်းခွဲသွားကြတဲ့သူတွေ
အများအပြား အခုချိန်ထိ အသက်ရှင် နေကြဆဲပါ ။
လူတစ်ယောက်ကို မချစ်နိုင်တော့လို့ ရှေ့ဆက်လက်တွဲဖို့
မဖြစ်နိုင်တော့လို့ လမ်းခွဲမယ်ဆိုရင်တောင် သိက္ခာမဲ့စွာ
သစ္စာဖောက်ပြီးမှ လမ်းခွဲခြင်းဟာ အယုတ်ညံ့ဆုံးဖြစ်ပါတယ် ။
ဒါကြောင့်
လူ့တန်ဖိုးကို နာလည်းစွာ လမ်းခွဲခြင်းမျိုး ရွေးချယ်တတ်ကြပါစေ ။

စာကိုနှစ်သက်ရင် လွတ်လပ်စွာ share နိုင်ပါတယ်ရှင် ...။

Credit: MayNoe

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top