iMyanmarHouse.com - Best Property Website for Myanmar
×
ကျန်းမာရေးကောင်းမွန်ဖို့အတွက် Gym ပုံမှန်သွားဆော့ဖို့ဆိုတာ ထင်သလောက်မလွယ်ကူပါဘူး။ လေ့ကျင့်ခန်းတွေ ပုံမှန်မပြုလုပ်နိုင်ပေမယ့် ကျန်းမာရေးကောင်းမွန်အောင် စွမ်းဆောင်ပေးမယ့် အချက်တစ်ချက်ရှိပါတယ်။
ရေကို အချိန်မှန်မှန် သောက်ခြင်းပဲဖြစ်ပါတယ်။ ရေသောက်သင့်တဲ့အချိန်မှာ လိုအပ်တဲ့ ရေပမာဏ သောက်လိုက်ခြင်းက သင့်အတွက် အရမ်းအကျိုးရှိပါတယ်။
ရေသောက်ခြင်းကို အလေ့အကျင့်တစ်ခုလို သက်မှတ်ပြီး နေ့စဉ်ပုံမှန် လုပ်ဆောင်ပေးသင့်ပါတယ်။ မနက်အိပ်ယာနိုးနိုးခြင်း ရေ နှစ်ဖန်ခွက် သောက်သုံးပေးရင် ဆရာဝန်နဲ့ ဝေးဝေးမှာ နေရလိမ့်မယ်လို့ ဆိုထားပါတယ်။
– မနက်အိပ်ယာထ သွားမတိုက်မီအချိန်မှာ ရေ 160ml သောက်လိုက်ပါ။ ပြီးမှ သွားတိုက်ပါ။
– သွားတိုက်ပြီး ၄၅ မိနစ်ခန့် ကြာမှ မနက်စာစားပါ။
– မနက်စာစားပြီး နောက် ၂ နာရီအတွင်း ဘာမှထပ်မစားတာ အကောင်းဆုံးပါ။
ရေပုံမှန် သောက်သုံးသင့်တဲ့ အချိန်တွေကို ယခုလို ဖော်ပြပေးထားပါတယ်။
– မနက်အိပ်ယာနိုးနိုးချင်း ရေ နှစ်ဖန်ခွက် တန်းသောက်ပေးပါ။
– ထမင်းမစားမှီ နာရီဝက်အလိုတိုင်းမှာ ရေ တစ်ဖန်ခွက် သောက်ပေးပါ။
– ရေမချိုးမှီ ရေတစ်ဖန်ခွက် သောက်ပေးပါ။
– အိပ်ယာမဝင်ခင် ရေတစ်ဖန်ခွက်သောက်ပေးပါ။
ယခုလို ရေကို အချိန်မှန် သောက်သုံးပေးရင် နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေတယ်လို့ ဆိုထားပါသေးတယ်။ ဒါကြောင့် ကျန်းမာတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ချင်တယ်ဆို ရေကို အချိန်မှန်သောက်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
Credit : လင်းလင်းမောင် (M.D.K)
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top