iMyanmarHouse.com - Best Property Website for Myanmar
×

ေဘာလိဝုဒ္မင္းသမီး Shilpa Shetty ကို ၁၉၇၅ ခုႏွစ္မွာေမြးဖြားခဲ့ၿပီး အခုဆို အသက္ ၄၀ေက်ာ္ရွိၿပီျဖစ္ပါတယ္။ ဒါေပမယ့္ သူမကိုၾကည့္လိုက္ရင္ ၁၀ ေက်ာ္သက္ေလးလို ႏုပ်ိဳေနဆဲပါပဲ။ သူမရဲ႕ အလွအပဆိုင္ရာ လွ်ိဳ႕ဝွက္ခ်က္ေတြကို ဒီကေန႔ မွ်ေဝေပးသြားပါမယ္။
၁။ ခါးသြယ္သြယ္ေလးျဖစ္ေစဖို႔ ေယာဂက်င့္တယ္
 အသက္ (၄၀) ေက်ာ္အရြယ္ ေဘာလိဝုဒ္မင္းသမီး Shilpa Shetty ရဲ႕ အလွပလွ်ိဳ႕ဝွက္ခ်က္
သူမဟာ ေယာဂေလ့က်င့္ခန္းကို အလွပအတြက္ေရာ က်န္းမာေရးအတြက္ပါေဆာ့ကစားေလ့ရွိပါတယ္။ ေယာဂေလ့က်င့္ခန္းဟာ စိတ္ကိုတည္ၿငိမ္ေစရံုသာမက ခႏၶာကိုယ္ကိုလည္း လွပေစတယ္လို႔ ဆိုပါတယ္။ သူမရဲ႕ ခႏၶာကိုယ္အခ်ိဳးအစားဟာလည္း ဒီေယာဂေလ့က်င့္ခန္းေၾကာင့္ လွေနတာပါတဲ့။
၂။ လွပတဲ့ အသားအေရနဲ႔ ဆံေကသာအတြက္
 
-မနက္အိပ္ယာႏိုးရင္ ေရေႏြးအရင္ မ်က္ႏွာကိုသစ္လိုက္ၿပီး မ်က္ႏွာသစ္ဆပ္ျပာလိမ္းကာ ေရေအးေအးနဲ႔ ျပန္ေဆးခ်ပါတယ္တဲ့။ အဲဒီလိုလုပ္တာဟာ ေခၽြးေပါက္ေတြကို သန္႔စင္ေပးတယ္လို႕ဆိုပါတယ္။ ၿပီးရင္ေတာ့ Moisturiser လိမ္းေပးထားပါတယ္တဲ့။
-ညအိပ္ယာဝင္ခါနီးရင္ေတာ့ သံလြင္ဆီ၊ Baby Oil နဲ႔ Bio Oil တစ္ခုခုကို လိမ္းၿပီး မ်က္ႏွာကို အရင္သန္႔စင္ပါတယ္။ ၿပီး၇င္ေတာ့ တဘက္တစ္ထည္ကို ေရေႏြးနဲ႔စိမ္ၿပီး ျပန္ညွစ္ထုတ္ကာ မ်က္ႏွာကို ျပန္သုတ္ေပးပါတယ္။
-အသားအေရလွပေနေစၿပီး ေရဓာတ္ျပည့္ဝေနေစဖို႔ တစ္ေန႔ကို ေရ ၁၀ ခြက္ေသာက္ပါတယ္။
-သူမက spa သြားရတာလည္းႀကိဳက္ပါတယ္တဲ့။ ပင္ပန္းႏြမ္းနယ္မႈေပ်ာက္ဖို႔အတြက္ Spa လည္းသြားေလ့ရွိပါတ္။
-ဆံေကသာလွဖို႔အတြက္ ဘယ္ေတာ့မွ အပူေပးစက္ေတြသံုးေလ့မရွိပါဘူးတဲ့။ ဆံပင္အေျခာက္ခံဖို႔ ေလမႈတ္စက္ကိုလည္း အပူခ်ိန္ေလွ်ာ့ၿပီးသံုးေလ့ရွိတယ္လို႔ဆိုပါတယ္။
၃။ က်န္းမာလွပေစဖို႔ အာဟာရျပည့္ျပည့္ဝဝစားေပးတယ္
Shilpa Shetty ဟာ က်န္းမာလွပေစဖို႔ အာဟာရဓာတ္ညီညႊတ္မွ်တေအာင္စားပါတယ္တဲ့။ သူမဟာထမင္း၊ ပါစတာ၊ ေပါင္မုန္႔၊ စတာေတြကိုလည္း အထိုက္အေလ်ာက္စားပါတယ္တဲ့။ ဟင္းေတြကိုေတာ့ သံလြင္ဆီ တို႔လို အသီးအရြက္က ရတဲ့အဆီနဲ႔ ခ်က္ျပဳတ္ေလ့ရွိပါတယ္။ ေလ့က်င့္ခန္းလုပ္ၿပီးတိုင္း Protein Shake တစ္ခြက္ အၿမဲေသာက္ေလ့ရွိပါတယ္တဲ့။
၄။ ကိုယ္ဝန္ေဆာင္ ကေလးေမြးၿပီး တက္လာတဲ့ဝိတ္ကိုလည္း ခ်ခဲ့ပါတယ္
 
၂၀၁၂ ခုႏွစ္က သားေလး Viaan ကိုေမြးဖြားခဲ့ၿပီး ေပါင္ ၈၀ ေလာက္တက္လာခဲ့တာေၾကာင့္ ျပန္ၿပီး ဝိတ္ခ်ခဲ့တယ္လို႔ဆိုပါတယ္။ သိပ္မျမင့္တဲ့ေတာင္ကို ျဖည္းျဖည္းတက္တာ၊ ႀကိဳးျဖည္းျဖည္းခုန္တာမ်ိဳးကို တစ္ေန႔ နာရီဝက္ေလာက္လုပ္ေပးပါတယ္တဲ့။ ျဖည္းျဖည္းခ်င္ ေလ့က်င့္ခန္းကို လုပ္ယူခဲ့ပါတယ္။ တစ္ႏွစ္ေလာက္က်ေတာ့ ဝိတ္က်သြားခဲ့ပါတယ္။
Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


 ဘောလိဝုဒ်မင်းသမီး Shilpa Shetty ကို ၁၉၇၅ ခုနှစ်မှာမွေးဖွားခဲ့ပြီး အခုဆို အသက် ၄၀ကျော်ရှိပြီဖြစ်ပါတယ်။ ဒါပေမယ့် သူမကိုကြည့်လိုက်ရင် ၁၀ ကျော်သက်လေးလို နုပျိုနေဆဲပါပဲ။ သူမရဲ့ အလှအပဆိုင်ရာ လျှို့ဝှက်ချက်တွေကို ဒီကနေ့ မျှဝေပေးသွားပါမယ်။

၁။ ခါးသွယ်သွယ်လေးဖြစ်စေဖို့ ယောဂကျင့်တယ်

သူမဟာ ယောဂလေ့ကျင့်ခန်းကို အလှပအတွက်ရော ကျန်းမာရေးအတွက်ပါဆော့ကစားလေ့ရှိပါတယ်။ ယောဂလေ့ကျင့်ခန်းဟာ စိတ်ကိုတည်ငြိမ်စေရုံသာမက ခန္ဓာကိုယ်ကိုလည်း လှပစေတယ်လို့ ဆိုပါတယ်။ သူမရဲ့ ခန္ဓာကိုယ်အချိုးအစားဟာလည်း ဒီယောဂလေ့ကျင့်ခန်းကြောင့် လှနေတာပါတဲ့။

၂။ လှပတဲ့ အသားအရေနဲ့ ဆံကေသာအတွက်

-မနက်အိပ်ယာနိုးရင် ရေနွေးအရင် မျက်နှာကိုသစ်လိုက်ပြီး မျက်နှာသစ်ဆပ်ပြာလိမ်းကာ ရေအေးအေးနဲ့ ပြန်ဆေးချပါတယ်တဲ့။ အဲဒီလိုလုပ်တာဟာ ချွေးပေါက်တွေကို သန့်စင်ပေးတယ်လို့ဆိုပါတယ်။ ပြီးရင်တော့ Moisturiser လိမ်းပေးထားပါတယ်တဲ့။

-ညအိပ်ယာဝင်ခါနီးရင်တော့ သံလွင်ဆီ၊ Baby Oil နဲ့ Bio Oil တစ်ခုခုကို လိမ်းပြီး မျက်နှာကို အရင်သန့်စင်ပါတယ်။ ပြီး၇င်တော့ တဘက်တစ်ထည်ကို ရေနွေးနဲ့စိမ်ပြီး ပြန်ညှစ်ထုတ်ကာ မျက်နှာကို ပြန်သုတ်ပေးပါတယ်။

-အသားအရေလှပနေစေပြီး ရေဓာတ်ပြည့်ဝနေစေဖို့ တစ်နေ့ကို ရေ ၁၀ ခွက်သောက်ပါတယ်။

-သူမက spa သွားရတာလည်းကြိုက်ပါတယ်တဲ့။ ပင်ပန်းနွမ်းနယ်မှုပျောက်ဖို့အတွက် Spa လည်းသွားလေ့ရှိပါတ်။

-ဆံကေသာလှဖို့အတွက် ဘယ်တော့မှ အပူပေးစက်တွေသုံးလေ့မရှိပါဘူးတဲ့။ ဆံပင်အခြောက်ခံဖို့ လေမှုတ်စက်ကိုလည်း အပူချိန်လျှော့ပြီးသုံးလေ့ရှိတယ်လို့ဆိုပါတယ်။

၃။ ကျန်းမာလှပစေဖို့ အာဟာရပြည့်ပြည့်ဝဝစားပေးတယ်

Shilpa Shetty ဟာ ကျန်းမာလှပစေဖို့ အာဟာရဓာတ်ညီညွှတ်မျှတအောင်စားပါတယ်တဲ့။ သူမဟာထမင်း၊ ပါစတာ၊ ပေါင်မုန့်၊ စတာတွေကိုလည်း အထိုက်အလျောက်စားပါတယ်တဲ့။ ဟင်းတွေကိုတော့ သံလွင်ဆီ တို့လို အသီးအရွက်က ရတဲ့အဆီနဲ့ ချက်ပြုတ်လေ့ရှိပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း Protein Shake တစ်ခွက် အမြဲသောက်လေ့ရှိပါတယ်တဲ့။

၄။ ကိုယ်ဝန်ဆောင် ကလေးမွေးပြီး တက်လာတဲ့ဝိတ်ကိုလည်း ချခဲ့ပါတယ်

၂၀၁၂ ခုနှစ်က သားလေး Viaan ကိုမွေးဖွားခဲ့ပြီး ပေါင် ၈၀ လောက်တက်လာခဲ့တာကြောင့် ပြန်ပြီး ဝိတ်ချခဲ့တယ်လို့ဆိုပါတယ်။ သိပ်မမြင့်တဲ့တောင်ကို ဖြည်းဖြည်းတက်တာ၊ ကြိုးဖြည်းဖြည်းခုန်တာမျိုးကို တစ်နေ့ နာရီဝက်လောက်လုပ်ပေးပါတယ်တဲ့။ ဖြည်းဖြည်းချင် လေ့ကျင့်ခန်းကို လုပ်ယူခဲ့ပါတယ်။ တစ်နှစ်လောက်ကျတော့ ဝိတ်ကျသွားခဲ့ပါတယ်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top