iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ (၄၀) အထက္ အမ်ိဳးသမီးမ်ားအေနႏွင့္ မိမိတို႔၏ အသားအေရကို ထိန္းသိမ္းေနျခင္း ျဖင့္ အလွတရား က်န္းမာျခင္းကို ထိန္းသိမ္းရာေရာက္မည္။

သို႔ျဖစ္၍
(၁) ေနေရာင္ကို သတိထားရန္
ေနေရာင္က အသားအေရကို ပ်က္စီးေစၿပီး ပါးေရတြန္႔ျခင္းႏွင့္ အစက္အေျပာက္မ်ားကို ျဖစ္ေစ သည္။ သို႔ျဖစ္၍ ေနေရာင္ဒဏ္ U.V ray ကို ခံႏိုင္ရည္႐ွိေသာ Sunblock ကို လိမ္း၍ ဦးထုပ္ (သို႔) ထီးကို ေဆာင္းရမည္ ။ ေနေရာင္ျပင္းထန္စြာ တိုက္႐ိုက္ထိေတြ႕ျခင္းက အေရျပား ကင္ဆာကို ျဖစ္ေစသည္။

(၂) ညမအိပ္မီ မ်က္ႏွာသစ္ပါ။
အသက္ ၄၀၊ ၅၀၊ ၆၀ တို႔ အေနႏွင့္ အသားေျခာက္စျပဳျခင္း၊ အသားအေရေျခာက္ျခင္းတို႔ကို ေတြ႕ ရသည္။ အေၾကာင္းရင္းမွာ အသက္ရ လာေလ oil gland မ်ားက ေလ်ာ့ပါး လာေလျဖစ္သည္။ သို႔ျဖစ္၍ အေကာင္းဆံုး နည္းလမ္းမွာ ညမ အိပ္မီတိုင္း မ်က္ႏွာသစ္ပါ။ သို႔ေသာ္ ဆပ္ျပာကို လံုး၀မသံုးပါႏွင့္။ ဆပ္ျပာ က မိမိအေရးျပာကို က်န္းမာေစ သည္။ ႐ွိသင့္႐ွိအပ္ေသာ အဆီမ်ား ကို တိုက္ဖ်က္ပစ္တတ္ေသာေၾကာင့္ ျဖစ္သည္။ ေရကိုလည္း မ်ားမ်ား ေသာက္ရန္လိုသည္။

(၃) ေဆးလိပ္ျဖတ္ပါ။
မိမိက ေဆးလိပ္ေသာက္တတ္ သူျဖစ္ပါက ေဆးလိပ္ကို လံုး၀ျဖတ္ ပစ္ပါ။ ေဆးလိပ္က မ်က္ႏွာကို ပိုရင့္ေရာ္ေစၿပီး ပါးေရတြန္႔ျခင္းကို ပိုျဖစ္ေစသည္။ ေဆးလိပ္ေသာက္သူ ႏွင့္ မေသာက္တတ္သူအား ယွဥ္ ၾကည့္လွ်င္ ပို၍ သိသာႏိုင္သည္။

(၄) ေရခ်ိဳးကန္တြင္ အၾကာႀကီးမစိမ္ ပါႏွင့္
ေရေႏြးႏွင့္ ေရစိမ္ျခင္းသည္ ပို၍ သက္ေတာင့္သက္သာ႐ွိၿပီး အေညာင္းေျပေစေသာ္လည္း အၾကာ ႀကီး ေရစိမ္ျခင္းျဖင့္ အသားအေရမ်ား ေျခာက္ေသြ႕ ကုန္တတ္သည္။ အကယ္၍ နားနားေနေနႏွင့္ ၾကာၾကာ ကေလး ေရစိမ္ခ်င္လွ်င္ ေရခ်ိဳးကန္မွ ထြက္လာၿပီးသည္ႏွင့္ ခႏၶာကိုယ္၌ ေရမေျခာက္က ေျခာက္ အခ်ိန္တြင္ bath oil (သို႔) အစိုဓာတ္ ျဖည့္အဆီကို လိမ္းေပးပါ။

(၅)သဘာ၀အလွကုန္မ်ားကို သံုးစြဲပါ။
မ်ားေသာအလွကုန္မ်ားသည္ ဓာတုပစၥည္းမ်ား ပိုမိုပါ၀င္ၿပီး ပို၍ ထိေရာက္မႈ႐ွိေစေလ၊ ပိုပါ၀င္ေလ ျဖစ္သည္။ သို႔ျဖစ္၍ အ႐ြယ္ရသူမ်ား အဖို႔ သဘာ၀ေဆးဖက္၀င္ (herb) သစ္ဥသစ္ဖုမ်ား၊ အုန္းဆီ၊ သံလြင္ဆီ တို႔ ပါ၀င္ေသာအလွကုန္မ်ားကိုသာ သံုးစြဲသင့္သည္။

(၆) အသားအေရအတြက္ အာဟာရ ဓာတ္မ်ား စားသံုးေပးပါ။
မွ်တေသာ အစားအစာမ်ားကို စားသံုးေပးရမည္။ ဥပမာအားျဖင့္ ဟင္းသီးဟင္း႐ြက္မ်ား၊ ေခ်ာကလက္ (၇၀% အထက္ ကာေကအို) ပါ၀င္ ေသာ င႐ုတ္ပြသီးအနီေရာင္၊ အုန္းဆီ အစ႐ွိသည့္ အသားအေရ လင္းလက္ မႈကို ေပးစြမ္းေသာ အာဟာရျဖည့္ အစားအစာမ်ား စားသံုးေပးရန္ လိုသည္။

Credit:  Thithtoolwin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အသက် (၄၀) အထက် အမျိုးသမီးများအနေနှင့် မိမိတို့၏ အသားအရေကို ထိန်းသိမ်းနေခြင်း ဖြင့် အလှတရား ကျန်းမာခြင်းကို ထိန်းသိမ်းရာရောက်မည်။

သို့ဖြစ်၍
(၁) နေရောင်ကို သတိထားရန်
နေရောင်က အသားအရေကို ပျက်စီးစေပြီး ပါးရေတွန့်ခြင်းနှင့် အစက်အပြောက်များကို ဖြစ်စေ သည်။ သို့ဖြစ်၍ နေရောင်ဒဏ် U.V ray ကို ခံနိုင်ရည်ရှိသော Sunblock ကို လိမ်း၍ ဦးထုပ် (သို့) ထီးကို ဆောင်းရမည် ။ နေရောင်ပြင်းထန်စွာ တိုက်ရိုက်ထိတွေ့ခြင်းက အရေပြား ကင်ဆာကို ဖြစ်စေသည်။

(၂) ညမအိပ်မီ မျက်နှာသစ်ပါ။
အသက် ၄၀၊ ၅၀၊ ၆၀ တို့ အနေနှင့် အသားခြောက်စပြုခြင်း၊ အသားအရေခြောက်ခြင်းတို့ကို တွေ့ ရသည်။ အကြောင်းရင်းမှာ အသက်ရ လာလေ oil gland များက လျော့ပါး လာလေဖြစ်သည်။ သို့ဖြစ်၍ အကောင်းဆုံး နည်းလမ်းမှာ ညမ အိပ်မီတိုင်း မျက်နှာသစ်ပါ။ သို့သော် ဆပ်ပြာကို လုံးဝမသုံးပါနှင့်။ ဆပ်ပြာ က မိမိအရေးပြာကို ကျန်းမာစေ သည်။ ရှိသင့်ရှိအပ်သော အဆီများ ကို တိုက်ဖျက်ပစ်တတ်သောကြောင့် ဖြစ်သည်။ ရေကိုလည်း များများ သောက်ရန်လိုသည်။

(၃) ဆေးလိပ်ဖြတ်ပါ။
မိမိက ဆေးလိပ်သောက်တတ် သူဖြစ်ပါက ဆေးလိပ်ကို လုံးဝဖြတ် ပစ်ပါ။ ဆေးလိပ်က မျက်နှာကို ပိုရင့်ရော်စေပြီး ပါးရေတွန့်ခြင်းကို ပိုဖြစ်စေသည်။ ဆေးလိပ်သောက်သူ နှင့် မသောက်တတ်သူအား ယှဉ် ကြည့်လျှင် ပို၍ သိသာနိုင်သည်။

(၄) ရေချိုးကန်တွင် အကြာကြီးမစိမ် ပါနှင့်
ရေနွေးနှင့် ရေစိမ်ခြင်းသည် ပို၍ သက်တောင့်သက်သာရှိပြီး အညောင်းပြေစေသော်လည်း အကြာ ကြီး ရေစိမ်ခြင်းဖြင့် အသားအရေများ ခြောက်သွေ့ ကုန်တတ်သည်။ အကယ်၍ နားနားနေနေနှင့် ကြာကြာ ကလေး ရေစိမ်ချင်လျှင် ရေချိုးကန်မှ ထွက်လာပြီးသည်နှင့် ခန္ဓာကိုယ်၌ ရေမခြောက်က ခြောက် အချိန်တွင် bath oil (သို့) အစိုဓာတ် ဖြည့်အဆီကို လိမ်းပေးပါ။

(၅)သဘာဝအလှကုန်များကို သုံးစွဲပါ။
များသောအလှကုန်များသည် ဓာတုပစ္စည်းများ ပိုမိုပါဝင်ပြီး ပို၍ ထိရောက်မှုရှိစေလေ၊ ပိုပါဝင်လေ ဖြစ်သည်။ သို့ဖြစ်၍ အရွယ်ရသူများ အဖို့ သဘာဝဆေးဖက်ဝင် (herb) သစ်ဥသစ်ဖုများ၊ အုန်းဆီ၊ သံလွင်ဆီ တို့ ပါဝင်သောအလှကုန်များကိုသာ သုံးစွဲသင့်သည်။

(၆) အသားအရေအတွက် အာဟာရ ဓာတ်များ စားသုံးပေးပါ။
မျှတသော အစားအစာများကို စားသုံးပေးရမည်။ ဥပမာအားဖြင့် ဟင်းသီးဟင်းရွက်များ၊ ချောကလက် (၇၀% အထက် ကာကေအို) ပါဝင် သော ငရုတ်ပွသီးအနီရောင်၊ အုန်းဆီ အစရှိသည့် အသားအရေ လင်းလက် မှုကို ပေးစွမ်းသော အာဟာရဖြည့် အစားအစာများ စားသုံးပေးရန် လိုသည်။

Credit:  Thithtoolwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top