iMyanmarHouse.com - Best Property Website for Myanmar
×









(၅) သွေးကျစေပါသည်။



ပဲသီး သည် ရာသီစာ ဟင်းသီးဟင်းရွက် မဟုတ်ပါ။ တစ်နှစ်ပတ်လုံး ရရှိနိုင်သော အစိမ်းရောင် ဟင်းသီး ဟင်းရွက် တစ်မျိုးဖြစ်ပါသည်။ ပဲသီး သည် မျိုးစိပ်ပေါ်မူတည်ကာ ၁၂-လက္မ မှ ၃၀-လက္မအထိ ရှည်တတ် ပါသည်။ အရှည် ၁၂-လက္မ မှ ၁၈-လက္မ သည် စားသုံးရန်သင့်တော်သော အရွယ်အစားဖြစ်ပါသည်။ အသီးတောင့် ၏ အရင်းပိုင်းသည် အစိမ်းနုရောင်ရှိပြီး၊အဖျားပိုင်းသည် အစိမ်းရင့်ရောင်ဖြစ်ပါသည်။တစ်ခါ တစ်ရံ အနီရောင်ပဲသီး များကို တွေ့မြင်ရတတ်ပါသည်။ ပဲသီးပင် သည် နွယ်တက်၍ပေါက်သော အပင် အမျိုးအစားဖြစ်ပါသည်။


၎င်းတို့ သည် မိမိကိုယ်တိုင် ဝတ်မှုန်ကူးသော အပင်မျိုးဖြစ်ပါသည်။ တစ်ခါတစ် ရံ တွင် ပျား၊ ပိတုန်း၊ လိပ်ပြာ စသည့် အင်းဆက် ပိုးမွှား တို ေ့ကြာင့်လဲ ဝတ်မှုန်ကူးပြောင်း တတ်ကြပါ သည်။ အပင်ဖြစ်ထွန်းပြီးနောက် ရက် ၆၀ အတွင်းမှာ အသီး စတင်သီးပါသည်။ ပင်စည်မှ အစုံလိုက်/ အတွဲလိုက် အသီးသီးခြင်းပါသည်။


အသီးတောင့်ထဲတွင် သေးငယ်သော အစိမ်းဖျော့ရောင်ပဲစေ့ကလေးများ ပါရှိပါသည်။ထိုပဲစေ့ ကလေးများ သည် ပဲလွန်းဖြူနှင့် ပုံသဏ္ဍာန်ခပ်ဆင်ဆင် တူပါသည်။ နု၍လတ်ဆတ်သော ပဲသီးတောင့်များကို အစိမ်း လိုက် ကျွတ်ကျွတ်ဝါးစား နိုင်ပါသည်။ ပဲသီးသည် နုသောအရွယ်တွင် အရသာပိုချိုပါသည်။


အစိမ်းရောင် ဖျော့ဖျော့ ပဲသီးအမျိုးအစားသည် အစိမ်းရောင်ရင့်သော ပဲသီးအမျိုးအစားထက် နူးညံ့ကာ ပိုချို၍ အရသာ လဲ ပိုမိုကောင်းမွန်ပါသည်။ သေးသွယ်ကျစ်လစ်သော ပဲသီးသည် ပွသောပဲသီးထက် အရသာပို၍ကောင်း မွန် ပါသည်။ ပဲသီး၏အရသာသည် ဗိုစားပဲသီး နှင့် အရသာ ခပ်ဆင်ဆင်တူပါသည်။ ပဲသီးတောင့်၏ ဘေး တစ်ဘက်တစ်ချက်စီတွင် မြောင်းများပါရှိပါသည်။


ပဲသီးကိုခူးဆွတ်ပြီး ၃-ရက် အချိန်အတွင်း စားမှသာ လတ်ဆတ်သောအရသာကို ခံစားရရှိမည်ဖြစ်ပါသည်။ ပဲသီးတွင် အညိုရောင် အစက်အပြောက် များပါရှိ နေပါက၊ ပိုးကိုက်ခံထားရခြင်းဖြစ်ပါသည်။ ထိုပဲသီးမျိုးကိုမစားသင့်ပါ။


ပဲသီးကို နှစ်သက်ရာအသားတစ်မျိုးမျိုးဖြင့် ရောနှောကြော်၍ သော်လည်းကောင်း၊ အခြားဟင်းသီးဟင်း ရွက်များနှင့် ရောနှောကာ အစိမ်းကြော်ကြော်၍ သော်လည်းကောင်း၊ ရေနွေးပူပူတွင် ခေတ္တမျှစိမ်ပြီး နောက် အသုပ်သုပ်၍ သော်လည်းကောင်း၊ ကြက်ဥဖြင့်ခေါက်ကြော်၍ သော်လည်းကောင်း၊ စသည်ဖြင့် အမျိုးမျိုး စားသုံးနိုင်ပါသည်။


ပဲသီးတွင် ဗီတာမင် A၊ ပရိုတင်း၊ သံဓာတ်၊ ဖော့စဖရတ်၊ သီအာမင်၊ ရီဘိုပလာဗင် နှင့် ပိုတက်စီယမ် တို့ ကြွယ်၀ စွာပါရှိပါသည်။ ထို့ပြင် ပဲသီး သည် ဗီတာမင် C၊ ဖောလိပ်၊ မဂ္ဂနီစီယမ် နှင့်မဂ္ဂနီးစ် တို့ စုဝေးရာ အရင်းအမြစ်လဲ ဖြစ်ပါသည်။ ထို့ကြောင့် ပဲသီး ကို အားအင်ပြည့်ဝစေသော အစားအစာတစ်ခုအဖြစ် စားသုံးနိုင်ကြပါသည်။


ကျန်းမာရေးအတွက်အသုံးဝင်ပုံ


 (၁) ကယ်လိုရီနဲသော အစိမ်းရောင် ဟင်းသီးဟင်းရွက်ဖြစ်သောကြောင့် ပဲသီး ကို မှန်မှန်စားသုံးပေး ခြင်းအားဖြင့် ခန္ဓာကိုယ် အလေးချိန်ကို လျော့ချနိုင်ပါသည်။

(၂) ဗီတာမင် မြောက်များစွာ ပါရှိသည့်အပြင်၊ ဆန့်ကျင်ဓာတ်တိုးပစ္စည်းလဲ ကြွယ်ဝစွာ ပါရှိသဖြင့် ကင်ဆာ ရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါသည်။ ပြင်ပရောဂါများ အလွယ်တကူ မကူးစက်နိုင်အောင်လဲ တားဆီးကာကွယ်ပေးပါသည်။

(၃) အိုမင်းရင့်ရော်မှုကိုလဲ နှောင့်နှေးစေပြီး၊ အရွယ်တင်နုပျိုစေပါသည်။

(၄) နှလုံး၊ နှလုံးသွေးကြောနှင့် သက်ဆိုင်သော ရောဂါများကိုလဲ ကာကွယ်ပေးပါသည်။

(၅) သွေးကျစေပါသည်။

(၆) အဆစ်ရောင်ဝေဒနာများကိုလဲ သက်သာစေပါသည်။

(၇) ပန်းနာရင်ကျပ်ရောဂါကိုလဲ သက်သာကောင်းမွန်စေပါသည်။

(၈) လေသင်တုန်းဖြတ်ခြင်းကိုလဲ ကောင်းမွန်သက်သာစေပါသည်။

(၉) ဆီးချိုရောဂါကိုလဲ ကာကွယ်တားဆီးပေးနိုင်ပါသည်။


ထို့ကြောင့် မိမိပတ်ဝန်းကျင်တွင် တစ်နှစ်ပတ်လုံး လွယ်လင့်တကူ ရရှိနိုင်ကာ၊ ဈေးနှုန်းချိုသာပြီး၊ အာဟာ ရလဲ ဖြစ်စေသည့် ပဲသီး (ခေါ်) ပဲတောင့်ရှည်သီး ကို စားသောက်ပေးကြပါရန် သတင်းကောင်းပါးအပ် ပါသည်။


Credit : ကျန်းမာရေးဗဟုသုတ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top