iMyanmarHouse.com - Best Property Website for Myanmar
×

စာဖတ္သူတို႔ ဘယ္လိုေျဖခ်င္ၾကပါသလဲ။ ခ်စ္သူတစ္ေယာက္တည္းထားၿပီး ဒီတစ္ေယာက္တည္းကိုပဲ အတည္လက္ထပ္ရမွာလား။ လက္ထပ္ဖို႔လိုသလား။ အိမ္ေထာင္ဖက္ ေရြးခ်ယ္ဆိုတာမွာ ဘယ္ေပတံန႔ဲ တိုင္းၿပီး ေရြးခ်ယ္ဖို႔ စဥ္းစားထားပါသလဲ။

ကၽြန္မတို႔ ျမန္မာ့ယဥ္ေက်းမႈလို႔ပဲ ဆိုရမွာေပါ့။ ေရွးယခင္ကတည္းက မိန္းကေလးဆိုတာ ဘယ္လိုျဖစ္ရမယ္။ မိန္းမေကာင္း ပန္းေကာင္းတစ္ပြင့္ပန္ ဆိုတာမ်ိဳးေပါ့။ ေပြေပြရွဳပ္ရွဳပ္လုပ္တာမေကာင္းဘူးေပါ့။ စာေရးသူလည္း အခု စာဖတ္သူတို႔ကို  ေပြရမယ္။ ရွဳပ္ရမယ္လို႔ လည္း မဟုတ္ျပန္ပါဘူး။

မိန္းမေကာင္း ပန္းေကာင္းတစ္ပြင့္ပန္။ အင္းေကာင္းတာေပါ့။ ဒါေပမယ့္ ကိုယ္ပန္လိုက္တဲ့ပန္းက ပန္းေကာင္းတစ္ပြင့္ဟုတ္မေနရင္ေရာ။ ပုပ္ပြေနတဲ့ပန္းျဖစ္ေနရင္ေကာ၊ ပိုးေကာင္ေတြပါတဲ့ပန္းျဖစ္ေနရင္ေကာ ဒီအတိုင္းပဲ ခံေနရေတာ့မွာလား ဆိုတာ စဥ္းစားစရာပါပဲ။

စာေရးသူအေနနဲ႔ကေတာ့ စာဖတ္သူတို႔ရဲ့ အိမ္ေထာင္ဖက္ကို ႏွလံုးသားနဲ႔ေရာ ဦးေႏွာက္နဲ႔ေရာ စဥ္းစားေစခ်င္ပါတယ္။ ခ်စ္သူထားတာၾကာၿပီမို႔လို႔၊ သူနဲ႔တြဲတာ ၁၀ ႏွစ္ေလာက္ရွိေနၿပီ ယူမွရေတာ့မယ္ဆိုတာမ်ိဳး မလုပ္မိပါေစနဲ႔။ ခ်စ္သူထားတာ ဘာျဖစ္လဲကြယ္။ ဘာမွပဲ့ပါသြားတာမဟုတ္ဘူးေလ။ ေတာ္ၾကာ လက္ထပ္လို္က္ခါမွ အဆင္မေျပလို႔ပါ။ မေတာ္လို႔ပါနဲ႔ ကြဲလိုက္ကြာလိုက္ျဖစ္တာဟာ ပိုၿပီး အရွက္ရစရာပါ။

ဖိနပ္၀ယ္ရင္၊ အက်ၤ ီအ၀တ္အစား၀ယ္ရင္ေတာင္ ဒါကိုေတာ့ ဘယ္သြားရင္၀တ္မယ္။ ဘာဖိနပ္ေလးနဲ႔တြဲစီးလိုက္မယ္၊ ေစ်းက ဘယ္ေလာက္ဆိုမ်ားတယ္။ စသျဖင့္ စဥ္းစားခ်င့္ခ်ိန္ၿပီး ၀ယ္ယူၾကတယ္မလား။ ကိုယ့္ရဲ့အိမ္ေထာင္ဖက္ အထူးသျဖင့္ ကိုယ့္ရင္ေသြးေလးရဲ့ ဖခင္ျဖစ္လာမယ့္သူကို ဒီထက္ပိုၿပီး ေရြးခ်ယ္သင့္တယ္လို႔ ထင္ပါတယ္။

အခုေခတ္ႀကီးမွာ ယူလိုက္ ကြာလိုက္နဲ႔ သိပ္ကိုလြယ္ၾကတာပဲ။ ဘာျဖစ္လို႔လဲ။ အေျဖကိုေတာ့ စာဖတ္သူတို႔ပဲ အေျဖထုတ္ၾကည့္လိုက္ပါေနာ္။

ခ်စ္သူကို လက္ထပ္မယ္မထပ္ဘူးဆိုတာ ဒီေပတံေတြနဲ႔ တိုင္းလိုက္ရေအာင္။

၁။ တစ္ေယာက္ကိုယ္တစ္ေယာက္ အၾကြင္းမဲ့ ယံုၾကည္ၾကၿပီလား။

၂။ တစ္ေယာက္န႔ဲတစ္ေယာက္ၾကားမွာ ပြင့္ပြင့္လင္းလင္းရွိၿပီး ဘာလွ်ိဳ႕၀ွက္ခ်က္မွ မရွိတာ ေသခ်ာၿပီလား။

၃။ သူနဲ႔သာအတူရွိရင္ အခက္အခဲေတြပဲ ႀကံဳလာႀကံဳလာ အားလံုးကို ရင္ဆိုင္ႏိုင္မယ္လို႔ ယံုၾကည္ခ်က္ရွိလား။

၄။ သင္တို႔ႏွစ္ေယာက္မွာ တူညီတဲ့ အနာဂတ္ပန္းတိုင္ေတြ ရွိၾကၿပီလား။ အနာဂတ္အတြက္ အစီစဥ္ေတြ ရွိၿပီးၿပီလား။

၅။ သူဟာ သင့္ဘ၀အတြက္မရွိမျဖစ္လိုအပ္တဲ့သူလား။

၆။ သင့္လက္က်န္ဘ၀တစ္ခုလံုးကို သူနဲ႔အတူ ျဖတ္ေက်ာ္သြားႏိုင္တယ္ဆိုတာ ေသခ်ာလား။

၇။ သူနဲ႔အတူရွိရရင္ ေပ်ာ္ရႊင္ရမယ္ဆိုတဲ့ယံုၾကည္ခ်က္၊ သူ႔ကို ေပ်ာ္ရႊင္ေအာင္လုပ္ေပးႏိုင္မယ္ဆိုတဲ့ ယံုၾကည္ခ်က္ရွိလား။

၈။ သူသင့္ကို ေျပာင္းလဲဖို႔မႀကိဳးစားဘဲ သင့္အရွိအတိုင္းကို သူခ်စ္တာလား။ သင္ကေရာ သူ႔ကို ဘာေမွ်ာ္လင့္ခ်က္မွမပါဘဲ ခ်စ္တာေသခ်ာလား။

၉။ သူဟာ ခင္ပြန္းေကာင္းတစ္ေယာက္၊ ဖခင္ေကာင္းတစ္ေယာက္ျဖစ္လာႏိုင္မယ့္သူလား။ သင္ကေရာ ဇနီးေကာင္းတစ္ေယာက္ မိခင္ေကာင္းတစ္ေယာက္ျဖစ္ဖို႔ ယံုၾကည္ခ်က္ရွိလား။

၁၀။ သင္တို႔ႏွစ္ေယာက္ဖက္က မိတ္ေဆြသူငယ္ခ်င္းေတြ၊ မိဘအသိုင္းအ၀ိုင္းေတြက ဘာေျပာၾကလဲ။

ဒါေတြကေတာ့ လက္ထပ္မယ့္ ခင္ပြန္းေလာင္းကို တိုင္းတာရမယ့္ ေပတံတခ်ိဳ႕ကို မွ်ေ၀ေပးလိုက္ပါတယ္။ စာဖတ္သူတို႔အားလံုး အခ်စ္စစ္နဲ႔ သာယာတဲ့ အိမ္ေထာင္ေရးကို ထူေထာင္ႏိုင္ၾကပါေစ။

Credit:mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
စာဖတ်သူတို့ ဘယ်လိုဖြေချင်ကြပါသလဲ။ ချစ်သူတစ်ယောက်တည်းထားပြီး ဒီတစ်ယောက်တည်းကိုပဲ အတည်လက်ထပ်ရမှာလား။ လက်ထပ်ဖို့လိုသလား။ အိမ်ထောင်ဖက် ရွေးချယ်ဆိုတာမှာ ဘယ်ပေတံနဲ့ တိုင်းပြီး ရွေးချယ်ဖို့ စဉ်းစားထားပါသလဲ။

ကျွန်မတို့ မြန်မာ့ယဉ်ကျေးမှုလို့ပဲ ဆိုရမှာပေါ့။ ရှေးယခင်ကတည်းက မိန်းကလေးဆိုတာ ဘယ်လိုဖြစ်ရမယ်။ မိန်းမကောင်း ပန်းကောင်းတစ်ပွင့်ပန် ဆိုတာမျိုးပေါ့။ ပွေပွေရှုပ်ရှုပ်လုပ်တာမကောင်းဘူးပေါ့။ စာရေးသူလည်း အခု စာဖတ်သူတို့ကို  ပွေရမယ်။ ရှုပ်ရမယ်လို့ လည်း မဟုတ်ပြန်ပါဘူး။

မိန်းမကောင်း ပန်းကောင်းတစ်ပွင့်ပန်။ အင်းကောင်းတာပေါ့။ ဒါပေမယ့် ကိုယ်ပန်လိုက်တဲ့ပန်းက ပန်းကောင်းတစ်ပွင့်ဟုတ်မနေရင်ရော။ ပုပ်ပွနေတဲ့ပန်းဖြစ်နေရင်ကော၊ ပိုးကောင်တွေပါတဲ့ပန်းဖြစ်နေရင်ကော ဒီအတိုင်းပဲ ခံနေရတော့မှာလား ဆိုတာ စဉ်းစားစရာပါပဲ။

စာရေးသူအနေနဲ့ကတော့ စာဖတ်သူတို့ရဲ့ အိမ်ထောင်ဖက်ကို နှလုံးသားနဲ့ရော ဦးနှောက်နဲ့ရော စဉ်းစားစေချင်ပါတယ်။ ချစ်သူထားတာကြာပြီမို့လို့၊ သူနဲ့တွဲတာ ၁၀ နှစ်လောက်ရှိနေပြီ ယူမှရတော့မယ်ဆိုတာမျိုး မလုပ်မိပါစေနဲ့။ ချစ်သူထားတာ ဘာဖြစ်လဲကွယ်။ ဘာမှပဲ့ပါသွားတာမဟုတ်ဘူးလေ။ တော်ကြာ လက်ထပ်လိုက်ခါမှ အဆင်မပြေလို့ပါ။ မတော်လို့ပါနဲ့ ကွဲလိုက်ကွာလိုက်ဖြစ်တာဟာ ပိုပြီး အရှက်ရစရာပါ။

ဖိနပ်ဝယ်ရင်၊ အင်္ကျ ီအဝတ်အစားဝယ်ရင်တောင် ဒါကိုတော့ ဘယ်သွားရင်ဝတ်မယ်။ ဘာဖိနပ်လေးနဲ့တွဲစီးလိုက်မယ်၊ ဈေးက ဘယ်လောက်ဆိုများတယ်။ စသဖြင့် စဉ်းစားချင့်ချိန်ပြီး ဝယ်ယူကြတယ်မလား။ ကိုယ့်ရဲ့အိမ်ထောင်ဖက် အထူးသဖြင့် ကိုယ့်ရင်သွေးလေးရဲ့ ဖခင်ဖြစ်လာမယ့်သူကို ဒီထက်ပိုပြီး ရွေးချယ်သင့်တယ်လို့ ထင်ပါတယ်။

အခုခေတ်ကြီးမှာ ယူလိုက် ကွာလိုက်နဲ့ သိပ်ကိုလွယ်ကြတာပဲ။ ဘာဖြစ်လို့လဲ။ အဖြေကိုတော့ စာဖတ်သူတို့ပဲ အဖြေထုတ်ကြည့်လိုက်ပါနော်။

ချစ်သူကို လက်ထပ်မယ်မထပ်ဘူးဆိုတာ ဒီပေတံတွေနဲ့ တိုင်းလိုက်ရအောင်။

၁။ တစ်ယောက်ကိုယ်တစ်ယောက် အကြွင်းမဲ့ ယုံကြည်ကြပြီလား။

၂။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ပွင့်ပွင့်လင်းလင်းရှိပြီး ဘာလျှို့ဝှက်ချက်မှ မရှိတာ သေချာပြီလား။

၃။ သူနဲ့သာအတူရှိရင် အခက်အခဲတွေပဲ ကြုံလာကြုံလာ အားလုံးကို ရင်ဆိုင်နိုင်မယ်လို့ ယုံကြည်ချက်ရှိလား။

၄။ သင်တို့နှစ်ယောက်မှာ တူညီတဲ့ အနာဂတ်ပန်းတိုင်တွေ ရှိကြပြီလား။ အနာဂတ်အတွက် အစီစဉ်တွေ ရှိပြီးပြီလား။

၅။ သူဟာ သင့်ဘဝအတွက်မရှိမဖြစ်လိုအပ်တဲ့သူလား။

၆။ သင့်လက်ကျန်ဘဝတစ်ခုလုံးကို သူနဲ့အတူ ဖြတ်ကျော်သွားနိုင်တယ်ဆိုတာ သေချာလား။

၇။ သူနဲ့အတူရှိရရင် ပျော်ရွှင်ရမယ်ဆိုတဲ့ယုံကြည်ချက်၊ သူ့ကို ပျော်ရွှင်အောင်လုပ်ပေးနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ရှိလား။

၈။ သူသင့်ကို ပြောင်းလဲဖို့မကြိုးစားဘဲ သင့်အရှိအတိုင်းကို သူချစ်တာလား။ သင်ကရော သူ့ကို ဘာမျှော်လင့်ချက်မှမပါဘဲ ချစ်တာသေချာလား။

၉။ သူဟာ ခင်ပွန်းကောင်းတစ်ယောက်၊ ဖခင်ကောင်းတစ်ယောက်ဖြစ်လာနိုင်မယ့်သူလား။ သင်ကရော ဇနီးကောင်းတစ်ယောက် မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့ ယုံကြည်ချက်ရှိလား။

၁၀။ သင်တို့နှစ်ယောက်ဖက်က မိတ်ဆွေသူငယ်ချင်းတွေ၊ မိဘအသိုင်းအဝိုင်းတွေက ဘာပြောကြလဲ။

ဒါတွေကတော့ လက်ထပ်မယ့် ခင်ပွန်းလောင်းကို တိုင်းတာရမယ့် ပေတံတချို့ကို မျှဝေပေးလိုက်ပါတယ်။ စာဖတ်သူတို့အားလုံး အချစ်စစ်နဲ့ သာယာတဲ့ အိမ်ထောင်ရေးကို ထူထောင်နိုင်ကြပါစေ။


Credit:mystylemyanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top