iMyanmarHouse.com - Best Property Website for Myanmar
×

ဆိုင္မွာပဲ၀ယ္စားေနရတဲ႔ မလိုင္လံုးေလးေတြ သန္႔သန္႔ေလး အိမ္မွာကိုယ္တိုင္လုပ္ၾကည္႔မယ္

မလိုင္လံုး(Rasgulla)လုပ္နည္း။

ပါဝင္ေသာပစၥည္းမ်ား။

၁။ႏြားႏိုု႔၁လီတာ။

၂။ေ႐ွာက္သီးတျခမ္းအရည္။ေရအနည္းငယ္။

၃။သၾကားပုဂံလံုးတလံုး။ေရတခြက္။

မလိုင္လံုးလုပ္ရန္

ႏြားႏို႔ကိုအိုးသန္႔သန္႔တလံုးထဲထည့္ၿပီးဆူေအာင္တည္ပါ။

ႏြားႏို႔အိုးဆူရင္သံပုရာ(သို့)သံပုယိုသီးရည္ကိုေရအနည္းငယ္ထည့္ၿပီးဆူေနေသာႏြားႏို႔အိုးထဲထည့္ျပီး၁မိနစ္ေလာက္ေမႊၿပီးအဖတ္ေလးေတြျဖစ္ရင္မီးပိတ္လိုက္ၿပီးခဏထားထားပါ။

အဖတ္စစ္ဖို႔ပိတ္ပါးပါး တခုကို ဇကာေပၚတင္ ႏြားႏို႔အဖတ္အိုးေလာင္းထည့္ၿပီး ေရေအးေအးနဲ႔အနည္းငယ္ေဆးပါ။ ပိတ္စအဝကိုခ်ီၿပီးေရစစ္ထားပါ။

ေရအျမန္စစ္ေအာင္လက္နဲ႔နည္းနည္းညႇစ္ေပးပါ။ႏို႔ဖတ္ေတြေရစစ္ၿပီးရင္ေမႊ႔တဲ့စက္ရိွရင္စက္ထဲထည့္၍ႏို႔ဖတ္ေတြကိုေက်ေအာင္ႀကိတ္ေပးပါ။

ႀကိတ္ရန္စက္မရိွပါကလက္နဲ႔မလိုင္လံုးလံုးလို႔ရတဲ့အေနထားရေအာင္ႏွယ္ေပးပါ။

မလိုင္လံုးတဲ့အခါမွာမလိုင္ဖတ္တလံုးစာကိုယူၿပီးလက္ဖဝါေပၚတင္ၿပီးတေျဖးေျဖးက်စ္လစ္တဲ့အေနထားရေအာင္လံုးပါ။ဖြဖြေလးလံုးရင္အလံုးမလွဘဲကြဲအက္ၿပီးေပ်ာ္သြားႏိုင္ပါတယ္။မလိုင္လံုးလံုးေနတုန္းမွာသၾကားကိုေရတခြက္နဲ႔အရင္က်ိဳထားပါ။

သၾကားရည္ထဲဆားအနည္းငယ္ထည့္ပါ။မလိုင္လံုးအားလံုးလံုးၿပီးရင္ဆူေနတဲ့သၾကားရည္အိုးထဲကိုထည့္ၿပီအိုးအဖုန္းပိတ္ၿပီမီေအးေအးနဲ႔၁၀မိနစ္ေလာက္အမ်ားဆံုးတည္ထားပါ။

မတူးေအာင္သတိထားေပးပါေနာ္။သၾကားရည္မပ်စ္မက်ဲအေနထားမွာဘဲမလိုင္အိုးကိုမီးဖိုေပၚကေနခ်ၿပီးပုဂံထဲထည့္ျပီး ခနအေအးခံထားျပီးရင္စားလို့ရပါပီရွင့္။

Credit : Sabeedar Sofee
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဆိုင်မှာပဲဝယ်စားနေရတဲ့ မလိုင်လုံးလေးတွေ သန့်သန့်လေး အိမ်မှာကိုယ်တိုင်လုပ်ကြည့်မယ်

မလိုင်လုံး(Rasgulla)လုပ်နည်း။

ပါဝင်သောပစ္စည်းများ။

၁။နွားနိုု့၁လီတာ။

၂။ရှောက်သီးတခြမ်းအရည်။ရေအနည်းငယ်။

၃။သကြားပုဂံလုံးတလုံး။ရေတခွက်။

မလိုင်လုံးလုပ်ရန်

နွားနို့ကိုအိုးသန့်သန့်တလုံးထဲထည့်ပြီးဆူအောင်တည်ပါ။

နွားနို့အိုးဆူရင်သံပုရာ(သို့)သံပုယိုသီးရည်ကိုရေအနည်းငယ်ထည့်ပြီးဆူနေသောနွားနို့အိုးထဲထည့်ပြီး၁မိနစ်လောက်မွှေပြီးအဖတ်လေးတွေဖြစ်ရင်မီးပိတ်လိုက်ပြီးခဏထားထားပါ။

အဖတ်စစ်ဖို့ပိတ်ပါးပါး တခုကို ဇကာပေါ်တင် နွားနို့အဖတ်အိုးလောင်းထည့်ပြီး ရေအေးအေးနဲ့အနည်းငယ်ဆေးပါ။ ပိတ်စအဝကိုချီပြီးရေစစ်ထားပါ။

ရေအမြန်စစ်အောင်လက်နဲ့နည်းနည်းညှစ်ပေးပါ။နို့ဖတ်တွေရေစစ်ပြီးရင်မွှေ့တဲ့စက်ရှိရင်စက်ထဲထည့်၍နို့ဖတ်တွေကိုကျေအောင်ကြိတ်ပေးပါ။

ကြိတ်ရန်စက်မရှိပါကလက်နဲ့မလိုင်လုံးလုံးလို့ရတဲ့အနေထားရအောင်နှယ်ပေးပါ။

မလိုင်လုံးတဲ့အခါမှာမလိုင်ဖတ်တလုံးစာကိုယူပြီးလက်ဖဝါပေါ်တင်ပြီးတဖြေးဖြေးကျစ်လစ်တဲ့အနေထားရအောင်လုံးပါ။ဖွဖွလေးလုံးရင်အလုံးမလှဘဲကွဲအက်ပြီးပျော်သွားနိုင်ပါတယ်။မလိုင်လုံးလုံးနေတုန်းမှာသကြားကိုရေတခွက်နဲ့အရင်ကျိုထားပါ။

သကြားရည်ထဲဆားအနည်းငယ်ထည့်ပါ။မလိုင်လုံးအားလုံးလုံးပြီးရင်ဆူနေတဲ့သကြားရည်အိုးထဲကိုထည့်ပြီအိုးအဖုန်းပိတ်ပြီမီအေးအေးနဲ့၁၀မိနစ်လောက်အများဆုံးတည်ထားပါ။

မတူးအောင်သတိထားပေးပါနော်။သကြားရည်မပျစ်မကျဲအနေထားမှာဘဲမလိုင်အိုးကိုမီးဖိုပေါ်ကနေချပြီးပုဂံထဲထည့်ပြီး ခနအအေးခံထားပြီးရင်စားလို့ရပါပီရှင့်။

Credit : Sabeedar Sofee

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top