iMyanmarHouse.com - Best Property Website for Myanmar
×




















သင် နောင်တရလိမ့်မယ်. .




Credit : lwinpyin

အိမ်ကမယားကြီးကို ရိုးအီနေပြီး အပြင်က (ပိုက်ဆံသာရရင် ဘာမဆို လုပ်မယ်) ဆိုတဲ့

ပြီတီတီ ညို့တုတုလုပ်တတ်သူ (smallလေး)တွေကို စွဲလမ်းပြီးစိတ်ကူးယဉ် သာယာနေတတ်တဲ့ သင့်ကိုသင် ဟုတ်လှပြီအထင်နဲ့ပျော်မနေပါနဲ့ . .

သင်စဉ်းစားကြည့်ပါ…သင်ခုလို မအောင်မြင်ခင်တုန်းက ..

သင့်ကို အဖက်ဖက်ကနေ အစွမ်းကုန် စိတ်ရောကိုယ်ပါ အားတက်သရော်ကူညီ ဖြည့်ဆည်းပေးတတ်သူဟာ ဘယ်သူလဲ?

သင် ပင်ပင်ပမ်းပမ်း ရှာဖွေလာတဲ့ ပိုက်ဆံတွေကို လေလွင့်မှုမရှိအောင် အပိုငွေမကုန်အောင် မစားရက်မသောက်ရက်

မသုံးရက် မဖြုန်းရက် ချိုးခြံချွေတာပြီးစုဆောင်းပေးတတ်သူဟာ ဘယ်သူလဲ?

လောကဓံကြောင့် သင် ရှုံးနိမ့်နေချိန် လဲကျနေတဲ့အချိန်တွေမှာ ကိုယ်လွတ်မရုန်းပဲ သင့်ရဲ့အပူတွေကို သည်းခံ မျှဝေပေးတတ်သူ ဟာ ဘယ်သူလဲ?

သင့်ဘက်ကနေ အမြဲတမ်းရပ်တည်ပေးပြီး ဒုက္ခမှန်သမျှ ရဲရဲဝံ့ဝံ့ရင်ဆိုင်ပေးရဲသူ သင့်အတွက် ရဲဘော်ရဲဘက်စိတ်ဓာတ် အပြည့် ထားပေးသူဟာ ဘယ်သူလဲ?

သင် မအောင်မြင်ခင်တုန်းက သင့်အတွက် သူမဘဝတစ်ခုလုံးကို အနစ်နာခံ ပေးဆပ်ရင်း အသိအမှတ်ပြု ဆက်ဆံပေး နေသူ

သင်နဲ့ ထပ်တူဝမ်းနည်း ဝမ်းသာ ဂုဏ်ယူပေးတတ်သူဟာ ဘယ်သူလဲ?

သင်နေထိုင်မကောင်းချိန် ခလေးငယ်တစ်ယောက်လို ပြုစုပေးသူ ခံတွင်းတွေ့အောင် ချက်ပြုပ်ပေးသူ အားအင်ဖြစ်အောင်

စေတနာအပြည့်နဲ့ ချော့ကျွေးတတ်သူ မိခင်နဲ့မခြားစိုးရိမ်ပေးတတ်သူဟာ ဘယ်သူလဲ ?

ခုလို အခြေအနေ ရောက်အောင် ခက်ခဲသည်ဖြစ်စေ ကြမ်းထမ်းသည်ဖြစ်စေ သင့် နဘေးကနေ မားမားမတ်မတ်

ရပ်တည်ပေးခဲ့သူဟာ ခုနက (အပလီ အပလာမ)တွေ မဟုတ်ဘူး ဆိုတာ မြဲမြဲ မှတ်ထားပါ. .

(အပလီမ)တွေက သင့်ကို မေတ္တာအစစ်နဲ့ ချစ်တယ် မထင်ပါနဲ့ သင့်မှာမက်လောက်စရာ ပစ္စည်းဥစ္စာ

သူမ သုံးဖြုန်းလို့ ကုန်ခမ်းသွားတာနဲ့ ဘယ်သူ့မျက်နှာကိုမှ စာနာထောက်ထား မနေပဲ သင့်ကို မျက်နှာပြောင်တိုက်ပြီး စွန့်ခွာသွားပါလိမ့်မယ်. .

အဲဒါဘာကြောင့်လဲ? သင်သိပါသလား? အစကတည်းက ငွေမျက်နှာကြောင့် (ငွေမက်)လို့ သာတယ်ထင်လို့ သင့်ကို မြူဆွယ် စည်းရုံး လက်ခံတွဲခဲ့လို့ပါ . .

ခဏတာ သာယာဖို့အရေးနဲ့ အိမ်က အနှစ်သာရပြည့်ဝတဲ့ (ခလေးတို့ရဲ့အမေ)ကို ဒီလို အနှစ်မဲ့တဲ့ မိန်းမတစ်ယောက်နဲ့ ယှဉ်ပြီး

အစားမထိုး လိုက်ပါနဲ့ မတန်လွန်းလို့ပါ

သင် နောင်တရလိမ့်မယ်. .

ခုချိန်မှာ သင် ဘာကြီးပဲဖြစ်နေဖြစ်နေ သင့်အရင် ဘဝကိုမမေ့လိုက်ပါနဲ့ ငါ ဘယ်ဘဝကလာတာလဲ? ဆိုတာကိုအမြဲအမှတ်ရနေပေးပါ . .

လူတစ်ယောက် နောင်တရနေချိန်ဟာ သူ့ဘဝအတွက် အရာရာဟာခါးသီးမှုတွေ ရှုံးနိမ့်မှုတွေနဲ့ နောက်ကျနေတတ်ခဲ့ပြီလေ. .

အကြံပြုပါရစေ သင် အိုဇာတာကောင်းချင်လျှင် အိမ်ထောင်းရေး ဖောက်ပြန်ပြီး မလိုအပ်ပဲ (မယားအငယ်) မထားပါနဲ့

Credit : lwinpyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top