iMyanmarHouse.com - Best Property Website for Myanmar
×

နႏြင္းဟာ ေဆးဖက္၀င္အစားအစာ တစ္မ်ိဳးျဖစ္ပါတယ္။ ဟင္းလ်ာေတြခ်က္စားရာမွာအသံုးျပဳၾကသလို က်န္းမာေရးအတြက္လည္း မ်ားစြာအေထာက္အပံ့ျဖစ္ေစပါတယ္။

ဒါေပမဲ ့နႏြင္းကို ဒီလိုအခ်ိန္ေတြမွာအစားသင့္ပါဘူး။

၁။ ကိုယ္၀န္ေဆာင္မိခင္ေတြ (သို႕) ႏို႔တိုက္ေကၽြးေနတဲ့မိခင္ေတြ

ကိုယ္၀န္ေဆာင္ေတြ (သို႔) ႏို႔တိုက္ေနဆဲမိခင္ေတြဟာ နႏြင္းကို မစားသင့္ပါဘူး။ နႏြင္းဟာ ရာသီေသြးလည္ပတ္ခ်ိန္ကို အားေပးတာ (သို႔) သားအိမ္ကိုလံႈ႕ေဆာ္ေပးတာေၾကာင့္ ကိုယ္၀န္ေဆာင္ေတြ အထူးသတိထားသင့္ပါတယ္။ (အထူးသျဖင့္ ကိုယ္၀န္ႏုတဲ့အခ်ိန္)

၂။ သည္းေျခအိတ္မွာ ေက်ာက္တည္ျခင္း

သည္းေျခအိတ္မွာ ေက်ာက္တည္ေနတယ္ဆိုရင္ နႏြင္းကို တတ္ႏိုင္သမွ်ေရွာင္တာအေကာင္းဆံုးပါပဲ။ သည္းေျခအိတ္ကို နာက်င္ေစပါတယ္။

၃။ ေက်ာက္ကပ္မွာေက်ာက္တည္ျခင္း

နႏြင္းကို ပမာဏမ်ားမ်ားနဲ႔ ေန႔တိုင္းနီးပါးစားေပးတာဟာ ေက်ာက္ကပ္မွာေက်ာက္တည္မႈအႏၱရာယ္ကို ျဖစ္ပြားေစပါတယ္။

၄။ ခြဲစိတ္မဲ့လူနာေတြ

ခြဲစိတ္ဖို႔ ဆရာ၀န္နဲ႔ခ်ိန္းဆိုထားၿပီးတဲ့သူေတြအေနနဲ႔ နႏြင္းကိုအနည္းဆံုး ၃ ပတ္ေလာက္ မစားသင့္ပါဘူး။ နႏြင္းဟာ ေသြးခဲမႈကို ေလွ်ာ့က်ေစတာေၾကာင့္ ခြဲေနခိ်န္မွာ ေသြးအလြန္အကၽြံထြက္တတ္ပါတယ္။

၅။ ဆီးခ်ိဳ

ဆီးခ်ိဳေ၀ဒနာရွင္ေတြအေနနဲ႔ နႏြင္းကို လံုး၀ေရွာင္ရမယ္မဟုတ္ပါဘူး။ နႏြင္းကိုစားေပးတာဟာ ေသြးတြင္းသၾကားဓါတ္ကို ေလွ်ာ့နည္းေစတာေၾကာင့္ပါ။ ဒါ့ေပမဲ့ အလြန္အကၽြံမစားေပးသင့္ပါဘူး။ ေသြးတြင္းသၾကားဓါတ္ကို မွ်ေနေအာင္လို႔ပါ။

၆။ သည္းေျချပြန္ပိတ္ဆို႔ျခင္း

သည္းေျချပြတ္ပိတ္ဆို႔တဲ့ ေ၀ဒနာခံစားေနရသူေတြအတြက္ နႏြင္းကို မစားေပးသင့္ပါဘူး။ သည္းေျချပြန္ပိတ္ဆို႔တာကေန အသည္းေျခာက္တဲ့ေရာဂါထိျဖစ္ေပၚေစႏိုင္ပါတယ္။

Original Article: http://www.healthylifetricks.com/

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နနွင်းဟာ ဆေးဖက်ဝင်အစားအစာ တစ်မျိုးဖြစ်ပါတယ်။ ဟင်းလျာတွေချက်စားရာမှာအသုံးပြုကြသလို ကျန်းမာရေးအတွက်လည်း များစွာအထောက်အပံ့ဖြစ်စေပါတယ်။

ဒါပေမဲ့နနွင်းကို ဒီလိုအချိန်တွေမှာအစားသင့်ပါဘူး။

၁။ ကိုယ်ဝန်ဆောင်မိခင်တွေ (သို့) နို့တိုက်ကျွေးနေတဲ့မိခင်တွေ

ကိုယ်ဝန်ဆောင်တွေ (သို့) နို့တိုက်နေဆဲမိခင်တွေဟာ နနွင်းကို မစားသင့်ပါဘူး။ နနွင်းဟာ ရာသီသွေးလည်ပတ်ချိန်ကို အားပေးတာ (သို့) သားအိမ်ကိုလှုံ့ဆော်ပေးတာကြောင့် ကိုယ်ဝန်ဆောင်တွေ အထူးသတိထားသင့်ပါတယ်။ (အထူးသဖြင့် ကိုယ်ဝန်နုတဲ့အချိန်)

၂။ သည်းခြေအိတ်မှာ ကျောက်တည်ခြင်း

သည်းခြေအိတ်မှာ ကျောက်တည်နေတယ်ဆိုရင် နနွင်းကို တတ်နိုင်သမျှရှောင်တာအကောင်းဆုံးပါပဲ။ သည်းခြေအိတ်ကို နာကျင်စေပါတယ်။

၃။ ကျောက်ကပ်မှာကျောက်တည်ခြင်း

နနွင်းကို ပမာဏများများနဲ့ နေ့တိုင်းနီးပါးစားပေးတာဟာ ကျောက်ကပ်မှာကျောက်တည်မှုအန္တရာယ်ကို ဖြစ်ပွားစေပါတယ်။

၄။ ခွဲစိတ်မဲ့လူနာတွေ

ခွဲစိတ်ဖို့ ဆရာဝန်နဲ့ချိန်းဆိုထားပြီးတဲ့သူတွေအနေနဲ့ နနွင်းကိုအနည်းဆုံး ၃ ပတ်လောက် မစားသင့်ပါဘူး။ နနွင်းဟာ သွေးခဲမှုကို လျှော့ကျစေတာကြောင့် ခွဲနေချိန်မှာ သွေးအလွန်အကျွံထွက်တတ်ပါတယ်။

၅။ ဆီးချို

ဆီးချိုဝေဒနာရှင်တွေအနေနဲ့ နနွင်းကို လုံးဝရှောင်ရမယ်မဟုတ်ပါဘူး။ နနွင်းကိုစားပေးတာဟာ သွေးတွင်းသကြားဓါတ်ကို လျှော့နည်းစေတာကြောင့်ပါ။ ဒါ့ပေမဲ့ အလွန်အကျွံမစားပေးသင့်ပါဘူး။ သွေးတွင်းသကြားဓါတ်ကို မျှနေအောင်လို့ပါ။

၆။ သည်းခြေပြွန်ပိတ်ဆို့ခြင်း

သည်းခြေပြွတ်ပိတ်ဆို့တဲ့ ဝေဒနာခံစားနေရသူတွေအတွက် နနွင်းကို မစားပေးသင့်ပါဘူး။ သည်းခြေပြွန်ပိတ်ဆို့တာကနေ အသည်းခြောက်တဲ့ရောဂါထိဖြစ်ပေါ်စေနိုင်ပါတယ်။

Original Article: http://www.healthylifetricks.com/

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top