iMyanmarHouse.com - Best Property Website for Myanmar
×

သင္၏ ေငြေၾကးေရးရာ ကိစၥရပ္မ်ားကို စည္းစနစ္တက်ျဖစ္ေအာင္ အရင္ဆံုး ဖန္တီးလုပ္ေဆာင္ပါ။ မည္သည့္အသံုးစရိတ္အတြက္ ေငြပမာမည္မွ် သံုးစဲြႏုိင္သည္ ဆိုသည့္ အစီအစဥ္ေရးဆဲြထားျခင္း မရွိပါက ၀င္ေငြ၊ လစာမ်ား ေနာက္တစ္ႀကိမ္ ၀င္မလာမီ ကၽြန္မတို႔ရဲ႕ အသံုးစရိတ္မ်ားအား ပိုမိုသံုးစဲြထားမိတတ္ပါတယ္။ အဲဒီအခါက်ရင္ ၀င္ေငြအသစ္မ်ား ၀င္ေရာက္မလာမီ ကာလတစ္ေလွ်ာက္ ကၽြန္မတို႔ရဲ႕ လက္ခ်ည္းသက္သက္ မေလာက္မငွ ဘ၀နဲ႔ အသက္ဆက္ေနရမွာ ျဖစ္ပါတယ္။ ေငြကို အလြန္အေရးပါေသာ အရာမ်ားတြင္ သံုးစဲြရန္အတြက္သာ တာစူထားသင့္ပါတယ္။ ေငြကို မည္သည့္အခါမွ် အလဟႆ ျဖဳန္းတီးမပစ္သင့္ေပ။ ကၽြန္မတို႔ရဲ႕ ေန႔စဥ္၀င္ေငြမ်ားအား စနစ္တက် စိစစ္သံုးစဲြမွသာ ေငြေၾကး ၾကပ္တည္းမႈအေျခအေနကေန လြတ္ေျမာက္ႏုိင္မယ္လို႔ ကၽြန္မ ျမင္မိပါတယ္။ တစ္ခါတေလ ၀င္တဲ့ေငြနဲ႔ သံုးတဲ့စရိတ္က မေလာက္မငျဖစ္တတ္တာကို သင္ေတြ႕ရမည္ ျဖစ္ပါတယ္။ ဘာေၾကာင့္ပါလဲ။ ကၽြန္မ အျမင္အရေျပာရရင္ ၀င္ေငြနဲ႔ ထြက္ေငြကို စာရင္းျပဳစုမႈ မျပဳလုပ္ပဲ ၀င္သမွ်ကို သံုးစဲြလိုက္ျခင္းေၾကာင့္သာ ျဖစ္ပါတယ္။

ဒါေၾကာင့္ အရင္ဆံုး ျပဳလုပ္သင့္သည္ကေတာ့ သံုးစဲြခြင့္ရွိသည့္ ပမာဏသည္ ၀င္ေငြႏွင့္ ညီမွ်ေနရပါမယ္။ ရ/သံုးေငြစာရင္း ေရးဆဲြထားရွိျခင္းျဖင့္ သင္ရဲ႕ ေငြေၾကးမ်ားကို စနစ္တက် ထိန္းထိန္းသိမ္းသိမ္းႏွင့္ သံုးစဲြႏိုင္သည့္ လက္နက္ေကာင္းအျဖစ္ အသံုးျပဳႏိုင္ပါမယ္။ ဒီေတာ့ ေန႔စဥ္အသံုးစရိတ္မ်ားကို ေသခ်ာ မွတ္သားထားျပီး အပိုမသံုးပဲ လိုအပ္ေသာ အသံုးစရိတ္ကိုသာ ထုတ္သံုးၾကည့္လုိက္ပါ။ မိသားစုတစ္စုစီရဲ႕ အေျခအေနခ်င္းကေတာ့ တူညီမွာမဟုတ္တဲ့အတြက္ ဦးစားေပးစာရင္းေတြလည္း တူညီၾကမွာ မဟုတ္ပါဘူး။ ဘာပဲျဖစ္ျဖစ္ အရမ္းအေရးၾကီးတာနဲ႔ မလိုတာကို ခဲြျခားသိရွိမွသာ သင္ သီးသန္႔စီထားရွိျပီး လုပ္ေဆာင္ၾကည့္ေစခ်င္ပါတယ္။

ကၽြန္မတို႔ မိသားစုေတြ ဘာေၾကာင့္ ေငြေၾကးၾကပ္တည္းသနည္းလို႔ အျမဲစဥ္းစားၾကည့္မိသည္။ ၀င္ေငြနဲ႔ ထြက္ေငြ မညီမွ်ျခင္းေၾကာင့္သာ ျဖစ္သည္ဆိုတဲ့အခ်က္ကို အေျဖထြက္ရွိသည္။ တကယ္လို႔ သင္ရဲ႕ ၀င္ေငြ အတက္အက် အနည္းအမ်ား မညီမွ်ရင္ေတာ့ သင္က ေငြပမာဏ မ်ားမ်ား၀င္ေသာအခါေတြမွာ ေငြမ်ားမ်ား ပိုမို စုေဆာင္းထားရွိလိုက္ပါ။ ေငြနည္းနည္းပိုရေသာ လေတြမွာ အစားအေသာက္ေတြကို ဦးစားမေပးပါနဲ႔။ ငါေတာ့ ေငြေလး ရွိတုန္း ေၾကးအိုးေလးေသာက္လိုက္ဦးမွ၊ ဘဲကင္ေလး စားလိုက္ဦးမွ အလုပ္သြားတာ ေနာက္က်ေနျပီ ကားငွားသြားမွဆိုတဲ့ အသံုးေတြလည္း တတ္ႏုိင္သမွ် မလုပ္မိပါေစနဲ႔။ သင့္အတြက္ သိပ္အေရးမၾကီးေသာ အရာ၊ ေငြကုန္ေၾကးက်မ်ားခဲ့ေသာ အရာမ်ားအေပၚ အသံုးစရိတ္ေလွ်ာ့ခ်ျပီး အလြန္အေရးပါေသာ အရာမ်ားကိုသာ ၀ယ္ယူရန္ သင္ သံုးသပ္ၾကည့္သင့္ပါတယ္။ ေနာက္တစ္ခုက ၾကားရက္တိုင္း သင္ရဲ႕ အသံုးစရိတ္မ်ားကို ျပန္စစ္ေဆးပါ။ အမ်ဳိးအစားတိုင္းရဲ႕ အမ်ဳိးအမည္ႏွင့္ ကိုယ္သံုးမယ့္ တစ္ခုခ်င္းစီအေပၚ ကုန္က်ခဲ့မႈမ်ားကို ေရးခ်မွတ္သားလိုက္ပါ။ အဲ ေနာက္တစ္ပတ္ကုန္တိုင္း တစ္ေန႔ခ်င္းစီ သံုးခဲ့သမွ်ကို အႏွစ္ခ်ဳပ္ၾကည့္ပါ။

အမ်ဳိးအစားအားလံုးအေပၚ သံုးစဲြခဲ့မႈမ်ားကိုလည္း စာရင္းခ်ဳပ္ၾကည့္ပါ။ ျပီးျပီဆိုရင္ေတာ့ ခဲြျခမ္းစိတ္ျဖာ ေလ့လာၾကည့္သင့္ပါတယ္။ အဲဒီအခ်ိန္က်ရင္ေတာ့ ကိုယ့္ဘာသာ ေမးခြန္းေလးေတြ ေမးၾကည့္သင့္ပါျပီ။

၁။ ငါ့ရဲ႕ အသံုးစရိတ္မ်ားက ငါ့ရဲ႕ ၀င္ေငြထက္ ပိုမ်ားေနသလား။

၂။ ငါ ဒီလို လုပ္ေဆာင္ၾကည့္တဲ့အခါ ငါ့အတြက္ ဘာေကာင္းက်ဳိးေတြ ရရွိခဲ့သလဲ။

ဒီလို သံုးသပ္ၾကည့္ျပီးျပီဆိုရင္ေတာ့ ေနာက္တစ္ဆင့္အေနနဲ႔ သင္ရဲ႕ဘ၀မွာ ေငြေၾကးအရာမွာ ေငြ မ်ားမ်ားက်န္ရွိေနေစဖို႔ လုပ္ေဆာင္ႏိုင္တဲ့ နည္းလမ္းကေတာ့ ႏွစ္သြယ္ရွိပါတယ္။

ဘာေတြလဲဆိုေတာ့ ပထမတစ္နည္းက

၁။ ေလ်ာ့နည္းသြားေသာ စရိတ္စကမ်ားအတြက္ အကယ္၍ သင္ရဲ႕ ၀င္ေငြ တိုးမလာပါက – သင္ရဲ႕ အသံုးစရိတ္မ်ားကို ေလွ်ာ့ခ်ၾကည့္ပါ။

ေနာက္တစ္နည္းကေတာ့ ၂။ ပို၍ မ်ားလာေသာ ၀င္ေငြ အကယ္၍ သင္ရဲ႕ အသံုးစရိတ္မ်ားကို မေလွ်ာ့ခ်ႏုိင္ပါက – ၀င္ေငြ တိုး၍ ရွာၾကည့္ဖို႔သာ လိုပါေတာ့တယ္။

တစ္ခါတေလ အသံုးလိုေသာ ပစၥည္းေတြကေတာ့ ကၽြန္မတို႔အတြက္ အျမဲတမ္းျဖစ္ေပၚေနတယ္ဆိုတာ ကၽြန္မ နားလည္ထားပါတယ္။ ေန႔စဥ္စားေသာက္ေနေသာ အစားအေသာက္ စားေသာက္ျခင္း ေနာက္ ေနစရာေနရာအတြက္လည္း ကၽြန္မတို႔အတြက္ ေတြးပူေနရပါေသးတယ္။ ေနာက္ အ၀တ္အထည္ကလည္း မ၀ယ္လိုမျဖစ္တဲ့အေနအထားေပါ့ေလ ေနာက္ အိမ္စရိတ္ မီတာခ ဘာခ ညာခေတြကလည္း ရွိေသးတယ္။ ဒါေတြကေတာ့ ေလွ်ာ့လို႔ရမည္ မဟုတ္ဘူးဆိုတာ ကၽြန္မ ကိုယ္ေတြ႕ ခံစားမိပါတယ္။ ဒီေတာ့ ၀င္ေငြလည္း တိုးပြားခ်င္တယ္ဆိုရင္ေတာ့ အစီအစဥ္ေလးေတြ ေရးဆဲြၾကည့္ေပါ့ေနာ္။

၀င္ေငြအေျမာက္အျမား လိုခ်င္တယ္ဆိုရင္ေတာ့ လုပ္ငန္းမ်ားမ်ား တိုးျပီး လုပ္ေဆာင္သင့္ပါတယ္။ ဒါမွမဟုတ္ လုပ္အားခ ပိုရတဲ့ အလုပ္လုပ္ၾကည့္ပါ။ ေနာက္တစ္ခ်က္ကေတာ့ ၀င္ေငြကို စုျပီးျပီဆိုရင္ေတာ့ ၀င္ေငြရေစမယ့္ လုပ္ငန္းေတြမွာ ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္ၾကည့္ေစခ်င္ပါတယ္။ အရင္တုန္းကေတာ့ ေခတ္ကာလအေျခအေနအရ အိမ္ေထာင္တစ္ခုမွ အိမ္ေထာင္ဦးစီးတစ္ဦးရဲ႕ လုပ္စာကို တစ္မိသားစုလံုး စားႏုိင္တဲ့အေနအထားပါ။ ဘယ္အခ်ိန္ကလည္းဆိုေတာ့ ကၽြန္မတို႔ငယ္ငယ္အရြယ္ေလာက္ကပါ။

ခုေတာ့ ဒီလိုမဟုတ္ေတာ့ပါဘူး။ တစ္မိသားစု လူကုန္ အလုပ္လုပ္မွ ၀မ္း၀ရံု စားေသာက္ႏုိင္တဲ့အေနအထား ေခတ္အေျခအေနကို ေရာက္ရွိေနတာကို သင္တို႔လည္း ေတြ႕ရွိမယ္လို႔ ကၽြန္မ ထင္ပါတယ္။ ဒါေၾကာင့္ ကိုယ္ပိုင္ေငြကို အစီအစဥ္ေရးဆဲြၾကည့္တာက ဘာနဲ႔တူသလဲဆိုေတာ့ ကားေမာင္းတာနဲ႔ အလားသဏၭာန္တူပါတယ္။ တကယ္လို႔သာ ကားေမာင္းရွိန္ကို အရွိန္ျမွင့္လိုက္မယ္ဆိုရင္ လမ္းေပၚ ေရြ႕လ်ားသြားႏိုင္ပါတယ္။

ဒီလိုမွမဟုတ္ဘူး။ ဘရိတ္ကိုပဲ ခဏခဏနင္းေနမယ္ဆိုရင္ျဖင့္ သင္ မည္သည့္အရပ္မွ ေရာက္ေတာ့မွာ မဟုတ္ဘူး။ ဒီေတာ့ ကၽြန္မ သိသေလာက္ ေျပာရရင္ေတာ့ သင္မွာ ရည္မွန္းခ်က္မ်ား ခ်မွတ္ထားရွိဖို႔ လိုအပ္ပါတယ္။ ေနာက္ အသံုးစရိတ္ေတြကိုလည္း ထိန္းခ်ဳပ္ေလွ်ာ့ခ်ၾကည့္ရပါမယ္။ ဒီထက္ ပိုျပီး အေရးၾကီးတာကေတာ့ ေငြေၾကးအသံုးစရိတ္ေတြကို ေရးမွတ္ထားသင့္တယ္ဆိုတာပါပဲ။ ခုခ်ိန္ကစျပီး ကၽြန္မ စမ္းသပ္ၾကည့္ေနတဲ့အတြက္ သင္လည္း စမ္းသပ္ လုပ္ေဆာင္ၾကည့္မယ္လို႔ ကၽြန္မ ေမွ်ာ္လင့္ေနမိပါေတာ့တယ္။

Credit : MaNawPhyuLay

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#

သင်၏ ငွေကြေးရေးရာ ကိစ္စရပ်များကို စည်းစနစ်တကျဖြစ်အောင် အရင်ဆုံး ဖန်တီးလုပ်ဆောင်ပါ။ မည်သည့်အသုံးစရိတ်အတွက် ငွေပမာမည်မျှ သုံးစွဲနိုင်သည် ဆိုသည့် အစီအစဉ်ရေးဆွဲထားခြင်း မရှိပါက ဝင်ငွေ၊ လစာများ နောက်တစ်ကြိမ် ဝင်မလာမီ ကျွန်မတို့ရဲ့ အသုံးစရိတ်များအား ပိုမိုသုံးစွဲထားမိတတ်ပါတယ်။ အဲဒီအခါကျရင် ဝင်ငွေအသစ်များ ဝင်ရောက်မလာမီ ကာလတစ်လျှောက် ကျွန်မတို့ရဲ့ လက်ချည်းသက်သက် မလောက်မငှ ဘဝနဲ့ အသက်ဆက်နေရမှာ ဖြစ်ပါတယ်။ ငွေကို အလွန်အရေးပါသော အရာများတွင် သုံးစွဲရန်အတွက်သာ တာစူထားသင့်ပါတယ်။ ငွေကို မည်သည့်အခါမျှ အလဟဿ ဖြုန်းတီးမပစ်သင့်ပေ။ ကျွန်မတို့ရဲ့ နေ့စဉ်ဝင်ငွေများအား စနစ်တကျ စိစစ်သုံးစွဲမှသာ ငွေကြေး ကြပ်တည်းမှုအခြေအနေကနေ လွတ်မြောက်နိုင်မယ်လို့ ကျွန်မ မြင်မိပါတယ်။ တစ်ခါတလေ ဝင်တဲ့ငွေနဲ့ သုံးတဲ့စရိတ်က မလောက်မငဖြစ်တတ်တာကို သင်တွေ့ရမည် ဖြစ်ပါတယ်။ ဘာကြောင့်ပါလဲ။ ကျွန်မ အမြင်အရပြောရရင် ဝင်ငွေနဲ့ ထွက်ငွေကို စာရင်းပြုစုမှု မပြုလုပ်ပဲ ဝင်သမျှကို သုံးစွဲလိုက်ခြင်းကြောင့်သာ ဖြစ်ပါတယ်။

ဒါကြောင့် အရင်ဆုံး ပြုလုပ်သင့်သည်ကတော့ သုံးစွဲခွင့်ရှိသည့် ပမာဏသည် ဝင်ငွေနှင့် ညီမျှနေရပါမယ်။ ရ/သုံးငွေစာရင်း ရေးဆွဲထားရှိခြင်းဖြင့် သင်ရဲ့ ငွေကြေးများကို စနစ်တကျ ထိန်းထိန်းသိမ်းသိမ်းနှင့် သုံးစွဲနိုင်သည့် လက်နက်ကောင်းအဖြစ် အသုံးပြုနိုင်ပါမယ်။ ဒီတော့ နေ့စဉ်အသုံးစရိတ်များကို သေချာ မှတ်သားထားပြီး အပိုမသုံးပဲ လိုအပ်သော အသုံးစရိတ်ကိုသာ ထုတ်သုံးကြည့်လိုက်ပါ။ မိသားစုတစ်စုစီရဲ့ အခြေအနေချင်းကတော့ တူညီမှာမဟုတ်တဲ့အတွက် ဦးစားပေးစာရင်းတွေလည်း တူညီကြမှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် အရမ်းအရေးကြီးတာနဲ့ မလိုတာကို ခွဲခြားသိရှိမှသာ သင် သီးသန့်စီထားရှိပြီး လုပ်ဆောင်ကြည့်စေချင်ပါတယ်။

ကျွန်မတို့ မိသားစုတွေ ဘာကြောင့် ငွေကြေးကြပ်တည်းသနည်းလို့ အမြဲစဉ်းစားကြည့်မိသည်။ ဝင်ငွေနဲ့ ထွက်ငွေ မညီမျှခြင်းကြောင့်သာ ဖြစ်သည်ဆိုတဲ့အချက်ကို အဖြေထွက်ရှိသည်။ တကယ်လို့ သင်ရဲ့ ဝင်ငွေ အတက်အကျ အနည်းအများ မညီမျှရင်တော့ သင်က ငွေပမာဏ များများဝင်သောအခါတွေမှာ ငွေများများ ပိုမို စုဆောင်းထားရှိလိုက်ပါ။ ငွေနည်းနည်းပိုရသော လတွေမှာ အစားအသောက်တွေကို ဦးစားမပေးပါနဲ့။ ငါတော့ ငွေလေး ရှိတုန်း ကြေးအိုးလေးသောက်လိုက်ဦးမှ၊ ဘဲကင်လေး စားလိုက်ဦးမှ အလုပ်သွားတာ နောက်ကျနေပြီ ကားငှားသွားမှဆိုတဲ့ အသုံးတွေလည်း တတ်နိုင်သမျှ မလုပ်မိပါစေနဲ့။ သင့်အတွက် သိပ်အရေးမကြီးသော အရာ၊ ငွေကုန်ကြေးကျများခဲ့သော အရာများအပေါ် အသုံးစရိတ်လျှော့ချပြီး အလွန်အရေးပါသော အရာများကိုသာ ဝယ်ယူရန် သင် သုံးသပ်ကြည့်သင့်ပါတယ်။ နောက်တစ်ခုက ကြားရက်တိုင်း သင်ရဲ့ အသုံးစရိတ်များကို ပြန်စစ်ဆေးပါ။ အမျိုးအစားတိုင်းရဲ့ အမျိုးအမည်နှင့် ကိုယ်သုံးမယ့် တစ်ခုချင်းစီအပေါ် ကုန်ကျခဲ့မှုများကို ရေးချမှတ်သားလိုက်ပါ။ အဲ နောက်တစ်ပတ်ကုန်တိုင်း တစ်နေ့ချင်းစီ သုံးခဲ့သမျှကို အနှစ်ချုပ်ကြည့်ပါ။

အမျိုးအစားအားလုံးအပေါ် သုံးစွဲခဲ့မှုများကိုလည်း စာရင်းချုပ်ကြည့်ပါ။ ပြီးပြီဆိုရင်တော့ ခွဲခြမ်းစိတ်ဖြာ လေ့လာကြည့်သင့်ပါတယ်။ အဲဒီအချိန်ကျရင်တော့ ကိုယ့်ဘာသာ မေးခွန်းလေးတွေ မေးကြည့်သင့်ပါပြီ။

၁။ ငါ့ရဲ့ အသုံးစရိတ်များက ငါ့ရဲ့ ဝင်ငွေထက် ပိုများနေသလား။

၂။ ငါ ဒီလို လုပ်ဆောင်ကြည့်တဲ့အခါ ငါ့အတွက် ဘာကောင်းကျိုးတွေ ရရှိခဲ့သလဲ။

ဒီလို သုံးသပ်ကြည့်ပြီးပြီဆိုရင်တော့ နောက်တစ်ဆင့်အနေနဲ့ သင်ရဲ့ဘဝမှာ ငွေကြေးအရာမှာ ငွေ များများကျန်ရှိနေစေဖို့ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းကတော့ နှစ်သွယ်ရှိပါတယ်။

ဘာတွေလဲဆိုတော့ ပထမတစ်နည်းက

၁။ လျော့နည်းသွားသော စရိတ်စကများအတွက် အကယ်၍ သင်ရဲ့ ဝင်ငွေ တိုးမလာပါက – သင်ရဲ့ အသုံးစရိတ်များကို လျှော့ချကြည့်ပါ။

နောက်တစ်နည်းကတော့ ၂။ ပို၍ များလာသော ဝင်ငွေ အကယ်၍ သင်ရဲ့ အသုံးစရိတ်များကို မလျှော့ချနိုင်ပါက – ဝင်ငွေ တိုး၍ ရှာကြည့်ဖို့သာ လိုပါတော့တယ်။

တစ်ခါတလေ အသုံးလိုသော ပစ္စည်းတွေကတော့ ကျွန်မတို့အတွက် အမြဲတမ်းဖြစ်ပေါ်နေတယ်ဆိုတာ ကျွန်မ နားလည်ထားပါတယ်။ နေ့စဉ်စားသောက်နေသော အစားအသောက် စားသောက်ခြင်း နောက် နေစရာနေရာအတွက်လည်း ကျွန်မတို့အတွက် တွေးပူနေရပါသေးတယ်။ နောက် အဝတ်အထည်ကလည်း မဝယ်လိုမဖြစ်တဲ့အနေအထားပေါ့လေ နောက် အိမ်စရိတ် မီတာခ ဘာခ ညာခတွေကလည်း ရှိသေးတယ်။ ဒါတွေကတော့ လျှော့လို့ရမည် မဟုတ်ဘူးဆိုတာ ကျွန်မ ကိုယ်တွေ့ ခံစားမိပါတယ်။ ဒီတော့ ဝင်ငွေလည်း တိုးပွားချင်တယ်ဆိုရင်တော့ အစီအစဉ်လေးတွေ ရေးဆွဲကြည့်ပေါ့နော်။

ဝင်ငွေအမြောက်အမြား လိုချင်တယ်ဆိုရင်တော့ လုပ်ငန်းများများ တိုးပြီး လုပ်ဆောင်သင့်ပါတယ်။ ဒါမှမဟုတ် လုပ်အားခ ပိုရတဲ့ အလုပ်လုပ်ကြည့်ပါ။ နောက်တစ်ချက်ကတော့ ဝင်ငွေကို စုပြီးပြီဆိုရင်တော့ ဝင်ငွေရစေမယ့် လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကြည့်စေချင်ပါတယ်။ အရင်တုန်းကတော့ ခေတ်ကာလအခြေအနေအရ အိမ်ထောင်တစ်ခုမှ အိမ်ထောင်ဦးစီးတစ်ဦးရဲ့ လုပ်စာကို တစ်မိသားစုလုံး စားနိုင်တဲ့အနေအထားပါ။ ဘယ်အချိန်ကလည်းဆိုတော့ ကျွန်မတို့ငယ်ငယ်အရွယ်လောက်ကပါ။

ခုတော့ ဒီလိုမဟုတ်တော့ပါဘူး။ တစ်မိသားစု လူကုန် အလုပ်လုပ်မှ ဝမ်းဝရုံ စားသောက်နိုင်တဲ့အနေအထား ခေတ်အခြေအနေကို ရောက်ရှိနေတာကို သင်တို့လည်း တွေ့ရှိမယ်လို့ ကျွန်မ ထင်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ငွေကို အစီအစဉ်ရေးဆွဲကြည့်တာက ဘာနဲ့တူသလဲဆိုတော့ ကားမောင်းတာနဲ့ အလားသဏ္ဌာန်တူပါတယ်။ တကယ်လို့သာ ကားမောင်းရှိန်ကို အရှိန်မြှင့်လိုက်မယ်ဆိုရင် လမ်းပေါ် ရွေ့လျားသွားနိုင်ပါတယ်။

ဒီလိုမှမဟုတ်ဘူး။ ဘရိတ်ကိုပဲ ခဏခဏနင်းနေမယ်ဆိုရင်ဖြင့် သင် မည်သည့်အရပ်မှ ရောက်တော့မှာ မဟုတ်ဘူး။ ဒီတော့ ကျွန်မ သိသလောက် ပြောရရင်တော့ သင်မှာ ရည်မှန်းချက်များ ချမှတ်ထားရှိဖို့ လိုအပ်ပါတယ်။ နောက် အသုံးစရိတ်တွေကိုလည်း ထိန်းချုပ်လျှော့ချကြည့်ရပါမယ်။ ဒီထက် ပိုပြီး အရေးကြီးတာကတော့ ငွေကြေးအသုံးစရိတ်တွေကို ရေးမှတ်ထားသင့်တယ်ဆိုတာပါပဲ။ ခုချိန်ကစပြီး ကျွန်မ စမ်းသပ်ကြည့်နေတဲ့အတွက် သင်လည်း စမ်းသပ် လုပ်ဆောင်ကြည့်မယ်လို့ ကျွန်မ မျှော်လင့်နေမိပါတော့တယ်။

Credit : MaNawPhyuLay

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top