iMyanmarHouse.com - Best Property Website for Myanmar
×
၁။ ရေနွေးနဲ့ ရေချိုးမယ်။
၂။ အချိန်ယူပါ။
၎။ ဆံပင်ကို စည်းထားမယ်။
၅။ Dry Shampoo သုံးမယ်။
Credit : MyStyle
ချွေးထွက်သန်တဲ့သူတွေဟာ နွေရာသီပဲဖြစ်ဖြစ် မိုးတွင်းပဲဖြစ်ဖြစ် ဆောင်းတွင်းပဲဖြစ်ဖြစ် သွားလာလုပ်ရှားလိုက်တိုင်း ရေချိုးထားသလို ချွေးတွေ ရွှဲစိုနေတတ်ပြီး မိတ်ကပ်တွေလည်း အလွယ်ကူ ပျက်သွားတတ်ပါတယ်။ ကိုယ့်ရဲ့ တစ်နေ့တာ သွားလာလှုပ်ရှားတဲ့အချိန်တိုင်း လန်းဆန်းနေစေဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ ဘယ်သူမှတွေးမိကြမယ်မထင်ပါဘူး။ မဖြစ်နိုင်ဘူးလို့လည်းထင်ရတယ်လေ။
အိမ်ကနေ အလုပ်ကို ထွက်လာတဲ့အချိန် လန်းဆန်းနေသလို အလုပ်မှာရှိနေတဲ့အချိန်လည်း အမြဲတမ်း လန်းဆန်းနေစေဖို့ အခုအောက်မှာပြောပြမယ့် နည်းလမ်းလေးတွေကို ဖတ်ကြည့်လိုက်ပါဦးနော်။
၁။ ရေနွေးနဲ့ ရေချိုးမယ်။
ရေနွေးနဲ့ ရေချိုးလိုက်ရင် ပိုပြီးအေးသွားတယ်လို့ ထင်ရပါတယ်။ ဘာလို့လဲဆိုတော့ ရေအေးအေးနဲ့ ရေချိုးရင် ကိုယ်အပူချိန်မြင့်တက်လာစေလို့ပါ။ ရေအေးနဲ့ ရေချိုးပြီးသွားရင် ချက်ချင်း ချွေးပြန်ထွက်လာတာမျိုး ကြုံဖူးကြမှာပါ။
၂။ အချိန်ယူပါ။
အလုပ်သွားတာ (သို့) တစ်နေရာသွားလို့ လမ်းလျှောက်မယ်၊ စက်ဘီးစီးမယ်ဆိုရင် ဖြည်းဖြည်းချင်း အရှိန်ယူပြီးသွားပါ။ အလုပ်ရောက်တဲ့အခါမှာ မိနစ်အနည်းငယ်လောက် အနားယူပါ။
၃။ အဝတ်သန့်နဲ့ သုတ်ချမယ်။
ချွေးတွေထွက်လာပြီဆိုရင် အလုပ်ကိုရောက်တာနဲ့ သန့်ရှင်းတဲ့အဝတ်နဲ့ မျက်နှာကို သုတ်ချလိုက်ပါ။ အေးတဲ့နေရာမှာ ခဏနေပါ။
၄။ ဆံပင်ကို စည်းထားမယ်။
ဆံပင်ချထားလို့ လည်ပင်းမှာ ဆံပင်တွေ ရှုပ်ထွေးနေရင် အိုက်ပြီး ချွေးပိုထွက်စေပါတယ်။ ဒါ့ကြောင့် ဆံပင်ကို စည်းထားပေးပါ။
၅။ Dry Shampoo သုံးမယ်။
ချွေးထွက်ပြီး ဆံပင်မှာ အဆီပြန်တာသက်သာစေဖို့အတွက် Dry Shampoo နဲ့ ဖြန်းပေးပါ။
၆။ မိတ်ကပ် Primer သုံးမယ်။
မိတ်ကပ် Primer ကိုသုံးပေးပါ။ မိတ်ကပ် Primer တွေဟာ သင့်ကို မိတ်ကပ်ထူထူလေးဖြစ်နေတယ်လို့ ခံစားရစေမှာမဟုတ်ပါဘူး။
၇။ မျက်နှာမှာ 2 ways အစား ပေါင်ဒါသုံးမယ်။
မျက်နှာပေါ်မှာ ချွေးတွေပြန်လို့ အဆီတွေပြန်နေရင် မျက်နှာပေါ်မှာ ပေါင်ဒါသုံးပေးပါ။ မျက်နှာကို သေချာ အဝတ်သန့်နဲ့ သုတ်ပေးပြီး မိတ်ကပ်ကွက်သွားတဲ့ နေရာကို ပေါင်ဒါသုံးပေးရပါမယ်။ ပေါင်ဒါလိမ်းပေးတဲ့အခါမှာလည်း Puff နဲ့မဟုတ်ဘဲ Brush နဲ့ လိမ်းပေးပါ။
၈။ ချွေးစုပ်တဲ့ စက္ကူသုံးမယ်။
အဆီပြန်တတ်တဲ့သူတွေ ချွေးထွက်သန်တဲ့သူတွေအနေနဲ့ ချွေးစုပ်စက္ကူ ၊ အဆီစုပ်စက္ကူတွေကို ဆောင်ထားပေးပါ။ အဲဒီစက္ကူကို နှာခေါင်း မေးစေ့တို့လို အဆီပြန်တတ်တဲ့နေရာမှာ ကပ်ထားပေးရမှာပါ။ လိုအပ်တဲ့အချိန်တိုင်း ခဏခဏ သုံးပေးနိုင်ပါတယ်။
၉။ မျက်နှာအေးအောင်ဖြန်းပေးတဲ့ face mist သုံးပါ။
Face Mist ကို သွားလေရာမှာ ဆောင်ထားပါ။ ကိုယ့်ရဲ့စိတ်အာရုံကို လန်းလန်းဆန်းဆန်းလေးဖြစ်စေဖို့ ဖြန်းပေးနိုင်ပါတယ်။
၁၀။ ပေါ့ပါးတဲ့ ရှပ်အင်္ကျ ီ ဝတ်မယ်။
ပေါ့ပေါ့ပါးပါး လန်းလန်းဆန်းဆန်းရှိတဲ့ ရှပ်အင်္ကျ ီ ကိုဝတ်ဆင်ပါ။ အရောင်းနည်းနည်းရင့်တဲ့ အင်္ကျ ီဝတ်ပေးပါ။
၁၁။ မိတ်ကပ်တွေကို ဆောင်ထားမယ်။
ချွေးထွက်သန်တဲ့သူတွေအနေနဲ့ မိတ်ကပ်ကို ကိုယ်နဲ့မခွာဆောင်ပေးဖို့လိုပါတယ်။ မိတ်ကပ်တွေပျက်သွားတဲ့အခါ ရေချိုးခန်းထဲသွားပြီး အလွယ်တကူ ပြန်ပြီးပြင်ဆင်လို့ရမှာပါ။
၁၂။ ရေဓာတ်ဖြည့်တင်းထားပါ။
ချွေးထွက်သွားလို့ ရေဓာတ်ဆုံးရှုံးခြင်းကို ကာကွယ်ထားဖို့ဆိုရင် ရေဓာတ်ဖြည့်တင်းပေးဖို့လိုပါတယ်။ သွားလေရာမှာ ရေဘူးဆောင်ထားပါ။ ရေဓာတ်ဖြည့်တင်းထားတာဟာ သင့်ကို ကျန်းမာစေသလို၊ ချွေးထွက်လွန်းလို့ အားအင်ကုန်ခမ်းခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
သင့်ရဲ့ သွားလာလှုပ်ရှားမှုတိုင်းကို ယုံကြည်မှုအပြည့်ရှိစေတဲ့ Rexona ကို မမေ့ပါနဲ့။ Rexona ဟာ ချွေးထွက်ခြင်းနဲ့ ချွေးနံ့နံခြင်းကို ၄၈ နာရီတိုင်ကာကွယ်ပေးထားနိုင်တာမို့ Rexona ကို အိမ်ကနေမထွက်ခင် လိမ်းပေးထားလိုက်ရုံနဲ့ တစ်နေ့တာလုံးမှာ အနှောင့်ယှက် ကင်းကင်းနေနိုင်ပါပြီ။
Rexona ကိုသုံးပေးမယ်ဆိုရင်တော့
ချွေးထွက်ခြင်းနဲ့ အနံ့ဆိုးတွေကို ကာကွယ်ပေးခြင်း
အမွှေးနံ့ တာရှည်ခံခြင်း
ခြောက်သွေ့ သန့်ရှင်း လန်းဆန်းစေခြင်း စတဲ့ အကျိုးကျေးဇူးတွေရရှိစေမှာမို့ Rexona ကိုသုံးပြီး ချွေးနံ့ကင်းစင်တဲ့တစ်နေ့တာကို ယုံကြည်မှုအပြည့်နဲ့ ဖြတ်သန်းလိုက်ပါ။
Credit : MyStyle
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top