iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးအမ်ားစု မိတ္ကပ္လိမ္းၾကပါတယ္။ မိတ္ကပ္လိမ္းတာဟာ မိမိကိုယ္ကို လွဖို႔၊ ယံုၾကည္မႈရွိဖို႔ လိမ္းတာပါ။ ဒါေပမယ့္ မိတ္ကပ္နဲ႔ပတ္သက္လို႔ အခုလိုအခ်က္ေတြကို သင္အၿမဲလုပ္မိေနရင္ေတာ့ အခုပဲ ရပ္လိုက္ပါလို႔ အႀကံျပဳခ်င္ပါတယ္။

၁။ မိတ္ကပ္ Brush ေတြကို မေဆးေၾကာျခင္း

သင့္ရဲ႕ မိတ္ကပ္ Brush ေတြကို ေဆးေၾကာသင့္ပါတယ္။ မဟုတ္ရင္ Brush မွာကပ္ေနတဲ့ အညစ္အေၾကးေတြက ေခၽြးေပါက္ပိတ္ၿပီး ဘက္တီးရီးယားေတြ စုေစလို႔ သင့္အသားအေရကို ထိခိုက္ပ်က္စီးေစပါတယ္။

၂။ သင့္မ်က္ႏွာတစ္ခုလံုးကို Bronzer သံုးျခင္း

Bronzer ကို သင့္ရဲ႕ ပါးရိုး၊ ပါးရိုးေအာက္နား၊ နဖူး၊ ႏွာတံေဘးနား ေတြမွာပဲ လိမ္းေပးသင့္ပါတယ္။ မ်က္ႏွာတစ္ခုလံုး မလိမ္းသင့္ပါဘူး။

၃။ မိတ္ကပ္ကို လက္ေပၚတင္ၿပီးစမ္းျခင္း

မိတ္ကပ္ဝယ္တဲ့အခါ သင့္အသားအေရနဲ႔ လိုက္မလိုက္ ဘက္ေပၚတင္ၿပီးစမ္းတတ္ၾကပါတယ္။ သင့္မ်က္ႏွာအသားအေရန႔ဲ လက္ကအသားအေရ မတူႏိုင္ပါဘူး။ အဲဒီအစား လည္ပင္း (သို႔) ေမးရိုးနားမွာ လိမ္းၿပိး စမ္းသင့္ပါတယ္။

၄။ မိတ္ကပ္လိမ္းရက္သားနဲ႔ အိပ္ယာဝင္ျခင္း

ညအိပ္ယာဝင္ရင္ မ်က္ႏွာသစ္ၿပီးဝင္ပါ။ မိတ္ကပ္ကို ေသခ်ာဖ်က္ေပးၿပီးမွ အိပ္သင့္ပါတယ္။ မဟုတ္ရင္ေတာ့ အေရးအေၾကာင္းေတြ အျမန္ဆံုး ျဖစ္ေပၚလာမွာျဖစ္ပါတယ္။

၅။ ေရစိုခံတဲ့ Eyeliner ေတြပဲသံုးျခင္း

Eyeliner ကို ေရစိုခံတာေတြပဲ ေန႔တိုင္းမလိမ္းသင့္ပါဘူး။ ေရစိုခံတဲ့ Eyeliner ေတြဟာ သင့္မ်က္ေတာင္ေမႊးကို ေျခာက္ေသြ႕ေစပါတယ္။

၆။ ေဖာင္ေဒးရွင္းအထူႀကီးလိမ္းျခင္း

မိတ္ကပ္လိမ္းတဲ့အခါ ေဖာင္ေဒးရွင္းကို အထူႀကိး မလိမ္းသင့္ပါဘူး။ ခပ္ပါးပါးပဲ လိမ္းေပးပါ။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မိန်းကလေးအများစု မိတ်ကပ်လိမ်းကြပါတယ်။ မိတ်ကပ်လိမ်းတာဟာ မိမိကိုယ်ကို လှဖို့၊ ယုံကြည်မှုရှိဖို့ လိမ်းတာပါ။ ဒါပေမယ့် မိတ်ကပ်နဲ့ပတ်သက်လို့ အခုလိုအချက်တွေကို သင်အမြဲလုပ်မိနေရင်တော့ အခုပဲ ရပ်လိုက်ပါလို့ အကြံပြုချင်ပါတယ်။

၁။ မိတ်ကပ် Brush တွေကို မဆေးကြောခြင်း

သင့်ရဲ့ မိတ်ကပ် Brush တွေကို ဆေးကြောသင့်ပါတယ်။ မဟုတ်ရင် Brush မှာကပ်နေတဲ့ အညစ်အကြေးတွေက ချွေးပေါက်ပိတ်ပြီး ဘက်တီးရီးယားတွေ စုစေလို့ သင့်အသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။

၂။ သင့်မျက်နှာတစ်ခုလုံးကို Bronzer သုံးခြင်း

Bronzer ကို သင့်ရဲ့ ပါးရိုး၊ ပါးရိုးအောက်နား၊ နဖူး၊ နှာတံဘေးနား တွေမှာပဲ လိမ်းပေးသင့်ပါတယ်။ မျက်နှာတစ်ခုလုံး မလိမ်းသင့်ပါဘူး။

၃။ မိတ်ကပ်ကို လက်ပေါ်တင်ပြီးစမ်းခြင်း

မိတ်ကပ်ဝယ်တဲ့အခါ သင့်အသားအရေနဲ့ လိုက်မလိုက် ဘက်ပေါ်တင်ပြီးစမ်းတတ်ကြပါတယ်။ သင့်မျက်နှာအသားအရေနဲ့ လက်ကအသားအရေ မတူနိုင်ပါဘူး။ အဲဒီအစား လည်ပင်း (သို့) မေးရိုးနားမှာ လိမ်းပြိး စမ်းသင့်ပါတယ်။

၄။ မိတ်ကပ်လိမ်းရက်သားနဲ့ အိပ်ယာဝင်ခြင်း

ညအိပ်ယာဝင်ရင် မျက်နှာသစ်ပြီးဝင်ပါ။ မိတ်ကပ်ကို သေချာဖျက်ပေးပြီးမှ အိပ်သင့်ပါတယ်။ မဟုတ်ရင်တော့ အရေးအကြောင်းတွေ အမြန်ဆုံး ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။

၅။ ရေစိုခံတဲ့ Eyeliner တွေပဲသုံးခြင်း

Eyeliner ကို ရေစိုခံတာတွေပဲ နေ့တိုင်းမလိမ်းသင့်ပါဘူး။ ရေစိုခံတဲ့ Eyeliner တွေဟာ သင့်မျက်တောင်မွှေးကို ခြောက်သွေ့စေပါတယ်။

၆။ ဖောင်ဒေးရှင်းအထူကြီးလိမ်းခြင်း

မိတ်ကပ်လိမ်းတဲ့အခါ ဖောင်ဒေးရှင်းကို အထူကြိး မလိမ်းသင့်ပါဘူး။ ခပ်ပါးပါးပဲ လိမ်းပေးပါ။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top