iMyanmarHouse.com - Best Property Website for Myanmar
×

၀မ္းဗိုက္မွာ အဆီမ်ားေနရင္ ဘာအက်ၤီအ၀တ္အစား ေရြးရတာကအစ အခက္အခဲျဖစ္ပါတယ္။ လူက ပိန္ေပမယ့္ ဗိုက္မွာ အဆီေတြခ်ည္းဘဲဆိုရင္ ၾကည့္လို႔မေကာင္းပါဘူး။

၀မ္းဗိုက္မွာ အဆီရွိေနတာက အလွအပအတြက္ ထိခိုက္ရုံသာမက က်န္းမာေရးအတြက္လည္း ထိခိုက္ႏိုင္ပါတယ္။

၀မ္းဗိုက္က အဆီက မ်ားလာရင္ ကိုယ္တြင္းအဂၤါေတြမွာပါ ကပ္တြယ္သြားၿပီး က်န္းမာေရးကို ဆိုးရြားစြာထိခိုက္ႏိုင္ပါတယ္။

အဆီမ်ားလာရင္ စိတ္ဖိစီးမႈ ေဟာ္မႈန္းကို ပိုထြက္ေစၿပီး စိတ္ဖိစီးမႈမ်ားလာကာ အင္ဆူလင္ထုတ္လုပ္မႈမွာလည္း ထိခိုက္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ႏွလံုးေရာဂါနဲ႔ ဆီးခ်ိဳေရာဂါတို႔ကို ျဖစ္ပြားေစပါတယ္။

အမွ်င္ဓာတ္ပါတဲ့ အစားအစာေတြကို ရူးသြပ္ပါ

အစာအစားတိုင္း အမွ်င္ဓာတ္ပါတဲ့ အသီးအရြက္ေတြကို အဓိကထားစားပါ။ ၂၀၁၁ ခုႏွစ္မွာ အေမရိကန္ျပည္ေထာင္စုမွာ ျပဳလုပ္ခဲ့တဲ့ သုေတသနအရ တစ္ေန႔ကို ဟင္းသီးဟင္းရြက္၊ အသီးအႏွံ ၁၀ ဂရမ္စားသံုးသူဟာ ၀မ္းဗိုက္အဆီေတြကို ေလ်ာ့က်ေစပါတယ္။

Green Tea နဲ႔ Black Tea



Green Tea နဲ႔ ေရေႏြးၾကမ္း (Black Tea) တို႔မွာ Antioxiants ဓာတ္ေတြ ၾကြယ္၀စြာပါ၀င္တာေၾကာင့္ အားကစားလုပ္ရင္း ေန႔တိုင္းေသာက္ေပးရင္ ၀မ္းဗိုက္အဆီေတြကို က်ေစပါတယ္။

တစ္ေန႔ကို ၂ ခြက္ ၃ ခြက္ေသာက္ေပးရင္ ၀မ္းဗိုက္အဆီေတြ က်ေစပါတယ္။

အိပ္ေရး၀၀ အိပ္ေပးပါ

တစ္ေန႔ကို ၅ နာရီ၊ ၆ နာရီေလာက္ဘဲ အိပ္ရင္ ၀မ္းဗိုက္အဆီကို ပိုတက္ေစပါတယ္။ ဒါ့ေၾကာင့္ တစ္ေန႔ကို ၈ နာရီေလာက္ အိပ္ေပးပါ။

အိပ္တဲ့အခါမွာလည္း ညနက္မွ အိပ္ၿပီး မနက္ေနာက္က်မွ ထရင္လည္း ၀မ္းဗိုက္အဆီကို က်ေစမွာမဟုတ္ပါဘူး။

ရုံးပိတ္ရက္ေတြမွာ ပံုမွန္ဘဲအိပ္ပါ

Brigham Young တကၠသိုလ္ရဲ႕ သုေတသနအရ ေန႔စဥ္ပံုမွန္ အိပ္၊ ပံုမွန္ အိပ္ရာထသူေတြက ခႏၶာကိုယ္အတြင္း အဆီရွိမႈ ပမာဏနည္းပါးပါတယ္။

ဒါ့ေၾကာင့္ ရုံးပိတ္ရက္မို႔ပိုအိပ္တာမ်ိဳးကို ေရွာင္ၾကဥ္မယ္ဆိုရင္ ၀မ္းဗိုက္အဆီေတြ က်ဆင္းေစဖို႔ကူညီႏိုင္မွာပါ။

ေလ့က်င့္ခန္းလုပ္ပါ

၀မ္းဗိုက္ထဲက အဆီေတြေလာင္ကၽြမ္းေအာင္ ေလ့က်င့္ခန္းလုပ္ေပးပါ။ Gym ေတြမွာ ေလ့က်င့္ခန္းမလုပ္ႏိုင္ရင္ေတာင္ လမ္းေလွ်ာက္တဲ့ေလ့က်င့္ခန္းေတာ့လုပ္ေပးပါ။

Credit: myfoodmyanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
၀မ်းဗိုက်မှာ အဆီများနေရင် ဘာအင်္ကျီအဝတ်အစား ရွေးရတာကအစ အခက်အခဲဖြစ်ပါတယ်။ လူက ပိန်ပေမယ့် ဗိုက်မှာ အဆီတွေချည်းဘဲဆိုရင် ကြည့်လို့မကောင်းပါဘူး။

ဝမ်းဗိုက်မှာ အဆီရှိနေတာက အလှအပအတွက် ထိခိုက်ရုံသာမက ကျန်းမာရေးအတွက်လည်း ထိခိုက်နိုင်ပါတယ်။

ဝမ်းဗိုက်က အဆီက များလာရင် ကိုယ်တွင်းအင်္ဂါတွေမှာပါ ကပ်တွယ်သွားပြီး ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ပါတယ်။

အဆီများလာရင် စိတ်ဖိစီးမှု ဟော်မှုန်းကို ပိုထွက်စေပြီး စိတ်ဖိစီးမှုများလာကာ အင်ဆူလင်ထုတ်လုပ်မှုမှာလည်း ထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် နှလုံးရောဂါနဲ့ ဆီးချိုရောဂါတို့ကို ဖြစ်ပွားစေပါတယ်။

အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကို ရူးသွပ်ပါ

အစာအစားတိုင်း အမျှင်ဓာတ်ပါတဲ့ အသီးအရွက်တွေကို အဓိကထားစားပါ။ ၂၀၁၁ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ တစ်နေ့ကို ဟင်းသီးဟင်းရွက်၊ အသီးအနှံ ၁၀ ဂရမ်စားသုံးသူဟာ ဝမ်းဗိုက်အဆီတွေကို လျော့ကျစေပါတယ်။

Green Tea နဲ့ Black Tea



Green Tea နဲ့ ရေနွေးကြမ်း (Black Tea) တို့မှာ Antioxiants ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အားကစားလုပ်ရင်း နေ့တိုင်းသောက်ပေးရင် ဝမ်းဗိုက်အဆီတွေကို ကျစေပါတယ်။

တစ်နေ့ကို ၂ ခွက် ၃ ခွက်သောက်ပေးရင် ဝမ်းဗိုက်အဆီတွေ ကျစေပါတယ်။

အိပ်ရေး၀၀ အိပ်ပေးပါ

တစ်နေ့ကို ၅ နာရီ၊ ၆ နာရီလောက်ဘဲ အိပ်ရင် ဝမ်းဗိုက်အဆီကို ပိုတက်စေပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို ၈ နာရီလောက် အိပ်ပေးပါ။

အိပ်တဲ့အခါမှာလည်း ညနက်မှ အိပ်ပြီး မနက်နောက်ကျမှ ထရင်လည်း ဝမ်းဗိုက်အဆီကို ကျစေမှာမဟုတ်ပါဘူး။

ရုံးပိတ်ရက်တွေမှာ ပုံမှန်ဘဲအိပ်ပါ

Brigham Young တက္ကသိုလ်ရဲ့ သုတေသနအရ နေ့စဉ်ပုံမှန် အိပ်၊ ပုံမှန် အိပ်ရာထသူတွေက ခန္ဓာကိုယ်အတွင်း အဆီရှိမှု ပမာဏနည်းပါးပါတယ်။

ဒါ့ကြောင့် ရုံးပိတ်ရက်မို့ပိုအိပ်တာမျိုးကို ရှောင်ကြဉ်မယ်ဆိုရင် ဝမ်းဗိုက်အဆီတွေ ကျဆင်းစေဖို့ကူညီနိုင်မှာပါ။

လေ့ကျင့်ခန်းလုပ်ပါ

ဝမ်းဗိုက်ထဲက အဆီတွေလောင်ကျွမ်းအောင် လေ့ကျင့်ခန်းလုပ်ပေးပါ။ Gym တွေမှာ လေ့ကျင့်ခန်းမလုပ်နိုင်ရင်တောင် လမ်းလျှောက်တဲ့လေ့ကျင့်ခန်းတော့လုပ်ပေးပါ။


Credit: myfoodmyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top