iMyanmarHouse.com - Best Property Website for Myanmar
×

ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးစင္တာရဲ႕ သုေတသနျပဳခ်က္အရ အေမရိကန္ျပည္ေထာင္စုရဲ႕ အရြယ္ေရာက္သူ ၃ ပံု ၁ ပံုဟာ အ၀လြန္ေနၾကတယ္လို႔ ဆိုပါတယ္။ ေလ့က်င့္ခန္းမလုပ္ဘဲ အစားအစာကို ညီညႊတ္မွ်တေအာင္စားေပမယ့္လည္း ကိုယ္အေလးခ်ိန္တက္လာႏိုင္ပါတယ္။ အစားလည္း အရမ္းအဆီတက္ေစတာမစားဘူး ေလ့က်င့္ခန္းလည္းလုပ္ပါလ်က္နဲ႔ ကိုယ္အေလးခ်ိန္ဘာလို႔တက္ရသလဲဆိုတာကို မွ်ေ၀ေပးပါမယ္။

၁။ ညဖက္အလုပ္လုပ္ရျခင္း

သင့္ခႏၶာကိုယ္က ေန႔လည္ဖက္မွာ အစာစားၿပီး ညဖက္မွာ အိပ္ရတာပါ။ ဒါေပမယ့္ ညည့္နက္တဲ့ထိ အလုပ္လုပ္တာဟာ ကိုယ္အေလးခ်ိန္တက္ေစႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သဘာ၀ ခႏၶာကိုယ္အေလ့အထကို ခ်ိဳးေဖာက္လို႔ပါ။ အဲဒီလို ညဖက္ အိပ္ေရးပ်က္ၿပီးအလုပ္လုပ္တာဟာ ကယ္လိုရီေလာင္ကၽြမ္းမႈနည္းေစပါတယ္။

၂။ အိပ္ေရး၀၀မအိပ္ရျခင္း

သုေတသနျပဳခ်က္အရ အိပ္ေရး၀၀ မအိပ္တာဟာလည္း ကိုယ္အေလးခ်ိန္တက္ေစပါတယ္။ အိပ္စက္ျခင္းဟာ စြမ္းအင္ဆိုင္ရာ ဇီ၀ျဖစ္စဥ္အတြက္ အဓိကအေရးပါပါတယ္။ ဒါ့ေၾကာင့္ ညဖက္အိပ္ေရး၀၀အိပ္ပါ။

၃။ ေလထုညစ္ညမ္းမႈ နဲ႔ ႀကံဳေတြ႔ရျခင္း

ပတ္၀န္းက်င္ ေလထုညစ္ညမ္းမႈေတြဟာ အ၀လြန္ျခင္းႏိုင္ေခ်ပိုမ်ားတယ္လို႔ ဆိုပါတယ္။ ေလထုညစ္ညမ္းမႈနဲ႔ ေန႔စဥ္ထိေတြ႔ရတဲ့သူေတြဟာ fatty tissue ေတြကိုပိုၿပီးတည္ေဆာက္ေပးႏိုင္ၿပီး အစားအစာေတြကို အဆီပိုျဖစ္ေစတယ္လို႔ဆိုပါတယ္။

၄။ TV အရမ္းၾကည့္ျခင္း

TV အရမ္းၾကည့္တာဟာ အ၀လြန္ေရာဂါျဖစ္ႏိုင္ေခ် ၂၃% ထိရွိတယ္လို႔ဆိုပါတယ္။ တီဗီၾကည့္ရင္းအိပ္သြားတာဟာလည္း အဲဒီလိုအ၀လြန္ႏိုင္ေခ်ပိုမ်ားပါတယ္။ ညဖက္မွာ တီဗီ ၊ဖုန္းကေန ထြက္တဲ့အလင္းေရာင္ဟာ သင့္ဇီ၀ျဖစ္စဥ္ မမွန္ျခင္းကို ကာကြယ္ေပးတဲ့ ေဟာ္မုန္းဓာတ္တမ်ိဳးကို ပ်က္စီးေစၿပီးအ၀လြန္ေစႏိုင္ပါတယ္။

၅။ စိုးရိမ္ပူပန္ျခင္း

စိတ္ဖိစီးမႈမ်ားျခင္း၊ စိတ္က်ျခင္း၊ စိုးရိမ္ပူပန္ျခင္းေတြဟာ ကိုယ္အေလးခ်ိန္တက္ေစႏိုင္ပါတယ္။

၆။ အဆီနည္းတဲ့အစားအစာကိုပဲစားျခင္း

အၿမဲတမ္းအဆီနည္းတဲ့အစားအစာေတြကိုပဲစားေပးတာဟာလည္း ကို္ယ္အေလး်ိန္တက္ေစႏိုင္ပါတယ္။ ၀ိတ္က်ခ်င္ရင္အဆီစားပါ။ အဆီစားပါဆိုတာ က်န္းမာေရးနဲ႔ညီညႊတ္တဲ့ Omega 3 Fatty Acid ကိုေျပာတာပါေနာ္။ စားအုန္းဆီတို႔ အစားအစာကို အဆီရႊဲရႊဲစားပါလို႔ ေျပာတာမဟုတ္ပါဘူး။

၇။ စားေသာက္ဆိုင္မွာစားျခင္း

အစားအစာကို အိမ္မွာမဟုတ္ဘဲ ဆိုင္မွာအစားမ်ားတဲ့သူေတြဟာ ကိုယ္အေလးခ်ိန္တက္ႏိုင္ေခ်ပိုမ်ားပါတယ္။ အိမ္မွာ မိမိဘာသာ ခ်က္စားပါ။

Credit:mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာရဲ့ သုတေသနပြုချက်အရ အမေရိကန်ပြည်ထောင်စုရဲ့ အရွယ်ရောက်သူ ၃ ပုံ ၁ ပုံဟာ အဝလွန်နေကြတယ်လို့ ဆိုပါတယ်။ လေ့ကျင့်ခန်းမလုပ်ဘဲ အစားအစာကို ညီညွှတ်မျှတအောင်စားပေမယ့်လည်း ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။ အစားလည်း အရမ်းအဆီတက်စေတာမစားဘူး လေ့ကျင့်ခန်းလည်းလုပ်ပါလျက်နဲ့ ကိုယ်အလေးချိန်ဘာလို့တက်ရသလဲဆိုတာကို မျှဝေပေးပါမယ်။

၁။ ညဖက်အလုပ်လုပ်ရခြင်း

သင့်ခန္ဓာကိုယ်က နေ့လည်ဖက်မှာ အစာစားပြီး ညဖက်မှာ အိပ်ရတာပါ။ ဒါပေမယ့် ညည့်နက်တဲ့ထိ အလုပ်လုပ်တာဟာ ကိုယ်အလေးချိန်တက်စေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သဘာ၀ ခန္ဓာကိုယ်အလေ့အထကို ချိုးဖောက်လို့ပါ။ အဲဒီလို ညဖက် အိပ်ရေးပျက်ပြီးအလုပ်လုပ်တာဟာ ကယ်လိုရီလောင်ကျွမ်းမှုနည်းစေပါတယ်။

၂။ အိပ်ရေး၀၀မအိပ်ရခြင်း

သုတေသနပြုချက်အရ အိပ်ရေး၀၀ မအိပ်တာဟာလည်း ကိုယ်အလေးချိန်တက်စေပါတယ်။ အိပ်စက်ခြင်းဟာ စွမ်းအင်ဆိုင်ရာ ဇီဝဖြစ်စဉ်အတွက် အဓိကအရေးပါပါတယ်။ ဒါ့ကြောင့် ညဖက်အိပ်ရေး၀၀အိပ်ပါ။

၃။ လေထုညစ်ညမ်းမှု နဲ့ ကြုံတွေ့ရခြင်း

ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုတွေဟာ အဝလွန်ခြင်းနိုင်ချေပိုများတယ်လို့ ဆိုပါတယ်။ လေထုညစ်ညမ်းမှုနဲ့ နေ့စဉ်ထိတွေ့ရတဲ့သူတွေဟာ fatty tissue တွေကိုပိုပြီးတည်ဆောက်ပေးနိုင်ပြီး အစားအစာတွေကို အဆီပိုဖြစ်စေတယ်လို့ဆိုပါတယ်။

၄။ TV အရမ်းကြည့်ခြင်း

TV အရမ်းကြည့်တာဟာ အဝလွန်ရောဂါဖြစ်နိုင်ချေ ၂၃% ထိရှိတယ်လို့ဆိုပါတယ်။ တီဗီကြည့်ရင်းအိပ်သွားတာဟာလည်း အဲဒီလိုအဝလွန်နိုင်ချေပိုများပါတယ်။ ညဖက်မှာ တီဗီ ၊ဖုန်းကနေ ထွက်တဲ့အလင်းရောင်ဟာ သင့်ဇီဝဖြစ်စဉ် မမှန်ခြင်းကို ကာကွယ်ပေးတဲ့ ဟော်မုန်းဓာတ်တမျိုးကို ပျက်စီးစေပြီးအဝလွန်စေနိုင်ပါတယ်။

၅။ စိုးရိမ်ပူပန်ခြင်း

စိတ်ဖိစီးမှုများခြင်း၊ စိတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းတွေဟာ ကိုယ်အလေးချိန်တက်စေနိုင်ပါတယ်။

၆။ အဆီနည်းတဲ့အစားအစာကိုပဲစားခြင်း

အမြဲတမ်းအဆီနည်းတဲ့အစားအစာတွေကိုပဲစားပေးတာဟာလည်း ကိုယ်အလေးျိန်တက်စေနိုင်ပါတယ်။ ဝိတ်ကျချင်ရင်အဆီစားပါ။ အဆီစားပါဆိုတာ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ Omega 3 Fatty Acid ကိုပြောတာပါနော်။ စားအုန်းဆီတို့ အစားအစာကို အဆီရွှဲရွှဲစားပါလို့ ပြောတာမဟုတ်ပါဘူး။

၇။ စားသောက်ဆိုင်မှာစားခြင်း

အစားအစာကို အိမ်မှာမဟုတ်ဘဲ ဆိုင်မှာအစားများတဲ့သူတွေဟာ ကိုယ်အလေးချိန်တက်နိုင်ချေပိုများပါတယ်။ အိမ်မှာ မိမိဘာသာ ချက်စားပါ။

Credit:mystylemyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top