iMyanmarHouse.com - Best Property Website for Myanmar
×

ငယ္ငယ္ရြယ္ရြယ္ ေခ်ာေ်ခ်ာလွလွေလးျဖစ္ေနေပမယ့္ ကိုယ့္ရဲ႕လက္ေတြက လူနဲ႔မလုိက္ေအာင္ ရင့္ေထာ္ေနရင္ ၾကည့္မေကာင္းဘူးေပါ့။ အထူးသျဖင့္ မိန္းကေလးေတြရဲ႕ အလွက မ်က္ႏွာမွာတင္မဟုတ္ပဲ သူမရဲ႕အသားအေရမွာပါ ကိန္းေအာင္ေနတယ္ဆုိတာကိုေတာ့ လက္ခံလိုက္ပါ။ တခ်ိဳ႔မိန္းကေလးေတြဆိုရင္ လက္ကေလးေတြ ေဖြးဥႏုဖတ္လို႔ အသက္ပိုငယ္သြားတယ္ေတာင္ထင္ရေလာက္ေအာင္ပါပဲ။ ဒါဆို ဘာမွမလုပ္ပဲအလွၾကည့္ရမယ္လို႔လည္းမဆိုလုိပါဘူး။ ဒီနည္း(၅)နည္းကိုသာ ဂရုတစိုက္လိုက္နာမယ္ဆုိရင္ လက္ႏုႏုေဖြးေဖြးေလးကို ရရွိႏိုင္မွာပါ။

၁။လက္ေဆးတဲ့အခါ သတိျပဳမယ္

    ဆပ္ျပာနဲ႔မၾကာခဏေဆးျခင္းက လက္ကိုအစိုဓာတ္ခမ္းလာေစျပီး ေျခာက္ေသြ႔ေစပါတယ္။ပိုးသတ္ဆပ္ျပာေတြကို မလိုအပ္ပဲ မသံုးပါနဲ႔။ ေရေမြးလည္းေရွာင္ပါ။ ဘာေၾကာင့္လည္းဆုိေတာ့ အဲ့ဒါေတြက အေရးျပားကိုယားယံလာေစႏုိင္လို႔ပါ။ အဲ့ဒီ့အစား J0j0ba ဆီ၊ သံလြင္ဆီနဲ႔ ရွားေစာင္းလက္ပက္နဲ႔အေျခခံထုတ္လုပ္ထားတဲ့ ဆပ္ျပာေတြကိုသာသံုးေပးပါ။
    လက္ေဆးတဲ့အခါ ေရေႏြးနဲ႔ေဆးလုိ႔ရေပမယ့္ ေရခပ္ပူပူနဲ႔ေဆးတာကိုေတာ့ေရွာင္ေပးပါ။
    လက္ေရစိုတဲ့အခါ လက္အေျခာက္ခံစက္ကိုအသံုးမျပဳပဲ တစ္သွ်ဴးသာအသံုးျပဳျပီးသုတ္ေပးပါ။

၂။ လက္အိတ္အသံုးျပဳပါ။

လက္အေရျပားအဓိကပ်က္စီးရတဲ့အေၾကာင္းက အပူ၊အေအးနဲ႔ ဓာတုပစၥညး္ေတြ ထိေတြ႔မႈေၾကာင့္ပါပဲ။ဒါေၾကာင့္လုိအပ္ရင္လက္အိတ္အသံုးျပဳပါ။

    ရာသီဥတုေအးတဲ့အခါ သိုးေမြး (သို႔) အေႏြးလက္အိတ္၀တ္ပါ။
    ပန္းကန္ေဆးတာ၊ ၾကမ္းတိုက္တာ စတဲ့အိမ္အလုပ္ေတြလုပ္တဲ့အခါမွာ ရာဘာလက္အိတ္၀တ္ေပးပါ။

၃။ Moisturizer သံုးေပးပါ။

လိုအပ္တဲ့အခါတိုင္း Moisturizer ခရင္မ္သံုးေပးပါ။ အထူးသျဖင့္ညအိပ္ခါနီးမွာလိမ္းျပီးတဲ့အခါ လက္အိတ္စြပ္ျပီးအိပ္ပါ။ လက္သည္းေလးေတြမွာပါလိမ္းဖို႔မေမ့ပါနဲ႔။

၄။ Scrub လုပ္ေပးပါ။

စိုေျပလွပတဲ့လက္အစံုလိုခ်င္ရင္ေတာ့ တစ္ပတ္တစ္ခါေလာက္ လက္ကို Scrub လုပ္ဖို႔မေမ့ပါနဲ႔။

    ေထာပတ္သီးတစ္ျခမ္း၊ ၾကက္ဥအႏွစ္နဲ႔ သံပုရာရည္တစ္ဇြန္းကိုေသခ်ာေရာေမႊျပီး လက္မွာလိမ္းေပးပါ။ မိနစ္၂၀ေလာက္ထားေပးပါ။
    သံလြင္ဆီနဲ႔သၾကားေရာျပီး Scrub အေနနဲ႔လည္းသံုးလို႔ရပါတယ္။

၅။ေနေလာင္ဒဏ္ကာ ခရင္မ္သံုးေပးပါ။

လက္ေတြညိဳမဲေနရတာဟာ တစ္နည္းအားျဖင့္ေနေလာင္ဒဏ္ခံေနရလုိ႔ပါ။

    ေနေလာင္ဒဏ္ကာခရင္မ္ကိုပံုမွန္လိမ္းေပးပါ။
    Citrus ပါတဲ့အသီးေတြကလည္း အသားအေရကိုျဖဴလာေစပါတယ္။ ဒါေၾကာင့္သံပုရာရည္ ၁ဇြန္း၊ ႏို႔ ၁ဇြန္း၊ ပ်ားရည္ ၁ဇြန္းကိုေရာေမႊျပီးလက္မွာ ပံုမွန္လိမ္းေပးျခင္းက လက္အသားအေရကိုျဖဴလာေစပါတယ္။

စာဖတ္ပရိတ္သတ္တို႔လည္း လက္ကေလးေတြကို ျဖဴေဖြးႏုဖတ္လာေစမယ့္လွ်ိဳ႔၀ွက္ခ်က္နည္းလမ္းေလးေတြကို သိၾကျပီဆိုေတာ့ ေနာက္တစ္ခါ သတိျပဳျပီး က်န္းမာႏုပ်ိဳတဲ့အသားအေရပိုင္ဆုိင္ႏုိင္ၾကပါေစ။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ငယ်ငယ်ရွယ်ရွယ် ချောေျချာလှလှလေးဖြစ်နေပေမယ့် ကိုယ့်ရဲ့လက်တွေက လူနဲ့မလိုက်အောင် ရင့်ထော်နေရင် ကြည့်မကောင်းဘူးပေါ့။ အထူးသဖြင့် မိန်းကလေးတွေရဲ့ အလှက မျက်နှာမှာတင်မဟုတ်ပဲ သူမရဲ့အသားအရေမှာပါ ကိန်းအောင်နေတယ်ဆိုတာကိုတော့ လက်ခံလိုက်ပါ။ တချို့မိန်းကလေးတွေဆိုရင် လက်ကလေးတွေ ဖွေးဥနုဖတ်လို့ အသက်ပိုငယ်သွားတယ်တောင်ထင်ရလောက်အောင်ပါပဲ။ ဒါဆို ဘာမှမလုပ်ပဲအလှကြည့်ရမယ်လို့လည်းမဆိုလိုပါဘူး။ ဒီနည်း(၅)နည်းကိုသာ ဂရုတစိုက်လိုက်နာမယ်ဆိုရင် လက်နုနုဖွေးဖွေးလေးကို ရရှိနိုင်မှာပါ။

၁။လက်ဆေးတဲ့အခါ သတိပြုမယ်

    ဆပ်ပြာနဲ့မကြာခဏဆေးခြင်းက လက်ကိုအစိုဓာတ်ခမ်းလာစေပြီး ခြောက်သွေ့စေပါတယ်။ပိုးသတ်ဆပ်ပြာတွေကို မလိုအပ်ပဲ မသုံးပါနဲ့။ ရေမွေးလည်းရှောင်ပါ။ ဘာကြောင့်လည်းဆိုတော့ အဲ့ဒါတွေက အရေးပြားကိုယားယံလာစေနိုင်လို့ပါ။ အဲ့ဒီ့အစား J0j0ba ဆီ၊ သံလွင်ဆီနဲ့ ရှားစောင်းလက်ပက်နဲ့အခြေခံထုတ်လုပ်ထားတဲ့ ဆပ်ပြာတွေကိုသာသုံးပေးပါ။
    လက်ဆေးတဲ့အခါ ရေနွေးနဲ့ဆေးလို့ရပေမယ့် ရေခပ်ပူပူနဲ့ဆေးတာကိုတော့ရှောင်ပေးပါ။
    လက်ရေစိုတဲ့အခါ လက်အခြောက်ခံစက်ကိုအသုံးမပြုပဲ တစ်သျှူးသာအသုံးပြုပြီးသုတ်ပေးပါ။

၂။ လက်အိတ်အသုံးပြုပါ။

လက်အရေပြားအဓိကပျက်စီးရတဲ့အကြောင်းက အပူ၊အအေးနဲ့ ဓာတုပစ္စည်းတွေ ထိတွေ့မှုကြောင့်ပါပဲ။ဒါကြောင့်လိုအပ်ရင်လက်အိတ်အသုံးပြုပါ။

    ရာသီဥတုအေးတဲ့အခါ သိုးမွေး (သို့) အနွေးလက်အိတ်ဝတ်ပါ။
    ပန်းကန်ဆေးတာ၊ ကြမ်းတိုက်တာ စတဲ့အိမ်အလုပ်တွေလုပ်တဲ့အခါမှာ ရာဘာလက်အိတ်ဝတ်ပေးပါ။

၃။ Moisturizer သုံးပေးပါ။

လိုအပ်တဲ့အခါတိုင်း Moisturizer ခရင်မ်သုံးပေးပါ။ အထူးသဖြင့်ညအိပ်ခါနီးမှာလိမ်းပြီးတဲ့အခါ လက်အိတ်စွပ်ပြီးအိပ်ပါ။ လက်သည်းလေးတွေမှာပါလိမ်းဖို့မမေ့ပါနဲ့။

၄။ Scrub လုပ်ပေးပါ။

စိုပြေလှပတဲ့လက်အစုံလိုချင်ရင်တော့ တစ်ပတ်တစ်ခါလောက် လက်ကို Scrub လုပ်ဖို့မမေ့ပါနဲ့။

    ထောပတ်သီးတစ်ခြမ်း၊ ကြက်ဥအနှစ်နဲ့ သံပုရာရည်တစ်ဇွန်းကိုသေချာရောမွှေပြီး လက်မှာလိမ်းပေးပါ။ မိနစ်၂၀လောက်ထားပေးပါ။
    သံလွင်ဆီနဲ့သကြားရောပြီး Scrub အနေနဲ့လည်းသုံးလို့ရပါတယ်။

၅။နေလောင်ဒဏ်ကာ ခရင်မ်သုံးပေးပါ။

လက်တွေညိုမဲနေရတာဟာ တစ်နည်းအားဖြင့်နေလောင်ဒဏ်ခံနေရလို့ပါ။

    နေလောင်ဒဏ်ကာခရင်မ်ကိုပုံမှန်လိမ်းပေးပါ။
    Citrus ပါတဲ့အသီးတွေကလည်း အသားအရေကိုဖြူလာစေပါတယ်။ ဒါကြောင့်သံပုရာရည် ၁ဇွန်း၊ နို့ ၁ဇွန်း၊ ပျားရည် ၁ဇွန်းကိုရောမွှေပြီးလက်မှာ ပုံမှန်လိမ်းပေးခြင်းက လက်အသားအရေကိုဖြူလာစေပါတယ်။

စာဖတ်ပရိတ်သတ်တို့လည်း လက်ကလေးတွေကို ဖြူဖွေးနုဖတ်လာစေမယ့်လျှို့ဝှက်ချက်နည်းလမ်းလေးတွေကို သိကြပြီဆိုတော့ နောက်တစ်ခါ သတိပြုပြီး ကျန်းမာနုပျိုတဲ့အသားအရေပိုင်ဆိုင်နိုင်ကြပါစေ။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top