iMyanmarHouse.com - Best Property Website for Myanmar
×


၁ - Grapefruit


၂ - ကိုက်လန်သုတ်


၃ - ပန်းသီး


၎ - အစေ့အဆံများ


၅ - ဂျုံ


၆ - ပျားရည်


၇ - မာလကာသီး


၈ - ဒိန်ချဉ်


၉ - ဆန်လုံးညို


၁၀ - အာလူး



ဆောင်းရာသီရောက်လာတဲ့အခါမှာ စားသမျှအရသာမတွေ့တော့တာ လူတိုင်းနီးပါးပါပဲ။ ဒါကြောင့်လည်း ဆောင်းရာသီမှာ မသိမသာ ကိုယ်အလေးချိန်တက်လာတက်ပါတယ်။ အောက်ပါအစားအစာများက ဆောင်ရန်ရှောင်ရန်တွက်ဖြစ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာများပဲဖြစ်ပါတယ်။

၁ - Grapefruit

အစာမစားခင် ဂရိတ်ဖရုသီးတစ်ဝက်ကို အမြဲစားပေးမယ်ဆိုပါက တစ်ပါတ်တွင်း အလေးချိန်တစ်ပေါင်ကျနိုင်ပြီး လိုအပ်တဲ့အင်ဆူလင်ပမာဏကိုလည်း ဖြည့်တင်းပေးပါတယ်။ ဖျော်ရည်လို ၊ သရေစာလို ၊ အသုတ်လို ၊ ဖုတ်ပြီးတော့လည်း ပုံစံအမျိုးမျိုးဖြင့် သုံးဆောင်နိုင်ပါတယ်။

၂ - ကိုက်လန်သုတ်

ဒီအသုတ်ကိုလုပ်ဖို့ရန် ကန်စွန်းဥတစ်လုံးကိုပြုတ်ထားပါ။ အာလူးကို အချောင်းလိုက်လှီးပါ ။ကိုက်လန်ကိုလည်း အရှည်လိုက်လှီးဖြတ်ပါ။ ငရုတ်ပွအနီလည်း ထည့်နိုင်ပါတယ်။ သံလွင်ဆီ (သို့)နှစ်သက်ရာ ဆီတစ်မျိုးမျိုး ကိုထည့်ကာ သုတ်လိုက်ပါက အာဟာရပြည့်ဝတဲ့မနက်စာကိုရရှိနိုင်ပါပြီ။ ကြက်အူချောင်းကိုလည်း လိုအပ်ပါက ထည့်နိုင်ပါတယ်။

၃ - ပန်းသီး

ပန်းသီးကို အမျှင်ဓါတ် ၊ ကာဗွန်ဟိုက်ထရိတ် တို့ဖြင့် ဖွဲ့စည်းထားတဲ့အတွက် ဆာလောင်မှုကို လျော့ကျစေနိုင်ပါတယ်။ အစားစားချင်စိတ်ကို ထိန်းညှိပေးတဲ့အတွက် ဗိုက်ခေါက်ထွက်ဖို့လည်း မဖြစ်နိုင်ပါဘူး ။

၄ - အစေ့အဆံများ

သစ်ကြားသီး ၊ နေကြာစေ့ ၊ မက်မွန်သီး ၊ pistachios စတဲ့အစေ့တွေက ခန္ဓာကိုယ်အလေးချိန်ကျစေပါတယ်။ ပရိုတင်းဓါတ်ကြွယ်ဝတဲ့အပြင် စွမ်းအားလည်း ဖြစ်စေနိုင်ပါသေးတယ်။ ဆောင်းရာသီအတွက် အထူးစားစရာမဟုတ်ပေမယ့် တစ်နှစ်ပါတ်လုံး သုံးဆောင်နိုင်တဲ့အရာများဖြစ်ပါတယ်။ထပ်ပေါင်းပြောရသော် ဆောင်းရာသီတွင်း အအေးဓါဏ်ကိုလည်း ခံနိုင်အောင် ကူညီပေးပါတယ်။ အချိုပွဲ ၊ ကိတ်နှင့် သားရေစာ အများစုများထဲ ထည့်စားနိုင်ပါတယ်။

၅ - ဂျုံ

မြင်းစားဂျုံ ၄ ဇွန်း ၊ သံလွင်ဆီ တစ်ဇွန်း ၊ ရေကို ပုံမှန်ခွက် တစ်ဝက်စာ ၊ ဆားမဲ အနည်းငယ် နှင့် ငရုတ်ကောင်းလိုသလောက်တို့ကို ထည့်၍ ၅ မိနစ်ခန့် မီးအေးအေးဖြင့် တည်ကာ ရောသမပေးပါ။ ပြီးရင်တော့ နွေးနွေးလေးသောက်သုံးကာ အာဟာရဖြည့်တင်းနိုင်ပါတယ်။

၆ - ပျားရည်

နာမည်ကြီးပျားရည်မှာ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးတဲ့ဓါတ်တွေပါဝင်တဲ့အပြင် အသားအရည်လှပါစေပါတယ်။

၇ - မာလကာသီး

အရသာရှိတဲ့အသီးဖြစ်ရုံမက ဗီတာမင် အေ ၊ စီ ၊ ပိုတက်ဆီယမ် ၊ မဂ္ဂနီဆီယမ်တို့ကြွယ်ဝပါသေးတယ် ။

၈ - ဒိန်ချဉ်

သီးစုံဒိန်ချဉ်လို့ ဆိုရမှာပေါ့ ။ ထိုအရာကို ပြုလုပ်ရန်အတွက် ပန်းသီးပါးပါးလှီးပါ ၊ raspberries ၊ နာနတ်သီး ၊ ငှက်ပျောသီး ၊ သလဲသီး စသည်တို့ကို ထည့်ပါ ( စားချင်တဲ့အသီးမှန်သမျှထည့်နိုင်ပါတယ် ) ၊ ရောသမပြီးနောက် ဒိန်ချဉ်ပါထပ်ပေါင်းကာ သုံးဆောင်နိုင်ပါပြီ။

၉ - ဆန်လုံးညို

ကြက်ဆီထမင်း (သို့) ဒံပေါက်လုပ်ဖို့ အကောင်းဆုံး ဆန်ဖြစ်ပါတယ်။ အာဟာရပြည့်ဝတဲ့ဆန်ဖြစ်ကာ ၁၁၀ ကယ်လိုရီ ၊ ပရိုတင်းနဲ့အမျှင်ဓါတ် ၂ ဂရမ်ဆီလည်းပါဝင်ပါသေးတယ်။ အစာကြေလွယ်စေပြီး စားလို့ကောင်းတဲ့ ဆန်ဖြစ်ပါတယ်။

၁၀ - အာလူး

အာလူးကို လူတော်တော်များများက ဝိတ်တက်စေတယ်ဆိုပြီးရှောင်တက်ကြပါတယ်။ သို့ပေမယ့် အာလူးမှာ မကောင်းတဲ့ကိုလက်စတောကို တိုက်ထုတ်ပေးတဲ့အမျှင်ဓါတ်ပါဝင်ပါသေးတယ်။ ဝိတ်တက်မှာစိုးရင် ပါးပါးလှီးထားတဲ့အာလူးချောင်းပေါ်မှာ ဆီသုတ်ကာ အိုးကပ်သဘောမျိုးကြော်စားလို့ ရပါတယ်ဆိုတာလည်း ပြောချင်ပါတယ်။

Credit: mingalarbarmorning

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top