iMyanmarHouse.com - Best Property Website for Myanmar
×

၀မ္းဗိုက္မွာ အဆီစုတာဟာ ၀တဲ့သူေတြမွမဟုတ္ပါဘူး။ ပိန္တဲ့သူေတြမွာလည္း အဆီေတြရွိေနတတ္ပါတယ္။ အစားအမ်ားႀကီးစားတာလည္းမဟုတ္ဘဲနဲ႔ ဘာလို႔ အခုလို အဆီေတြစုေနတာလဲလို႔ အေျဖရွာရခက္ေနသူေတြအတြက္ မွ်ေ၀ေပးသြားမယ္ေနာ္။

၁။ အသင့္စားအစားအစာေတြကို စားသံုးေနဆဲျဖစ္ေနလို႔ပါ

ေလ့က်င့္ခန္းလုပ္တယ္ဆိုေပမယ့္လည္း သင္ဟာ အသင့္စားအစားအစာေတြကို စားသံုးေနဆဲျဖစ္ရင္ ထိေရာက္မွာမဟုတ္ပါဘူး။ အသင့္စားအစားအစာေတြ အရမ္းစားရင္ ၀မ္းဗိုက္မွာအဆီေတြစုတတ္တာကို သတိရပါေနာ္။

၂။ အဆီလံုး၀မစားဘူး

သင္အဆီလံုး၀မစားဘူးလို႔ ေတြးေနတာ၊ အဆီေတြလံုး၀မစားဘဲေနတာဟာလည္း သင့္၀မ္းဗိုက္ကအဆီက်ဖို႔ အကူအညီမျဖစ္ပါဘူး။

သံလြင္ဆီ၊ ေထာပတ္သီး၊ အခြံမာသီး၊ ေနၾကာေစ့နဲ႔ ဆဲလ္မြန္တို႔လို က်န္းမာေရးနဲ႔ညီညႊတ္တဲ့ အဆီေတြပါ၀င္တဲ့ အစားအစာကို စားေပးပါ။

၃။ မွန္ကန္တဲ့ ေလ့က်င့္ခန္းမလုပ္ျခင္း

တခါတေလမွာ လမ္းေလွ်ာက္တာ၊ ေရကူးတာ၊ က တာေတြခ်ည္း လုပ္ေနလို႔လည္း မထိေရာက္ပါဘူး။ ၀မ္းဗိုက္ခ်ပ္ခ်င္ရင္ေတာ့ ၀မ္းဗိုက္ခ်ပ္ေစတဲ့ ေလ့က်င့္ခန္းကို လုပ္ေပးဖို႔လိုအပ္ပါတယ္။

၄။ စိတ္ဖိစီးမႈေၾကာင့္

၀မ္းဗိုက္မွာ အဆီေတြစုရတဲ့ အဓိက တရားခံကေတာ့ စိတ္ဖိစီးမႈေၾကာင့္ပဲျဖစ္ပါတယ္။ စိတ္ဖိစီးမႈမ်ား၇င္ ၀မ္းဗိုက္မွာ အဆီေတြ ပိုျဖစ္ေစပါတယ္။

၅။ အိပ္ေရး၀ေအာင္မအိပ္ျခင္း

အိပ္ေရး၀ေအာင္မအိပ္တာ (သို႔) အိပ္ခ်ိန္မ်ားလြန္းတာဟာ သင့္၀မ္းဗိုက္က အဆီေတြကို ပိုၿပီးျဖစ္ေစပါတယ္။ အဲဒီလိုအိပ္ေရးမ၀တာ၊ အိပ္ခ်ိန္မ်ားလြန္းတာဟာလည္း ခါးမွာအဆီပိုေတြျဖစ္ေစလို႔ အိပ္ေရး၀၀ အိပ္ေပးပါ။

ဘယ္လိုေျဖရွင္းမလဲ

သင့္အေနနဲ႔ ငါ၀ိတ္က်ခ်င္တယ္ဆိုတာထက္ ငါ၀ိတ္က်သြားေနၿပီလို႔ ေတြးေပးပါ။

မနက္ခင္းမွာ ေရေႏြးနဲ႔ သံပုရာရည္ ေဖာ္ၿပီးေသာက္ပါ။

အသီးအရြက္မ်ားမ်ားစားပါ။ အစာမစားဘဲ မေနပါနဲ႔။

အရက္မေသာက္ပါနဲ႔။ ပရိုတင္းဓာတ္စားသံုးပါ။

စိတ္ဖိစီးမႈကိုေလွ်ာ့ခ်ပါ။

တစ္ေန႔ကို အနည္းဆံုး ၇ နာရီကေန ၉ နာရီထိအိပ္ေပးပါ။

ဆဲလ္မြန္ငါး တို႔လို Omega 3 Fatty Acids ပါတဲ့ ငါးစားေပးပါ။

တစ္လအတြင္း ဘယ္လိုထူးျခားမႈမွ မရေသးရင္ေတာင္ ဇြဲမေလွ်ာ့ပါနဲ႔။

Credit:Mystyle
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#

၀မ်းဗိုက်မှာ အဆီစုတာဟာ ဝတဲ့သူတွေမှမဟုတ်ပါဘူး။ ပိန်တဲ့သူတွေမှာလည်း အဆီတွေရှိနေတတ်ပါတယ်။ အစားအများကြီးစားတာလည်းမဟုတ်ဘဲနဲ့ ဘာလို့ အခုလို အဆီတွေစုနေတာလဲလို့ အဖြေရှာရခက်နေသူတွေအတွက် မျှဝေပေးသွားမယ်နော်။

၁။ အသင့်စားအစားအစာတွေကို စားသုံးနေဆဲဖြစ်နေလို့ပါ

လေ့ကျင့်ခန်းလုပ်တယ်ဆိုပေမယ့်လည်း သင်ဟာ အသင့်စားအစားအစာတွေကို စားသုံးနေဆဲဖြစ်ရင် ထိရောက်မှာမဟုတ်ပါဘူး။ အသင့်စားအစားအစာတွေ အရမ်းစားရင် ဝမ်းဗိုက်မှာအဆီတွေစုတတ်တာကို သတိရပါနော်။

၂။ အဆီလုံးဝမစားဘူး

သင်အဆီလုံးဝမစားဘူးလို့ တွေးနေတာ၊ အဆီတွေလုံးဝမစားဘဲနေတာဟာလည်း သင့်ဝမ်းဗိုက်ကအဆီကျဖို့ အကူအညီမဖြစ်ပါဘူး။

သံလွင်ဆီ၊ ထောပတ်သီး၊ အခွံမာသီး၊ နေကြာစေ့နဲ့ ဆဲလ်မွန်တို့လို ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အဆီတွေပါဝင်တဲ့ အစားအစာကို စားပေးပါ။

၃။ မှန်ကန်တဲ့ လေ့ကျင့်ခန်းမလုပ်ခြင်း

တခါတလေမှာ လမ်းလျှောက်တာ၊ ရေကူးတာ၊ က တာတွေချည်း လုပ်နေလို့လည်း မထိရောက်ပါဘူး။ ဝမ်းဗိုက်ချပ်ချင်ရင်တော့ ဝမ်းဗိုက်ချပ်စေတဲ့ လေ့ကျင့်ခန်းကို လုပ်ပေးဖို့လိုအပ်ပါတယ်။

၄။ စိတ်ဖိစီးမှုကြောင့်

ဝမ်းဗိုက်မှာ အဆီတွေစုရတဲ့ အဓိက တရားခံကတော့ စိတ်ဖိစီးမှုကြောင့်ပဲဖြစ်ပါတယ်။ စိတ်ဖိစီးမှုများ၇င် ဝမ်းဗိုက်မှာ အဆီတွေ ပိုဖြစ်စေပါတယ်။

၅။ အိပ်ရေးဝအောင်မအိပ်ခြင်း

အိပ်ရေးဝအောင်မအိပ်တာ (သို့) အိပ်ချိန်များလွန်းတာဟာ သင့်ဝမ်းဗိုက်က အဆီတွေကို ပိုပြီးဖြစ်စေပါတယ်။ အဲဒီလိုအိပ်ရေးမဝတာ၊ အိပ်ချိန်များလွန်းတာဟာလည်း ခါးမှာအဆီပိုတွေဖြစ်စေလို့ အိပ်ရေး၀၀ အိပ်ပေးပါ။

ဘယ်လိုဖြေရှင်းမလဲ

သင့်အနေနဲ့ ငါဝိတ်ကျချင်တယ်ဆိုတာထက် ငါဝိတ်ကျသွားနေပြီလို့ တွေးပေးပါ။

မနက်ခင်းမှာ ရေနွေးနဲ့ သံပုရာရည် ဖော်ပြီးသောက်ပါ။

အသီးအရွက်များများစားပါ။ အစာမစားဘဲ မနေပါနဲ့။

အရက်မသောက်ပါနဲ့။ ပရိုတင်းဓာတ်စားသုံးပါ။

စိတ်ဖိစီးမှုကိုလျှော့ချပါ။

တစ်နေ့ကို အနည်းဆုံး ၇ နာရီကနေ ၉ နာရီထိအိပ်ပေးပါ။

ဆဲလ်မွန်ငါး တို့လို Omega 3 Fatty Acids ပါတဲ့ ငါးစားပေးပါ။

တစ်လအတွင်း ဘယ်လိုထူးခြားမှုမှ မရသေးရင်တောင် ဇွဲမလျှော့ပါနဲ့။


Credit:Mystyle

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top