iMyanmarHouse.com - Best Property Website for Myanmar
×

✿▬❧▬✿▬❧▬✿▬❧▬✿▬❧▬✿
ယောင်္ကျားပီသပါစေ



ဆုမလိုက်လျောရဲဘူး



မလိုက်လျောပေးနိုင်ဘူး ဆုမောင့်ကိုကော

ဆုမနေတတ်ဘူး

နောင်တမရစေရဘူးသိလား
နော်


မောင်ကတိပေးပါတယ်



ကောင်လေး….အင်းပါ ဆုရယ်


ရှာကျွေးရတာ အချိန်လေးတောင် မစောင့်နိုင်တော့ဘူးလား

ကောင်မလေး….မောင်ရယ်





တာဝန်မယူနိုင်ပဲချစ်တာကိုအရှေ့တန်းတင်ပြီး
မဖျက်စီးမိပါစေနဲ့
သူတစ်ပါးခံစားရသလို
ဆိုတဲ့ အသိတရားလေးနဲ့

ခြေမမကောင်းရင်ခြေမ
လက်မမကောင်းရင်လက်မ


တကယ်မယူနိုင်ဘဲ မိန်းကလေးတွေဘဝကို မဖျက်ဆီးပါနဲ့
(အရမ်းကောင်းတဲ့ စာလေးပါ..ယောက်ျားလေးတိုင်း စာနာကြပါနော်)
✿▬❧▬✿▬❧▬✿▬❧▬✿▬❧▬✿
အချစ်ကိုရှေ့တန်းတင်ပြီး
ဟန်ဆောင်ချစ်တတ်တဲ့ယောင်္ကျားလေးတွေ
ယောင်္ကျားပီသပါစေ

မိန်းကလေးတစ်ယောက်ကိုယ်စချစ်ပြီဆိုရင်
အချစ်ထက်ခန္ဓာကိုယ်ပိုလိုလားကြတယ်

ကောင်လေး…အရမ်းချစ်တယ်ချစ်သူ
မောင့်ကိုတစ်ကယ်ချစ်တယ်ဆိုရင်
မောင့်ရဲ့ဆန္ဒကိုလိုက်လျောပါနော်

ကောင်မလေး…ဟင့်အင်း မောင် ဆုကြောက်တယ်
ဆုမလိုက်လျောရဲဘူး

ကောင်လေး…ဆုရယ် မောင်ကဆုကို
တစ်ကယ်မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားပြီးချစ်တာပါကွာ

ကောင်မလေး…ဆုအရမ်းကြောက်တယ် ဆုတို့မိန်းမသား
ဘဝတွေက တန်ဖိုးထားရဆုံးကအပျိုစင်
ဘဝပါမောင်ရယ် ဆုကိုနားလည်ပေးပါနော်

ကောင်လေး…ဆုမောင့်ကိုချစ်တယ်ဆိုတာ
ဘာလဲကွာ ချစ်သူတွေဖြစ်ပြီးဒီလောက်လေးတောင်
မလိုက်လျောပေးနိူင်ဘူး ဆုမောင့်ကိုကော
တစ်ကယ်ချစ်ရဲ့လား( စိတ်ဆိုးလေသံဖြစ်)

ကောင်မလေး…ဘယ်လိုပြောလိုက်တာလဲ
မောင်ရယ်မောင့်ကိုဆုအရမ်းချစ်တာပေါ့
မောင်စိတ်မဆိုးပါနဲ့ဟာမောင်စိတ်ဆိုးရင်
ဆုမနေတတ်ဘူး

ကောင်လေး…မောင့်ကိုစိတ်မဆိုးစေချင်ရင်
ဘာလို့မောင့်ရဲ့ဆန္ဒကိုမလိုက်လျောတာလဲ
မောင့်ကိုချစ်တယ်ဆိုဆုမောင့်ကိုချစ်ရလို့
နောင်တမရစေရဘူးသိလား
အားလုံးတွက်မောင်တာဝန်ယူပါတယ်ကွာ
နော် ဆု မောင်ဆုကိုအရမ်းချစ်တယ်
မောင့်ရဲ့ဆန္ဒကိုလိုက်လျောပေးပါနော်
မောင်ဆုကိုပဲလက်ထပ်မှာပါမောင့်ကိုယုံပါ
နော်

ကောင်မလေး…အင်းပါ မောင်ရယ်
ဆုလဲမောင်နဲ့မခွဲချင်ပါဘူးဆုလဲမောင့်ကိုပဲ
လက်ထပ်မှာပါချစ်သူမောင့်ကိုအရမ်းချစ်လို့
လိုက်လျောပါရစေ ဆုကိုတော့ခွဲမသွားရဘူးနော် မောင်

ကောင်လေး…စိတ်ချပါချစ်သူရယ်
မောင်ကတိပေးပါတယ်

(မိန်းကလေးတွေက တစ်ကယ်ချစ်တတ်လာပြီဆိုရင်
အချစ်က မျက်လုံးကမ်းစေတယ် မိဘမောင်နှစ်မတွေ
ဘယ်လိုပဲတားစီးနေပါစေ ကိုယ့်ချစ်သူစကားကလွဲရင်
ဘယ်သူ့စကားမှ နားမဝင်ကြတော့ဘူး

ကောင်မလေး…မောင်ဆုကိုလက်ထပ်မယ်ဆို

ကောင်လေး….အင်းပါ ဆုရယ်
မောင်တို့နှစ်ယောက်အတွက် တူတူနေဖို့
ဆိုတာမောင်တို့အများကြီးကြိုးစားရဦးမယ်လေ
မောင့်ဘက်ကမပြည့်စုံသေးလို့
ဆုသီးခံပြီး အချိန်လေးစောင့်ပေးပါနော်

ကောင်မလေး…အချိန်တွေကမလိုပါဘူး
မောင်ရယ်မောင်နဲ့ဆုလက်ထပ်ပြီးတဲ့ခါကြ
ရင်သူ့အလိုလိုဖြစ်သွားမှာပါ ဆုမောင်နဲ့တူတူနေပြီ

ကောင်လေး…မင်းတို့မိန်းလေးတွေက
လက်ထပ်မယ် တူတူနေချင်တယ် ဒါပဲသိကြတယ်
တစ်ကယ်တမ်းလဲ လက်လဲထပ်ပြီးရော
ငါ့တို့ယောင်္ကျားတွေကပဲ ရင်ပေါင်တန်းပြီး
ရှာကျွေးရတာ အချိန်လေးတောင် မစောင့်နိူင်တော့ဘူးလား

ကောင်မလေး….မောင်ရယ်

(မျက်ရည်ဝဲပြီး ဘာပြောရမှန်းမသိတဲ့ မိန်းမသားတွေရဲ့ဘဝက
ကိုယ့်ချစ်သူက အချိန်စောင့်လို့ပြောတဲ့နေ့ကိုပဲ
မြန်မြန်ရောက်ပါစေလို့ ရင်ထဲကကြိတ်ပြီး
ဆုတာင်းယုံကလွဲရင် ဘာမှပြောပိုင်ခွင့်မရှိတော့ဘူးလေ
ကိုယ့်ကို တစ်ကယ်ချစ်တဲ့ယောင်္ကျားတွေက
ကိုယ့်ရဲ့အခက်ခဲတွေ ဘယ်လိုပဲပိတ်ပင်တားစီးနေပါစေ
အရာရာကိုကျော်ဖြတ်ရဲတဲ့ သတ္တိတွေရှိကြတယ်

ကိုယ့်ကို တစ်ကယ်မချစ်တဲ့ယောင်္ကျားတွေက
ကိုယ့်ဆီက လိုချင်တာကို ရအောင်ယူတတ်ကြတယ်
ရလဲရကော ကိုယ့်ကိုတန်ဖိုး မထားကြတော့ဘူး

မိန်းကလေးတွေ သိစေချင်တာက
ကိုယ့်ချစ်သူကို ဘယ်လောက်ပဲချစ်နေပါစေ
ကိုယ့်ရဲ့အပျိုစင်ဘဝကို ပုံအောပြီး မချစ်မိစေနဲ့

ကိုယ့်ရဲ့ခန္ဓာကိုရမှချစ်မယ်ဆိုရင် သူက
ကိုယ့်ကိုတစ်ကယ်မချစ်လို့ပါ
တစ်ကယ်ချစ်တဲ့ယောင်္ကျားတွေက
ကိုယ့်ကို့ထိခိုက်နစ်အောင်မလုပ်ပဲတန်ဖိုး
ထားတတ်ကြတယ်ကိုယ့်ဘဝကိုမှမရလို့
စိတ်ဆိုးစိတ်ကောက်တယ်ဆိုရင်
ဆက်ပြီးချစ်မနေပါနဲ့ အချစ်ဦးနဲ့လွဲတဲ့
အတွဲတွေကအများကြီးပါဘယ်လောက်ပဲ
ချစ်နေပါစေကိုယ့်ဘဝကိုပုံအောပြီး
မချစ်မိစေနဲ့ သူငယ်ချင်းတို့ရယ်

ယောင်္ကျားလေးတွေကလဲတစ်ကယ်မချစ်ပဲ
မိန်းကလေးတစ်ယောက်ရဲ့ဘဝကို
တာဝန်မယူနိူင်ပဲချစ်တာကိုအရှေ့တန်းတင်ပြီး
မဖျက်စီးမိပါစေနဲ့
ကိုယ့်နေရာမှာ ကိုယ့်ညီမတောင်ဖြစ်ခဲ့မယ်ဆိုရင်
သူတစ်ပါးခံစားရသလို
ငါ့ညီမလဲဒီလိုပဲဖြစ်ခဲ့ရင်ငါဘယ်လိုနေရမလဲ
ဆိုတဲ့ အသိတရားလေးနဲ့
နှစ်မချင်းစာနာပေးကြပါရှင်

လူတိုင်းကိုမဆိုလိုပါဘူး
ခြေမမကောင်းရင်ခြေမ
လက်မမကောင်းရင်လက်မ
တစ်ချို့လူတွေကိုတာပြောတာပါ

Credit : Original Uploader

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top