iMyanmarHouse.com - Best Property Website for Myanmar
×






ပင်လယ်စာစားပါ


ယောဂကျင့်ပါ


အိပ်စက်အနားယူပါ




Credit: ကေအမ်

တချို့စုံတွဲတွေမှာ  အိမ်ထောင်သက်တမ်းက  ကြာမြင့်လာတာကြောင့် ချစ်ကြည်နူးဖို့  ငြီးငွေ့ လာတတ်သလို  တချို့စုံတွဲတွေမှာ အသက်ကြီးလာတာကြောင့် စိတ်ဆန္ဒတွေလည်း  လျော့ပါးလာ တတ်ပါတယ်။  အဲဒီအခါ  အိမ်ထောင်မှုသုခ လျော့ပါးလာတတ်တာကြောင့်  အိမ်ထောင်မှုသုခ မြင့်တက်ဖို့ရာအတွက် နိုင်ငံတကာက လက်ခံထားတဲ့ လွယ်ကူတဲ့ အောက်ပါနည်းတွေကို ကျင့်သုံးပေးသင့်ပါတယ်။

အမည်းရောင် ချောကလက်စားပါ

အမည်းရောင် ချောကလက်မှာ အင်တီအောက် ဆီးဒင့်ပါဝင်တာကြောင့် သွေးထဲက အဆိပ်တွေကို ကင်းစင်စေပါတယ်။ ချောကလက်ဟာ အန်ဒေါ်ဖင် အဆင့်ကို  မြင့်တက်စေတာကြောင့် အိမ်ထောင်သည်တွေကို ဆီရိုတိုနင်ဟော်မုန်း အဆင့်မြင့်တက်စေပြီး ချစ်စိတ်ကို တိုးမြင့်စေပါတယ်။

ဆေးဖက်ဝင်အစာနှင့် ဟင်းခတ် အမွှေးအကြိုင်များ စားပါ

ဟင်းခတ် အမွှေးအကြိုင်တွေက သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး  မျိုးဆက်ပွားစနစ်ကို လှုံ့ဆော်ပေးကာ ဇီဝရုပ်ဖြစ်ပျက်မှု  အားကောင်းလာအောင် ခန္ဓာကိုယ်ကို တက်ကြွစေပါတယ်။ ဒါပေမဲ့ ဟင်းခတ်အမွှေးအကြိုင်တွေက အိမ်ထောင်သည်တွေ ချစ်ကြည်နူးရာမှာ အရေးပါကြောင်း သိရှိတာ နည်းပါတယ်။ ငရုတ်သီး၊ နနွင်းမှုန့်၊ ပင်စိမ်းစတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေက သွေးလှည့်ပတ်မှုကို လှုံ့ဆော်ပေးပြီး လိင်ဆန္ဒကို တိုးမြင့်စေကာ မျိုးအောင်နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။   လက်ဖက်စိမ်း လက်ဖက်ရည်လို ဆေးဖက်ဝင် ဖျော်ရည်မှာလည်း   L-theanine ဓာတ်ဟာ ညဘက်မှာ ဦးနှောက်ရှိဖိအားကို  လျော့ကျစေပြီး စိတ်အပန်းပြေစေကာ ချစ်ကြည်နူးဖို့ အဆင်သင့် ဖြစ်နေတတ်ပါတယ်။

ပင်လယ်စာစားပါ

ကမာလို ပင်လယ်စာစားတာက လိင်ဆန္ဒကို မြင့်တက်စေပါတယ်။ ကမာမှာ ဇင့်(သွပ်)ဓာတ်ပါ ဝင်မှုမြင့်မားတာကြောင့် ရှေးကတည်းက ချစ်စိတ်ကိုတိုးစေတဲ့ အစာအဖြစ် အသိအမှတ်ပြုထားတာပါ။ ဆယ်လ်မွန်ငါးနဲ့ ဟေလိဗတ်ငါးလို ငါးတွေကလည်း အမျိုးသမီးတွေကို ချစ်စိတ်တိုးစေပါတယ်။ ပင်လယ်စာတွေမှာ အိုမီဂါ  ၃  ဖက်တီးအက်စစ် ပါဝင်မှု မြင့်မားလို့ပါ။

ယောဂကျင့်ပါ

ယောဂကျင့်တာက  ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းမာစေတဲ့ ရှေးအားကစားတစ်မျိုးပါ။ ယောဂကျင့်တာကြောင့် ကိုယ်ခန္ဓာ အစိတ်အပိုင်းတိုင်းကို သက်ရောက်မှုရှိစေပြီး  ကိုယ်ခန္ဓာကို  ပျော့ပျောင်း သန်စွမ်းမှုရှိစေပါတယ်။ ယောဂကျင့်တာကြောင့် စိတ်ဖိစီးမှုနဲ့ ကိုယ်ခန္ဓာဒဏ်တွေကြောင့် ဖြစ်တဲ့ သွေးကြောပိတ်ဆို့မှုကင်းကာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး  မျိုးဆက်ပွားအင်္ဂါတွေဆီ  သွေးလျှောက်အား ကောင်းမွန်စေပါတယ်။

အိပ်စက်အနားယူပါ

သင့်တော်တဲ့ အနားယူအိပ်စက်ချိန် မရှိတာကြောင့် တချို့လူတွေကို စိတ်တိုလွယ်စေပြီး တစ်ချိန်လုံး ပင်ပန်းနွမ်းနယ်နေ တတ်ပါတယ်။ အဲဒီအခါ အိမ်ထောင်ဖက်နဲ့ ချစ်ကြည်နူးဖို့ စိတ်မပါတော့ပါဘူး။  တစ်ညမှာ ၆-၈ နာရီခန့် အိပ်ချိန်ရှိမှသာ လန်းဆန်း တက်ကြွနေမှာ ဖြစ်ပါတယ်။ အိပ်ရေးဝဝ အိပ်စက်တာက စိတ်ခံစားမှုကို ကောင်းမွန်စေသလို လိင်ဆန္ဒကိုမြင့်တက်စေပြီး ပျော်ရွှင်ဖွယ်ရာညချမ်းကို ဖြစ်စေပါတယ်။

လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်သန် စွမ်းလာပြီး သက်လုံကောင်းမွန်ကာ Sex ကိစ္စမှာ စိတ်ကျေနပ်မှု ရရှိစေပါတယ်။  လေ့ကျင့်ခန်းလုပ်တာကြောင့် သင့်ကို တက်ကြွရွှင်လန်းစေပြီး အိမ်ထောင်မှုသုခကို ပိုမိုရရှိစေပါတယ်။

Credit: ကေအမ်

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top