iMyanmarHouse.com - Best Property Website for Myanmar
×

ပထမဆံုးအႀကိမ္ ခ်ိန္းေတြ႕ျခင္း (First Date) ဆိုတာ အလြန္အေရးႀကီးပါတယ္။ ဘာလို႔လဲဆိုေတာ႔ အဲဒီအခ်ိန္ပိုင္းေလးမွာ သင္႔ရဲ႕ first impression လို႔ေခၚတဲ႔ ေတြ႕ေတြ႕ခ်င္းအခ်ိန္မွာ မိမိအေပၚ အထင္အျမင္ေကာင္းေအာင္ ျပဳလုပ္ျခင္းကို ဖန္တီးႏိုင္ဖို႔ လိုအပ္လို႔ပါပဲ။ ဒီအခ်ိန္ပိုင္းေလးမွာပဲ လူေတာ္ေတာ္မ်ားမ်ားဟာ ႏွစ္ဦးသားၾကား ဆက္ဆံေရးတစ္ခု အဆင္ေျပႏိုင္၊ မေျပႏိုင္ကို ဆံုးျဖတ္တတ္ၾကပါတယ္။

စာအုပ္တစ္အုပ္ဖတ္သလိုပဲေပါ႔။ ဇာတ္လမ္းအစပိုင္းမွာ ဇာတ္အိမ္ကို ေကာင္းေကာင္းတည္ႏိုင္မွလည္း စာဖတ္သူေတြက ဆက္ဖတ္ခ်င္ၾကမွာ မဟုတ္ပါလား။ ေအာက္မွာေဖာ္ျပထားတာကေတာ႔ ပထမဆံုး အႀကိမ္ ခ်ိန္းေတြ႕ရာမွာ အသံုးခ်ႏိုင္မယ္႔ အိုင္ဒီယာေလးေတြပဲ ျဖစ္ပါတယ္။

၁။ တူတူလမ္းေလွ်ာက္ပါ

ဒါဟာ ရိုးရွင္းေပမယ္႔ ထိေရာက္မႈရွိတဲ႔ first date idea တစ္ခုပါပဲ။ ဒါေပမယ္႔ လူေတာ္ေတာ္မ်ားမ်ားက မ်က္စိသွ်မ္းသြားတတ္တာက သူတို႔ရဲ႕လက္တြဲေဖာ္ သူတို႔အေပၚ အထင္ႀကီးလာေအာင္ ရႈပ္ေထြးဆန္းၾကယ္တဲ႔ အရာႀကီးေတြ လုပ္ျပရမယ္လို႔ ထင္ေနၾကလို႔ပါပဲ။ အဲဒါဟာ တကယ္ေတာ႔ မွားပါတယ္ေနာ္။

ရည္းစားအသစ္စက္စက္ေလး ကိုယ္႔အေပၚ အထင္ႀကီးလာဖို႔ဆိုတာ သူနဲ႔ကိုယ္နဲ႔ ေျပာေနတဲ႔ စကားဝိုင္းအသြားအလာ၊ ကိုယ္႔ရဲ႕စိတ္ေနစိတ္ထားနဲ႔ အမူအရာတို႔ေပၚပဲ မူတည္ေနမွာပါ။ ဒါေၾကာင္႔ လမ္းေလွ်ာက္ရင္း ဒီလိုစကားဝိုင္းမ်ိဳးကို ဦးတည္ႏိုင္ရင္ အေျခအေနေကာင္းပါတယ္။

၂။ ရုပ္ရွင္တူတူၾကည္႔ပါ

First date (ပထမဆံုးခ်ိန္းေတြ႕ျခင္း) ေတြထဲမွာ ရုပ္ရွင္ၾကည္႔ျခင္းဟာလည္း တစ္ခုအပါအဝင္ျဖစ္သလို ေရွးရိုးစြဲေနတဲ႔ အိုင္ဒီယာတစ္ခုလည္း ျဖစ္ပါတယ္။ ဒါေပမယ္႔ ေဟာင္းေပမယ္႔ ထိေရာက္ေနဆဲပါ။ အထူးသျဖင္႔ ပထမဆံုးအႀကိမ္ ခ်ိန္းေတြ႕ရာမွာ ေျခမကိုင္မိ၊ လက္မကိုင္မိျဖစ္ေနတဲ႔ လူေတြဆိုရင္ ရုပ္ရွင္တူတူၾကည္႔လိုက္တာက ရဲေဆးတစ္မ်ိဳးလည္း ျဖစ္သြားေစႏိုင္ပါတယ္။ ရုပ္ရွင္ရံုထဲမွာ ေနၾကာေစ႔ေလး ေဖာက္ေပးလိုက္၊ ခ်မ္းေနရင္ အေပၚအက်ၤ ီေလးခြ်တ္ေပးလိုက္နဲ႔... ဒီထက္ရဲရင္ ပုခံုးေလးေတာင္ ဖက္ႏိုင္ပါေသးတယ္။

၃။ ေပ်ာ္ပြဲစားထြက္ပါ

သာယာလွပတဲ႔ ရာသီဥတုတစ္ခုနဲ႔ လွပတဲ႔ပတ္ဝန္းက်င္ေလးတစ္ခုမွာ မိမိရဲ႕ခ်စ္သူနဲ႔အတူတူရွိေနရျခင္းဟာ အခ်စ္စိတ္ေတြကို တိုးပါးေစႏိုင္ပါတယ္။ သူတို႔ႏွစ္သက္တဲ႔ စားစရာ၊ ေသာက္စရာေလးေတြပါ ယူလာခဲ႔မယ္ဆိုရင္ အတိုင္းထက္အလြန္ပါပဲေနာ္။ ပန္းျခံလိုမ်ိဳး စိမ္းစိုလွပတဲ႔ေနရာမ်ိဳးမွာ ဖ်ာတစ္ခ်ပ္၊ စားစရာေတြပါတဲ႔ျခင္းေတာင္းတစ္လံုး၊ သီခ်င္းေကာင္းေလးေတြထည္႔ထားတဲ႔ playlist တစ္ခုရွိရင္ အေကာင္းဆံုး first date တစ္ခု ျဖစ္သြားပါၿပီ။

၄။ ေဗဒင္ဆရာဆီ တူတူသြားပါ

ေဗဒင္မယံုတဲ႔ မိန္းကေလးဆိုတာ ေတာ္ေတာ္ရွားပါတယ္။ အနာဂတ္ကို မသိလိုတဲ႔သူဆိုတာ ပိုလို႔ေတာင္ရွားပါလိမ္႔ဦးမယ္။ သူနဲ႔ကိုယ္နဲ႔ အနာဂတ္ကို သိခ်င္ဖို႔ ေဗဒင္တူတူသြားေမးတာလည္း အၾကံေကာင္း တစ္ခုပါပဲ။ ယံုတာ၊ မယံုတာ၊ မွန္တာ၊ မမွန္တာထက္ ႏွစ္ဦးသားရဲ႕အနာဂတ္ကို တူတူတည္ေဆာက္လိုတယ္ဆိုတဲ႔ ဆႏၵဟာ အေရးပါတာပါ။ မေကာင္းတာေလးေတြ ပါေနရင္ေတာင္ ယၾတာတူတူေခ်လို႔ ရပါေသးတယ္္။

၅။ စာအုပ္ဆိုင္ကို အလည္ေခၚသြားပါ

ဒီေခတ္ႀကီီးမွာ စာမဖတ္တဲ႔သူဆိုတာ ရွိပါဦးမလား။ ဖတ္တဲ႔စာအမ်ိဳးအစားသာ ကြဲခ်င္ကြဲမယ္။ အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးနဲ႔ စာေပအမ်ိဳးအစားတစ္ခုခ်င္းစီကိုေတာ႔ ဖတ္ေနၾကရတာပဲေလ။ မိမိရဲ႕ ရည္းစား အသစ္စက္စက္ေလးကို စာအုပ္ဆိုင္ေခၚသြားျခင္းျဖင္႔ သူဖတ္တတ္တဲ႔ စာအုပ္အမ်ိဳးအစားကို သိႏိုင္မယ္။ အဲဒီကမွတဆင္႔ သူ႔ရဲ႕စိတ္ေနစိတ္ထားကိုလည္း ခန္႕မွန္းႏိုင္မယ္။ တကယ္လို႔ သူက စာဖတ္ရတာကို မႏွစ္သက္ဘူးဆိုရင္လည္း အဲဒီမွာပဲ အေျဖေပၚလာမွာပါ။

၆။ တူတူေသာက္ဖို႔ခ်ိန္းပါ

ဒီေန႕ေခတ္မွာ trend ျဖစ္လာတဲ႔ first date idea ေတြထဲမွာ ဘားတစ္ခုခုမွာခ်ိန္းၿပီး တူတူေသာက္ဖို႔ ဖိတ္ေခၚျခင္းလည္း ပါဝင္ေနပါတယ္။ ဒီ အိုင္ဒီယာမ်ိဳးကိုေတာ႔ မိမိရဲ႕ရည္းစားအသစ္ေလးက ေခတ္မီၿပီး ေသာက္တတ္စားတတ္ရွိမွ အဆင္ေျပႏိုင္မွာပါ။ ရဲေဆးတင္ၿပီးသားျဖစ္သလို ထန္းရည္မူးကြ်ဲခုိးေပၚဆိုတဲ႔အတိုင္း အရက္နည္းနည္းဝင္ရင္ စိတ္ထဲရွိတဲ႔စကားေတြ ထြက္လာႏိုင္တဲ႔အတြက္ ပထမဆံုးခ်ိန္းေတြ႕ျခင္းမွာ ေစာင္႔ၾကည္႔လိုသူေတြအတြက္ေတာ႔ အေကာင္းဆံုးပါပဲ။

Credit: Lifehack
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပထမဆုံးအကြိမ် ချိန်းတွေ့ခြင်း (First Date) ဆိုတာ အလွန်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်ပိုင်းလေးမှာ သင့်ရဲ့ first impression လို့ခေါ်တဲ့ တွေ့တွေ့ချင်းအချိန်မှာ မိမိအပေါ် အထင်အမြင်ကောင်းအောင် ပြုလုပ်ခြင်းကို ဖန်တီးနိုင်ဖို့ လိုအပ်လို့ပါပဲ။ ဒီအချိန်ပိုင်းလေးမှာပဲ လူတော်တော်များများဟာ နှစ်ဦးသားကြား ဆက်ဆံရေးတစ်ခု အဆင်ပြေနိုင်၊ မပြေနိုင်ကို ဆုံးဖြတ်တတ်ကြပါတယ်။

စာအုပ်တစ်အုပ်ဖတ်သလိုပဲပေါ့။ ဇာတ်လမ်းအစပိုင်းမှာ ဇာတ်အိမ်ကို ကောင်းကောင်းတည်နိုင်မှလည်း စာဖတ်သူတွေက ဆက်ဖတ်ချင်ကြမှာ မဟုတ်ပါလား။ အောက်မှာဖော်ပြထားတာကတော့ ပထမဆုံး အကြိမ် ချိန်းတွေ့ရာမှာ အသုံးချနိုင်မယ့် အိုင်ဒီယာလေးတွေပဲ ဖြစ်ပါတယ်။

၁။ တူတူလမ်းလျှောက်ပါ

ဒါဟာ ရိုးရှင်းပေမယ့် ထိရောက်မှုရှိတဲ့ first date idea တစ်ခုပါပဲ။ ဒါပေမယ့် လူတော်တော်များများက မျက်စိသျှမ်းသွားတတ်တာက သူတို့ရဲ့လက်တွဲဖော် သူတို့အပေါ် အထင်ကြီးလာအောင် ရှုပ်ထွေးဆန်းကြယ်တဲ့ အရာကြီးတွေ လုပ်ပြရမယ်လို့ ထင်နေကြလို့ပါပဲ။ အဲဒါဟာ တကယ်တော့ မှားပါတယ်နော်။

ရည်းစားအသစ်စက်စက်လေး ကိုယ့်အပေါ် အထင်ကြီးလာဖို့ဆိုတာ သူနဲ့ကိုယ်နဲ့ ပြောနေတဲ့ စကားဝိုင်းအသွားအလာ၊ ကိုယ့်ရဲ့စိတ်နေစိတ်ထားနဲ့ အမူအရာတို့ပေါ်ပဲ မူတည်နေမှာပါ။ ဒါကြောင့် လမ်းလျှောက်ရင်း ဒီလိုစကားဝိုင်းမျိုးကို ဦးတည်နိုင်ရင် အခြေအနေကောင်းပါတယ်။

၂။ ရုပ်ရှင်တူတူကြည့်ပါ

First date (ပထမဆုံးချိန်းတွေ့ခြင်း) တွေထဲမှာ ရုပ်ရှင်ကြည့်ခြင်းဟာလည်း တစ်ခုအပါအဝင်ဖြစ်သလို ရှေးရိုးစွဲနေတဲ့ အိုင်ဒီယာတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဟောင်းပေမယ့် ထိရောက်နေဆဲပါ။ အထူးသဖြင့် ပထမဆုံးအကြိမ် ချိန်းတွေ့ရာမှာ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်နေတဲ့ လူတွေဆိုရင် ရုပ်ရှင်တူတူကြည့်လိုက်တာက ရဲဆေးတစ်မျိုးလည်း ဖြစ်သွားစေနိုင်ပါတယ်။ ရုပ်ရှင်ရုံထဲမှာ နေကြာစေ့လေး ဖောက်ပေးလိုက်၊ ချမ်းနေရင် အပေါ်အင်္ကျ ီလေးချွတ်ပေးလိုက်နဲ့... ဒီထက်ရဲရင် ပုခုံးလေးတောင် ဖက်နိုင်ပါသေးတယ်။

၃။ ပျော်ပွဲစားထွက်ပါ

သာယာလှပတဲ့ ရာသီဥတုတစ်ခုနဲ့ လှပတဲ့ပတ်ဝန်းကျင်လေးတစ်ခုမှာ မိမိရဲ့ချစ်သူနဲ့အတူတူရှိနေရခြင်းဟာ အချစ်စိတ်တွေကို တိုးပါးစေနိုင်ပါတယ်။ သူတို့နှစ်သက်တဲ့ စားစရာ၊ သောက်စရာလေးတွေပါ ယူလာခဲ့မယ်ဆိုရင် အတိုင်းထက်အလွန်ပါပဲနော်။ ပန်းခြံလိုမျိုး စိမ်းစိုလှပတဲ့နေရာမျိုးမှာ ဖျာတစ်ချပ်၊ စားစရာတွေပါတဲ့ခြင်းတောင်းတစ်လုံး၊ သီချင်းကောင်းလေးတွေထည့်ထားတဲ့ playlist တစ်ခုရှိရင် အကောင်းဆုံး first date တစ်ခု ဖြစ်သွားပါပြီ။

၄။ ဗေဒင်ဆရာဆီ တူတူသွားပါ

ဗေဒင်မယုံတဲ့ မိန်းကလေးဆိုတာ တော်တော်ရှားပါတယ်။ အနာဂတ်ကို မသိလိုတဲ့သူဆိုတာ ပိုလို့တောင်ရှားပါလိမ့်ဦးမယ်။ သူနဲ့ကိုယ်နဲ့ အနာဂတ်ကို သိချင်ဖို့ ဗေဒင်တူတူသွားမေးတာလည်း အကြံကောင်း တစ်ခုပါပဲ။ ယုံတာ၊ မယုံတာ၊ မှန်တာ၊ မမှန်တာထက် နှစ်ဦးသားရဲ့အနာဂတ်ကို တူတူတည်ဆောက်လိုတယ်ဆိုတဲ့ ဆန္ဒဟာ အရေးပါတာပါ။ မကောင်းတာလေးတွေ ပါနေရင်တောင် ယတြာတူတူချေလို့ ရပါသေးတယ်။

၅။ စာအုပ်ဆိုင်ကို အလည်ခေါ်သွားပါ

ဒီခေတ်ကြီးမှာ စာမဖတ်တဲ့သူဆိုတာ ရှိပါဦးမလား။ ဖတ်တဲ့စာအမျိုးအစားသာ ကွဲချင်ကွဲမယ်။ အကြောင်းပြချက်အမျိုးမျိုးနဲ့ စာပေအမျိုးအစားတစ်ခုချင်းစီကိုတော့ ဖတ်နေကြရတာပဲလေ။ မိမိရဲ့ ရည်းစား အသစ်စက်စက်လေးကို စာအုပ်ဆိုင်ခေါ်သွားခြင်းဖြင့် သူဖတ်တတ်တဲ့ စာအုပ်အမျိုးအစားကို သိနိုင်မယ်။ အဲဒီကမှတဆင့် သူ့ရဲ့စိတ်နေစိတ်ထားကိုလည်း ခန့်မှန်းနိုင်မယ်။ တကယ်လို့ သူက စာဖတ်ရတာကို မနှစ်သက်ဘူးဆိုရင်လည်း အဲဒီမှာပဲ အဖြေပေါ်လာမှာပါ။

၆။ တူတူသောက်ဖို့ချိန်းပါ

ဒီနေ့ခေတ်မှာ trend ဖြစ်လာတဲ့ first date idea တွေထဲမှာ ဘားတစ်ခုခုမှာချိန်းပြီး တူတူသောက်ဖို့ ဖိတ်ခေါ်ခြင်းလည်း ပါဝင်နေပါတယ်။ ဒီ အိုင်ဒီယာမျိုးကိုတော့ မိမိရဲ့ရည်းစားအသစ်လေးက ခေတ်မီပြီး သောက်တတ်စားတတ်ရှိမှ အဆင်ပြေနိုင်မှာပါ။ ရဲဆေးတင်ပြီးသားဖြစ်သလို ထန်းရည်မူးကျွဲခိုးပေါ်ဆိုတဲ့အတိုင်း အရက်နည်းနည်းဝင်ရင် စိတ်ထဲရှိတဲ့စကားတွေ ထွက်လာနိုင်တဲ့အတွက် ပထမဆုံးချိန်းတွေ့ခြင်းမှာ စောင့်ကြည့်လိုသူတွေအတွက်တော့ အကောင်းဆုံးပါပဲ။

Credit: Lifehack

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top