iMyanmarHouse.com - Best Property Website for Myanmar
×

အားကစားရံုမ်ားတြင္ ႀကိဳးစားပန္းစားေလ့က်င့္ခန္းလုပ္ၿပီးေနာက္ သို႕မဟုတ္ အေျပးေလ့က်င့္ၿပီးျပန္ေရာက္လာသည့္အခါမ်ားတြင္ ေလာင္ကၽြမ္းသြားသည့္ ကယ္လိုရီမ်ားေနရာတြင္ အစားထိုးရန္အတြက္ အစားအစာအခ်ိဳ႕ကိုစားသံုးေပးရန္လိုအပ္ပါတယ္။ ထိုအခါတြင္ ပရိုတင္းႏွင့္ ကာဗိုဟုိက္ဒရိုတ္တို႕ ႀကြယ္၀ေသာအစားအစာမ်ားကိုစားေသာက္ရန္ အလြန္အေရးႀကီးပါတယ္။ ထုိ႕ေႀကာင္ပင္ပင္ပန္းပန္းႀကိဳးစားထားရေသာအားစိုက္မႈမ်ားကိုအလဟႆမျဖစ္ေစရန္အတြက္ေလ့က်င့္ခန္းလုပ္ၿပီးသည့္ေနာက္ လံုး၀စားသံုးရန္မသင့္ေတာ္သည့္ အစားအစာမ်ားကိုေဖာ္ျပေပးလိုက္ရပါတယ္။

၁။ ဟင္းသီးဟင္းရြက္အစိမ္းမ်ား

အစိမ္းသာရွိေသးေသာဟင္းသီးဟင္းရြက္မ်ားသည္ ေလ့က်င့္ခန္းလုပ္ေနစဥ္အတြင္းကုန္ခမ္းသြားေသာစြမ္းအင္ႏွင့္ ဇီ၀ျဖစ္စဥ္ကို ျပန္လည္ထိန္းသိမ္းႏိုင္ရန္အတြက္ လံုေလာက္ေသာကယ္လိုရီမ်ားမေထာက္ပံ့ႏိုင္ေပ။

၂။ ဆီေႀကာ္စာမ်ား

အာလူးေႀကာ္မ်ား၊ ဘာဂါမ်ားကဲ့သို႕ေသာ အဆီမ်ားစြာပါ၀င္သည့္အစားအေသာက္မ်ားကိုေလ့က်င့္ခန္းလုပ္ၿပီးေနာက္ စားသံုးျခင္းမွေရွာင္ရွားပါ။ ထိုကဲ့သို႕အဆီမ်ားသည့္အစာမ်ားကိုစားေသာက္လိုက္သည့္အခါ ရရွိလာအံုးမည့္ အပိုကယ္လိုရိမ်ားႏွင့္ကာဗိုဟိုက္ဒရိုတ္မ်ားကိုေလာင္ကၽြမ္းေစရန္အတြက္ ေလ့က်င့္ခန္းထပ္မံလုပ္ေဆာင္ရအံုးမွာျဖစ္ပါတယ္။

၃။ အာလူးေႀကာ္မ်ား

အငန္ဓာတ္အထူးပါ၀င္ေသာ အစားအစာမ်ားကိုစားသံုးျခင္းသည္ ေလ့က်င့္ခန္းလုပ္ၿပီးေနာက္ ကုန္ဆံုးသြားသည့္ အားအင္မ်ားကို ျပန္လည္ျဖည့္တင္းရန္လိုအပ္ေသာပိုတက္စီယမ္ပမာဏကိုနည္းပါးေစေသာေႀကာင့္ ေရွာင္ရွားေစလို္ပါတယ္။

၄။ ပီဇာ

ပီဇာတစ္ခ်ပ္တြင္ အစာေျခဖ်က္ရန္ခက္ခဲၿပီး ဆိုးရြားေသာအဆီမ်ားပါ၀င္သည့္ အသားမ်ား၊ ခ်ိစ္မ်ားပါ၀င္၍ ကယ္လိုရီအေျမာက္အျမားျပည့္၀ေနေသာေႀကာင့္ စားသံုးမိျခင္းမွ အထူးေရွာင္ရွားရမွာျဖစ္ပါတယ္။

၅။ ဂတ္စ္ပါအေအးမ်ား

သႀကားႏွင့္ဓာတုေဆး၀ါးမ်ားအျပည့္ရွိၿပီးအာဟာရဓာတ္ႏွင့္ ေရဓာတ္ကိုျဖည့္တင္းေပးႏိုင္သည့္ စြမ္းရည္လံုး၀မရွိသည့္အျပင္ သြားပိုးစားမႈကိုပါ ျဖစ္ေစႏိုင္ပါတယ္။

၆။ ေခ်ာကလက္

စြမ္းအင္ျမွင့္တင္ရန္အတြက္ အခ်ိဳဓာတ္လုိအပ္သည္မွန္ေသာ္လည္းေခ်ာကလက္တြင္သႀကားမ်ားျဖင့္ၿပည့္ေနၿပီး ကယ္လိုရီအေျမာက္အျမားပါ၀င္ပါတယ္။

၇။ အားအင္ျဖည့္အခ်ိဳရည္မ်ား

ခႏၶာကိုယ္ကိုေရဓာတ္မျဖည့္တင္းေပးႏိုင္ရံုသာမကကဖင္းဓာတ္ျဖင့္ျပည့္၀ေနေသာ ကာဗြန္နိတ္အေအးမ်ားျဖစ္ေသာေႀကာင့္ သင့္ကိုဂတ္စ္မ်ားျဖင့္ျပည့္ေနေစကာေဖာေရာင္ေနေစႏိုင္ပါတယ္။ ေလ့က်င့္ခန္းမလုပ္ခင္မွာလံုး၀မေသာက္သံုးပဲ အားကစားလုပ္ၿပီးသည့္ေနာက္မွာလည္းေရကိုသာေသာက္သံုးေပးပါ။

Credit : MyFood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အားကစားရုံများတွင် ကြိုးစားပန်းစားလေ့ကျင့်ခန်းလုပ်ပြီးနောက် သို့မဟုတ် အပြေးလေ့ကျင့်ပြီးပြန်ရောက်လာသည့်အခါများတွင် လောင်ကျွမ်းသွားသည့် ကယ်လိုရီများနေရာတွင် အစားထိုးရန်အတွက် အစားအစာအချို့ကိုစားသုံးပေးရန်လိုအပ်ပါတယ်။ ထိုအခါတွင် ပရိုတင်းနှင့် ကာဗိုဟိုက်ဒရိုတ်တို့ ကြွယ်ဝသောအစားအစာများကိုစားသောက်ရန် အလွန်အရေးကြီးပါတယ်။ ထို့ကြောင်ပင်ပင်ပန်းပန်းကြိုးစားထားရသောအားစိုက်မှုများကိုအလဟဿမဖြစ်စေရန်အတွက်လေ့ကျင့်ခန်းလုပ်ပြီးသည့်နောက် လုံးဝစားသုံးရန်မသင့်တော်သည့် အစားအစာများကိုဖော်ပြပေးလိုက်ရပါတယ်။

၁။ ဟင်းသီးဟင်းရွက်အစိမ်းများ

အစိမ်းသာရှိသေးသောဟင်းသီးဟင်းရွက်များသည် လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်းကုန်ခမ်းသွားသောစွမ်းအင်နှင့် ဇီဝဖြစ်စဉ်ကို ပြန်လည်ထိန်းသိမ်းနိုင်ရန်အတွက် လုံလောက်သောကယ်လိုရီများမထောက်ပံ့နိုင်ပေ။

၂။ ဆီကြော်စာများ

အာလူးကြော်များ၊ ဘာဂါများကဲ့သို့သော အဆီများစွာပါဝင်သည့်အစားအသောက်များကိုလေ့ကျင့်ခန်းလုပ်ပြီးနောက် စားသုံးခြင်းမှရှောင်ရှားပါ။ ထိုကဲ့သို့အဆီများသည့်အစာများကိုစားသောက်လိုက်သည့်အခါ ရရှိလာအုံးမည့် အပိုကယ်လိုရိများနှင့်ကာဗိုဟိုက်ဒရိုတ်များကိုလောင်ကျွမ်းစေရန်အတွက် လေ့ကျင့်ခန်းထပ်မံလုပ်ဆောင်ရအုံးမှာဖြစ်ပါတယ်။

၃။ အာလူးကြော်များ

အငန်ဓာတ်အထူးပါဝင်သော အစားအစာများကိုစားသုံးခြင်းသည် လေ့ကျင့်ခန်းလုပ်ပြီးနောက် ကုန်ဆုံးသွားသည့် အားအင်များကို ပြန်လည်ဖြည့်တင်းရန်လိုအပ်သောပိုတက်စီယမ်ပမာဏကိုနည်းပါးစေသောကြောင့် ရှောင်ရှားစေလိုပါတယ်။

၄။ ပီဇာ

ပီဇာတစ်ချပ်တွင် အစာခြေဖျက်ရန်ခက်ခဲပြီး ဆိုးရွားသောအဆီများပါဝင်သည့် အသားများ၊ ချိစ်များပါဝင်၍ ကယ်လိုရီအမြောက်အမြားပြည့်ဝနေသောကြောင့် စားသုံးမိခြင်းမှ အထူးရှောင်ရှားရမှာဖြစ်ပါတယ်။

၅။ ဂတ်စ်ပါအအေးများ

သကြားနှင့်ဓာတုဆေးဝါးများအပြည့်ရှိပြီးအာဟာရဓာတ်နှင့် ရေဓာတ်ကိုဖြည့်တင်းပေးနိုင်သည့် စွမ်းရည်လုံးဝမရှိသည့်အပြင် သွားပိုးစားမှုကိုပါ ဖြစ်စေနိုင်ပါတယ်။

၆။ ချောကလက်

စွမ်းအင်မြှင့်တင်ရန်အတွက် အချိုဓာတ်လိုအပ်သည်မှန်သော်လည်းချောကလက်တွင်သကြားများဖြင့်ပြည့်နေပြီး ကယ်လိုရီအမြောက်အမြားပါဝင်ပါတယ်။

၇။ အားအင်ဖြည့်အချိုရည်များ

ခန္ဓာကိုယ်ကိုရေဓာတ်မဖြည့်တင်းပေးနိုင်ရုံသာမကကဖင်းဓာတ်ဖြင့်ပြည့်ဝနေသော ကာဗွန်နိတ်အအေးများဖြစ်သောကြောင့် သင့်ကိုဂတ်စ်များဖြင့်ပြည့်နေစေကာဖောရောင်နေစေနိုင်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်မှာလုံးဝမသောက်သုံးပဲ အားကစားလုပ်ပြီးသည့်နောက်မှာလည်းရေကိုသာသောက်သုံးပေးပါ။

Credit : MyFood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top