iMyanmarHouse.com - Best Property Website for Myanmar
×

"အမ်ိဳးသားေတြ အေပ်ာ္ဆံုး အခ်ိန္"

ဘဝမွာ အမ်ိဳးသားေတြ စိတ္အေပ်ာ္ရႊင္ရဆံုး အခ်ိန္ကုိ သုေတသနစစ္တမ္းတစ္ခုက ေဖာ္ထုတ္လိုက္ပါတယ္။

သုေတသနအဖြဲ႔တစ္ခုရဲ႕ ေလ့လာခ်က္အရ ဘဝမွာ အမ်ိဳးသားေတြ စိတ္အညစ္ရဆံုး၊ စိတ္ဓာတ္အက်ဆံုး အခ်ိန္က အသက္ ၄၅ ႏွစ္က စတင္တယ္လို႔ ဆိုပါတယ္။ အသက္ ၄၅ နွစ္ကေန ၅၉ ႏွစ္အထိ အသက္အရြယ္ဟာ အမ်ိဳးသားေတြ စိတ္ဓာတ္က်ဆင္းမႈ အမ်ားဆံုး ျဖစ္ၾကခ်ိန္ပါ။

စိတ္အညစ္ရဆံုး အခ်ိန္ကို ႀကံဳေတြ႔ရသလို အေပ်ာ္ရဆံုး အခ်ိန္လည္း ရွိပါတယ္။ ဒါေပမယ့္ အမ်ိဳးသားေတြအတြက္ အေပ်ာ္ရဆံုး အခ်ိန္ကေတာ့ အေတာ္ေလး ေနာက္က်ၿပီးမွ ေရာက္လာတက္ပါတယ္။ ပွ်မ္းမွ်အားျဖင့္ အသက္ ၆၅ ႏွစ္ကေန ၇၉ ႏွစ္ထိ အရြယ္ဟာ အမ်ိဳးသားေတြရဲ႕ ဘဝမွာ အေပ်ာ္ရဆံုးအခ်ိန္ ျဖစ္ပါတယ္။

အရြယ္ေရာက္ၿပီးသူ အမ်ိဳးသား သံုးသိန္းေက်ာ္ကို ၿဗိတိန္မွာရွိတဲ့ National Statistics အဖြဲ႔က ေလ့လာစစ္တမ္း ေကာက္ယူၿပီးအခါမွာ ဒီရလဒ္ ထြက္ေပၚလာတာပါ။ အသက္ ၄၅ ႏွစ္အရြယ္ကေန ၅၉ ႏွစ္ အ႐ြယ္ၾကားမွာ အမ်ိဳးသားေတြဟာ စိုးရိမ္ပူပင္မႈေတြလည္း မ်ားေနတက္ပါတယ္။ ဒီေလ့လာခ်က္ကေန ေနာက္ထပ္ထြက္လာရတဲ့ ရလဒ္တစ္ခုကေတာ့ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အၿငိမ္းစားယူတဲ့ အမ်ိဳးသားေတြဟာ ဘဝကို ပိုၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖတ္သန္းႏုိင္ၾကတယ္လို႔ ဆိုပါတယ္။

Source & Photos : BBC

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
"အမျိုးသားတွေ အပျော်ဆုံး အချိန်"

ဘဝမှာ အမျိုးသားတွေ စိတ်အပျော်ရွှင်ရဆုံး အချိန်ကို သုတေသနစစ်တမ်းတစ်ခုက ဖော်ထုတ်လိုက်ပါတယ်။

သုတေသနအဖွဲ့တစ်ခုရဲ့ လေ့လာချက်အရ ဘဝမှာ အမျိုးသားတွေ စိတ်အညစ်ရဆုံး၊ စိတ်ဓာတ်အကျဆုံး အချိန်က အသက် ၄၅ နှစ်က စတင်တယ်လို့ ဆိုပါတယ်။ အသက် ၄၅ နှစ်ကနေ ၅၉ နှစ်အထိ အသက်အရွယ်ဟာ အမျိုးသားတွေ စိတ်ဓာတ်ကျဆင်းမှု အများဆုံး ဖြစ်ကြချိန်ပါ။

စိတ်အညစ်ရဆုံး အချိန်ကို ကြုံတွေ့ရသလို အပျော်ရဆုံး အချိန်လည်း ရှိပါတယ်။ ဒါပေမယ့် အမျိုးသားတွေအတွက် အပျော်ရဆုံး အချိန်ကတော့ အတော်လေး နောက်ကျပြီးမှ ရောက်လာတက်ပါတယ်။ ပျှမ်းမျှအားဖြင့် အသက် ၆၅ နှစ်ကနေ ၇၉ နှစ်ထိ အရွယ်ဟာ အမျိုးသားတွေရဲ့ ဘဝမှာ အပျော်ရဆုံးအချိန် ဖြစ်ပါတယ်။

အရွယ်ရောက်ပြီးသူ အမျိုးသား သုံးသိန်းကျော်ကို ဗြိတိန်မှာရှိတဲ့ National Statistics အဖွဲ့က လေ့လာစစ်တမ်း ကောက်ယူပြီးအခါမှာ ဒီရလဒ် ထွက်ပေါ်လာတာပါ။ အသက် ၄၅ နှစ်အရွယ်ကနေ ၅၉ နှစ် အရွယ်ကြားမှာ အမျိုးသားတွေဟာ စိုးရိမ်ပူပင်မှုတွေလည်း များနေတက်ပါတယ်။ ဒီလေ့လာချက်ကနေ နောက်ထပ်ထွက်လာရတဲ့ ရလဒ်တစ်ခုကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အငြိမ်းစားယူတဲ့ အမျိုးသားတွေဟာ ဘဝကို ပိုပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြတယ်လို့ ဆိုပါတယ်။

Source & Photos : BBC

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top