iMyanmarHouse.com - Best Property Website for Myanmar
×

အမွီအခုိကင္းတဲ့ အမ်ဳိးသမီးေတြဟာ စိတ္မာတယ္။ တက္ၾကြတယ္။ အက်ဳိးအေၾကာင္း ဆက္စပ္ေတြးေခၚတယ္။ သူ႔အတြက္သူ အျမဲစဥ္းစားတယ္။

အမွီအခုိကင္းၿပီး ထက္ျမက္လွတဲ့ မိန္းကေလးေဘးမွာ ေနဖို႔ဆုိရင္ သူနဲ႔ အမွီလိုက္ႏုိင္ဖို႔ လိုပါတယ္။ အဲဒီလို မိန္းကေလးမ်ဳိးကိုမွ ခ်စ္မိၿပီဆုိရင္ေတာ့ အေတာ္ေလး ႀကိဳးစားရပါလိမ့္မယ္။

၁။ ဦးေဆာင္ပါ

ဆံုးျဖတ္ခ်က္ေတြ ခ်ရေတာ့မယ္ဆုိရင္ အမွီအခုိကင္းတဲ့ အမ်ဳိးသမီးက သူ႕ရဲ႕သဘာဝအတုိင္း သူတုိ႔က အရင္ဦးေအာင္ လုပ္တတ္ၾကတယ္။ သူတုိ႔ကို အျမဲ ဦးေဆာင္အႏိုင္ယူဖို႔ မဟုတ္ပါဘူး။ သင္ ဦးေဆာင္ရမယ့္အခ်ိန္မွာ ခက္ခဲတဲ့ ျပႆနာေတြကို လြယ္လြယ္ကူကူနဲ႔ သင္ ဘယ္လို ရွင္းသြားႏုိင္တယ္ဆုိတာ သူ႔ကို ျပလိုက္ပါ။ သူမ လံုးဝေမွ်ာ္လင့္မထားတဲ့ အစီအစဥ္ေတြနဲ႔ သူမကို အံ့ၾသသြားပါေစ။

၂။ စိတ္ရွည္တတ္ေအာင္ ေလ့က်င့္ပါ။

သူမဟာ ခက္ထန္ၿပီး ရန္လိုတတ္တဲ့ အက်င့္ရွိပါတယ္။ သူမဘဝမွာ သူမသာလွ်င္ ဘုရင္မ ျဖစ္ခဲ့တာ မဟုတ္လား။ အဲဒီေတာ့ တစ္ခုခုကို သူမ မထိန္းခ်ဳပ္ႏုိင္ေတာ့ဘူးဆုိရင္ ေပါက္ကြဲပါလိမ့္မယ္။ နားလည္မႈနဲ႔ စိတ္ရွည္လက္ရွည္ သူမကို ကူညီပါ။

၃။ စိန္ေခၚမႈေတြကို လက္ခံ အႏိုင္ယူပါ

သူမပါးစပ္ကေတာ့ ထုတ္ေျပာခ်င္မွ ေျပာမွာ ျဖစ္ေပမဲ့ သူမရဲ႕ လက္တြဲေဖာ္အတြက္ သူမရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ ျမင့္မားပါတယ္။ အဲဒါေၾကာင့္ သင့္ရဲ႕ လုပ္ေဆာင္ခ်က္ေတြက ဘယ္ေလာက္ေကာင္းတယ္ဆုိတာ သူမသိေအာင္ ျပပါ။

၄။ ဆံုးျဖတ္ခ်က္ခ်ရာမွာ သူမကို ပါဝင္ေစပါ

အမွီအခုိကင္းတဲ့ မိန္းမတစ္ေယာက္အတြက္ ဆံုးျဖတ္ခ်က္ေတြကို ကိုယ္က ခ်ေပးတာမ်ဳိး ဘယ္ေတာ့မွ မလုပ္မိပါေစနဲ႔။ ဘယ္လိုကိစၥမ်ဳိးမွာပဲျဖစ္ျဖစ္ သင္က အတူတကြ လုပ္ေဆာင္ေပးရာမွာ အေဖာ္ေကာင္းတစ္ေယာက္ ျဖစ္တယ္ဆိုတာ သူခံစားရေအာင္ လုပ္ပါ။ သူမရဲ႕ စိတ္ကူးေတြကို ေမးၿပီး သူမေျပာသမွ်ကို သင္ အေလးထားတယ္လို႔ သူမ ခံစားရေအာင္ လုပ္ပါ။

၅။ အမွီအခုိ ကင္းကင္းနဲ႔ ရွိေနပါေစ

သူမဟာ သူမအေပၚ လာမွီခိုမယ့္သူ၊ အရာရာ သူမရဲ႕ ခြင့္ျပဳမႈကို ေတာင္းဆုိတဲ့သူမ်ဳိးကို မလိုခ်င္ပါဘူး။ ကိုယ့္လမ္းကိုယ္ေလွ်ာက္ၿပီး ကိုယ့္ရဲ႕ရည္မွန္းခ်က္ေတြကို ကိုယ့္ဘာသာ အေကာင္အထည္ေဖာ္ပါ။ သင္ဟာ အမွီအခုိကင္းတယ္ဆုိတာ သူမ ျမင္ေအာင္ ျပပါ။

၆။ သူမ မတတ္တာ တစ္ခုခုကို သင္ေပးပါ။

သူမဟာ အျမဲသင္ယူလိုစိတ္ရွိသူပါ။ သူမ စိတ္ဝင္စားမယ့္ အရာတစ္ခုခုမွာ သင္ ကၽြမ္းက်င္ေနတယ္ဆုိရင္ သင္ေပးလိုက္ပါ။

၇။ တာဝန္ယူတတ္ပါ

သင္တုိ႔ႏွစ္ဦးရဲ႕ ဆက္ဆံေရးနဲ႔မဆုိင္ပါဘူး။ ကိုယ့္ရဲ႕တာဝန္ေတြကို ေယာက္်ားေကာင္းတစ္ေယာက္အေနနဲ႔ လ်စ္လ်ဴမ႐ႈတတ္ေၾကာင္း ျပသပါ။

၈။ စြန္႔စားမႈေတြ လုပ္ေဆာင္ပါ

သူမတစ္ေယာက္တည္းနဲ႔ အရာရာကို ၿပီးေျမာက္ေအာင္ လုပ္ေဆာင္ခဲ့တာ မေမ့ပါနဲ႔။ သင့္ရဲ႕ ထူးျခားမႈေတြကို သူမ သိေအာင္လုပ္ပါ။ စားေသာက္ဆုိင္မွာ သာမန္ဒိတ္တစ္ခု လုပ္မယ့္အစား သူမကို စြန္႔စားမႈတစ္ခုဆီ ေခၚေဆာင္သြားပါ။

၉။ သတၱိရွိပါ။

သင္က အရြယ္ေရာက္ေနတဲ့ အမ်ဳိးသားတစ္ေယာက္ပါ။ ကေလးမဟုတ္ပါဘူး။ သင့္ဘဝကို ေကာင္းေကာင္း ဦးေဆာင္ပါ။ သင့္အိပ္မက္ေတြကို သိၿပီး အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးစားပါ။

၁၀။ သူမကို အားေပးပါ

အမွီအခုိကင္းတဲ့ အမ်ဳိးသမီးတစ္ေယာက္အတြက္ အလုပ္က ပထမဦးစားေပးပါပဲ။ သူမရဲ႕ အတတ္ပညာနဲ႔ ပတ္သက္လာတဲ့အခါ သူမကို အားေပးၿပီး လိုအပ္ခ်ိန္မွာ သူမေဘးကေန တိုက္တြန္းေပးပါ။

Source & Photos : The Bolde

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အမှီအခိုကင်းတဲ့ အမျိုးသမီးတွေဟာ စိတ်မာတယ်။ တက်ကြွတယ်။ အကျိုးအကြောင်း ဆက်စပ်တွေးခေါ်တယ်။ သူ့အတွက်သူ အမြဲစဉ်းစားတယ်။

အမှီအခိုကင်းပြီး ထက်မြက်လှတဲ့ မိန်းကလေးဘေးမှာ နေဖို့ဆိုရင် သူနဲ့ အမှီလိုက်နိုင်ဖို့ လိုပါတယ်။ အဲဒီလို မိန်းကလေးမျိုးကိုမှ ချစ်မိပြီဆိုရင်တော့ အတော်လေး ကြိုးစားရပါလိမ့်မယ်။

၁။ ဦးဆောင်ပါ

ဆုံးဖြတ်ချက်တွေ ချရတော့မယ်ဆိုရင် အမှီအခိုကင်းတဲ့ အမျိုးသမီးက သူ့ရဲ့သဘာဝအတိုင်း သူတို့က အရင်ဦးအောင် လုပ်တတ်ကြတယ်။ သူတို့ကို အမြဲ ဦးဆောင်အနိုင်ယူဖို့ မဟုတ်ပါဘူး။ သင် ဦးဆောင်ရမယ့်အချိန်မှာ ခက်ခဲတဲ့ ပြဿနာတွေကို လွယ်လွယ်ကူကူနဲ့ သင် ဘယ်လို ရှင်းသွားနိုင်တယ်ဆိုတာ သူ့ကို ပြလိုက်ပါ။ သူမ လုံးဝမျှော်လင့်မထားတဲ့ အစီအစဉ်တွေနဲ့ သူမကို အံ့သြသွားပါစေ။

၂။ စိတ်ရှည်တတ်အောင် လေ့ကျင့်ပါ။

သူမဟာ ခက်ထန်ပြီး ရန်လိုတတ်တဲ့ အကျင့်ရှိပါတယ်။ သူမဘဝမှာ သူမသာလျှင် ဘုရင်မ ဖြစ်ခဲ့တာ မဟုတ်လား။ အဲဒီတော့ တစ်ခုခုကို သူမ မထိန်းချုပ်နိုင်တော့ဘူးဆိုရင် ပေါက်ကွဲပါလိမ့်မယ်။ နားလည်မှုနဲ့ စိတ်ရှည်လက်ရှည် သူမကို ကူညီပါ။

၃။ စိန်ခေါ်မှုတွေကို လက်ခံ အနိုင်ယူပါ

သူမပါးစပ်ကတော့ ထုတ်ပြောချင်မှ ပြောမှာ ဖြစ်ပေမဲ့ သူမရဲ့ လက်တွဲဖော်အတွက် သူမရဲ့ မျှော်လင့်ချက်တွေ မြင့်မားပါတယ်။ အဲဒါကြောင့် သင့်ရဲ့ လုပ်ဆောင်ချက်တွေက ဘယ်လောက်ကောင်းတယ်ဆိုတာ သူမသိအောင် ပြပါ။

၄။ ဆုံးဖြတ်ချက်ချရာမှာ သူမကို ပါဝင်စေပါ

အမှီအခိုကင်းတဲ့ မိန်းမတစ်ယောက်အတွက် ဆုံးဖြတ်ချက်တွေကို ကိုယ်က ချပေးတာမျိုး ဘယ်တော့မှ မလုပ်မိပါစေနဲ့။ ဘယ်လိုကိစ္စမျိုးမှာပဲဖြစ်ဖြစ် သင်က အတူတကွ လုပ်ဆောင်ပေးရာမှာ အဖော်ကောင်းတစ်ယောက် ဖြစ်တယ်ဆိုတာ သူခံစားရအောင် လုပ်ပါ။ သူမရဲ့ စိတ်ကူးတွေကို မေးပြီး သူမပြောသမျှကို သင် အလေးထားတယ်လို့ သူမ ခံစားရအောင် လုပ်ပါ။

၅။ အမှီအခို ကင်းကင်းနဲ့ ရှိနေပါစေ

သူမဟာ သူမအပေါ် လာမှီခိုမယ့်သူ၊ အရာရာ သူမရဲ့ ခွင့်ပြုမှုကို တောင်းဆိုတဲ့သူမျိုးကို မလိုချင်ပါဘူး။ ကိုယ့်လမ်းကိုယ်လျှောက်ပြီး ကိုယ့်ရဲ့ရည်မှန်းချက်တွေကို ကိုယ့်ဘာသာ အကောင်အထည်ဖော်ပါ။ သင်ဟာ အမှီအခိုကင်းတယ်ဆိုတာ သူမ မြင်အောင် ပြပါ။

၆။ သူမ မတတ်တာ တစ်ခုခုကို သင်ပေးပါ။

သူမဟာ အမြဲသင်ယူလိုစိတ်ရှိသူပါ။ သူမ စိတ်ဝင်စားမယ့် အရာတစ်ခုခုမှာ သင် ကျွမ်းကျင်နေတယ်ဆိုရင် သင်ပေးလိုက်ပါ။

၇။ တာဝန်ယူတတ်ပါ

သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးနဲ့မဆိုင်ပါဘူး။ ကိုယ့်ရဲ့တာဝန်တွေကို ယောက်ျားကောင်းတစ်ယောက်အနေနဲ့ လျစ်လျူမရှုတတ်ကြောင်း ပြသပါ။

၈။ စွန့်စားမှုတွေ လုပ်ဆောင်ပါ

သူမတစ်ယောက်တည်းနဲ့ အရာရာကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့တာ မမေ့ပါနဲ့။ သင့်ရဲ့ ထူးခြားမှုတွေကို သူမ သိအောင်လုပ်ပါ။ စားသောက်ဆိုင်မှာ သာမန်ဒိတ်တစ်ခု လုပ်မယ့်အစား သူမကို စွန့်စားမှုတစ်ခုဆီ ခေါ်ဆောင်သွားပါ။

၉။ သတ္တိရှိပါ။

သင်က အရွယ်ရောက်နေတဲ့ အမျိုးသားတစ်ယောက်ပါ။ ကလေးမဟုတ်ပါဘူး။ သင့်ဘဝကို ကောင်းကောင်း ဦးဆောင်ပါ။ သင့်အိပ်မက်တွေကို သိပြီး အကောင်အထည်ဖော်ဖို့ ကြိုးစားပါ။

၁၀။ သူမကို အားပေးပါ

အမှီအခိုကင်းတဲ့ အမျိုးသမီးတစ်ယောက်အတွက် အလုပ်က ပထမဦးစားပေးပါပဲ။ သူမရဲ့ အတတ်ပညာနဲ့ ပတ်သက်လာတဲ့အခါ သူမကို အားပေးပြီး လိုအပ်ချိန်မှာ သူမဘေးကနေ တိုက်တွန်းပေးပါ။

Source & Photos : The Bolde

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top