iMyanmarHouse.com - Best Property Website for Myanmar
×

အေညာင္းအညာ ေျပသြားေစၿပီး ငုပ္ေနတဲ့ အပူေတြပါ ထြက္သြားေစတယ္

က်န္းမာတဲ့ ေျခေထာက္ကို ရရွိမွပဲ လွပတဲ့ ေျခေထာက္ေတြ ဖန္တီးႏိုင္မွာ၊ ဘ၀အတြက္ ေျခလွမ္းေတြက လွပ အဖိုးတန္ ေနမွာ ျဖစ္တာေၾကာင့္ ေျခေထာက္ပိုင္း ဆိုင္ရာ ထိန္းသိမ္းမႈနဲ႔ ေျခေထာက္ က်န္းမာေရးကို ရွာေဖြ ေဖာ္ထုတ္ ေပးလိုက္ပါတယ္။ ေန႔စဥ္ မိမိကိုယ္တိုင္ ျပဳျပင္ ေဆာင္ရြက္ႏိုင္တဲ့ နည္းလမ္းေကာင္း ေတြပါ။ အခ်ိန္ မအားလပ္လို႔ ဆိုင္ေတြ မသြားႏိုင္သူမ်ား အတြက္လည္း အဆင္ေျပတယ္။ အခု ေဖာ္ျပလိုက္တဲ့ ေျခေထာက္ ဆားရည္စိမ္တာကလည္း ေျခေထာက္နဲ႔ ေျခဖဝါးေတြအတြက္ ေကာင္းမြန္ပါတယ္။

ေျခေထာက္ဆားစိမ္ သန္႔စင္မယ္

ကိုယ္႕ရဲ႕ေျခေထာက္ ႏွစ္ဖက္ စလံုးကို (ေျခမ်က္စိ ကေန စၿပီး ေျခဖ၀ါး အထိ) ဆပ္ျပာနဲ႔ အေသအခ်ာ သန္႕စင္ေအာင္ ေဆးေၾကာပါ။ သန္႕စင္ၿပီးတဲ့ ေျခေထာက္ကို Cream, Lotion ႏွစ္သက္ရာ လိမ္းပါ။ (ေျခေထာက္အတြက္ သီးသန္႔ Cream ေတြ ေပၚေနေပမယ့္ Skin Lotion တစ္ခုခု ဆိုရင္လည္း လြယ္ကူ အဆင္ေျပ ပါတယ္)

ေျခေထာက္ ဆားစိမ္ တဲ့စက္ (သို႔မဟုတ္) ဇလံု တစ္ခုထဲမွာ ဆားလက္ တစ္ဆုပ္ကို ေရေႏြးနဲ႔ ေဖ်ာ္ပါ။ မပူလြန္း၊ မေႏြးလြန္း (ေျခေထာက္ ထည့္စိမ္ႏိုင္ ေလာက္တဲ့ အေနအထား) တဲ့ ေရပူ ျဖစ္ရ ပါမယ္။ အဲဒီ ဆားေဖ်ာ္ရည္ ထဲမွာ ေျခေထာက္ကို ၁၅ မိနစ္ခန္႔ စိမ္ထားေပးရ ပါမယ္။

ႏူးညံ့လာတဲ့ ေျခဖေနာင့္နဲ႔ ေျခဖ၀ါးမွာ ရွိတဲ့ အသားမာေတြ အညစ္အေၾကးေတြကို အသားမာ တိုက္တဲ့ Brush နဲ႔ ပြတ္တိုက္ သန္႕စင္ေပးရ ပါမယ္။

ဆားစိမ္ အၿပီးမွာ ေျခေထာက္ကို ဇလားထဲက ထုတ္ၿပီး ေျခသည္း သန္႔စင္မႈ အတြက္ ေျခသည္း တစ္ခုခ်င္းစီ ေပၚမွာ Cream ေတြ ပြတ္လိမ္းေပးပါ။ ေျခသည္း ကေလာ္တဲ့ ကိရိယာ (သို႔မဟုတ္) နားက်ပ္ ဂြမ္းတံနဲ႔ ေျခသည္းေပၚ၊ ေျခသည္းၾကားေတြကို သန္႔စင္ပါ။ သန္႔စင္သြားၿပီ ဆိုရင္ ေျခေထာက္ေတြကို ဆပ္ျပာနဲ႔ သန္႔စင္သြားေအာင္ ေဆးေၾကာေပးပါ။

ႏူးညံ့ ေပ်ာ့ေပ်ာင္းၿပီး အနံ႔အသက္ ကင္းသန္႔စင္သြားတဲ့ ေျခေခ်ာင္း၊ ေျခသည္းေလးေတြကို ေျခသည္းေဆးဆိုး အၾကည္ေရာင္နဲ႔ အေရာင္တင္ ေပးပါ။ ေျခေထာက္ ဆားစိမ္ျခင္းဟာ ေျခေထာက္ အသားအေရကို ႏူးညံ့ေစၿပီး သန္႔စင္ေစတဲ့ အျပင္ ေျခဆီထြက္ျခင္း၊ အနံ႔နံျခင္း၊ ေျခေထာက္ အေၾကာတက္ျခင္းေတြ ကိုပါ ေပ်ာက္ကင္း သက္သာေစပါတယ္။

ပံုမွန္ ျပဳလုပ္ေပးျခင္း အားျဖင့္ ရရွိလာမယ့္ အက်ဳိး ေက်းဇူးေတြကေတာ့ အေညာင္းအညာ ေျပတယ္။ ငုပ္ေနတဲ့ အပူ ထြက္တယ္။ ေျခေထာက္က အပူ ထြက္႐ံုတင္မကဘဲ ေခါင္းကပါ အပူထြက္ ေစတယ္။ အဲဒီေတာ့ ေခါင္းကိုက္တာ၊ ဇက္ေၾကာတက္တာ၊ မ်က္စိေ၀တာ၊ မႈန္တာေတြ သက္သာၿပီေပါ့။ ၿပီးေတာ့ ေျခေထာက္ အသားအေရ ကိုလည္း လွပ ေပ်ာ့ေပ်ာင္း ႏူးညံ့ေစတယ္။ ခႏၶာကိုယ္ ေပါ့ပါးရႊင္လန္းၿပီး မ်က္ႏွာျပင္ အသားအေရ ကိုပါ သန္႕စင္ၾကည္လင္ လာေစပါတယ္။ ေျခေထာက္ကို အခုလို ပံုမွန္ ဂ႐ုစိုက္ေပး႐ံုနဲ႔ ေျခေထာက္ က်န္းမာေရး သာမက ခႏၶာကိုယ္ အေၾကာအျခင္ေတြ အကုန္ ေျပေလ်ာ့ေစၿပီး လ႔ူက်န္းမာေရး အတြက္လည္း ေကာင္းေစႏိုင္တာေၾကာင့္ တကယ္လက္ေတြ႕ အသံုးျပဳသင့္ ပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အညောင်းအညာ ပြေသွားစေပြီး ငုပ်နေတဲ့ အပူတွေပါ ထွက်သွားစေတယ်

ကျန်းမာတဲ့ ခြေထောက်ကို ရရှိမှပဲ လှပတဲ့ ခြေထောက်တွေ ဖန်တီးနိုင်မှာ၊ ဘဝအတွက် ခြေလှမ်းတွေက လှပ အဖိုးတန် နေမှာ ဖြစ်တာကြောင့် ခြေထောက်ပိုင်း ဆိုင်ရာ ထိန်းသိမ်းမှုနဲ့ ခြေထောက် ကျန်းမာရေးကို ရှာဖွေ ဖော်ထုတ် ပေးလိုက်ပါတယ်။ နေ့စဉ် မိမိကိုယ်တိုင် ပြုပြင် ဆောင်ရွက်နိုင်တဲ့ နည်းလမ်းကောင်း တွေပါ။ အချိန် မအားလပ်လို့ ဆိုင်တွေ မသွားနိုင်သူများ အတွက်လည်း အဆင်ပြေတယ်။ အခု ဖော်ပြလိုက်တဲ့ ခြေထောက် ဆားရည်စိမ်တာကလည်း ခြေထောက်နဲ့ ခြေဖဝါးတွေအတွက် ကောင်းမွန်ပါတယ်။

ခြေထောက်ဆားစိမ် သန့်စင်မယ်

ကိုယ့်ရဲ့ခြေထောက် နှစ်ဖက် စလုံးကို (ခြေမျက်စိ ကနေ စပြီး ခြေဖဝါး အထိ) ဆပ်ပြာနဲ့ အသေအချာ သန့်စင်အောင် ဆေးကြောပါ။ သန့်စင်ပြီးတဲ့ ခြေထောက်ကို Cream, Lotion နှစ်သက်ရာ လိမ်းပါ။ (ခြေထောက်အတွက် သီးသန့် Cream တွေ ပေါ်နေပေမယ့် Skin Lotion တစ်ခုခု ဆိုရင်လည်း လွယ်ကူ အဆင်ပြေ ပါတယ်)

ခြေထောက် ဆားစိမ် တဲ့စက် (သို့မဟုတ်) ဇလုံ တစ်ခုထဲမှာ ဆားလက် တစ်ဆုပ်ကို ရေနွေးနဲ့ ဖျော်ပါ။ မပူလွန်း၊ မနွေးလွန်း (ခြေထောက် ထည့်စိမ်နိုင် လောက်တဲ့ အနေအထား) တဲ့ ရေပူ ဖြစ်ရ ပါမယ်။ အဲဒီ ဆားဖျော်ရည် ထဲမှာ ခြေထောက်ကို ၁၅ မိနစ်ခန့် စိမ်ထားပေးရ ပါမယ်။

နူးညံ့လာတဲ့ ခြေဖနောင့်နဲ့ ခြေဖဝါးမှာ ရှိတဲ့ အသားမာတွေ အညစ်အကြေးတွေကို အသားမာ တိုက်တဲ့ Brush နဲ့ ပွတ်တိုက် သန့်စင်ပေးရ ပါမယ်။

ဆားစိမ် အပြီးမှာ ခြေထောက်ကို ဇလားထဲက ထုတ်ပြီး ခြေသည်း သန့်စင်မှု အတွက် ခြေသည်း တစ်ခုချင်းစီ ပေါ်မှာ Cream တွေ ပွတ်လိမ်းပေးပါ။ ခြေသည်း ကလော်တဲ့ ကိရိယာ (သို့မဟုတ်) နားကျပ် ဂွမ်းတံနဲ့ ခြေသည်းပေါ်၊ ခြေသည်းကြားတွေကို သန့်စင်ပါ။ သန့်စင်သွားပြီ ဆိုရင် ခြေထောက်တွေကို ဆပ်ပြာနဲ့ သန့်စင်သွားအောင် ဆေးကြောပေးပါ။

နူးညံ့ ပျော့ပျောင်းပြီး အနံ့အသက် ကင်းသန့်စင်သွားတဲ့ ခြေချောင်း၊ ခြေသည်းလေးတွေကို ခြေသည်းဆေးဆိုး အကြည်ရောင်နဲ့ အရောင်တင် ပေးပါ။ ခြေထောက် ဆားစိမ်ခြင်းဟာ ခြေထောက် အသားအရေကို နူးညံ့စေပြီး သန့်စင်စေတဲ့ အပြင် ခြေဆီထွက်ခြင်း၊ အနံ့နံခြင်း၊ ခြေထောက် အကြောတက်ခြင်းတွေ ကိုပါ ပျောက်ကင်း သက်သာစေပါတယ်။

ပုံမှန် ပြုလုပ်ပေးခြင်း အားဖြင့် ရရှိလာမယ့် အကျိုး ကျေးဇူးတွေကတော့ အညောင်းအညာ ပြေတယ်။ ငုပ်နေတဲ့ အပူ ထွက်တယ်။ ခြေထောက်က အပူ ထွက်ရုံတင်မကဘဲ ခေါင်းကပါ အပူထွက် စေတယ်။ အဲဒီတော့ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာ၊ မျက်စိဝေတာ၊ မှုန်တာတွေ သက်သာပြီပေါ့။ ပြီးတော့ ခြေထောက် အသားအရေ ကိုလည်း လှပ ပျော့ပျောင်း နူးညံ့စေတယ်။ ခန္ဓာကိုယ် ပေါ့ပါးရွှင်လန်းပြီး မျက်နှာပြင် အသားအရေ ကိုပါ သန့်စင်ကြည်လင် လာစေပါတယ်။ ခြေထောက်ကို အခုလို ပုံမှန် ဂရုစိုက်ပေးရုံနဲ့ ခြေထောက် ကျန်းမာရေး သာမက ခန္ဓာကိုယ် အကြောအခြင်တွေ အကုန် ပြေလျော့စေပြီး လ့ူကျန်းမာရေး အတွက်လည်း ကောင်းစေနိုင်တာကြောင့် တကယ်လက်တွေ့ အသုံးပြုသင့် ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top