iMyanmarHouse.com - Best Property Website for Myanmar
×






Source: MDI

Credit : ဇော်ကို

ဆေးပညာရှင်များ၊သိပ္ပံပညာရှင် များစွာ ရောဂါကာကွယ်ဆေး၊ ကုသ ဆေးမျိုးစုံတီထွင်ဖန်တီးလျက်ရှိကြ သည်။ ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင် ခြင်းအတွက် ထိထိရောက်ရောက် ကုသနိုင်မည့်နည်းလမ်းမရှိသေး။

ထူထဲ တောက်ပြောင်သော ဆံကေသာသည် ငယ်ရွယ်ခြင်း၏ ဝိသေသတစ်ခုဖြစ်သည်။ ဆံပင်ကျွတ် ခြင်းကြောင့် စိတ်ဖိစီးမှုနှင့် စိတ်ကျ ဝေဒနာတို့ခံစားရတတ်သည်။ နေထိုင် မှုပုံစံပြောင်းလဲခြင်း၊ ပတ်ဝန်းကျင်ညစ် ညမ်းမှုနှင့် ကျန်းမာရေးပြဿနာများ ကြောင့် ဆံပင်ကျွတ်လေ့ရှိသည်။
 အံ့အားသင့်ဖွယ်ကောင်းသော အချက်မှာ စီးပွားဖြစ်ရောင်းချနေ သော ဆံပင်ပေါက်ဆေးများတွင် ကြက်သွန်နီပါဝင်လေ့ရှိသည်။ ကြက် သွန်နီကို ဆံပင်ပြန်ပေါက်ဆေးတွင် ထည့်သွင်းသည်မှာ ကြောင်တောင် တောင်နိုင်သော်လည်း ဆံပင်ကျွတ် ခြင်း၊ ထိပ်ပြောင်ခြင်းတို့ကိုကုသ ရာတွင် အဓိကဆေးပစ္စည်းအဖြစ် အသုံးပြုလေ့ရှိသည်။

ကြက်သွန်နီတွင် ဆာလဖာဓါတ်ကြွယ်ဝစွာပါဝင်သောကြောင့် ဆံပင် ကျွတ်ခြင်းမှ ကာကွယ်နိုင်သည်။ ဆာလဖာဓါတ်သည် သွေးလည်ပတ်မှု ကောင်းစေပြီး အရေပြားရောင်ရမ်း နာများ သက်သာစေသည်။ ဆာလဖာ ကြောင့် ကိုလာဂျင်ပရိုတိန်းများထုတ် လုပ်မှုကောင်းစေပြီး ထိုပရိုတိန်းများ ကြောင့် အရေပြားပြေပြစ်ခြင်း၊ ဆံပင် မွေးတောင့်တင်းခြင်းစသည့် အကျိုး ကျေးဇူးများခံစားရသည်။

ထို့ကြောင့်ကြက်သွန်နီသည် ဆံပင်မွေးကိုခိုင်မာ စေသည်။ ဦးရေပြားမှိုစွဲ (ဗောက်ထ) ခြင်းကိုကာကွယ်ပေးသည်။ ပိတ်ဆို့ နေသော မွေးညင်းပေါက်များအား ပွင့်စေသည်။
အီရတ်သုတေသီများ၏ လေ့ လာချက်အရထိပ်ပြောင်ဦးရေပြားပေါ် ကြက်သွန်နီအရည်လိမ်းဆေးထားလျှင် အာနိသင်မဲ့လိမ်းဆေးလိမ်းသူများထက် ဆံပင်ပေါက်နှုန်းမြန်ဆန်လာသည်ကို တွေ့ရသည်။

အမေရိကန်အစားအသောက် နှင့် ဆေးဝါးကွပ်ကဲမှုဌာန (FDA) က ကြက်သွန်နီအား ဆံပင်ကျွတ်ခြင်းမှ ကာကွယ်နိုင်ကြောင်းအသိအမှတ်ပြု ထားသည်။ အခြားအသိအမှတ်ပြု ဆေးတစ်မျိုးမှာ minoxidol လိမ်း ဆေးဖြစ်သည်။ minoxidol လိမ်း ဆေးသည်လည်း ဦးရေပြားသွေး လည်ပတ်မှု ကောင်းစေသည်။
ဆံပင်အလွန်အမင်းကျွတ်နေ သူများအနေနှင့် ကြက်သွန်နီကြိတ် ထားသည့်အရည်လိမ်းပေးသင့်ကြောင်း FDA ကမှတ်ချက်ပြုထားသည်။ ကြက်သွန်နီအရည်ကို မိနစ် (၄ဝ) ခန့်လိမ်းထား၍ခေါင်းလျှော်ရည်ပျော့ ပျော့နှင့်ဆေးကြောပေးသင့်သည်။

Source: MDI

Credit : ဇော်ကို

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top