iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ဳိးသမီးမ်ားရဲ့ ရင္သားဟာ အသက္အရြယ္နဲ႔အတူ လန္းဆန္းျခင္းေတြ ေလ်ာ႔ပါးသြားတတ္ပါတယ္။ ဆုိးတဲ့အခ်က္က ရင္သားရဲ့ အသားစိုင္မ်ားဟာ ကုိယ္ခႏၶာရဲ့ တျခားတစ္သွ်ဴးေတြထက္ ႏွစ္ႏွစ္သုံးႏွစ္ေစာျပီး အုိမင္းရင္႔ေရာ္လာတတ္တယ္လုိ႔ Genome Biology မွာ ေဖာ္ျပထားပါတယ္။ မ်ဳိးရုိးဗီဇပိုင္းကုိေတာ႔ မျပဳျပင္ႏိုင္ေပမယ့္ သင္႔ရင္သားေတြ ေစာစီးစြာ ရင္႔ေရာ္တြဲက်မသြားေအာင္ ထိန္းသိမ္းႏုိင္တဲ့ နည္းလမ္းေတြ ရွိေနပါတယ္။

တခ်ဳိ႔ အမူအက်င္႔ေတြကုိ ေရွာင္ရွားျခင္းျဖင္႔ သင္႔ရဲ့ရင္သားေတြကုိ တတ္ႏိုင္သမွ် ႏုပ်ဳိေနေအာင္ ထိန္းထားႏိုင္ပါလိမ္႔မယ္။
၁။ မေတာ္ေသာ ဘရာစီယာ၀တ္ဆင္ျခင္း

ဒီအက်င္႔ဟာ ထင္ထားတာထက္ ပုိျပီး လူၾကဳိက္မ်ားပါတယ္။ ဘရာစီယာအမ်ားစုဟာ ေလ်ာ႔လြယ္တင္းလြယ္တဲ့ အရာေတြနဲ႔ ခ်ဳပ္လုပ္ထားျပီး အခ်ိန္ၾကာလာတာနဲ႔အမွ် က်ယ္ျပီးေလ်ာ႔ရဲလာပါတယ္။ ဒါေပမယ္႔ သူ႔ရဲ့အဓိကလုပ္ငန္းက ရင္သားကုိ ပင္႔တင္ထိန္းသိမ္းေပးဖုိ႔ပါပဲ။ သိပ္မေတာ္တဲ့ ဘရာစီယာေတြ ၀တ္ျခင္းေၾကာင္႔ ရင္သားေတြဟာ ေလ်ာ႔ရဲလာပါတယ္။ ရင္သားဟာ တုန္လွဳပ္မွဳမ်ားရင္ ရင္သားရဲ့အေရျပားကုိ ဖိအားျဖစ္ေစလုိ႔ ျဖစ္ပါတယ္။ မိမိနဲ႔သင္႔ေတာ္တဲ့ ဘရာစီယာအရြယ္အစားကုိ ေရြးခ်ယ္ျပီး ဘရာစီယာအုံဟာ ရင္သားေတြကုိ ေကာင္းစြာ ပင္႔တင္ထိန္းသိမ္းထားႏိုင္ရပါမယ္။ ၈၀%ေသာ အမ်ဳိးသမီးမ်ားဟာ သူတုိ႔နဲ႔မေတာ္တဲ့ ဘရာစိယာေတြကုိ ၀တ္ဆင္ၾကတယ္လုိ႔ ဆုိပါတယ္။ ဒါေၾကာင္႔ ဆိုင္မွာ ေသခ်ာတိုင္းထြာျပီးမွ သင္႔ေတာ္တဲ့ ဘရာစီယာကုိ ၀ယ္သင္႔ပါတယ္။
၂။ ေဆးလိပ္ေသာက္ျခင္း

ေဆးလိပ္ေသာက္ျခင္းဟာ အေရျပားရဲ့ က်ဳံ႔ႏိုင္ ဆန္႔ႏိုင္စြမ္းကုိ ေလ်ာ႔က်ေစျပီး ရင္သားကုိ တြဲက်ေစပါတယ္။ အေရျပားထဲက အသားအရည္ တင္းရင္းေစတဲ့ဓာတ္ကုိ ေလ်ာ႔က်ေစျပီး ေသြးလည္ပတ္မွဳကုိ ဆုိးရြားေစပါတယ္။ ဒီအခ်က္ဟာ အေရျပားကုိ အားေလ်ာ႔ေစျပီး ရင္႔ေရာ္ျခင္းကုိ ျမန္ဆန္ေစပါတယ္။ ေဆးလိပ္ေသာက္ျခင္းဟာ တျခားက်န္းမာေရးျပသနာမ်ဳိးစုံကုိလည္း ျဖစ္ေပၚေစပါတယ္။ သင္ စီးကရက္အလိပ္ ၆၀ေလာက္ ေသာက္ျပီးခ်ိန္ အဆုတ္မွာ ဘာေတြ ေျပာင္းလဲသြားတယ္ဆုိတာ ေလ႔လာေစခ်င္ပါတယ္။
၃။ အစားအေသာက္ပုံစံမမွန္ျခင္း

အစားအေသာက္မွ်တေအာင္ စားျခင္းဟာ သင္႔ရင္သားေတြ က်န္းမာသန္စြမ္းေရးအတြက္ အလြန္အေရးၾကီးပါတယ္။ အစားအေသာက္ကုိ ေလွ်ာ႔စားလိုက္ တုိးစားလိုက္လုပ္ျခင္းဟာ ကုိယ္အေလးခ်ိန္အတက္အက်ျမန္ေစျပီး အေရျပားမွာ အေရးအေၾကာင္းေတြ ေပၚေစပါတယ္။ ဒါ႔အျပင္ ရင္သားကုိ တြဲက်ေစပါတယ္။ အေရျပား တစ္သွ်ဴးဟာ ၀ေနခ်ိန္မွာ လိုက္ပါဆန္႔ထုတ္ရေပမယ္႔ ပိတ္သြားခ်ိန္မွာ အရင္လုိျပန္မျဖစ္ႏိုင္ပါဘူး။ ဒါေၾကာင္႔ သင္႔ေတာ္တဲ့ စားေသာက္မွဳပုံစံနဲ႔ ကုိယ္အေလးခ်ိန္ထိန္းေပးရပါမယ္။
၄။ ေနေရာင္ကုိ မကာကြယ္ျခင္း

ရင္သားနဲ႔ ရင္ညြန္႔ၾကားေနရာဟာ အလြယ္တကူ ေနေလာင္ႏိုင္ျပီး ေနရာင္ရဲ့ ခရမ္းလြန္ေရာင္ျခည္ကုိ စုပ္ယူပါတယ္။ ဒါဟာ အေရျပားကုိ ထိခိုက္ေစျပီး အတြန္႔အေခါက္ေတြ ျဖစ္ေပၚေစကာ အရြယ္မတိုင္ခင္ ရင္႔ေရာ္ေစပါတယ္။ သင္႔ကုိယ္သင္ ေနေရာင္ကုိ ထိေတြ႔မွဳ အလြန္အကၽြံမျဖစ္ေအာင္ ဂရုစိုက္သင္႔ပါတယ္။ ေနရာင္ျခည္ခံ ခရင္မ္မ်ား လိမ္းေပးျခင္းဟာလည္း အေကာင္းဆုံးနည္းလမ္း မဟုတ္တာမုိ႔ ေနရာင္ျခည္နဲ႔ ၾကာျမင္႔စြာ ထိေတြ႔မွဳ မရွိေအာင္ ဆင္ျခင္ရပါမယ္။
၅။ ေလ႔က်င္႔ခန္းမလုပ္ျခင္း၊ ကုိယ္ေနဟန္ထား ပုံမက်ျခင္း

ေလ႔က်င္႔ခန္းလုပ္ျခင္းဟာ ရင္သားေတြကုိ သန္မာၾကံ႔ခိုင္ေစပါတယ္။ ဒါေပမယ္႔ ရင္သားမ်ား အေရွ႔အေနာက္ အဖန္တလဲလဲ လွဳပ္ရွားေနျခင္း (ဥပမာ ေျပးတဲ့အခါ) ဟာ ေကာ္လဂ်င္ဓာတ္ကုိ ျဖဳိခြဲတတ္လုိ႔ ရင္သားဟာ ေပ်ာ႔တြဲလာတတ္ပါတယ္။ ဒီေလ႔က်င္႔ခန္းေတြ လုပ္ခ်ိန္မွာ ရင္သားကုိ ေကာင္းေကာင္း ထိန္းသိမ္းေပးႏိုင္ေအာင္ ၀တ္ဆင္ျပီး သင္႔ေတာ္တဲ့ပုံစံနဲ႔ ေနထိုင္ရပါမယ္။ လမ္းကုိ ေျဖာင္႔ေျဖာင္႔ေလွ်ာက္ျပီး ရင္ကုိဖြင္႔ထားရပါမယ္။ အြန္လိုင္းေပၚမွာ ကုိယ္ေနဟန္ထားပုံစံေတြ ရွာေဖြျပီး ေလ႔က်င္႔ယူျပီး ရင္သားကုိ တင္႔တယ္လာေစႏိုင္ပါတယ္။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အမျိုးသမီးများရဲ့ ရင်သားဟာ အသက်အရွယ်နဲ့အတူ လန်းဆန်းခြင်းတွေ လျော့ပါးသွားတတ်ပါတယ်။ ဆိုးတဲ့အချက်က ရင်သားရဲ့ အသားစိုင်များဟာ ကိုယ်ခန္ဓာရဲ့ တခြားတစ်သျှူးတွေထက် နှစ်နှစ်သုံးနှစ်စောပြီး အိုမင်းရင့်ရော်လာတတ်တယ်လို့ Genome Biology မှာ ဖော်ပြထားပါတယ်။ မျိုးရိုးဗီဇပိုင်းကိုတော့ မပြုပြင်နိုင်ပေမယ့် သင့်ရင်သားတွေ စောစီးစွာ ရင့်ရော်တွဲကျမသွားအောင် ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းတွေ ရှိနေပါတယ်။

တချို့ အမူအကျင့်တွေကို ရှောင်ရှားခြင်းဖြင့် သင့်ရဲ့ရင်သားတွေကို တတ်နိုင်သမျှ နုပျိုနေအောင် ထိန်းထားနိုင်ပါလိမ့်မယ်။
၁။ မတော်သော ဘရာစီယာဝတ်ဆင်ခြင်း

ဒီအကျင့်ဟာ ထင်ထားတာထက် ပိုပြီး လူကြိုက်များပါတယ်။ ဘရာစီယာအများစုဟာ လျော့လွယ်တင်းလွယ်တဲ့ အရာတွေနဲ့ ချုပ်လုပ်ထားပြီး အချိန်ကြာလာတာနဲ့အမျှ ကျယ်ပြီးလျော့ရဲလာပါတယ်။ ဒါပေမယ့် သူ့ရဲ့အဓိကလုပ်ငန်းက ရင်သားကို ပင့်တင်ထိန်းသိမ်းပေးဖို့ပါပဲ။ သိပ်မတော်တဲ့ ဘရာစီယာတွေ ဝတ်ခြင်းကြောင့် ရင်သားတွေဟာ လျော့ရဲလာပါတယ်။ ရင်သားဟာ တုန်လှုပ်မှုများရင် ရင်သားရဲ့အရေပြားကို ဖိအားဖြစ်စေလို့ ဖြစ်ပါတယ်။ မိမိနဲ့သင့်တော်တဲ့ ဘရာစီယာအရွယ်အစားကို ရွေးချယ်ပြီး ဘရာစီယာအုံဟာ ရင်သားတွေကို ကောင်းစွာ ပင့်တင်ထိန်းသိမ်းထားနိုင်ရပါမယ်။ ၈၀%သော အမျိုးသမီးများဟာ သူတို့နဲ့မတော်တဲ့ ဘရာစိယာတွေကို ဝတ်ဆင်ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆိုင်မှာ သေချာတိုင်းထွာပြီးမှ သင့်တော်တဲ့ ဘရာစီယာကို ဝယ်သင့်ပါတယ်။
၂။ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းဟာ အရေပြားရဲ့ ကျုံ့နိုင် ဆန့်နိုင်စွမ်းကို လျော့ကျစေပြီး ရင်သားကို တွဲကျစေပါတယ်။ အရေပြားထဲက အသားအရည် တင်းရင်းစေတဲ့ဓာတ်ကို လျော့ကျစေပြီး သွေးလည်ပတ်မှုကို ဆိုးရွားစေပါတယ်။ ဒီအချက်ဟာ အရေပြားကို အားလျော့စေပြီး ရင့်ရော်ခြင်းကို မြန်ဆန်စေပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ တခြားကျန်းမာရေးပြသနာမျိုးစုံကိုလည်း ဖြစ်ပေါ်စေပါတယ်။ သင် စီးကရက်အလိပ် ၆၀လောက် သောက်ပြီးချိန် အဆုတ်မှာ ဘာတွေ ပြောင်းလဲသွားတယ်ဆိုတာ လေ့လာစေချင်ပါတယ်။
၃။ အစားအသောက်ပုံစံမမှန်ခြင်း

အစားအသောက်မျှတအောင် စားခြင်းဟာ သင့်ရင်သားတွေ ကျန်းမာသန်စွမ်းရေးအတွက် အလွန်အရေးကြီးပါတယ်။ အစားအသောက်ကို လျှော့စားလိုက် တိုးစားလိုက်လုပ်ခြင်းဟာ ကိုယ်အလေးချိန်အတက်အကျမြန်စေပြီး အရေပြားမှာ အရေးအကြောင်းတွေ ပေါ်စေပါတယ်။ ဒါ့အပြင် ရင်သားကို တွဲကျစေပါတယ်။ အရေပြား တစ်သျှူးဟာ ဝနေချိန်မှာ လိုက်ပါဆန့်ထုတ်ရပေမယ့် ပိတ်သွားချိန်မှာ အရင်လိုပြန်မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သင့်တော်တဲ့ စားသောက်မှုပုံစံနဲ့ ကိုယ်အလေးချိန်ထိန်းပေးရပါမယ်။
၄။ နေရောင်ကို မကာကွယ်ခြင်း

ရင်သားနဲ့ ရင်ညွန့်ကြားနေရာဟာ အလွယ်တကူ နေလောင်နိုင်ပြီး နေရာင်ရဲ့ ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူပါတယ်။ ဒါဟာ အရေပြားကို ထိခိုက်စေပြီး အတွန့်အခေါက်တွေ ဖြစ်ပေါ်စေကာ အရွယ်မတိုင်ခင် ရင့်ရော်စေပါတယ်။ သင့်ကိုယ်သင် နေရောင်ကို ထိတွေ့မှု အလွန်အကျွံမဖြစ်အောင် ဂရုစိုက်သင့်ပါတယ်။ နေရာင်ခြည်ခံ ခရင်မ်များ လိမ်းပေးခြင်းဟာလည်း အကောင်းဆုံးနည်းလမ်း မဟုတ်တာမို့ နေရာင်ခြည်နဲ့ ကြာမြင့်စွာ ထိတွေ့မှု မရှိအောင် ဆင်ခြင်ရပါမယ်။
၅။ လေ့ကျင့်ခန်းမလုပ်ခြင်း၊ ကိုယ်နေဟန်ထား ပုံမကျခြင်း

လေ့ကျင့်ခန်းလုပ်ခြင်းဟာ ရင်သားတွေကို သန်မာကြံ့ခိုင်စေပါတယ်။ ဒါပေမယ့် ရင်သားများ အရှေ့အနောက် အဖန်တလဲလဲ လှုပ်ရှားနေခြင်း (ဥပမာ ပြေးတဲ့အခါ) ဟာ ကော်လဂျင်ဓာတ်ကို ဖြိုခွဲတတ်လို့ ရင်သားဟာ ပျော့တွဲလာတတ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေ လုပ်ချိန်မှာ ရင်သားကို ကောင်းကောင်း ထိန်းသိမ်းပေးနိုင်အောင် ဝတ်ဆင်ပြီး သင့်တော်တဲ့ပုံစံနဲ့ နေထိုင်ရပါမယ်။ လမ်းကို ဖြောင့်ဖြောင့်လျှောက်ပြီး ရင်ကိုဖွင့်ထားရပါမယ်။ အွန်လိုင်းပေါ်မှာ ကိုယ်နေဟန်ထားပုံစံတွေ ရှာဖွေပြီး လေ့ကျင့်ယူပြီး ရင်သားကို တင့်တယ်လာစေနိုင်ပါတယ်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top