iMyanmarHouse.com - Best Property Website for Myanmar
×

ႏွာေခါင္းထဲက ေသြးေၾကာတစ္ခုေဖာက္သြားတာေၾကာင့္ ေသြးယိုဆင္းလာတာပါ။

ကေလးေတြမွာေတာ့ အျဖစ္မ်ားတတ္ပါတယ္။ အရမ္း အသက္ႀကီးတဲ့သူေတြမွာလည္း ေသြးခဲဖို႔ အခ်ိန္ၾကာတာေၾကာင့္ ပိုျဖစ္တတ္ပါတယ္။

ႏွာေခါင္းေသြးယိုျခင္းက က်န္းမာေရးအတြက္ အေရးေပၚအခ်က္ျပစနစ္တစ္ခုပါ။

ပန္းသီး ရွာလကာရည္

ပန္းသီးရွာလကာရည္မွာ အက္ဆစ္ ဓာတ္ေတြပါ၀င္ၿပီး ဒီဓာတ္ေတြက ႏွာေခါင္း ပိုး၀င္တာေတြကို ကာကြယ္ေပးႏိုင္ၿပီး အနာေတြကို အလ်င္အျမန္က်က္ေစပါတယ္။

ေသြးေၾကာနံရံေတြပ်က္စီးတာကို ျပန္လည္ ပိတ္ေပးႏိုင္ၿပီး ေသြးယိုမႈကေန ကာကြယ္ေပးႏုိင္ပါတယ္။

ပါ၀င္ပစၥည္းမ်ား

ပန္းသီးရွာလကာရည္ စားပြဲတင္ဇြန္း ၃ ဇြန္း

ေရ စားပြဲတင္ဇြန္း ၂ ဇြန္း

ျပဳလုပ္နည္း

ပန္းသီးရွာလကာရည္နဲ႔ ေရကို ေရာေမႊလိုက္ပါ။ ဂြမ္းစေလးနဲ႔ ခုနကေရနဲ႔ ေရာထားတဲ့ ပန္းသီးရွာလကာရည္ကို တို႔လိုက္ၿပီး ႏွာေခါင္းထဲထည့္ပါ။ ၁၀ မိနစ္ေလာက္ထည့္ထားၿပီးေနာက္ ျပန္ထုတ္လိုက္ပါ။

ပူစီနံရြက္

ႏွာေခါင္းေသြးယိုတာက ေသြးေတြခဲဖို႔ အခက္အခဲျဖစ္တာေၾကာင့္ ေသြးယိုလာတာပါ။ ပူစီနံရြက္ အရည္ကို ေသာက္ရင္ ေသြးယိုမႈေတြကို ကာကြယ္ႏိုင္ပါတယ္။

ပါ၀င္ပစၥည္း

ေရ ၁ခြက္စာ

ပူစီနံရြက္ စားပြဲတင္ဇြန္း ၁ ဇြန္းစာ

ျပဳလုပ္နည္း

ေရ ခြက္တစ္၀က္ကို အပူေပးထားၿပီး ပူလာရင္ ပူစီနံရြက္ထည့္ပါ။

မီးကို ေလ်ာ့ခ်လိုက္ၿပီး ၃ မိနစ္ေလာက္ျပဳတ္ပါ။

အခန္းအပူခ်ိန္မွာ ၁၀ မိနစ္ကေန ၁၅ မိနစ္ၾကားထားပါ။

ၿပီးရင္ ပူေနခ်ိန္ ေသာက္ပါ။

ေသာက္ပံုေသာက္နည္း

ႏွာေခါင္းေသြးယိုေနရင္ ခ်က္ျခင္းေသာက္ပါ။ ႏွာေခါင္းေသြးယိုတာရပ္သြားလည္း တစ္ေန႔ကို ၂ ႀကိမ္ကေန ၃ ႀကိမ္ေလာက္ဆက္ေသာက္ပါ။

Credit : Myfoodmyanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နှာခေါင်းထဲက သွေးကြောတစ်ခုဖောက်သွားတာကြောင့် သွေးယိုဆင်းလာတာပါ။

ကလေးတွေမှာတော့ အဖြစ်များတတ်ပါတယ်။ အရမ်း အသက်ကြီးတဲ့သူတွေမှာလည်း သွေးခဲဖို့ အချိန်ကြာတာကြောင့် ပိုဖြစ်တတ်ပါတယ်။

နှာခေါင်းသွေးယိုခြင်းက ကျန်းမာရေးအတွက် အရေးပေါ်အချက်ပြစနစ်တစ်ခုပါ။

ပန်းသီး ရှာလကာရည်

ပန်းသီးရှာလကာရည်မှာ အက်ဆစ် ဓာတ်တွေပါဝင်ပြီး ဒီဓာတ်တွေက နှာခေါင်း ပိုးဝင်တာတွေကို ကာကွယ်ပေးနိုင်ပြီး အနာတွေကို အလျင်အမြန်ကျက်စေပါတယ်။

သွေးကြောနံရံတွေပျက်စီးတာကို ပြန်လည် ပိတ်ပေးနိုင်ပြီး သွေးယိုမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၃ ဇွန်း

ရေ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ပန်းသီးရှာလကာရည်နဲ့ ရေကို ရောမွှေလိုက်ပါ။ ဂွမ်းစလေးနဲ့ ခုနကရေနဲ့ ရောထားတဲ့ ပန်းသီးရှာလကာရည်ကို တို့လိုက်ပြီး နှာခေါင်းထဲထည့်ပါ။ ၁၀ မိနစ်လောက်ထည့်ထားပြီးနောက် ပြန်ထုတ်လိုက်ပါ။

ပူစီနံရွက်

နှာခေါင်းသွေးယိုတာက သွေးတွေခဲဖို့ အခက်အခဲဖြစ်တာကြောင့် သွေးယိုလာတာပါ။ ပူစီနံရွက် အရည်ကို သောက်ရင် သွေးယိုမှုတွေကို ကာကွယ်နိုင်ပါတယ်။

ပါဝင်ပစ္စည်း

ရေ ၁ခွက်စာ

ပူစီနံရွက် စားပွဲတင်ဇွန်း ၁ ဇွန်းစာ

ပြုလုပ်နည်း

ရေ ခွက်တစ်ဝက်ကို အပူပေးထားပြီး ပူလာရင် ပူစီနံရွက်ထည့်ပါ။

မီးကို လျော့ချလိုက်ပြီး ၃ မိနစ်လောက်ပြုတ်ပါ။

အခန်းအပူချိန်မှာ ၁၀ မိနစ်ကနေ ၁၅ မိနစ်ကြားထားပါ။

ပြီးရင် ပူနေချိန် သောက်ပါ။

သောက်ပုံသောက်နည်း

နှာခေါင်းသွေးယိုနေရင် ချက်ခြင်းသောက်ပါ။ နှာခေါင်းသွေးယိုတာရပ်သွားလည်း တစ်နေ့ကို ၂ ကြိမ်ကနေ ၃ ကြိမ်လောက်ဆက်သောက်ပါ။

Credit : Myfoodmyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top