iMyanmarHouse.com - Best Property Website for Myanmar
×





    အာဟာရ ချို့တဲ့မှု


    ဆန်၊ ဂျုံ စသည်

ရှားစောင်းလက်ပတ်





ဒိန်ချဉ်




ရေခဲ



Credit : Myfoodmyanmar

ခံတွင်းမှာ အပူဖုတွေပေါက်တာ၊ အပူအနာတွေဖြစ်တာက နေရအရမ်းခက်ပါတယ်။ အစာစားလည်းနာ၊ ရေသောက်လည်းနာနဲ့နေလို့ အဆင်မပြေပါဘူး။

ခံတွင်းနာတွေက အနီရောင် အနားတွေနဲ့ အလယ်မှာ အဖြူသို့ အဝါရောင်ရှိနေတတ်ပါတယ်။ အများအားဖြင့် နှုတ်ခမ်းအထဲမှာ၊ လျှာပေါ်မှာ လျှာအောက်မှာ ရှိနေတတ်ပါတယ်။

ဘာကြောင့် ခံတွင်းနာတွေဖြစ်လာတာလဲ

ဖြစ်လာရတဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။

    ကိုက်မိတဲ့ ဒဏ်ရာကြောင့်
    ကိုယ်ခံအားစနစ် ကျဆင်းမှုကြောင့် ရောဂါပိုးမွှားဝင်ရောက်ခြင်း
    ဟော်မှုန်းအပြောင်းအလဲ
    စိတ်ဖိစီးမှုနဲ့ စိတ်လှုပ်ရှားမှု
    အာဟာရ ချို့တဲ့မှု
    အလက်ဂျစ် စသည်တို့ ကြောင့်ဖြစ်တတ်ပါတယ်။

အစပ်များတဲ့ အစားအစာတွေစားတာများရင်လည်း ခံတွင်းအနာဖြစ်စေနိုင်ပါတယ်။ ခံတွင်းအနာကို ကာကွယ်ဖို့ ဆိုရင် ရေ ၂ လီတာလောက်နေ့စဉ်သောက်ပြီး ခံတွင်းကို စိုစွတ်နေအောင်လုပ်ပါ။ ဗီတာမင် B ပါဝင်တဲ့ အစားအစာတွေ စားသုံးပါ။

    အစေ့များ (နေကြာစေ့၊ ဗရုံစေ့ စသည်)
    အခွံမာအသီးများ(Almonds၊ သစ်အယ်သီး စသည်)
    ဆန်၊ ဂျုံ စသည်
    အသီးအနှံများ (ပန်းသီး၊ လိမ္မော်သီး၊ Raspberry)
    ဟင်းသီးဟင်းရွက်များ (အာလူး၊ ကြက်သွန်နီ၊ Spinach နဲ့ကြက်သွန်ဖြူ)

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်မှာ စိုစွတ်ပြီး ရောင်ရမ်းတာတွေကို ကျစေတဲ့ဓာတ်တွေပါဝင်ပါတယ်။

ရှားစောင်းလက်ပတ်က ခံတွင်းနာ၊ မီးလောင်တာတွေနဲ့ ပွန်းပဲ့ရှနာတွေကို သက်သာစေပါတယ်။

ရှားစောင်းလက်ပတ်အပင်ကနေ ရှားစောင်းလက်ပတ်တစ်ခုကို ယူပြီး အနှစ်တွေထုတ်လိုက်ပါ။

ပြီးရင် အနာအပေါ်ကို လိမ်းပြီး အခြောက်ခံလိုက်ပါ။ ရေနဲ့ ရှားစောင်းလက်ပတ်အနှစ်ကိုရောပြီး ပလုပ်ကျင်းနိုင်ပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်က ခံတွင်းထဲက pH အဆင့်ကို ထိန်းပေးနိုင်ပြီး ခံတွင်းနာတာတွေကို သက်သာစေပါတယ်။ ဒိန်ချဉ်က သကြားမပါတဲ့ ဒိန်ချဉ်ဖြစ်ရပါမယ်။

ခံတွင်းနာတာကို သက်သာစေချင်ရင် ဒိန်ချဉ်ကို တစ်နေ့ကို တစ်ခါ စားသုံးပေးပါ။

ခံတွင်း အနာအပေါ်ကို ဒိန်ချဉ်ကို ဂွမ်းလေးနဲ့ယူပြီး သုတ်ပေးလို့ရပါတယ်။

ရေခဲ

ခံတွင်းအနာတွေက ရောင်ကိုင်းပြီး အနီရောင်တွေဖြစ်နေတတ်ပါတယ်။ ခံတွင်းအနာအပေါ်ကို ရေခဲအုပ်လိုက်ရင်လည်း အနာသက်သာစေပါတယ်။ ဒါပေမယ့် ရေခဲကို အရေပြားနဲ့ တိုက်ရိုက်ထိတွေ့တာမဟုတ်ဘဲ ရေခဲကို အဝတ်နဲ့ပတ်ပြီးမှ အနာကို ထိတွေ့ပါ။

ကိုယ်ခံနိုင်သလောက် ရေခဲ ကပ်ထားလို့ရပါတယ်။

Credit : Myfoodmyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top