iMyanmarHouse.com - Best Property Website for Myanmar
×

ဒူးနာ၍ ေဆးခန္းျပေသာ္လည္း မသက္သာပဲ သဘာ၀ေဆးနည္းမ်ားကို

ေတာင္းဆိုလာသူမ်ားအတြက္ ဒူးနာေဆးနည္းမ်ားကို စုစည္း၍ မွ်ေ၀ေပးလိုက္ပါတယ္။

(၁) ေလျဖတ္ ေလငန္းေလးဘက္နာ ခါးနာ ဒူးနာအေရာဂါမ်ားအတြက္

ဖီးၾကမ္းငွက္ေပ်ာသီးအမွည့္ကုိဖင္ျဖတ္ ေခါင္းျဖတ္၍

သက္ရင္းႀကီးရြက္ႏွင့္လုံေအာင္လိပ္ကာ

( ၅ ) နာရီခန္႔ ျပဳတ္၍တစ္ေန႕သုံးလုံးစီ

( ၅ ) ရက္ဆက္တုိက္စားေပးပါက

ေလျဖတ္ ေလငန္းေလးဘက္နာ ခါးနာ ဒူးနာ

နာတာရွည္ေရာဂါမ်ား ေပ်ာက္ကင္းပါသည္။

ျပဳလုပ္ပုံလြယ္ကူ၍ အကုန္အက်နည္းကာ

အစြမ္းထက္ သက္ေစာင့္ေဆးအားမွီဝဲၾကပါကုန္ ။ (ဝိစိတၱရတနာေျမ)

(၂) ငါးၾကင္းေခါင္းကို မၾကာခဏ ဟင္းခ်က္စားျခင္းျဖင့္ ဒူးနာေရာဂါ၊ ဒူးေခါင္းက်ီးေပါင္းေရာဂါမ်ားကို ေပ်ာက္ကင္းေစႏုိင္ေၾကာင္း ေရွးကေဆးက်မ္းမ်ားတြင္ ဖတ္ရွဳရ၍ လက္ေတြ့စမ္းၾကည့္ရာ ဒူးထဲမွ ကုန္ခမ္းေနေသာ ရိုးတြင္းခ်ဥ္ဆီမ်ား အားျပန္လည္ျပည့္၀လာ၍ တကယ္ေပ်ာက္ကင္းခဲ့သည္။ (တိုင္းရင္းေဆးဆရာၾကီး ဦးၾကည္ျမင့္လြင္)

(၃) ေဆးရံု ၃လေလာက္တက္ခဲ့ရတဲ့ အသိတစ္ေယာက္ ဒီနည္းနဲ့ေပ်ာက္သြားတယ္။ ၃ ပတ္ေလာက္ ဒူးနာေနတဲ့ က်ေနာ့္ေယာကၡမလည္း ဒီနည္းနဲ့ပဲ ေပ်ာက္သြားတယ္။

ေဆးနည္းကေတာ့ ဂ်င္းတက္နဲ့ ေျမျဖဴခဲကို ေရာေထာင္းျပီး နာေနတဲ့ဒူးေပၚကို တစ္ေန့ ၂ ၾကိမ္ လိမ္းေပးပါ။ ၃ ရက္အတြင္း သိသာလာမယ္။ တစ္ပတ္ေလာက္ဆိုျပီ ေပ်ာက္ျပီ။ (ကိုယ္ေတြ့တစ္ဦး)

(၄) ေခြးေတာက္ရြက္ လက္တစ္ဆုပ္ခန့္ကို ထုေထာင္း၍ အရည္ညွစ္ယူကာ ၄င္းအရည္ျဖင့္ သနပ္ခါးေသြးကာ ဒူးေပၚကို လိမ္းေပးပါ။ မနက္ေရခ်ိဳးျပီးတစ္ၾကိမ္၊ ညအိပ္ခါနီးတစ္ၾကိမ္ လိမ္းေပးပါ။ တစ္ပတ္ခန့္လိမ္းေပးလွ်င္ ဒူးနာသက္သာေပ်ာက္ကင္းေစမည္။ (Mg Naing)

(၅) ရွားေစာင္းလက္ပပ္ လတ္လတ္ဆတ္လတ္ကို ခူးယူ၍ အေပၚအခြံကိုခြါျပီး အတြင္းသားဂ်ယ္လီကို ဇြန္းျဖင့္ျခစ္ယူ၍ က်ိဳခ်က္ထားေသာ ႏြားႏို့အေအးႏွင့္ ေသာက္ပါ။ ၅ ရက္ခန့္ေသာက္လွ်င္ ဒူးနာသက္သာလာမည္။ (ဒို့ျမန္မာေဒါ့ကြမ္း)

(၆) ဒူးနာ၊ ခါးနာေပ်က္ကင္းေစမည့္ သဘာ၀ေဆးနည္း

က။ သေဘၤာသီးအစိမ္းတစ္လံုးကို ထိပ္ပိုင္းေနရာမွ ၾကက္ဥတစ္လံုးစာခန့္ ပိုင္းျဖတ္လိုက္ပါ။ အတြင္းမွ အေစ့မ်ားကိုလည္း မထုတ္ပဲ ထားပါ။

ခ။ ၾကက္ဥကို ထည့္လိုက္ပါ။ (သဘာ၀ၾကက္ဥ၊ ေတာၾကဥ ဆိုလွ်င္ ပိုေကာင္းပါသည္)

ဂ။ ပိုင္းျဖတ္ထားသည့္ အပိုင္းျဖင့္ ျပန္အုပ္လိုက္ပါ။ သူ့အေစးႏွင့္သူ ျပန္ကပ္ပါသည္။ ပိုျပီး စိတ္ခ်ခ်င္လွ်င္ ရြံ ့ေစးမ်ားျဖင့္ အုပ္ေပးထားႏုိင္ပါသည္။

ဃ။ ၄င္းသေဘၤာသီးကို မီးေသြးမီးဖိုထဲမွာ မီးဖုတ္ေပးပါ။ ေပ်ာ့အိျပီး အတြင္းမွ ၾကက္ဥ က်က္သြားသည့္အထိ ဖုတ္ပါ။

င။ ျပီးလွ်င္ အခြံကို ခြါခ်လိုက္ျပီး အတြင္းမွ ၾကက္ဥကို စားရမွာျဖစ္ပါတယ္။

တစ္ပတ္ကို တစ္ၾကိမ္နဲ့ (၃)ၾကိမ္ခန့္ စားေပးပါက ဒူးနာ၊ ခါးနာေပ်ာက္ကင္းသြားပါလိမ့္မယ္။ (အစာလည္းေဆး၊ ေဆးလည္းအစာ)

(၇) သံပုရာသီးကို ထက္ျခမ္းပိုင္း၍ ၄င္းသံပုရာျခမ္းျဖင့္ နာေနသည့္ဒူးေပၚကို အရည္မ်ားကုန္ခမ္းသည့္အထိ ညင္သာစြာ ပြတ္တိုက္ေပးပါ။ ျပီးလွ်င္ (ဆရာခို-အနာလိမ္းေဆး) သို့မဟုတ္ ဒဏ္ေၾကေဆးတစ္မ်ိဳးမ်ိဳးျဖင့္ လိမ္းေပးျပီး ၁၅ မိနစ္ခန့္ အ၀တ္ပါးပါး၊ ပတ္တီးစီးထားပါ။ အထူးသျဖင့္ ညအိပ္ခါနီး လိမ္းေပးလွ်င္ ပိုထိေရာက္ပါတယ္။ တစ္ပတ္ခန့္လိမ္းေပးလွ်င္ ဒူးနာေပ်ာက္ကင္းေစပါမည္။ (ေစာႏြဲ ့ေနဆိုင္-ပူတာအို)

(၈) ဒူးနာသူမ်ားအတြက္ ေဆးျမီးတို ေနာက္တနည္း

ခါးနာ ဒူးနာ သူမ်ားအတြက္ မခက္ပါ ….

ဘဲဥကုိပြတ္ေနေသာ ေရေႏြးအုိးထဲ့ကုိ ၂ မိနစ္ခန္ ့ၿပဳတ္လုိက္ၿပီး ဆယ္ယူလုိက္ပါ ၊ ဆယ္ယူလုိက္သည့္ ဘဲဥကုိ ပန္းကန္လုံးထဲ့ကုိ ေဖာက္ထည့္လုိက္ပါ စားေကာင္းေစရန္ သႀကားအနည္းငယ္ သင္စားေကာင္းေစေလာက္သည့္ အေနအထားသုိ ့ထည့္ၿပီး ေခါက္စားလုိက္ပါ တၿခားမည္သည္အရာမွ ေရာစပ္ၿပီး မစားရပါ ဘဲဥတလုံးကုိေတာ့ ကုန္ေအာင္ စားရပါလိမ့္မည္။

တေန ့ကုိ ဘဲဥတလုံးကုိ ကုန္ေအာင္စားရပါလိမ့္မည္

ထိုနည္းအတိုင္း ေန႔စဥ္ ဘဲဥတလံုးစီ စားသံုးရမည္၊ အနည္းဆံုး မိမိအသက္၏ တ၀က္ အလံုးေရအထိ စားသံုးရမည္၊

( ဥပမာ ) အသက္ ၄၀-ႏွစ္ရွိလွ်င္ အနည္းဆံုး ဘဲဥ အလံုးေရ (၂၀ ) စားသံုးရမည္၊

ထိုထက္ မ်ားမ်ားစားသံုးႏိုင္လွ်င္ ပိုေကာင္းပါသည္။

ဘဲဥစားသုံးၿခင္းသည္ လုိအပ္ေသာ ၿခင္ဆီဓာတ္အတြက္ ၿပန္လည္ၿဖစ္ေပၚေစရန္ၿဖစ္ပါသည္ ။

ထိုကဲ့သို႔ စားသံုးျခင္းျဖင့္ ခါး-ဒူးတို႔တြင္ ရိုးတြင္းျခင္ဆီ ခန္းေျခာက္ျခင္းကို ျပန္လည္ျဖည့္တင္းေပးျပီး ခါးနာ ဒူးနာမ်ား

သက္သာေပ်ာက္ကင္းသြားပါလိမ့္မည္။(ျမန္မာ့ေဆးၿမည္းတိုမ်ား)

Credit : Lwinpyin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဒူးနာ၍ ဆေးခန်းပြသော်လည်း မသက်သာပဲ သဘာဝဆေးနည်းများကို

တောင်းဆိုလာသူများအတွက် ဒူးနာဆေးနည်းများကို စုစည်း၍ မျှဝေပေးလိုက်ပါတယ်။

(၁) လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာအရောဂါများအတွက်

ဖီးကြမ်းငှက်ပျောသီးအမှည့်ကိုဖင်ဖြတ် ခေါင်းဖြတ်၍

သက်ရင်းကြီးရွက်နှင့်လုံအောင်လိပ်ကာ

( ၅ ) နာရီခန့် ပြုတ်၍တစ်နေ့သုံးလုံးစီ

( ၅ ) ရက်ဆက်တိုက်စားပေးပါက

လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာ

နာတာရှည်ရောဂါများ ပျောက်ကင်းပါသည်။

ပြုလုပ်ပုံလွယ်ကူ၍ အကုန်အကျနည်းကာ

အစွမ်းထက် သက်စောင့်ဆေးအားမှီဝဲကြပါကုန် ။ (ဝိစိတ္တရတနာမြေ)

(၂) ငါးကြင်းခေါင်းကို မကြာခဏ ဟင်းချက်စားခြင်းဖြင့် ဒူးနာရောဂါ၊ ဒူးခေါင်းကျီးပေါင်းရောဂါများကို ပျောက်ကင်းစေနိုင်ကြောင်း ရှေးကဆေးကျမ်းများတွင် ဖတ်ရှုရ၍ လက်တွေ့စမ်းကြည့်ရာ ဒူးထဲမှ ကုန်ခမ်းနေသော ရိုးတွင်းချဉ်ဆီများ အားပြန်လည်ပြည့်ဝလာ၍ တကယ်ပျောက်ကင်းခဲ့သည်။ (တိုင်းရင်းဆေးဆရာကြီး ဦးကြည်မြင့်လွင်)

(၃) ဆေးရုံ ၃လလောက်တက်ခဲ့ရတဲ့ အသိတစ်ယောက် ဒီနည်းနဲ့ပျောက်သွားတယ်။ ၃ ပတ်လောက် ဒူးနာနေတဲ့ ကျနော့်ယောက္ခမလည်း ဒီနည်းနဲ့ပဲ ပျောက်သွားတယ်။

ဆေးနည်းကတော့ ဂျင်းတက်နဲ့ မြေဖြူခဲကို ရောထောင်းပြီး နာနေတဲ့ဒူးပေါ်ကို တစ်နေ့ ၂ ကြိမ် လိမ်းပေးပါ။ ၃ ရက်အတွင်း သိသာလာမယ်။ တစ်ပတ်လောက်ဆိုပြီ ပျောက်ပြီ။ (ကိုယ်တွေ့တစ်ဦး)

(၄) ခွေးတောက်ရွက် လက်တစ်ဆုပ်ခန့်ကို ထုထောင်း၍ အရည်ညှစ်ယူကာ ၎င်းအရည်ဖြင့် သနပ်ခါးသွေးကာ ဒူးပေါ်ကို လိမ်းပေးပါ။ မနက်ရေချိုးပြီးတစ်ကြိမ်၊ ညအိပ်ခါနီးတစ်ကြိမ် လိမ်းပေးပါ။ တစ်ပတ်ခန့်လိမ်းပေးလျှင် ဒူးနာသက်သာပျောက်ကင်းစေမည်။ (Mg Naing)

(၅) ရှားစောင်းလက်ပပ် လတ်လတ်ဆတ်လတ်ကို ခူးယူ၍ အပေါ်အခွံကိုခွါပြီး အတွင်းသားဂျယ်လီကို ဇွန်းဖြင့်ခြစ်ယူ၍ ကျိုချက်ထားသော နွားနို့အအေးနှင့် သောက်ပါ။ ၅ ရက်ခန့်သောက်လျှင် ဒူးနာသက်သာလာမည်။ (ဒို့မြန်မာဒေါ့ကွမ်း)

(၆) ဒူးနာ၊ ခါးနာပျေက်ကင်းစေမည့် သဘာဝဆေးနည်း

က။ သင်္ဘောသီးအစိမ်းတစ်လုံးကို ထိပ်ပိုင်းနေရာမှ ကြက်ဥတစ်လုံးစာခန့် ပိုင်းဖြတ်လိုက်ပါ။ အတွင်းမှ အစေ့များကိုလည်း မထုတ်ပဲ ထားပါ။

ခ။ ကြက်ဥကို ထည့်လိုက်ပါ။ (သဘာဝကြက်ဥ၊ တောကြဥ ဆိုလျှင် ပိုကောင်းပါသည်)

ဂ။ ပိုင်းဖြတ်ထားသည့် အပိုင်းဖြင့် ပြန်အုပ်လိုက်ပါ။ သူ့အစေးနှင့်သူ ပြန်ကပ်ပါသည်။ ပိုပြီး စိတ်ချချင်လျှင် ရွံ့စေးများဖြင့် အုပ်ပေးထားနိုင်ပါသည်။

ဃ။ ၎င်းသင်္ဘောသီးကို မီးသွေးမီးဖိုထဲမှာ မီးဖုတ်ပေးပါ။ ပျော့အိပြီး အတွင်းမှ ကြက်ဥ ကျက်သွားသည့်အထိ ဖုတ်ပါ။

င။ ပြီးလျှင် အခွံကို ခွါချလိုက်ပြီး အတွင်းမှ ကြက်ဥကို စားရမှာဖြစ်ပါတယ်။

တစ်ပတ်ကို တစ်ကြိမ်နဲ့ (၃)ကြိမ်ခန့် စားပေးပါက ဒူးနာ၊ ခါးနာပျောက်ကင်းသွားပါလိမ့်မယ်။ (အစာလည်းဆေး၊ ဆေးလည်းအစာ)

(၇) သံပုရာသီးကို ထက်ခြမ်းပိုင်း၍ ၎င်းသံပုရာခြမ်းဖြင့် နာနေသည့်ဒူးပေါ်ကို အရည်များကုန်ခမ်းသည့်အထိ ညင်သာစွာ ပွတ်တိုက်ပေးပါ။ ပြီးလျှင် (ဆရာခို-အနာလိမ်းဆေး) သို့မဟုတ် ဒဏ်ကြေဆေးတစ်မျိုးမျိုးဖြင့် လိမ်းပေးပြီး ၁၅ မိနစ်ခန့် အဝတ်ပါးပါး၊ ပတ်တီးစီးထားပါ။ အထူးသဖြင့် ညအိပ်ခါနီး လိမ်းပေးလျှင် ပိုထိရောက်ပါတယ်။ တစ်ပတ်ခန့်လိမ်းပေးလျှင် ဒူးနာပျောက်ကင်းစေပါမည်။ (စောနွဲ့နေဆိုင်-ပူတာအို)

(၈) ဒူးနာသူများအတွက် ဆေးမြီးတို နောက်တနည်း

ခါးနာ ဒူးနာ သူများအတွက် မခက်ပါ ….

ဘဲဥကိုပွတ်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့်ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ၊ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ စားကောင်းစေရန် သကြားအနည်းငယ် သင်စားကောင်းစေလောက်သည့် အနေအထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ တခြားမည်သည်အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည်။

တနေ့ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည်

ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တဝက် အလုံးရေအထိ စားသုံးရမည်၊

( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ (၂၀ ) စားသုံးရမည်၊

ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။

ဘဲဥစားသုံးခြင်းသည် လိုအပ်သော ခြင်ဆီဓာတ်အတွက် ပြန်လည်ဖြစ်ပေါ်စေရန်ဖြစ်ပါသည် ။

ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ

သက်သာပျောက်ကင်းသွားပါလိမ့်မည်။(မြန်မာ့ဆေးမြည်းတိုများ)

Credit :Lwinpyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top