iMyanmarHouse.com - Best Property Website for Myanmar
×

ေရခဲေရေသာက္ျခင္းဟာ က်န္းမာေရးအတြက္ ေကာင္းမေကာင္းဆိုတာနဲ႔ ပတ္သက္ၿပီး အျငင္းအခုန္ေတြ ျဖစ္ေနၾကတာေတာ့ ၾကာပါၿပီ။ တခ်ိဳ႕ကေတာ့ ေရခဲေရဟာ ကိုယ္ခံအားစနစ္ကို ထိခိုက္ေစႏိုင္တယ္လို႔ ယံုၾကည္ၾကၿပီး တခ်ိဳ႕လူေတြကေတာ့ ကိုယ္ခံအားကို မထိခိုက္ေစဘဲ ခႏၶာကိုယ္ကို လန္းဆန္းေစတယ္လို႔ ဆိုပါတယ္။

တရုတ္လူမ်ိဳးေတြဟာ အစာစားၿပီးရင္ ေရေအးေအးေလးတစ္ခြက္ေသာက္ျခင္းက က်န္းမာေရးအတြက္ မေကာင္းဘူးဆိုတာကို ပထမဦးဆံုး နားလည္သေဘာေပါက္ခဲ့သူေတြပဲ ျဖစ္ပါတယ္။ ေနာက္ၿပီး အစာစားၿပီး ေရခဲေရသြားေသာက္ရင္ အစာေျချခင္း လုပ္ေဆာင္မႈေတြကို အေႏွာင့္အယွက္သြားေပးႏိုင္တယ္ဆိုတာကို သိထားၾကပါတယ္။ ဒါေပမယ့္ ေမးစရာတစ္ခုရွိလာတာက ေရခဲေရ အစာေျချခင္းလုပ္ေဆာင္မႈကို ဘယ္လိုအေႏွာင့္အယွက္ ျဖစ္ေစတာလဲ။

ေရေႏြးက အေရျပားေခြ်းေပါက္ငယ္ေလးေတြကို က်ယ္ေစတာကိုေတာ့ သိထားၿပီးျဖစ္မွာပါ။ ဒါေၾကာင့္ ဆန္႔က်င္စြာပဲ ေရခဲေရ ေသာက္မယ္ဆိုရင္ေတာ့ အေရျပားကို တင္းက်ပ္ေစၿပီး ေခြ်းေပါက္ေတြကိုလည္း ပိတ္သြားေစႏိုင္ပါတယ္။ ေရခဲေရ ေသာက္တဲ့အခါမွာလည္း ဒီလိုပါပဲ။

ေရခဲေရဟာ အစာေျခအဂၤါ လမ္းေၾကာင္းတေလွ်ာက္မွာ တင္းၾကပ္မႈေတြျဖစ္ေစၿပီး လုပ္ငန္းစဥ္ကို ပိုမိုခက္ခဲေစပါတယ္။ အစာေျခလမ္းေၾကာင္းမွာ အဟန္႔အတားေပၚေနတဲ့အတြက္ ကြ်န္ေတာ္တို႔ရဲ႕ခႏၶာကိုယ္မွာ ပရိုတိန္းနဲ႔ အာဟာရဓာတ္ အလံုအေလာက္မရေတာ့ပါဘူး။ ဒီေတာ့ ခႏၶာကိုယ္အတြင္းပိုင္း ကလီစာေတြလည္း ပံုမွန္အလုပ္လုပ္ ႏိုင္ေတာ့ပါဘူး။

ဒီနည္းနဲ႔ ေရခဲေရေသာက္ျခင္းဟာ ခႏၶာကိုယ္တစ္ခုလံုးကို ဆိုးက်ိဳးသက္ေရာက္ေစႏိုင္ပါတယ္။ ကြ်န္ေတာ္တို႔ခႏၶာကိုယ္ထဲက အင္ဇိုင္းေတြက အပူခ်ိန္ (၃၇) ဒီဂရီစင္တီဂရိတ္နဲ႔ (၄၂) ဒီဂရီစင္တီဂရိတ္ၾကားမွာ အေကာင္းဆံုး အလုပ္လုပ္ပါတယ္။ ေရခဲေရေသာက္လိုက္ခ်ိန္မွာေတာ့ ခႏၶာကိုယ္ဟာ သူ႔မွာရွိတဲ့ စြမ္းအင္ေတာ္ေတာ္မ်ားမ်ားကို ေရခဲေရကို ေႏြးေအာင္လုပ္ဖို႔ အသံုးျပဳလိုက္ရပါတယ္။ အဲဒီစြမ္းအင္ဟာ တကယ္ေတာ့ အစာေျခဖ်က္ရာမွာ အသံုးျပဳရမယ့္ စြမ္းအင္ေတြပါ။ ရလဒ္အေနနဲ႔ အစာေျချခင္းလုပ္ငန္းစဥ္ဟာ ပံုမွန္ထက္ပိုၾကာၿပီး ပံုမွန္ထက္လည္း ပိုၿပီးပင္ပန္းႏြမ္းနယ္ရပါလိမ့္မယ္။

တကယ္ေတာ့ ခႏၶာကိုယ္ဟာ ဓာတ္ႀကီးေလးပါး ညီညြတ္မွ်တေနမွသာ က်န္းမာေရးအတြက္ အဆင္ေျပပါတယ္။ ေတေဇာဓာတ္ဟာ အစာေျချခင္းနဲ႔ ခႏၶာကိုယ္တြင္းက အဆိပ္အေတာက္ေတြကို စုစည္းေပးျခင္းအတြက္ အေရးပါပါတယ္။ ေရခဲေရေသာက္ျခင္းက ေတေဇာဓာတ္ကို ၿငိမ္းေစတဲ့အတြက္ ခႏၶာကိုယ္မွာ အဆင္မေျပရတာ ျဖစ္ပါတယ္။ ေနာက္တစ္ခုကေတာ့ အစာစားၿပီးခ်ိန္ ေရခဲေရေသာက္ျခင္းဟာ ခြ်ဲသလိပ္ထေစၿပီး ကိုယ္ခံအားစနစ္ကိုလည္း အားနည္းေစပါတယ္။ အဲဒီကတဆင့္ ေရဓာတ္ခမ္းေျခာက္ျခင္းနဲ႔ အေအးမိေရာဂါကိုလည္း ျဖစ္ေစႏိုင္ပါတယ္။

တရုတ္လူမ်ိဳးေတြကေတာ့ ခႏၶာကိုယ္ကို အဖ်ားေရာဂါေတြက ကာကြယ္ဖို႔အတြက္ ထမင္းစားၿပီးတိုင္း ေရေအးေသာက္မယ့္အစား ေရေႏြးၾကမ္းကိုပဲ ေရြးခ်ယ္ေသာက္သံုးၾကပါတယ္။ အေၾကာင္းရင္းကေတာ့ ေရေႏြးေသာက္ျခင္းဟာ အစာေျချခင္းကို အားေကာင္းေစၿပီး စားလိုက္တဲ့ အစားအေသာက္ေတြထဲမွ အာဟာရနဲ႔ စြမ္းအင္ကို ခႏၶာကိုယ္က လံုေလာက္စြာစုပ္ယူႏိုင္ေအာင္ ကူညီေပးႏိုင္လို႔ပါပဲ။ ဒါေၾကာင့္ ထမင္းစားၿပီးရင္ ေရခဲေသတၱာထဲက ေရဘူးေျပးဆြဲမယ့္အစား ေရေႏြးၾကမ္းေႏြးေႏြးေလးကိုပဲ ေသာက္ၾကည့္လိုက္ပါ။

Source: stylecraze

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ရေခဲရေသောက်ခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမကောင်းဆိုတာနဲ့ ပတ်သက်ပြီး အငြင်းအခုန်တွေ ဖြစ်နေကြတာတော့ ကြာပါပြီ။ တချို့ကတော့ ရေခဲရေဟာ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်တယ်လို့ ယုံကြည်ကြပြီး တချို့လူတွေကတော့ ကိုယ်ခံအားကို မထိခိုက်စေဘဲ ခန္ဓာကိုယ်ကို လန်းဆန်းစေတယ်လို့ ဆိုပါတယ်။

တရုတ်လူမျိုးတွေဟာ အစာစားပြီးရင် ရေအေးအေးလေးတစ်ခွက်သောက်ခြင်းက ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာကို ပထမဦးဆုံး နားလည်သဘောပေါက်ခဲ့သူတွေပဲ ဖြစ်ပါတယ်။ နောက်ပြီး အစာစားပြီး ရေခဲရေသွားသောက်ရင် အစာခြေခြင်း လုပ်ဆောင်မှုတွေကို အနှောင့်အယှက်သွားပေးနိုင်တယ်ဆိုတာကို သိထားကြပါတယ်။ ဒါပေမယ့် မေးစရာတစ်ခုရှိလာတာက ရေခဲရေ အစာခြေခြင်းလုပ်ဆောင်မှုကို ဘယ်လိုအနှောင့်အယှက် ဖြစ်စေတာလဲ။

ရေနွေးက အရေပြားချွေးပေါက်ငယ်လေးတွေကို ကျယ်စေတာကိုတော့ သိထားပြီးဖြစ်မှာပါ။ ဒါကြောင့် ဆန့်ကျင်စွာပဲ ရေခဲရေ သောက်မယ်ဆိုရင်တော့ အရေပြားကို တင်းကျပ်စေပြီး ချွေးပေါက်တွေကိုလည်း ပိတ်သွားစေနိုင်ပါတယ်။ ရေခဲရေ သောက်တဲ့အခါမှာလည်း ဒီလိုပါပဲ။

ရေခဲရေဟာ အစာခြေအင်္ဂါ လမ်းကြောင်းတလျှောက်မှာ တင်းကြပ်မှုတွေဖြစ်စေပြီး လုပ်ငန်းစဉ်ကို ပိုမိုခက်ခဲစေပါတယ်။ အစာခြေလမ်းကြောင်းမှာ အဟန့်အတားပေါ်နေတဲ့အတွက် ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ ပရိုတိန်းနဲ့ အာဟာရဓာတ် အလုံအလောက်မရတော့ပါဘူး။ ဒီတော့ ခန္ဓာကိုယ်အတွင်းပိုင်း ကလီစာတွေလည်း ပုံမှန်အလုပ်လုပ် နိုင်တော့ပါဘူး။

ဒီနည်းနဲ့ ရေခဲရေသောက်ခြင်းဟာ ခန္ဓာကိုယ်တစ်ခုလုံးကို ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။ ကျွန်တော်တို့ခန္ဓာကိုယ်ထဲက အင်ဇိုင်းတွေက အပူချိန် (၃၇) ဒီဂရီစင်တီဂရိတ်နဲ့ (၄၂) ဒီဂရီစင်တီဂရိတ်ကြားမှာ အကောင်းဆုံး အလုပ်လုပ်ပါတယ်။ ရေခဲရေသောက်လိုက်ချိန်မှာတော့ ခန္ဓာကိုယ်ဟာ သူ့မှာရှိတဲ့ စွမ်းအင်တော်တော်များများကို ရေခဲရေကို နွေးအောင်လုပ်ဖို့ အသုံးပြုလိုက်ရပါတယ်။ အဲဒီစွမ်းအင်ဟာ တကယ်တော့ အစာခြေဖျက်ရာမှာ အသုံးပြုရမယ့် စွမ်းအင်တွေပါ။ ရလဒ်အနေနဲ့ အစာခြေခြင်းလုပ်ငန်းစဉ်ဟာ ပုံမှန်ထက်ပိုကြာပြီး ပုံမှန်ထက်လည်း ပိုပြီးပင်ပန်းနွမ်းနယ်ရပါလိမ့်မယ်။

တကယ်တော့ ခန္ဓာကိုယ်ဟာ ဓာတ်ကြီးလေးပါး ညီညွတ်မျှတနေမှသာ ကျန်းမာရေးအတွက် အဆင်ပြေပါတယ်။ တေဇောဓာတ်ဟာ အစာခြေခြင်းနဲ့ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို စုစည်းပေးခြင်းအတွက် အရေးပါပါတယ်။ ရေခဲရေသောက်ခြင်းက တေဇောဓာတ်ကို ငြိမ်းစေတဲ့အတွက် ခန္ဓာကိုယ်မှာ အဆင်မပြေရတာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အစာစားပြီးချိန် ရေခဲရေသောက်ခြင်းဟာ ချွဲသလိပ်ထစေပြီး ကိုယ်ခံအားစနစ်ကိုလည်း အားနည်းစေပါတယ်။ အဲဒီကတဆင့် ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ အအေးမိရောဂါကိုလည်း ဖြစ်စေနိုင်ပါတယ်။

တရုတ်လူမျိုးတွေကတော့ ခန္ဓာကိုယ်ကို အဖျားရောဂါတွေက ကာကွယ်ဖို့အတွက် ထမင်းစားပြီးတိုင်း ရေအေးသောက်မယ့်အစား ရေနွေးကြမ်းကိုပဲ ရွေးချယ်သောက်သုံးကြပါတယ်။ အကြောင်းရင်းကတော့ ရေနွေးသောက်ခြင်းဟာ အစာခြေခြင်းကို အားကောင်းစေပြီး စားလိုက်တဲ့ အစားအသောက်တွေထဲမှ အာဟာရနဲ့ စွမ်းအင်ကို ခန္ဓာကိုယ်က လုံလောက်စွာစုပ်ယူနိုင်အောင် ကူညီပေးနိုင်လို့ပါပဲ။ ဒါကြောင့် ထမင်းစားပြီးရင် ရေခဲသေတ္တာထဲက ရေဘူးပြေးဆွဲမယ့်အစား ရေနွေးကြမ်းနွေးနွေးလေးကိုပဲ သောက်ကြည့်လိုက်ပါ။

Source: stylecraze

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top