iMyanmarHouse.com - Best Property Website for Myanmar
×

Jewelz ဆိုတဲ့ ေကာင္မေလးကို အကိတ္လြန္ဆုိဒ္လို႔ပဲ ေျပာရမယ္။ သူ႔ကို ဝတယ္လို႔ ေျပာလာရင္ သူက လက္မခံသလို ဝတာက စိတ္ညစ္စရာ၊ ႐ွက္စရာမဟုတ္ဘူးလို႔လည္း ခံယူထားတယ္။ ဝိတ္ခ်ဖုိ႔ ေျပာလာရင္လည္း သူက ျငင္းပစ္တယ္။

ကမ္းေျခမွာ ဘီကီနီေလးဝတ္ၿပီး ဓာတ္ပံု႐ိုက္ခံေတာ့ ကိုယ့္ကိုယ္ကိုယ္ ဆက္စီက်တယ္လို႔ ခံစားမိသတဲ့။ ကိုယ့္ခႏၶာကိုယ္ကိုလည္း ခ်စ္ခင္သူ ျဖစ္ပါတယ္။ ဝိတ္ခ်ဖို႔ ဖိအားေတြေပးလာသမွ်ကိုလည္း ပါးစပ္ပိတ္သြားေအာင္ လုပ္ပစ္တယ္။ ဘာေၾကာင့္လဲဆုိေတာ့ ကိုယ့္ရဲ႕ခႏၶာကိုယ္နဲ႔ ပတ္သက္ၿပီး ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈရွိတယ္ေလ။ Jewelz လည္း ကိုယ္ခႏၶာကိုယ္အေပၚ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈ ရွိတယ္ဆုိရင္ မဒီေလးတုိ႔လည္း ဒီလိုစိတ္ထားမ်ိဳး ရွိေနေအာင္ အားက်သင့္တယ္။

ေက်ာင္းတုန္းကဆို အရမ္းကို ေလွာင္ေျပာင္စေနာက္ခံခဲ့ရလို႔ ခဏခဏ ေက်ာင္းေျပးခဲ့ရတယ္။ Jewelz အသက္ ၂၃ ႏွစ္မွာေတာ့ ခႏၶာကိုယ္အေပၚ အေကာင္းျမင္လာေစမယ့္အေၾကာင္းအရာေတြကို အင္တာနက္ေပၚကေန ေတြ႔ခဲ့တယ္။ အဲ့ဒီကစလို႔ ကိုယ့္ခႏၶာကိုယ္အေပၚ ရွက္ရြံ႕ေနမယ့္အစား ကိုယ့္ခႏၶာကိုယ္ကို ခ်စ္တတ္လာခဲ့တယ္။

" ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈရွိျခင္းဟာ ကၽြန္မရခဲ့သမွ် လက္ေဆာင္ေတြထဲမွာ အႀကီးက်ယ္အခမ္းနားဆံုးပါပဲ။ ပိန္ၿပီး မေပ်ာ္႐ႊင္ရတာထက္ ခႏၶာကိုယ္ႀကီးမားတဲ့ မိန္းကေလးျဖစ္ရတာက ကၽြန္မကို ႏိုးၾကားေစခဲ့တယ္။ ပိန္တာက ကၽြန္မကို ဘယ္လိုမွေပ်ာ္ေအာင္လုပ္ႏိုင္မွာမဟုတ္ဘူးဆုိတာ နားလည္သေဘာေပါက္ခဲ့တယ္" လို႔ အကိတ္လြန္ ေကာင္မေလးက ေျပာတယ္။ အဲ့ဒီေနာက္ပိုင္းကစလို႔ Jewelz ဟာ သူ႔စိတ္ႀကိဳက္ဖက္ရွင္ေတြကိုပဲ ဝတ္ပါေတာ့တယ္။ အင္စတာဂရမ္မွာလည္း ကိုယ့္ကိုယ္ကိုယ္ခ်စ္လာေစဖုိ႔ အားတက္ေစမယ့္ စကားေတြကို သူမရဲ႕ပံုေတြနဲ႔အတူ အၿမဲတမ္း တင္ဆက္ေနခဲ့ပါတယ္။

Source : Metro

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Jewelz ဆိုတဲ့ ကောင်မလေးကို အကိတ်လွန်ဆိုဒ်လို့ပဲ ပြောရမယ်။ သူ့ကို ဝတယ်လို့ ပြောလာရင် သူက လက်မခံသလို ဝတာက စိတ်ညစ်စရာ၊ ရှက်စရာမဟုတ်ဘူးလို့လည်း ခံယူထားတယ်။ ဝိတ်ချဖို့ ပြောလာရင်လည်း သူက ငြင်းပစ်တယ်။

ကမ်းခြေမှာ ဘီကီနီလေးဝတ်ပြီး ဓာတ်ပုံရိုက်ခံတော့ ကိုယ့်ကိုယ်ကိုယ် ဆက်စီကျတယ်လို့ ခံစားမိသတဲ့။ ကိုယ့်ခန္ဓာကိုယ်ကိုလည်း ချစ်ခင်သူ ဖြစ်ပါတယ်။ ဝိတ်ချဖို့ ဖိအားတွေပေးလာသမျှကိုလည်း ပါးစပ်ပိတ်သွားအောင် လုပ်ပစ်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်လေ။ Jewelz လည်း ကိုယ်ခန္ဓာကိုယ်အပေါ် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိတယ်ဆိုရင် မဒီလေးတို့လည်း ဒီလိုစိတ်ထားမျိုး ရှိနေအောင် အားကျသင့်တယ်။

ကျောင်းတုန်းကဆို အရမ်းကို လှောင်ပြောင်စနောက်ခံခဲ့ရလို့ ခဏခဏ ကျောင်းပြေးခဲ့ရတယ်။ Jewelz အသက် ၂၃ နှစ်မှာတော့ ခန္ဓာကိုယ်အပေါ် အကောင်းမြင်လာစေမယ့်အကြောင်းအရာတွေကို အင်တာနက်ပေါ်ကနေ တွေ့ခဲ့တယ်။ အဲ့ဒီကစလို့ ကိုယ့်ခန္ဓာကိုယ်အပေါ် ရှက်ရွံ့နေမယ့်အစား ကိုယ့်ခန္ဓာကိုယ်ကို ချစ်တတ်လာခဲ့တယ်။

" ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းဟာ ကျွန်မရခဲ့သမျှ လက်ဆောင်တွေထဲမှာ အကြီးကျယ်အခမ်းနားဆုံးပါပဲ။ ပိန်ပြီး မပျော်ရွှင်ရတာထက် ခန္ဓာကိုယ်ကြီးမားတဲ့ မိန်းကလေးဖြစ်ရတာက ကျွန်မကို နိုးကြားစေခဲ့တယ်။ ပိန်တာက ကျွန်မကို ဘယ်လိုမှပျော်အောင်လုပ်နိုင်မှာမဟုတ်ဘူးဆိုတာ နားလည်သဘောပေါက်ခဲ့တယ်" လို့ အကိတ်လွန် ကောင်မလေးက ပြောတယ်။ အဲ့ဒီနောက်ပိုင်းကစလို့ Jewelz ဟာ သူ့စိတ်ကြိုက်ဖက်ရှင်တွေကိုပဲ ဝတ်ပါတော့တယ်။ အင်စတာဂရမ်မှာလည်း ကိုယ့်ကိုယ်ကိုယ်ချစ်လာစေဖို့ အားတက်စေမယ့် စကားတွေကို သူမရဲ့ပုံတွေနဲ့အတူ အမြဲတမ်း တင်ဆက်နေခဲ့ပါတယ်။

Source : Metro

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top