iMyanmarHouse.com - Best Property Website for Myanmar
×

ဒီလို မ်က္စိကို တအားခိုင္းေနရတဲ့ ကမၻာႀကီးမွာ မ်က္စိက်န္းမာေရးအတြက္ အစားအေသာက္၊ အေနအထိုင္ ထိန္းသိမ္းသင့္သလို ေလ့က်င့္ခန္းေလးေတြလည္း လုပ္ေပးသင့္ပါတယ္။

လူမႈကြန္ရက္၊ ရုပ္သံတီဗီ၊ ဒစ္ဂ်စ္တယ္ဂိမ္း၊ ဒစ္ဂ်စ္တယ္အလုပ္ေတြနဲ႔ ကမၻာ.... တစ္ခါတေလက်ရင္ ကြ်န္ေတာ္တို႔ေတြ ကိုယ့္ကိုယ္ကို ျပန္ေမးၾကည့္သင့္ပါတယ္။ ကိုယ့္မ်က္စိကိုယ္ ဘယ္ေလာက္ေတာင္မ်ား မညွာမတာ ခိုင္းစားမိေနၾကလဲဆုိၿပီး။ အလုပ္လုပ္ေတာ့လည္း ဖန္သားျပင္ (screen) ေတြေပၚမွာ၊ အနားယူေတာ့လည္း ဖန္သားျပင္ (screen) ေတြေပၚမွာ၊ ေနာက္ဆံုး အစားစားတာ၊ ၾကင္ယာရွာတာကအစ ဒီဒစ္ဂ်စ္တယ္ပစၥည္းေလးေတြေပၚက ဖန္သားျပင္ (screen) ေတြေပၚကတဆင့္ လုပ္ေဆာင္လို႔ရေနပါၿပီ။

ဒီလို မ်က္စိကို တအားခိုင္းေနရတဲ့ ကမၻာႀကီးမွာ မ်က္စိက်န္းမာေရးအတြက္ အစားအေသာက္၊ အေနအထိုင္ ထိန္းသိမ္းသင့္သလို ေလ့က်င့္ခန္းေလးေတြလည္း လုပ္ေပးသင့္ပါတယ္။ ယခုေဖာ္ျပေပးမွာကေတာ့ မ်က္စိက်န္းမာေရးအတြက္ လုပ္ေပးသင့္တဲ့ ေလ့က်င့္ခန္းေလးေတြပဲ ျဖစ္ပါတယ္။

၁။ မ်က္စိၾကြက္သားေတြကို ႏွိပ္နယ္ေပးပါ

လုပ္ရမွာေလးကေတာ႔ ရိုးရွင္းပါတယ္။ ဒါေပမယ္႔ မနက္တိုင္းေတာ႔ လုပ္ေပးလို႔လိုပါတယ္။ မနက္အိပ္ယာထျပီဆိုတာနဲ႕ မ်က္ႏွာကို ေရေအးေအးေလးနဲ႔ သစ္ေပးပါ။ ျပီိးရင္ ပါးစပ္ထဲမွာေရငံုပါ။ မ်က္စိကိုမွိတ္ထားျပီး ေရေအးေအးေလးနဲ႔ မ်က္စိေပၚကိုပက္ျဖန္းေပးပါ။ ပါးစပ္ထဲမွာငံုထားေတာ့ ပါးနဲ႔ေမးရိုးအာရံုေၾကာေတြတင္းၿပီး မ်က္စိနားတဝိုက္က ၾကြက္သားေတြကို ႏႈိးဆြေပးႏိုင္တာပါ။ ေနာက္ျပီး မ်က္ႏွာေပၚကို ေရေအးနဲ႔ပက္ဖ်န္းေပးျခင္းက မ်က္စိအာရံုေၾကာေတြကို လႈံ႕ေဆာ္ေပးျပီး အေရျပားကိုလည္း ႏုပ်ိဳလန္းဆန္းလာေစပါတယ္။

၂။ ပင္ပန္းႏြမ္းနယ္ေနတဲ႔ မ်က္စိကို ႏွိပ္နယ္ေပးပါ

ဒီနည္းလမ္းေလးကေတာ႔ ကြန္ပ်ဴတာ စခရင္ေရွ႕မွာအၾကာၾကီးထိုင္ျပီးအလုပ္လုပ္ေနရတဲ႔လူေတြအတြက္ေတာ႔ အသင္႔ေတာ္ဆံုးပါပဲ။ လက္မကို မ်က္ခံုးအေပၚမွာ၊ လက္ညွိဳးကိုမ်က္ခံုးေအာက္မွာထားျပီး ညွင္သာစြာႏွိပ္နယ္ေပးပါ။ ျပီးရင္ မ်က္ခံုးရိုးတေလွ်ာက္လံုးကို ညွင္သာစြာဖိအားေပးပါ။

ေနာက္တစ္ခုကေတာ႔ မ်က္စိမွိတ္ထားျပီး လက္မနဲ႔မ်က္လံုးအေပၚကေန ညွင္ညွင္သာသာေလး ပြတ္ေပးပါ။  မ်က္လံုးအနားတဝိုက္ ေသြးလည္ပတ္မႈေကာင္းေအာင္နဲ႔ အာရံုေၾကာတင္းမာမႈေတြကိုေျဖေလွ်ာ႔ဖို႔ ဒီနည္းလမ္းေလးကို (၃) နာရီတစ္ႀကိမ္ေလာက္ ျပဳလုပ္ေပးသင္႔ပါတယ္။ ဒီေလ႔က်င္႔ခန္းေလးကေတာ႔ ကြန္ပ်ဴတာစခရင္ကိုအၾကာၾကီး ၾကည္႔ေနရလို႔႔ မ်က္စိေညာင္းညာေနတဲ႔သူေတြရဲ႔ အေဖာ္မြန္ေလးျဖစ္မွာပါ။

၃။ မ်က္စိေလ႔က်င္႔ခန္းလုပ္ေပးပါ

ဒီနည္းလမ္းေလးကေတာ႔ မ်က္လံုးၾကြက္သားေလးေတြကို ႏႈိးဆြေပးဖို႔အတြက္ လုပ္ေပးရတာပါ။ အရင္ဆံုး မ်က္လံုးကိုဘယ္ကေနညာ၊ ညာကေနဘယ္ ၾကည္႔ေပးပါ။ ျပီးရင္ အေပၚကေအာက္၊ ေအာက္ကေန အေပၚျပန္ၾကည္႔ေပးပါ။ ျပီးရင္ နာရီလက္တံံအတိုင္းတစ္ခါ၊ နာရီလက္တံေျပာင္းျပန္တစ္ခါ မ်က္လံုးကို မ်က္ခြံအထဲမွာ လွည္႔ေပးပါ။ တစ္ၾကိမ္လုပ္ရင္ အေပၚကနည္းအတိုင္း (၃) (၄) ခါေလာက္ လုပ္ေပးမယ္ဆိုရင္ မ်က္စိၾကြက္သားေတြကို အထူးအားေကာင္းလာေစႏိုင္မွာပါ။

၄။ မ်က္စိကိုအနားေပးပါ

ဒီနည္းလမ္းေလးကေတာ႔ မ်က္စိအထူးကုဆရာဝန္ ေဒါက္တာဘိတ္စ္ က လက္ဝါးအပူေပးနည္းလမ္းလို႔ နာမည္ေပးထားတဲ႔ နည္းလမ္းေလးပဲျဖစ္ပါတယ္။ ဒီနည္းလမ္းအတိုင္းလုပ္ဖို႔ လက္ဖဝါးႏွစ္ဖက္ကို စကၠန္႕ (၃၀) ေလာက္ၾကာေအာင္ ပြတ္တိုက္ျပီး အပူေပးပါ။ ျပီးရင္ မ်က္လံုးမွိတ္ျပီး မ်က္ခြံေပၚမွာညွင္သာစြာတင္ျပီး အပူေပးလိုက္ပါ။

အပူခ်ိန္ေလ်ာ႔ပါးသြားသည္အထိ တစ္မိနစ္ေလက္ၾကာေအာင္ အဲဒီပံုစံအတိုင္းထားေပးပါ။ ျပီးရင္မ်က္လံုးကို ေျဖးညွင္းစြာဖြင္႔ၾကည္႔ပါ။ စစခ်င္းေတာ႔ အလင္းေရာင္စူးစူးကိုတိုက္ရိုက္မၾကည္႔မိပါေစနဲ႔။ သင္႔ရဲ႕မ်က္လံုးေတြကို ပတ္ဝန္းက်င္ရဲ႕အလင္းအေမွာင္ေျပာင္းလဲမႈကို ေနသားက်ဖို႔အခ်ိန္ေပးလိုက္ပါဦး။

Source: Webmd

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဒီလို မျက်စိကို တအားခိုင်းနေရတဲ့ ကမ္ဘာကြီးမှာ မျက်စိကျန်းမာရေးအတွက် အစားအသောက်၊ အနေအထိုင် ထိန်းသိမ်းသင့်သလို လေ့ကျင့်ခန်းလေးတွေလည်း လုပ်ပေးသင့်ပါတယ်။

လူမှုကွန်ရက်၊ ရုပ်သံတီဗီ၊ ဒစ်ဂျစ်တယ်ဂိမ်း၊ ဒစ်ဂျစ်တယ်အလုပ်တွေနဲ့ ကမ္ဘာ.... တစ်ခါတလေကျရင် ကျွန်တော်တို့တွေ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်သင့်ပါတယ်။ ကိုယ့်မျက်စိကိုယ် ဘယ်လောက်တောင်များ မညှာမတာ ခိုင်းစားမိနေကြလဲဆိုပြီး။ အလုပ်လုပ်တော့လည်း ဖန်သားပြင် (screen) တွေပေါ်မှာ၊ အနားယူတော့လည်း ဖန်သားပြင် (screen) တွေပေါ်မှာ၊ နောက်ဆုံး အစားစားတာ၊ ကြင်ယာရှာတာကအစ ဒီဒစ်ဂျစ်တယ်ပစ္စည်းလေးတွေပေါ်က ဖန်သားပြင် (screen) တွေပေါ်ကတဆင့် လုပ်ဆောင်လို့ရနေပါပြီ။

ဒီလို မျက်စိကို တအားခိုင်းနေရတဲ့ ကမ္ဘာကြီးမှာ မျက်စိကျန်းမာရေးအတွက် အစားအသောက်၊ အနေအထိုင် ထိန်းသိမ်းသင့်သလို လေ့ကျင့်ခန်းလေးတွေလည်း လုပ်ပေးသင့်ပါတယ်။ ယခုဖော်ပြပေးမှာကတော့ မျက်စိကျန်းမာရေးအတွက် လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းလေးတွေပဲ ဖြစ်ပါတယ်။

၁။ မျက်စိကြွက်သားတွေကို နှိပ်နယ်ပေးပါ

လုပ်ရမှာလေးကတော့ ရိုးရှင်းပါတယ်။ ဒါပေမယ့် မနက်တိုင်းတော့ လုပ်ပေးလို့လိုပါတယ်။ မနက်အိပ်ယာထပြီဆိုတာနဲ့ မျက်နှာကို ရေအေးအေးလေးနဲ့ သစ်ပေးပါ။ ပြီးရင် ပါးစပ်ထဲမှာရေငုံပါ။ မျက်စိကိုမှိတ်ထားပြီး ရေအေးအေးလေးနဲ့ မျက်စိပေါ်ကိုပက်ဖြန်းပေးပါ။ ပါးစပ်ထဲမှာငုံထားတော့ ပါးနဲ့မေးရိုးအာရုံကြောတွေတင်းပြီး မျက်စိနားတဝိုက်က ကြွက်သားတွေကို နှိုးဆွပေးနိုင်တာပါ။ နောက်ပြီး မျက်နှာပေါ်ကို ရေအေးနဲ့ပက်ဖျန်းပေးခြင်းက မျက်စိအာရုံကြောတွေကို လှုံ့ဆော်ပေးပြီး အရေပြားကိုလည်း နုပျိုလန်းဆန်းလာစေပါတယ်။

၂။ ပင်ပန်းနွမ်းနယ်နေတဲ့ မျက်စိကို နှိပ်နယ်ပေးပါ

ဒီနည်းလမ်းလေးကတော့ ကွန်ပျူတာ စခရင်ရှေ့မှာအကြာကြီးထိုင်ပြီးအလုပ်လုပ်နေရတဲ့လူတွေအတွက်တော့ အသင့်တော်ဆုံးပါပဲ။ လက်မကို မျက်ခုံးအပေါ်မှာ၊ လက်ညှိုးကိုမျက်ခုံးအောက်မှာထားပြီး ညှင်သာစွာနှိပ်နယ်ပေးပါ။ ပြီးရင် မျက်ခုံးရိုးတလျှောက်လုံးကို ညှင်သာစွာဖိအားပေးပါ။

နောက်တစ်ခုကတော့ မျက်စိမှိတ်ထားပြီး လက်မနဲ့မျက်လုံးအပေါ်ကနေ ညှင်ညှင်သာသာလေး ပွတ်ပေးပါ။  မျက်လုံးအနားတဝိုက် သွေးလည်ပတ်မှုကောင်းအောင်နဲ့ အာရုံကြောတင်းမာမှုတွေကိုဖြေလျှော့ဖို့ ဒီနည်းလမ်းလေးကို (၃) နာရီတစ်ကြိမ်လောက် ပြုလုပ်ပေးသင့်ပါတယ်။ ဒီလေ့ကျင့်ခန်းလေးကတော့ ကွန်ပျူတာစခရင်ကိုအကြာကြီး ကြည့်နေရလို့ မျက်စိညောင်းညာနေတဲ့သူတွေရဲ့ အဖော်မွန်လေးဖြစ်မှာပါ။

၃။ မျက်စိလေ့ကျင့်ခန်းလုပ်ပေးပါ

ဒီနည်းလမ်းလေးကတော့ မျက်လုံးကြွက်သားလေးတွေကို နှိုးဆွပေးဖို့အတွက် လုပ်ပေးရတာပါ။ အရင်ဆုံး မျက်လုံးကိုဘယ်ကနေညာ၊ ညာကနေဘယ် ကြည့်ပေးပါ။ ပြီးရင် အပေါ်ကအောက်၊ အောက်ကနေ အပေါ်ပြန်ကြည့်ပေးပါ။ ပြီးရင် နာရီလက်တံံအတိုင်းတစ်ခါ၊ နာရီလက်တံပြောင်းပြန်တစ်ခါ မျက်လုံးကို မျက်ခွံအထဲမှာ လှည့်ပေးပါ။ တစ်ကြိမ်လုပ်ရင် အပေါ်ကနည်းအတိုင်း (၃) (၄) ခါလောက် လုပ်ပေးမယ်ဆိုရင် မျက်စိကြွက်သားတွေကို အထူးအားကောင်းလာစေနိုင်မှာပါ။

၄။ မျက်စိကိုအနားပေးပါ

ဒီနည်းလမ်းလေးကတော့ မျက်စိအထူးကုဆရာဝန် ဒေါက်တာဘိတ်စ် က လက်ဝါးအပူပေးနည်းလမ်းလို့ နာမည်ပေးထားတဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။ ဒီနည်းလမ်းအတိုင်းလုပ်ဖို့ လက်ဖဝါးနှစ်ဖက်ကို စက္ကန့် (၃၀) လောက်ကြာအောင် ပွတ်တိုက်ပြီး အပူပေးပါ။ ပြီးရင် မျက်လုံးမှိတ်ပြီး မျက်ခွံပေါ်မှာညှင်သာစွာတင်ပြီး အပူပေးလိုက်ပါ။

အပူချိန်လျော့ပါးသွားသည်အထိ တစ်မိနစ်လေက်ကြာအောင် အဲဒီပုံစံအတိုင်းထားပေးပါ။ ပြီးရင်မျက်လုံးကို ဖြေးညှင်းစွာဖွင့်ကြည့်ပါ။ စစချင်းတော့ အလင်းရောင်စူးစူးကိုတိုက်ရိုက်မကြည့်မိပါစေနဲ့။ သင့်ရဲ့မျက်လုံးတွေကို ပတ်ဝန်းကျင်ရဲ့အလင်းအမှောင်ပြောင်းလဲမှုကို နေသားကျဖို့အချိန်ပေးလိုက်ပါဦး။

Source: Webmd

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top