iMyanmarHouse.com - Best Property Website for Myanmar
×

ႏွစ္ေပါင္းမ်ားစြာကတည္းက အုန္းစိမ္းရည္က က်န္းမာေရးအတြက္ အက်ိုးေက်းဇူးမ်ားစြာေပးစြမ္းႏိုင္တယ္ဆိုတာကို သိရွိထားျပီးျဖစ္ပါတယ္။ အုန္းစိမ္းသီးတစ္လံုးမွာ အရည္ဓာတ္ ၂၀၀ မီလီလီတာ ကေန ၁,၀၀၀ မီလီလီတာ အထိပါဝင္ပါတယ္။
အုန္းစိမ္းရည္က အရာသာရွိျပီး ကယ္လိုရီပါဝင္မႈနည္းတဲ့ သဘာဝ အခ်ိုရည္တစ္မ်ိဳးပါ။ အုန္းစိမ္းရည္မွာ အုန္းသီးေျခာက္အရည္ထက္ အာဟာရဓာတ္ပိုမိုပါဝင္ပါတယ္။ အုန္းစိမ္းရည္မွာ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ၊ အမိုင္နို္အက္ဆစ္၊ အင္ဇိုင္းေတြ၊ ဗီတာမင္ ဘီဓာတ္ေတြ၊ ဗီတာမင္ စီ၊ သံဓာတ္၊ ကယ္လ္ဆီယမ္၊ပိုတက္ဆီယမ္၊မဂၢနီဆီယမ္၊ မဂၢနီ႔ နဲပ ဇင့္ ဓာတ္ေတြလိုမ်ိဳး သတၱဳဓာတ္ေတြပါဝင္ေနပါတယ္။
အုန္းစိမ္းရည္မွာပါတဲ့ အာဟာရဓာတ္ေတြက ကိုယ္ခံအားစနစ္ကို တိုးျမွင့္ေပးပါတယ္။ အုန္းစိမ္းရည္မွာပါတဲ့ cytokinin လို႔ေခၚတဲ့ အပင္ေဟာ္မုန္းတစ္မ်ိဳးကလည္း အရြယ္တင္နုပ်ိဳေစသလို ဘက္တီးရီးယားေတြနဲ႔ကင္ဆာေရာဂါေတြကို တိုက္ဖ်က္နိုင္တဲ့အစြမ္းလည္းရွိပါ တယ္။ အုန္းစိမ္းရည္က က်န္းမာေရးအတြက္ ဘယ္လိုအေထာက္အကူေပးႏိုင္သလဲဆိုတဲ့အခ်က္ေလးေတြကို မွ်ေဝေပးလိုက္ပါတယ္။
အုန္းစိမ္းရည္ကေနရရွိနိုင္တဲ ့က်န္းမာေရးအက်ိဳးေက်းဇူးမ်ား
ခႏၶာကိုယ္ကို ေရဓာတ္ျဖည့္ေပးျခင္း
အုန္စိမ္းရည္က အပူဒဏ္ေၾကာင့္ျဖစ္တဲ့ ေရငတ္တာကိုေျပေစႏိုင္တဲ့ သဘာဝအခ်ိဳရည္တစ္မ်ိုးပါ။ အုန္းစိမ္းရည္မွာပါတဲ့ electrolyte composition ေတြေၾကာင့္ ဝမ္းေလွ်ာတာ၊ ေအာ့အန္တာနဲ႔အလြန္အမင္းေခၽြးထြက္တာေတြေၾကာင့္ ခႏၶာကိုယ္ကဆံုးရံႈးသြားတဲ့ေရဓာတ္ကို ျပန္လည္ျဖည့္တင္းေပးပါတယ္။ ကာဗုိဟိုက္ဒရိတ္ပါဝင္တာေၾကာင့္ ခႏၶာကိုယ္ကို အားျပည့္ေစပါတယ္။
ေသြးတိုးက်ေစျခင္း
အုန္းစိမ္းရည္မွာ ဗီတာမင္ စီ၊ ပိုတက္ဆီယမ္ နဲ႔ မဂၢနီဆီယမ္တို႔ပါဝင္ေနတာေၾကာင့္ ေသြးတိုးေရာဂါရွိသူေတြအတြက္ သင့္ေတာ္ပါတယ္။ အုန္းစိမ္းရည္မွာပါတဲ့ ပိုတက္ဆီယမ္က ကိုယ္တြင္းကအက်ိဳးမျပဳတဲ့ ဆိုဒီယမ္ပမာဏကိုထိန္းညွိေပးျခင္းျဖင့္ ေသြးတိုးက်ေအာင္အေထာက္အကူျပဳပါတယ္။
ႏွလံုးက်န္းမာေစျခင္း
ကိုလက္စထေရာ နဲ႔ အဆီပါဝင္မႈနည္းတဲ့ အုန္းစိမ္းရည္က ႏွလံုးကိုက်န္းမာေစပါတယ္။ ခႏၶာကိုယ္အတြက္အက်ိုးမျပဳတဲ့ ကိုလက္စထေရာ (LDL) ကိုေလ်ာ့က်ေစျပီး အက်ိဳးျပဳကိုလက္စထေရာ (HDL) ကိုတိုးေစႏိုင္တာေၾကာင့္ ႏွလံုးေရာဂါခံစားရႏိုင္ေျခကို ေလွ်ာ့ခ်ေပးပါတယ္။
အုန္းစိမ္းရည္မွာ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ၊ ေရာင္ရမ္းမႈကို ေလ်ာ့ပါးေစတဲ့ အစြမ္းသတၱိ နဲ႔ antiplatelet properties ေတြပါဝင္ေနျပီး ေသြးလည္ပတ္စီးဆင္းမႈကို တိုးတက္ေကာင္းမြန္ေစပါတယ္။ ေသြးေၾကာေတြထဲမ်ာ အနယ္အႏွစ္စုပံုတာမ်ိဳးေတြကိုေလွ်ာ့ခ်ေပးႏိုင္ျပီး ရုတ္တရက္ႏွလံုးရပ္တာနဲ႔ ေလျဖတ္တာမ်ိဳးေတြကိုလည္းေလွ်ာ့ခ်ေပးပါတယ္။
အရက္နာက်တာကို သက္သာေစျခင္း
အုန္းရည္က အရက္နာက်တာကို သက္သာေစႏိုင္တဲ့ သဘာဝေဆးတစ္မ်ိုးပါ။ အရက္က ခႏၶာကိုယ္ရဲ႕ေရဓာတ္ကိုကုန္ဆံုးေစျပီး ေရဓာတ္ကုန္ဆံုးမႈက ေနာက္တစ္ေန႔မနက္မွာ အရက္နာက်တာကိုျဖစ္ေစပါတယ္။ အုန္းရည္က ခႏၶာကိုယ္ရဲ႕ electrolyte ကိုျပန္လည္ျဖည့္တင္းေပးျပီး ေရဓာတ္ကို ျပန္လည္ျဖည့္တင္းေပးႏိုင္တာေၾကာင့္ အရက္နာက်တာကိုသက္သာေစပါတယ္။
ကိုယ္အေလးခ်ိန္က်ေစႏိုင္ျခင္း
ကိုယ္အေလးခ်ိ္န္က်ခ်င္တဲ့သူေတြအတြက္ အုန္းစိမ္းရည္က ေသာက္သံုးဖို႔သင့္ေတာ္ပါတယ္။ ကယ္လိုရီပါဝင္မႈနည္းျပီး အစာအိမ္အတြက္လည္း အေထာက္အပံ့ျပဳပါတယ္။ အုန္းစိမ္းရည္မွာ အစာေခ်ဖ်က္မႈကို အေထာက္အပံ့ေပးျပီး အဆီေတြေခ်ဖ်က္မႈကို တိုးျမွင့္ေပးႏိုင္တဲ့ bioactive အင္ဇိုင္းေတြအမ်ားအျပားပါဝင္ပါတယ္။
အုန္းစိမ္းရည္မွာပိုတက္ဆီဝမ္ၾကြယ္ဝစြာပါဝင္ပါတယ္။ ကုိယ္တြင္းက မလိုအပ္တဲ့အရည္ေတြနဲ႔ အဆိပ္အေတာက္ေတြကို စြန္႔ထုတ္ေအာင္အေထာက္အပံ့ေပးပါတယ္။
ေခါင္းကိုက္တာကို သက္သာေစျခင္း
ေခါင္းကိုက္တာ၊ ေခါင္းတစ္ျခမ္းကိုက္တာအမ်ားစုက ေရဓာတ္ဆံုးရံႈးတာေၾကာင့္ ျဖဟ္တာျဖစ္ပါတယ္။ အုန္းစိမ္းရည္က ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ electrolytes ေတြကိုေထာက္ပံ့ေပးရာမွာ အေထာက္အကူျပဳသလို ခႏၶာကိုယ္ရဲ႕ ေရဓာတ္ကိုျမွင့္တင္ေပးပါတယ္။
အုန္းစိမ္းရည္မွာ မဂၢနီဆီယမ္ၾကြယ္ဝစြာပါဝင္တာေၾကာင့္ ေခါင္းတစ္ျခမ္းကိုက္ ေဝဒနာခံစားေနရသူေတြအေနနဲ႔ ေသာက္သံုးေပးသင့္ပါတယ္။ ကိုယ္တြင္းမွာ မဂၢနီဆီယမ္ပမာဏ ေလ်ာ့နည္းလာတာေၾကာင့္ ေခါင္းတစ္ျခမ္းကိုက္တာျဖစ္ပါတယ္။
ေလပြတာကို သက္သာေစျခင္း
ဆိုဒီယမ္ စားသံုးမႈ မ်ားတာေၾကာင့္ ေလပြတာျဖစ္ပါတယ္။ အုနး္စိမ္းရည္က ခႏၶာကိုယ္တြင္းက ဆိုဒီယမ္ပမာဏကိုေလွ်ာ့ခ်ေပးပါတယ္။ အုန္းစိမ္းရည္မွာ ပိုတက္ဆီယမ္ၾကြယ္ဝစြာပါဝင္တာေၾကာင့္ ဆိုဒီယမ္ပမာဏကိုေလွ်ာ့ခ်ရာမွာ အေထာက္အကူျပဳေပးပါတယ္။
အယ္လ္ဇိုင္းမား( Alzheimer) ေရာဂါကို သက္သာေစႏိုင္ျခင္း
အုန္းစိမ္းရည္က အယ္လ္ဇိုင္းမားလိုမ်ိဳး အာရံုေၾကာထိခိုက္ပ်က္စီးတဲ့ေရာဂါေတြကို ကုသရာမွာ အေထာက္အကူျပဳနိုင္တဲ့ အရာတစ္ခုျဖစ္ လာႏိုင္ဖြယ္ရွိပါတယ္။ အုန္းစိမ္းရည္ထဲမွာ အပင္ေဟာ္မုန္းတစ္မ်ိဳးျဖစ္တဲ့ cytokinin ပါဝင္တာေၾကာင့္ ဦးေႏွာက္ဆဲလ္ေတြ ပ်က္စီမႈကို ကာကြယ္ေပးပါတယ္။ မွတ္ဥာဏ္ေတြ ျပန္လည္ေကာင္းမြန္လာေအာင္လည္း အေထာက္အကူျပဳပါတယ္။
မ်က္လံုးက်န္းမာေစျခင္း
အျမင္အာရံုၾကည္လင္ေစဖို႔အတြက္ အုန္းစိမ္းရည္ေသာက္ေပးႏိုင္ပါတယ္။ ဦးေႏွာက္နဲ႔ မ်က္လံုးက်န္းမာသန္စြမ္းေစဖို႔အတြက္ ခႏၶာကိုယ္ က ဗီတာမင္ B1ကိုလိုအပ္ပါတယ္။  ဗီတာမင္ B1 က မ်က္လံုးၾကြက္သားေတြကို သန္စြမ္းေစျပီး ညဘက္မွာလည္း မ်က္လံုးအျမင္အာရံုကိုေကာင္းမြန္ေစပါတယ္။
pH ပမာဏကိုထိန္းညွိေပးျခင္း
အသင့္စားအလါယ္စား အစားအစာေတြလိုမ်ိဳး အက္ဆစ္ဓာတ္ပါဝင္မႈမ်ားတဲ့အစားအေသာက္ေတြကို အမ်ားအျပားစားသံုးတာ၊ စိတ္ဖိစီးတာ နဲ႔ အဆိပ္အေတာက္ျဖစ္ေစတဲ့အရာေတြေၾကာင့္ ခႏၵာကိုယ္ရဲ႕ pH ပမာဏက အက္ဆစ္ျဖစ္ေလာက္တဲ့အထိ ျမင့္တက္သြားတဲ့အခါ ခႏၶာကိုယ္ရဲ႕ စြမ္းအင္ကိုေလ်ာ့က်ေစျပီး ဗီတာမင္ နဲ႔ သတၱဳဓာတ္ေတြစုပ္ယူႏိုင္စြမ္းကိုလည္း က်ဆင္းေစပါတယ္။
pH ပမာဏျမင့္တက္သြားတဲ့အခါ အသည္းရဲ႕ လုပ္ငန္းစဥ္ေတြ ထိခိုက္တာ၊ ေလးဖက္နာ အဆစ္ေရာင္ေရာဂါ၊ အရိုးအဆစ္ေရာင္ရမ္းနာ၊ဆီးခ်ိဳ (diabetes) ၊ေသြးတိုး (hypertension) နဲ႔ ကိုယ္ခံအားနည္းတဲ့ေဝဒနာေတြကို ျဖစ္ေပၚခံစားရေစႏိုင္ပါတယ္။ အုန္းစိမ္းရည္မွာပါတဲ့ alkaline ေတြက ကိုယ္တြင္းမွာ pH ပမာဏမ်ားတာေၾကာင့္ျဖစ္တတ္တဲ့ အစာအိမ္အခ်ဥ္ေပါက္တာနဲ႔ ရင္ပူတာေတြကို သက္သာေစသလို ကိုယ္တြင္း pH ပမာဏကိုလည္းထိန္းညွိေပးပါတယ္။
ေသြးတြင္းသၾကားဓာတ္ကိုထိန္းညွိေပးျခင္း
အုန္းစိမ္းရည္ထဲမွာ အမိုင္နိုအက္ဆစ္ နဲ႔ ခႏၶာကိုယ္အတြက္လုိအပ္တဲ့အမွ်င္ဓာတ္ေတြပါဝင္တာေၾကာင့္ ေသြးတြင္းသၾကားဓာတ္ကိုထိန္းညွိရာမွာအေထာက္အကူျပဳသလို ခႏၶာကိုယ္ရဲ႕ အင္ဆူလင္တံု႔ျပန္မႈကိုလည္း တိုးတက္ေစပါတယ္။
ဆီးခ်ိဳသမားေတြ ေသာက္သံုးဖို႔သင့္ေတာ္ပါတယ္။ ကိုယ္အေလးခ်ိန္ကို ထိန္းညွိေပးျပီး ေသြးလည္ပတ္မႈကိုလည္းေကာင္းမြန္ေစပါတယ္။
ဆီးရႊင္ေစျခင္း
အုန္းစိမ္းရည္က သဘာဝဆီးရႊင္ေဆးတစ္မ်ိဳးပါ။ ဆီးပမာဏကိုတိုးေစျပီး ဆီးရႊင္ေစပါတယ္။ ကိုယ္တြင္းက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးပါတယ္။ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း (urinary tract infections) လိုမ်ိဳး ေဝဒနာေတြကိုလည္း ကာကြယ္ေပးပါတယ္။
ပိုတက္ဆီယမ္ၾကြယ္ဝစြာပါဝင္တာေၾကာင့္ ကိုယ္တြင္း ကအဆိပ္အေတာက္ေတြကိုဆီးအျဖစ္နဲ႔စြန္႔ထုတ္ေစျပီး ေက်ာက္ကပ္မွာေက်ာက္တည္တာေတြကိုလည္း ေက်ပ်က္ေစႏိုင္ပါတယ္။
အုန္းရည္မွာ ဘက္တီးရီးယားေတြကို ေသေစႏိုင္တဲ့ အာနိသင္ရွိတာေၾကာင့္ ဆီးအိမ္ကိုပိုးကူးစက္တာေတြကိုတိုက္ဖ်က္ရာမွာလည္း အေထာက္အပူျပဳေပးပါတယ္။
အရြယ္တင္ေစျခင္း
အုန္းစိမ္းရည္ထဲမွာ ဆဲလ္ေတြနဲ႔ တစ္ရႈးေတြကို အိုမင္းရင့္ေရာ္မႈကေန ကာကြယ္ေပးႏိုင္တဲ့အစြမ္းရွိတဲ့ cytokinin ေတြပါရွိပါတယ္။ နာတာရွည္ ေဝဒနာေတြနဲ႔ အသက္အရြယ္ေၾကာင့္ျဖစ္တဲ့ ေရာဂါေတြျဖစ္ေပၚခံစားရႏိုင္ေျခကို ေလ်ာ့က်ေစပါတယ္။
လတ္ဆတ္တဲ့ အုန္းစိမ္းရည္က အေရျပားကို ႏူးညံ႔ေခ်ာေမြ႔ေစေအာင္ အာဟာရျဖည့္ေပးသလို ေရဓာတ္လည္းျပည့္ဝေအာင္လည္းလုပ္ေဆာင္ေပးပါတယ္။
အုန္းစိမ္းရည္ရဲ႕ ေဘးထြက္ဆိုးက်ိဳးမ်ား

     ေက်ာက္ကပ္ေတြက ပံုမွန္အလုပ္လုပ္ရင္ (သို႔) ကိုယ္တြင္းမွာ ပိုတက္ဆီယမ္ပမာဏ အရမ္းမ်ားေနရင္ အုန္းစိမ္းရည္မေသာက္သင့္ပါဘူး။
    သစ္သီးသစ္ေစ့ဓာတ္မတည့္သူေတြအေနနဲ႔ အုန္းစိမ္းရည္မေသာက္သင့္ပါဘူး။
    အုန္းစိမ္းရည္က အခ်ိဳ႕သူေတြကို အစာအိမ္နာတာနဲ႔ ေလပြတာမ်ိဳးေတြျဖစ္ေစနိုင္ပါတယ္။
    အုန္းစိမ္းရည္က ခြဲစိတ္မႈခံယူျပီးခ်ိန္နဲ႔ ခြဲစိတ္မႈခံယူေနစဥ္မွာ ေသြးေပါင္ခ်ိန္ထိန္းညွိမႈကို အေႏွာင့္အယွက္ျဖစ္ေစႏိုင္တာေၾကာင့္ခြဲစိတ္ကုသမႈခံယူဖို႔ရွိရင္ ခြဲခန္းမဝင္ခင္ ၂ ပတ္ေလာက္အလိုကတည္းက အုန္းစိမ္းရည္ကိုမေသာက္ဘဲေနေပးပါ။
    အုန္းစိမ္းရည္က ေဆးဖက္ဝင္တယ္ဆိုေပမယ့္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြ နဲ႔ ကေလးငယ္ေတြအေနနဲ႔ေတာ့ ဆရာဝန္နဲ႔အရင္တိုင္ပင္ျပီးမွ ေသာက္သံုးသင့္ပါတယ္။
    အုန္းစိမ္းရည္ကေသြးေပါင္ခ်ိန္ကိုထိန္းညွိေပးႏိုင္ျပီး အခ်ိဳ႔ေဆးဝါးေတြနဲ႔ ဓာတ္ျပဳႏိုင္တာေၾကာင့္ ေသြးက်ေဆးေသာက္သံုးေနရသူေတါအေနနဲ႔ ဆရာဝန္နဲ႔အရင္တိုင္ပင္ျပီးမွ ေသာက္သင့္ပါတယ္။
    အုန္းစိမ္းရည္အလြန္အကၽြံေသာက္ရင္ေလပြတာ ဗိုက္ထဲမွာ မအီမသာျဖစ္တာမ်ိဳေးတြျဖစ္နိုင္တာေၾကာင့္ အလြန္အကၽြံမေသာက္မိဖို႔သတိျပဳပါ။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နှစ်ပေါင်းများစွာကတည်းက အုန်းစိမ်းရည်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာပေးစွမ်းနိုင်တယ်ဆိုတာကို သိရှိထားပြီးဖြစ်ပါတယ်။ အုန်းစိမ်းသီးတစ်လုံးမှာ အရည်ဓာတ် ၂၀၀ မီလီလီတာ ကနေ ၁,၀၀၀ မီလီလီတာ အထိပါဝင်ပါတယ်။
အုန်းစိမ်းရည်က အရာသာရှိပြီး ကယ်လိုရီပါဝင်မှုနည်းတဲ့ သဘာဝ အချိုရည်တစ်မျိုးပါ။ အုန်းစိမ်းရည်မှာ အုန်းသီးခြောက်အရည်ထက် အာဟာရဓာတ်ပိုမိုပါဝင်ပါတယ်။ အုန်းစိမ်းရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ အမိုင်နိုအက်ဆစ်၊ အင်ဇိုင်းတွေ၊ ဗီတာမင် ဘီဓာတ်တွေ၊ ဗီတာမင် စီ၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်၊ မဂ္ဂနီ့ နဲပ ဇင့် ဓာတ်တွေလိုမျိုး သတ္တုဓာတ်တွေပါဝင်နေပါတယ်။
အုန်းစိမ်းရည်မှာပါတဲ့ အာဟာရဓာတ်တွေက ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။ အုန်းစိမ်းရည်မှာပါတဲ့ cytokinin လို့ခေါ်တဲ့ အပင်ဟော်မုန်းတစ်မျိုးကလည်း အရွယ်တင်နုပျိုစေသလို ဘက်တီးရီးယားတွေနဲ့ကင်ဆာရောဂါတွေကို တိုက်ဖျက်နိုင်တဲ့အစွမ်းလည်းရှိပါ တယ်။ အုန်းစိမ်းရည်က ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပေးနိုင်သလဲဆိုတဲ့အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
အုန်းစိမ်းရည်ကနေရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးများ
ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးခြင်း
အုန်စိမ်းရည်က အပူဒဏ်ကြောင့်ဖြစ်တဲ့ ရေငတ်တာကိုပြေစေနိုင်တဲ့ သဘာဝအချိုရည်တစ်မျိုးပါ။ အုန်းစိမ်းရည်မှာပါတဲ့ electrolyte composition တွေကြောင့် ဝမ်းလျှောတာ၊ အော့အန်တာနဲ့အလွန်အမင်းချွေးထွက်တာတွေကြောင့် ခန္ဓာကိုယ်ကဆုံးရှုံးသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပါတယ်။ ကာဗိုဟိုက်ဒရိတ်ပါဝင်တာကြောင့် ခန္ဓာကိုယ်ကို အားပြည့်စေပါတယ်။
သွေးတိုးကျစေခြင်း
အုန်းစိမ်းရည်မှာ ဗီတာမင် စီ၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ပါဝင်နေတာကြောင့် သွေးတိုးရောဂါရှိသူတွေအတွက် သင့်တော်ပါတယ်။ အုန်းစိမ်းရည်မှာပါတဲ့ ပိုတက်ဆီယမ်က ကိုယ်တွင်းကအကျိုးမပြုတဲ့ ဆိုဒီယမ်ပမာဏကိုထိန်းညှိပေးခြင်းဖြင့် သွေးတိုးကျအောင်အထောက်အကူပြုပါတယ်။
နှလုံးကျန်းမာစေခြင်း
ကိုလက်စထရော နဲ့ အဆီပါဝင်မှုနည်းတဲ့ အုန်းစိမ်းရည်က နှလုံးကိုကျန်းမာစေပါတယ်။ ခန္ဓာကိုယ်အတွက်အကျိုးမပြုတဲ့ ကိုလက်စထရော (LDL) ကိုလျော့ကျစေပြီး အကျိုးပြုကိုလက်စထရော (HDL) ကိုတိုးစေနိုင်တာကြောင့် နှလုံးရောဂါခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။
အုန်းစိမ်းရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ရောင်ရမ်းမှုကို လျော့ပါးစေတဲ့ အစွမ်းသတ္တိ နဲ့ antiplatelet properties တွေပါဝင်နေပြီး သွေးလည်ပတ်စီးဆင်းမှုကို တိုးတက်ကောင်းမွန်စေပါတယ်။ သွေးကြောတွေထဲမျာ အနယ်အနှစ်စုပုံတာမျိုးတွေကိုလျှော့ချပေးနိုင်ပြီး ရုတ်တရက်နှလုံးရပ်တာနဲ့ လေဖြတ်တာမျိုးတွေကိုလည်းလျှော့ချပေးပါတယ်။
အရက်နာကျတာကို သက်သာစေခြင်း
အုန်းရည်က အရက်နာကျတာကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်မျိုးပါ။ အရက်က ခန္ဓာကိုယ်ရဲ့ရေဓာတ်ကိုကုန်ဆုံးစေပြီး ရေဓာတ်ကုန်ဆုံးမှုက နောက်တစ်နေ့မနက်မှာ အရက်နာကျတာကိုဖြစ်စေပါတယ်။ အုန်းရည်က ခန္ဓာကိုယ်ရဲ့ electrolyte ကိုပြန်လည်ဖြည့်တင်းပေးပြီး ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်တာကြောင့် အရက်နာကျတာကိုသက်သာစေပါတယ်။
ကိုယ်အလေးချိန်ကျစေနိုင်ခြင်း
ကိုယ်အလေးချိန်ကျချင်တဲ့သူတွေအတွက် အုန်းစိမ်းရည်က သောက်သုံးဖို့သင့်တော်ပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပြီး အစာအိမ်အတွက်လည်း အထောက်အပံ့ပြုပါတယ်။ အုန်းစိမ်းရည်မှာ အစာချေဖျက်မှုကို အထောက်အပံ့ပေးပြီး အဆီတွေချေဖျက်မှုကို တိုးမြှင့်ပေးနိုင်တဲ့ bioactive အင်ဇိုင်းတွေအများအပြားပါဝင်ပါတယ်။
အုန်းစိမ်းရည်မှာပိုတက်ဆီဝမ်ကြွယ်ဝစွာပါဝင်ပါတယ်။ ကိုယ်တွင်းက မလိုအပ်တဲ့အရည်တွေနဲ့ အဆိပ်အတောက်တွေကို စွန့်ထုတ်အောင်အထောက်အပံ့ပေးပါတယ်။
ခေါင်းကိုက်တာကို သက်သာစေခြင်း
ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာအများစုက ရေဓာတ်ဆုံးရှုံးတာကြောင့် ဖြဟ်တာဖြစ်ပါတယ်။ အုန်းစိမ်းရည်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ electrolytes တွေကိုထောက်ပံ့ပေးရာမှာ အထောက်အကူပြုသလို ခန္ဓာကိုယ်ရဲ့ ရေဓာတ်ကိုမြှင့်တင်ပေးပါတယ်။
အုန်းစိမ်းရည်မှာ မဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့် ခေါင်းတစ်ခြမ်းကိုက် ဝေဒနာခံစားနေရသူတွေအနေနဲ့ သောက်သုံးပေးသင့်ပါတယ်။ ကိုယ်တွင်းမှာ မဂ္ဂနီဆီယမ်ပမာဏ လျော့နည်းလာတာကြောင့် ခေါင်းတစ်ခြမ်းကိုက်တာဖြစ်ပါတယ်။
လေပွတာကို သက်သာစေခြင်း
ဆိုဒီယမ် စားသုံးမှု များတာကြောင့် လေပွတာဖြစ်ပါတယ်။ အုန်းစိမ်းရည်က ခန္ဓာကိုယ်တွင်းက ဆိုဒီယမ်ပမာဏကိုလျှော့ချပေးပါတယ်။ အုန်းစိမ်းရည်မှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့် ဆိုဒီယမ်ပမာဏကိုလျှော့ချရာမှာ အထောက်အကူပြုပေးပါတယ်။
အယ်လ်ဇိုင်းမား( Alzheimer) ရောဂါကို သက်သာစေနိုင်ခြင်း
အုန်းစိမ်းရည်က အယ်လ်ဇိုင်းမားလိုမျိုး အာရုံကြောထိခိုက်ပျက်စီးတဲ့ရောဂါတွေကို ကုသရာမှာ အထောက်အကူပြုနိုင်တဲ့ အရာတစ်ခုဖြစ် လာနိုင်ဖွယ်ရှိပါတယ်။ အုန်းစိမ်းရည်ထဲမှာ အပင်ဟော်မုန်းတစ်မျိုးဖြစ်တဲ့ cytokinin ပါဝင်တာကြောင့် ဦးနှောက်ဆဲလ်တွေ ပျက်စီမှုကို ကာကွယ်ပေးပါတယ်။ မှတ်ဉာဏ်တွေ ပြန်လည်ကောင်းမွန်လာအောင်လည်း အထောက်အကူပြုပါတယ်။
မျက်လုံးကျန်းမာစေခြင်း
အမြင်အာရုံကြည်လင်စေဖို့အတွက် အုန်းစိမ်းရည်သောက်ပေးနိုင်ပါတယ်။ ဦးနှောက်နဲ့ မျက်လုံးကျန်းမာသန်စွမ်းစေဖို့အတွက် ခန္ဓာကိုယ် က ဗီတာမင် B1ကိုလိုအပ်ပါတယ်။  ဗီတာမင် B1 က မျက်လုံးကြွက်သားတွေကို သန်စွမ်းစေပြီး ညဘက်မှာလည်း မျက်လုံးအမြင်အာရုံကိုကောင်းမွန်စေပါတယ်။
pH ပမာဏကိုထိန်းညှိပေးခြင်း
အသင့်စားအလါယ်စား အစားအစာတွေလိုမျိုး အက်ဆစ်ဓာတ်ပါဝင်မှုများတဲ့အစားအသောက်တွေကို အများအပြားစားသုံးတာ၊ စိတ်ဖိစီးတာ နဲ့ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကြောင့် ခန္ဒာကိုယ်ရဲ့ pH ပမာဏက အက်ဆစ်ဖြစ်လောက်တဲ့အထိ မြင့်တက်သွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ စွမ်းအင်ကိုလျော့ကျစေပြီး ဗီတာမင် နဲ့ သတ္တုဓာတ်တွေစုပ်ယူနိုင်စွမ်းကိုလည်း ကျဆင်းစေပါတယ်။
pH ပမာဏမြင့်တက်သွားတဲ့အခါ အသည်းရဲ့ လုပ်ငန်းစဉ်တွေ ထိခိုက်တာ၊ လေးဖက်နာ အဆစ်ရောင်ရောဂါ၊ အရိုးအဆစ်ရောင်ရမ်းနာ၊ဆီးချို (diabetes) ၊သွေးတိုး (hypertension) နဲ့ ကိုယ်ခံအားနည်းတဲ့ဝေဒနာတွေကို ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ အုန်းစိမ်းရည်မှာပါတဲ့ alkaline တွေက ကိုယ်တွင်းမှာ pH ပမာဏများတာကြောင့်ဖြစ်တတ်တဲ့ အစာအိမ်အချဉ်ပေါက်တာနဲ့ ရင်ပူတာတွေကို သက်သာစေသလို ကိုယ်တွင်း pH ပမာဏကိုလည်းထိန်းညှိပေးပါတယ်။
သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးခြင်း
အုန်းစိမ်းရည်ထဲမှာ အမိုင်နိုအက်ဆစ် နဲ့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အမျှင်ဓာတ်တွေပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိရာမှာအထောက်အကူပြုသလို ခန္ဓာကိုယ်ရဲ့ အင်ဆူလင်တုံ့ပြန်မှုကိုလည်း တိုးတက်စေပါတယ်။
ဆီးချိုသမားတွေ သောက်သုံးဖို့သင့်တော်ပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပြီး သွေးလည်ပတ်မှုကိုလည်းကောင်းမွန်စေပါတယ်။
ဆီးရွှင်စေခြင်း
အုန်းစိမ်းရည်က သဘာဝဆီးရွှင်ဆေးတစ်မျိုးပါ။ ဆီးပမာဏကိုတိုးစေပြီး ဆီးရွှင်စေပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (urinary tract infections) လိုမျိုး ဝေဒနာတွေကိုလည်း ကာကွယ်ပေးပါတယ်။
ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်တွင်း ကအဆိပ်အတောက်တွေကိုဆီးအဖြစ်နဲ့စွန့်ထုတ်စေပြီး ကျောက်ကပ်မှာကျောက်တည်တာတွေကိုလည်း ကျေပျက်စေနိုင်ပါတယ်။
အုန်းရည်မှာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဆီးအိမ်ကိုပိုးကူးစက်တာတွေကိုတိုက်ဖျက်ရာမှာလည်း အထောက်အပူပြုပေးပါတယ်။
အရွယ်တင်စေခြင်း
အုန်းစိမ်းရည်ထဲမှာ ဆဲလ်တွေနဲ့ တစ်ရှုးတွေကို အိုမင်းရင့်ရော်မှုကနေ ကာကွယ်ပေးနိုင်တဲ့အစွမ်းရှိတဲ့ cytokinin တွေပါရှိပါတယ်။ နာတာရှည် ဝေဒနာတွေနဲ့ အသက်အရွယ်ကြောင့်ဖြစ်တဲ့ ရောဂါတွေဖြစ်ပေါ်ခံစားရနိုင်ခြေကို လျော့ကျစေပါတယ်။
လတ်ဆတ်တဲ့ အုန်းစိမ်းရည်က အရေပြားကို နူးညံ့ချောမွေ့စေအောင် အာဟာရဖြည့်ပေးသလို ရေဓာတ်လည်းပြည့်ဝအောင်လည်းလုပ်ဆောင်ပေးပါတယ်။
အုန်းစိမ်းရည်ရဲ့ ဘေးထွက်ဆိုးကျိုးများ

     ကျောက်ကပ်တွေက ပုံမှန်အလုပ်လုပ်ရင် (သို့) ကိုယ်တွင်းမှာ ပိုတက်ဆီယမ်ပမာဏ အရမ်းများနေရင် အုန်းစိမ်းရည်မသောက်သင့်ပါဘူး။
    သစ်သီးသစ်စေ့ဓာတ်မတည့်သူတွေအနေနဲ့ အုန်းစိမ်းရည်မသောက်သင့်ပါဘူး။
    အုန်းစိမ်းရည်က အချို့သူတွေကို အစာအိမ်နာတာနဲ့ လေပွတာမျိုးတွေဖြစ်စေနိုင်ပါတယ်။
    အုန်းစိမ်းရည်က ခွဲစိတ်မှုခံယူပြီးချိန်နဲ့ ခွဲစိတ်မှုခံယူနေစဉ်မှာ သွေးပေါင်ချိန်ထိန်းညှိမှုကို အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့်ခွဲစိတ်ကုသမှုခံယူဖို့ရှိရင် ခွဲခန်းမဝင်ခင် ၂ ပတ်လောက်အလိုကတည်းက အုန်းစိမ်းရည်ကိုမသောက်ဘဲနေပေးပါ။
    အုန်းစိမ်းရည်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ နဲ့ ကလေးငယ်တွေအနေနဲ့တော့ ဆရာဝန်နဲ့အရင်တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။
    အုန်းစိမ်းရည်ကသွေးပေါင်ချိန်ကိုထိန်းညှိပေးနိုင်ပြီး အချို့ဆေးဝါးတွေနဲ့ ဓာတ်ပြုနိုင်တာကြောင့် သွေးကျဆေးသောက်သုံးနေရသူတေါအနေနဲ့ ဆရာဝန်နဲ့အရင်တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။
    အုန်းစိမ်းရည်အလွန်အကျွံသောက်ရင်လေပွတာ ဗိုက်ထဲမှာ မအီမသာဖြစ်တာမျိုေးတွဖြစ်နိုင်တာကြောင့် အလွန်အကျွံမသောက်မိဖို့သတိပြုပါ။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top