iMyanmarHouse.com - Best Property Website for Myanmar
×

နာနတ္သီး က လူသားတို ့က်န္းမာေရးကိုအေထာက္အကူျပဳေပးႏို္င္ရံုသာမက၊ ပ်ိဳေမတို ့ အသားအရည္က်န္းမာလွပေရးအတြက္ပါ ေအာက္ပါ နညး္လမ္း (၂)သြယ္ တို ့ျဖင့္ ေကာင္းက်ိဳးျပဳေပးႏိုင္ပါသည္။(၁) နာနတ္သီးျဖင့္အသားအေရ တြဲျခင္း/တြန္႔ျခင္းကာကြယ္နည္း။

နာနတ္သီးႏွင့္ သံလြင္ဆီတို ့သည္ *ေနႏွင္လ၊ ေရႊႏွင့္ျမ* ကဲ့သို ့ အသားအေရအတြက္ လြန္စြာလိုက္ဖက္ညီေသာ စံုတြဲျဖစ္ပါသည္္။ ဤနည္းက မ်က္ႏွာ ႏွင့္ လည္ပင္းတစ္၀ိုက္ အေရျပားတြန္႔ျခင္းအတြက္ ေကာင္းစြာထိေရာက္မႈ ရွိေစပါသည္။

ထိုသို ့ျပဳလုပ္ရန္အတြက္ လတ္ဆတ္ေသာ နာနတ္သီးသတၱဳရည္ တစ္ခြက္၊ သံလြင္ဆီ စားပြဲတင္ဇြန္း ၁-ဇြန္း ႏွင့္ ႏွင္းဆီရည္ စားပြဲတင္ဇြန္း ၁-ဇြန္း တို ့လိုအပ္ ပါမည္။

ေရွးဦးစြာ နာနတ္ ႏွင့္ ႏွင္းဆီရည္တို ့ကို သမေအာင္ေရာေမႊထားပါ။ မလိမ္းက်ံခင္ မ်က္ႏွာ ႏွင့္ လည္ပင္းတို ့ကို သန္႔စင္ေဆး ေၾကာေပးရပါမည္။(မ်က္ႏွာကို ႏို ့ ျဖင့္ ေဆးေၾကာေပးႏိုင္ပါက အာနိသင္ပိုထူးပါလိမ့္မည္။) ေဆးေၾကာျပီးပါက သံလြင္ဆီျဖင့္ မ်က္ႏွာ ႏွင့္ လည္ပင္းအႏွံ ့ညင္သာစြာ လိမ္းေပးရပါမည္။

အေရျပားကေန အဆီကို ေကာင္းစြာစုပ္ယူႏိုင္ေစရန္အတြက္ စက္ဝိုင္းပံုစံ ႏွိပ္နယ္ေပး ရမွာျဖစ္ပါသည္။ အထူးသျဖင့္ မ်က္ႏွာကိုလိမ္းေသာအခါတြင္ အေရျပားမတြဲေစရန္အတြက္ လက္ဖဝါးျဖင့္ အေပၚဘက္သို ့ ပင့္တင္ေပး ရပါမည္။

ထို ေ့နာက္ နာနတ္ ႏွင့္ ႏွင္းဆီရည္အေရာအေႏွာတို ့ျဖင့္ လိမ္းက်ံေပးရပါမည္။ မိနစ္ ၂၀ ခန္႔ အၾကာတြင္ မ်က္ႏွာကို ေရသန္ ့ ေအးေအးျဖင့္ သစ္ေပးပါ။ ထိုနည္းအတိုင္း တစ္ပတ္တစ္ခါလိမ္းေပးျခင္းျဖင့္ အသားအေရ တြဲျခင္း/တြန္႔ျခင္း ကို ေကာင္းစြာ ထိန္းခ်ဳပ္ႏိုင္ ပါသည္။

(၂)နာနတ္သီးျဖင့္ေပါင္းတင္နည္း။

နာနတ္သီးျဖင့္ မ်က္ႏွာေပါင္းတင္ေပးျခင္းက၊ ပ်က္စီးေနေသာ ဆဲလ္မ်ားကုိအျမန္ဆံုး ျပည္လည္ျဖည့္တင္းေပးျပီး အသားအေရႏူးညံ့ စိုေျပ၀င္းလက္ လာပါလိမ့္မည္။

နာနတ္သီးေဖ်ာ္ရည္ စားပြဲတင္ဇြန္း ၁-ဇြန္း (သို႔မဟုတ္) နာနတ္သီးမွည့္မွည့္တစ္စိတ္လို္အပ္ပါသည္။

အရည္ဆိုလွ်င္ မ်က္ႏွာကို လိမ္းက်ံၿပီး၊ အစိတ္ဆိုပါက မ်က္ႏွာေပၚအသာအယာပြတ္သပ္ ႏွိပ္နယ္ေပးရပါမည္။

၁၀-မိနစ္ခန္ ့ၾကာေသာ အခါမွာ ေရသန္ ့ေအးေအးျဖင့္ သန္ ့စင္ေပးရပါမည္။(နာနတ္သီး၏ သေဘာသည္ ေစးကပ္တတ္သည္မို႔ ေရျဖင့္ ေသေသခ်ာခ်ာ ေဆးေၾကာေပးဖို႔ လိုပါမည္)။

ဤနည္းအတိုင္း တစ္ပတ္တစ္ၾကိမ္သာျပဳလုပ္ေပးရံု ျဖင့္ လုံေလာက္ပါသည္။

အကယ္၍ ခႏၶာကိုယ္ရွိ လက္ေမာင္း၊ ေျခေထာက္၊ ေျခသလံုး၊ ေနာက္ေက်ာဘက္ ႏွင့္ ဝမ္းဗိုက္သားေနရာတုိ႔ကို ေပါင္းတင္လိုပါက၊ နာနတ္သီးေဖ်ာ္ရည္ စားပြဲတင္ဇြန္း ၁-ဇြန္း (သို႔မဟုတ္) နာနတ္သီးမွည့္မွည့္တစ္စိတ္တို ့အျပင္ ႏြားႏို႔ ဖန္ခြက္တစ္ဝက္ခန္႔၊ ၾကက္ဥ တစ္လံုး၊ သံပရာရည္/နႏြင္းမႈန္႕/ဂ်ံဳမႈန္႕အနည္းငယ္တို႔ ေရာစပ္ေပးၿပီးမွ လိမ္းက်ံေပးရပါမည္္။ မိနစ္ ၂၀ ခန္ ့ၾကာေသာအခါတြင္ ေရေႏြး ေႏြးျဖင့္ ျပန္လည္ ေဆးေၾကာေပးျခင္းျဖင့္ အသားအရည္ႏူးညံ ့ေခ်ာေမြ ့လာပါလိမ့္မည္။ (အထက္ပါနည္းမ်ားအတိုင္း နာနတ္သီး အစား သေဘၤာသီးကိုလည္း အသံုးျပဳႏိုင္ပါသည္)

Credit : ဘာသာျပန္သူ (ေပါက္ေပါက္)
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နာနတ်သီး က လူသားတို့ကျန်းမာရေးကိုအထောက်အကူပြုပေးနိုင်ရုံသာမက၊ ပျိုမေတို့ အသားအရည်ကျန်းမာလှပရေးအတွက်ပါ အောက်ပါ နည်းလမ်း (၂)သွယ် တို့ဖြင့် ကောင်းကျိုးပြုပေးနိုင်ပါသည်။(၁) နာနတ်သီးဖြင့်အသားအရေ တွဲခြင်း/တွန့်ခြင်းကာကွယ်နည်း။

နာနတ်သီးနှင့် သံလွင်ဆီတို့သည် *နေနှင်လ၊ ရွှေနှင့်မြ* ကဲ့သို့ အသားအရေအတွက် လွန်စွာလိုက်ဖက်ညီသော စုံတွဲဖြစ်ပါသည်။ ဤနည်းက မျက်နှာ နှင့် လည်ပင်းတစ်ဝိုက် အရေပြားတွန့်ခြင်းအတွက် ကောင်းစွာထိရောက်မှု ရှိစေပါသည်။

ထိုသို့ပြုလုပ်ရန်အတွက် လတ်ဆတ်သော နာနတ်သီးသတ္တုရည် တစ်ခွက်၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၁-ဇွန်း နှင့် နှင်းဆီရည် စားပွဲတင်ဇွန်း ၁-ဇွန်း တို့လိုအပ် ပါမည်။

ရှေးဦးစွာ နာနတ် နှင့် နှင်းဆီရည်တို့ကို သမအောင်ရောမွှေထားပါ။ မလိမ်းကျံခင် မျက်နှာ နှင့် လည်ပင်းတို့ကို သန့်စင်ဆေး ကြောပေးရပါမည်။(မျက်နှာကို နို့ ဖြင့် ဆေးကြောပေးနိုင်ပါက အာနိသင်ပိုထူးပါလိမ့်မည်။) ဆေးကြောပြီးပါက သံလွင်ဆီဖြင့် မျက်နှာ နှင့် လည်ပင်းအနှံ့ညင်သာစွာ လိမ်းပေးရပါမည်။

အရေပြားကနေ အဆီကို ကောင်းစွာစုပ်ယူနိုင်စေရန်အတွက် စက်ဝိုင်းပုံစံ နှိပ်နယ်ပေး ရမှာဖြစ်ပါသည်။ အထူးသဖြင့် မျက်နှာကိုလိမ်းသောအခါတွင် အရေပြားမတွဲစေရန်အတွက် လက်ဖဝါးဖြင့် အပေါ်ဘက်သို့ ပင့်တင်ပေး ရပါမည်။

ထို ေ့နာက် နာနတ် နှင့် နှင်းဆီရည်အရောအနှောတို့ဖြင့် လိမ်းကျံပေးရပါမည်။ မိနစ် ၂၀ ခန့် အကြာတွင် မျက်နှာကို ရေသန့် အေးအေးဖြင့် သစ်ပေးပါ။ ထိုနည်းအတိုင်း တစ်ပတ်တစ်ခါလိမ်းပေးခြင်းဖြင့် အသားအရေ တွဲခြင်း/တွန့်ခြင်း ကို ကောင်းစွာ ထိန်းချုပ်နိုင် ပါသည်။

(၂)နာနတ်သီးဖြင့်ပေါင်းတင်နည်း။

နာနတ်သီးဖြင့် မျက်နှာပေါင်းတင်ပေးခြင်းက၊ ပျက်စီးနေသော ဆဲလ်များကိုအမြန်ဆုံး ပြည်လည်ဖြည့်တင်းပေးပြီး အသားအရေနူးညံ့ စိုပြေဝင်းလက် လာပါလိမ့်မည်။

နာနတ်သီးဖျော်ရည် စားပွဲတင်ဇွန်း ၁-ဇွန်း (သို့မဟုတ်) နာနတ်သီးမှည့်မှည့်တစ်စိတ်လိုအပ်ပါသည်။

အရည်ဆိုလျှင် မျက်နှာကို လိမ်းကျံပြီး၊ အစိတ်ဆိုပါက မျက်နှာပေါ်အသာအယာပွတ်သပ် နှိပ်နယ်ပေးရပါမည်။

၁၀-မိနစ်ခန့်ကြာသော အခါမှာ ရေသန့်အေးအေးဖြင့် သန့်စင်ပေးရပါမည်။(နာနတ်သီး၏ သဘောသည် စေးကပ်တတ်သည်မို့ ရေဖြင့် သေသေချာချာ ဆေးကြောပေးဖို့ လိုပါမည်)။

ဤနည်းအတိုင်း တစ်ပတ်တစ်ကြိမ်သာပြုလုပ်ပေးရုံ ဖြင့် လုံလောက်ပါသည်။

အကယ်၍ ခန္ဓာကိုယ်ရှိ လက်မောင်း၊ ခြေထောက်၊ ခြေသလုံး၊ နောက်ကျောဘက် နှင့် ဝမ်းဗိုက်သားနေရာတို့ကို ပေါင်းတင်လိုပါက၊ နာနတ်သီးဖျော်ရည် စားပွဲတင်ဇွန်း ၁-ဇွန်း (သို့မဟုတ်) နာနတ်သီးမှည့်မှည့်တစ်စိတ်တို့အပြင် နွားနို့ ဖန်ခွက်တစ်ဝက်ခန့်၊ ကြက်ဥ တစ်လုံး၊ သံပရာရည်/နနွင်းမှုန့်/ဂျုံမှုန့်အနည်းငယ်တို့ ရောစပ်ပေးပြီးမှ လိမ်းကျံပေးရပါမည်။ မိနစ် ၂၀ ခန့်ကြာသောအခါတွင် ရေနွေး နွေးဖြင့် ပြန်လည် ဆေးကြောပေးခြင်းဖြင့် အသားအရည်နူးညံ့ချောမွေ့လာပါလိမ့်မည်။ (အထက်ပါနည်းများအတိုင်း နာနတ်သီး အစား သင်္ဘောသီးကိုလည်း အသုံးပြုနိုင်ပါသည်)

Credit : ဘာသာပြန်သူ (ပေါက်ပေါက်)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top