iMyanmarHouse.com - Best Property Website for Myanmar
×

အလုပ္အကိုင္ေတြ၊ ေနထိုင္စားေသာက္မႈပံုစံေတြ ေျပာင္းလဲလာတာနဲ႕အမွ် စားေသာက္ခ်ိန္ေတြလည္း ေျပာင္းလဲလာပါတယ္။ အထူးသျဖင့္ တစ္ခုထက္ပိုတဲ့ အလုပ္ေတြလုပ္ရင္း၊ သြားလာလႈပ္ရွားရင္း အခ်ိန္ေတြၾကန္႕ၾကာလာတာေတြေၾကာင့္ ညစာစားခ်ိန္ေတြေနာက္က်လာၾကပါတယ္။ ညစာစားတာဟာ ဝေစတယ္၊ ဗိုက္ပူခါးတုတ္ေစတယ္ဆိုတဲ့ အယူအဆေတြရွိေနေတာ့ တကယ္ပဲ ညစာစားတာဟာ အဆီတက္ေစပါသလား။

တကယ္ကေတာ့ ဘယ္အခ်ိန္ပဲစားစား ကယ္လိုရီက ကယ္လိုရီပါပဲ။ ဇီဝရုပ္ျဖစ္ပ်က္မႈေတြ၊ အဆီသို ေလွာင္မႈပံုစံေတြက စားေသာက္တဲ့အခ်ိန္နဲ႕ သက္ဆိုင္မႈမရွိပါဘူး။ အရင္တုန္းက ေလ့လာမႈေတြလုပ္တဲ့အခါ ညစာေနာက္က်မွစားတဲ့သူေတြဟာ ေစာေစာစီးစီးစားတဲ့သူေတြထက္ ဝိတ္တက္ႏိုင္ေျခပိုမ်ားတာကို ေတြ႕ရပါ တယ္။ ၿပီးေတာ့ BMI လည္းပိုမ်ားေနပါတယ္။ အထူးသျဖင့္ ည ၁၁ နာရီကေန မနက္ ၅ နာရီအတြင္းစားတဲ့သူ ေတြမွာ ပိုေတြ႕ရပါတယ္။ အမွန္က ဝိတ္တက္တယ္ဆိုတာ ကိုယ္သံုးႏိုင္တာထက္ပိုစားမိလို႕ပဲျဖစ္ပါတယ္။ အာဟာရဆိုင္ရာပညာရွင္ေတြနဲ႕ သုေတသီေတြေျပာၾကားခ်က္အရဆိုရင္ ညစာေနာက္က်တာနဲ႕ ဝိတ္တက္တာ ဆက္စပ္မႈရွိတယ္ဆုိေပမယ့္ အဓိကအေၾကာင္းရင္းလို႕ေတာ့ တစ္ထစ္ခ်ေျပာလို႕မရပါဘူး။

ဒါဆို ညစာေနာက္ က်တာနဲ႕ ဝိတ္တက္တာ ဘယ္လို ဆက္စပ္ေနလဲ။ ည ၉ နာရီေနာက္ပိုင္းစားတာေတြဟာ အဆီတက္ေစတယ္ ဆိုတာ ဘယ္လိုျငင္းမလဲ။ အလုပ္ေတြရႈပ္ေနတာေၾကာင့္ အစာတစ္နပ္နဲ႕ တစ္နပ္ၾကား စားတဲ့အခ်ိန္အရမ္းဟသြားရင္ ညစာစား တာလည္း ပိုေနာက္က်တတ္ၾကပါတယ္။ ဒီလိုပင္ပင္ပန္းပန္း အလုပ္ေတြလုပ္ၿပီး ဖိစီးမႈေတြလည္းမ်ားတဲ့ေန႕မ်ိဳး မွာ ညစားစားတဲ့အခါ ပိုၿပီးစားမိတတ္ပါတယ္။ စားျဖစ္တဲ့အစားစာေတြကလည္း စိတ္ဖိစီးမႈေတြမ်ားတဲ့အခါ ကိုယ္စားခ်င္တယ္ဆိုတာထက္ ကယ္လိုရီမ်ားတာေတြကိုမွ ေရြးၿပီးစားမိတတ္တယ္။ ဒါေၾကာင့္ပဲ အဆီတက္ၾက တာ ျဖစ္ပါတယ္။ ဒါဟာ ဇီဝရုပ္ျဖစ္ပ်က္မႈေတြ ေႏွးေကြးသြားလို႕လည္းမဟုတ္ဘဲ ကိုယ္စားတဲ့အစားစာနဲ႕စားတဲ့ ပံုစံေတြေၾကာင့္ပဲျဖစ္ပါတယ္။

ဒါေၾကာင့္ စားတာေနာက္က်လို႕ဆိုၿပီး ေျပာလို႕မရတာေပါ့။ အစားအေသာက္ေရြးတာမွားတာအျပင္ အစာတစ္နပ္နဲ႕ တစ္နပ္ၾကား စားတဲ့အခ်ိန္ဟတာကလည္း ဗိုက္ျပည့္တယ္ဆိုတဲ့ ခံစားခ်က္ကို ေတာ္ေတာ္နဲ႕ မခံစားရေစတာေၾကာင့္ ပိုစားမိေစျပန္ပါတယ္။ စားၿပီးေတာ့လည္း အိပ္ရာဝင္လိုက္တာေၾကာင့္ အစာေျခဖ်တ္တာေတြကလည္း ေႏွးေကြးေနပါတယ္။ ဒါေၾကာင့္ ညစာ ေနာက္က်တဲ့သူေတြ၊ အိပ္ခါနီးတစ္ခုခုစားတတ္တဲ့သူေတြဟာ ေနာက္ဆက္တြဲအေနနဲ႕ မနက္ႏိုးလာတဲ့အခါ မနက္စာစားခ်င္စိတ္မရွိဘဲ မစားျဖစ္ေတာ့ပါဘူး။ ဒီလိုမနက္စာမစားတဲ့အခါ က်မတို ့ခႏၶာကိုယ္က ပင္ပင္ပန္း အလုပ္လုပ္ရတဲ့အတြက္ ဖိစီးမႈ (stress) ျဖစ္ၿပီး cortisol ဆိုတဲ့ေဟာ္မုန္းထြက္ပါတယ္။

အဲဒီေဟာ္မုန္းဟာ အဆီေတြကို ဗိုက္မွာစုေစတာေၾကာင့္ မနက္စာမစားတဲ့သူေတြဟာ ဗိုက္ပူလာတတ္ပါတယ္။ ဒါ့အျပင္ မနက္စာမစားျဖစ္တာဟာ ေန႕လယ္စာစားတဲ့အခါ ပိုစားမိတတ္ၾကၿပီး မနက္စာနဲ႕ေန႕လယ္စာ ၾကားကာလမွာလည္း သေရစာေတြ မၾကာခဏစားမိတတ္တာေၾကာင့္ ကိုယ္အေလးခ်ိန္တက္ေစျပန္ပါတယ္။

တကယ္က ညစာေနာက္က်တာေၾကာင့္ မဟုတ္ဘဲ ဒီလိုေနာက္ဆက္တြဲေတြေၾကာင့္ ညစာစားတာဟာ ဝတယ္၊ အဆီတက္တယ္လို႕ ခပ္လြယ္လြယ္ ထင္ကုန္ၾကတာပဲျဖစ္ပါတယ္။

Credit : ေဒါက္တာစိမ့္
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အလုပ်အကိုင်တွေ၊ နေထိုင်စားသောက်မှုပုံစံတွေ ပြောင်းလဲလာတာနဲ့အမျှ စားသောက်ချိန်တွေလည်း ပြောင်းလဲလာပါတယ်။ အထူးသဖြင့် တစ်ခုထက်ပိုတဲ့ အလုပ်တွေလုပ်ရင်း၊ သွားလာလှုပ်ရှားရင်း အချိန်တွေကြန့်ကြာလာတာတွေကြောင့် ညစာစားချိန်တွေနောက်ကျလာကြပါတယ်။ ညစာစားတာဟာ ဝစေတယ်၊ ဗိုက်ပူခါးတုတ်စေတယ်ဆိုတဲ့ အယူအဆတွေရှိနေတော့ တကယ်ပဲ ညစာစားတာဟာ အဆီတက်စေပါသလား။

တကယ်ကတော့ ဘယ်အချိန်ပဲစားစား ကယ်လိုရီက ကယ်လိုရီပါပဲ။ ဇီဝရုပ်ဖြစ်ပျက်မှုတွေ၊ အဆီသို လှောင်မှုပုံစံတွေက စားသောက်တဲ့အချိန်နဲ့ သက်ဆိုင်မှုမရှိပါဘူး။ အရင်တုန်းက လေ့လာမှုတွေလုပ်တဲ့အခါ ညစာနောက်ကျမှစားတဲ့သူတွေဟာ စောစောစီးစီးစားတဲ့သူတွေထက် ဝိတ်တက်နိုင်ခြေပိုများတာကို တွေ့ရပါ တယ်။ ပြီးတော့ BMI လည်းပိုများနေပါတယ်။ အထူးသဖြင့် ည ၁၁ နာရီကနေ မနက် ၅ နာရီအတွင်းစားတဲ့သူ တွေမှာ ပိုတွေ့ရပါတယ်။ အမှန်က ဝိတ်တက်တယ်ဆိုတာ ကိုယ်သုံးနိုင်တာထက်ပိုစားမိလို့ပဲဖြစ်ပါတယ်။ အာဟာရဆိုင်ရာပညာရှင်တွေနဲ့ သုတေသီတွေပြောကြားချက်အရဆိုရင် ညစာနောက်ကျတာနဲ့ ဝိတ်တက်တာ ဆက်စပ်မှုရှိတယ်ဆိုပေမယ့် အဓိကအကြောင်းရင်းလို့တော့ တစ်ထစ်ချပြောလို့မရပါဘူး။

ဒါဆို ညစာနောက် ကျတာနဲ့ ဝိတ်တက်တာ ဘယ်လို ဆက်စပ်နေလဲ။ ည ၉ နာရီနောက်ပိုင်းစားတာတွေဟာ အဆီတက်စေတယ် ဆိုတာ ဘယ်လိုငြင်းမလဲ။ အလုပ်တွေရှုပ်နေတာကြောင့် အစာတစ်နပ်နဲ့ တစ်နပ်ကြား စားတဲ့အချိန်အရမ်းဟသွားရင် ညစာစား တာလည်း ပိုနောက်ကျတတ်ကြပါတယ်။ ဒီလိုပင်ပင်ပန်းပန်း အလုပ်တွေလုပ်ပြီး ဖိစီးမှုတွေလည်းများတဲ့နေ့မျိုး မှာ ညစားစားတဲ့အခါ ပိုပြီးစားမိတတ်ပါတယ်။ စားဖြစ်တဲ့အစားစာတွေကလည်း စိတ်ဖိစီးမှုတွေများတဲ့အခါ ကိုယ်စားချင်တယ်ဆိုတာထက် ကယ်လိုရီများတာတွေကိုမှ ရွေးပြီးစားမိတတ်တယ်။ ဒါကြောင့်ပဲ အဆီတက်ကြ တာ ဖြစ်ပါတယ်။ ဒါဟာ ဇီဝရုပ်ဖြစ်ပျက်မှုတွေ နှေးကွေးသွားလို့လည်းမဟုတ်ဘဲ ကိုယ်စားတဲ့အစားစာနဲ့စားတဲ့ ပုံစံတွေကြောင့်ပဲဖြစ်ပါတယ်။

ဒါကြောင့် စားတာနောက်ကျလို့ဆိုပြီး ပြောလို့မရတာပေါ့။ အစားအသောက်ရွေးတာမှားတာအပြင် အစာတစ်နပ်နဲ့ တစ်နပ်ကြား စားတဲ့အချိန်ဟတာကလည်း ဗိုက်ပြည့်တယ်ဆိုတဲ့ ခံစားချက်ကို တော်တော်နဲ့ မခံစားရစေတာကြောင့် ပိုစားမိစေပြန်ပါတယ်။ စားပြီးတော့လည်း အိပ်ရာဝင်လိုက်တာကြောင့် အစာခြေဖျတ်တာတွေကလည်း နှေးကွေးနေပါတယ်။ ဒါကြောင့် ညစာ နောက်ကျတဲ့သူတွေ၊ အိပ်ခါနီးတစ်ခုခုစားတတ်တဲ့သူတွေဟာ နောက်ဆက်တွဲအနေနဲ့ မနက်နိုးလာတဲ့အခါ မနက်စာစားချင်စိတ်မရှိဘဲ မစားဖြစ်တော့ပါဘူး။ ဒီလိုမနက်စာမစားတဲ့အခါ ကျမတို့ခန္ဓာကိုယ်က ပင်ပင်ပန်း အလုပ်လုပ်ရတဲ့အတွက် ဖိစီးမှု (stress) ဖြစ်ပြီး cortisol ဆိုတဲ့ဟော်မုန်းထွက်ပါတယ်။

အဲဒီဟော်မုန်းဟာ အဆီတွေကို ဗိုက်မှာစုစေတာကြောင့် မနက်စာမစားတဲ့သူတွေဟာ ဗိုက်ပူလာတတ်ပါတယ်။ ဒါ့အပြင် မနက်စာမစားဖြစ်တာဟာ နေ့လယ်စာစားတဲ့အခါ ပိုစားမိတတ်ကြပြီး မနက်စာနဲ့နေ့လယ်စာ ကြားကာလမှာလည်း သရေစာတွေ မကြာခဏစားမိတတ်တာကြောင့် ကိုယ်အလေးချိန်တက်စေပြန်ပါတယ်။

တကယ်က ညစာနောက်ကျတာကြောင့် မဟုတ်ဘဲ ဒီလိုနောက်ဆက်တွဲတွေကြောင့် ညစာစားတာဟာ ဝတယ်၊ အဆီတက်တယ်လို့ ခပ်လွယ်လွယ် ထင်ကုန်ကြတာပဲဖြစ်ပါတယ်။

Credit : ဒေါက်တာစိမ့်

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top