iMyanmarHouse.com - Best Property Website for Myanmar
×

ေယာက်ၤားေတြ လက္မလႊတ္ႏုိင္ေသာ မိန္းကေလးဆိုတာ ေလာကၾကီးမွာ တကယ္ ရွိပါတယ္။

ဒီစာေလးကို ေယာက်ၤားေလးေတြေရာ၊ မိန္းကေလးေတြကိုပါ ဖတ္ေစခ်င္ပါတယ္။

၁. ဥာဏ္ထက္ၿပီး သူနဲ႔ေနရင္ ဥာဏ္ရည္တက္လာတယ္လို႔ ခံစားရေစတယ္။

ဥာဏ္ေကာင္းတဲ့ မိန္းကေလးဆိုတာ စိတ္ဝင္စားစရာ အရမ္းေကာင္းပါတယ္။ ကိုယ့္ထက္ဥာဏ္ေကာင္းလို႔ မနာလိုမၿဖစ္ပါနဲ႕။ သူက ကိုယ့္ထက္သာေနလို႔လည္း သိမ္ငယ္မႈ မျဖစ္ပါနဲ႔ ၊ လူတစ္ေယာက္နဲ႔တစ္ေယာက္ဟာ အားသာခ်က္ေတြ တူညီမႈမရွိပါ။ ကိုယ့္ကို တိုးတက္ေစမဲ့သူက ေဘးနားမွာ ရွိတယ္ဆိုတာ ဝမ္းသာစရာပါ။ ကိုယ့္ကိုကိုယ္ ကံေကာင္းတဲ့သူလို႔ေတာင္ မွတ္ယူရဦးမွာပါ.....

၂. ဘယ္အခ်ိန္မဆိုေဘးမွာရွိၿပီး အားေပးေနတတ္တဲ့သူ

ဘယ္အခ်ိန္မဆိုေဘးနားကေန အားေပးေနၿပီး သူရွိေတာ့ စိတ္ထဲမွာ တကယ္ကို ေအးခ်မ္းေစပါတယ္။ ကိုယ္ဝမ္းနည္းအားငယ္ေနတဲ့အခ်ိန္ ၊ စိတ္ဓါတ္က်ေနတဲ့အခ်ိန္မ်ိဳးမွာ ဒီလိုလူတစ္ေယာက္ဆိုတာ အမွန္တကယ္လိုအပ္ပါတယ္ ၊ ကိုယ္စိတ္ညစ္ေနတာရဲ႕ တစ္ဝက္ေလာက္က သူ႕ရဲ႕ေဖးမမႈမွာ သက္သာသြားေစတတ္ပါတယ္.......

၃. ကိုယ့္ရဲ႕အားသူခ်က္ဆိုတာ ဘယ္လဲဆိုတာကို ရွင္းၿပေပးတဲ့သူ

အမွားလုပ္မိခ်ိန္၊ အလုပ္ကအဆင္မေၿပၿဖစ္ခ်ိန္၊ အလုပ္သစ္ကို ၾကိဳးပမ္းေနခ်ိန္၊ သူက ကိုယ့္ကို အၿမဲအားေပးေနတယ္။ အားေပးတာတစ္ခုထဲမဟုတ္ပဲ ကိုယ့္ရဲ႕အားသာခ်က္က ဘာလဲဆိုတာကိုပါ သင္ၿပေပးသူပါ။ ကိုယ့္အားနည္းခ်က္ကို သိသြားျပီဆိုရင္ ျပင္ရတာ မခက္ေတာ့ဘူးေလ (ျပင္တတ္တဲ့သူ ဆိုရင္ေပါ့) ၊ ကမာၻေပၚမွာ မင္းကအေတာ္ဆံုးပဲလို႔ သူကေၿပာေနမွာပါ.....

၄. ဘယ္ေနရာမွာ မဆုိ ကူညီ၊ အားေပးဖို႔ရန္ အသင့္ရွိေနသူ

စိတ္ပိုင္းဆိုင္ရာ၊ စီးပြားေရးပိုင္းဆိုင္ရာ ဘယ္လို ၿပသာနာေတြ ၾကံဳၾကံဳ သူက အနားမွာ အၿမဲရွိေနတတ္တယ္။ ကိုယ့္ရဲ႕ရည္မွန္းခ်က္ အိမ္မက္ေတြအတြက္  သူက ၿဖည့္စီးေပးရန္ အသင့္ရွိေနမွာပါ။ ကိုယ့္အတြက္ဆို အျမဲ Ready ဆိုျပီး အသင့္ၾကိဳေနေပးတဲ့သူ ၊ ဒီလို ခ်စ္သူေလးရွိတာကလည္း အားေဆးတစ္ခြက္ပါပဲေနာ့္.....

၅. အထက္တန္းက်ေသာ အလွဖန္တီးရွင္

ပဲြလမ္းသြားစရာရွိေနခ်ိန္မွာ ဘာမွကို ေၿပာစရာမလို အခ်ိန္ရွိသည္ၿဖစ္ေစ၊ မရွိသည္ၿဖစ္ေစ သန္႔ရွင္း သပ္ရပ္ေသာ အလွတရားကို ခ်က္ခ်င္းဆိုသလို ဖန္တီး ဝတ္စားတတ္သူပါ။

၆. ၿပန္ရဖုိ႔ကို မေတြးသူ။

လူမ်ားက ကိုယ့္ဘက္ကို ၾကည့္ၿပီး အကူအညီေပးတတ္သူကမ်ားပါတယ္။ သူကေတာ့ ကူညီခ်င္လို႔ကိုသာ ကူညီေနသူၿဖစ္ၿပီး ဘာမွၿပန္မရလဲ ၿပသာနာမရွိသူပါ။ စိတ္ရင္းနဲ႕ ကူညီေနသူတစ္ေယာက္ပါ။ အဲ့လိုလူက ကိုယ္က်ဆံုးသြားလို႔ သူ႔ကို ဘာမွ မေပးႏိုင္ဘူး ၊ မျဖည့္ဆည္းႏိုင္ဘူးဆိုရင္ေတာင္ သူက မင္းကို ျဖည့္ဆည္းေပးေနဦးမွာအမွန္ပါ....

၇. ပတ္ဝန္းက်င္ကို ေပ်ာ္ရႊင္တုိးတက္ေစရန္ စြမ္းေဆာင္ႏုိင္သူ

ဘာေတြပဲၿဖစ္ၿဖစ္ အေကာင္းဘက္ကေတြးၿပီး အားလံုးကိုလည္း အေကာင္းဘက္ကၿမင္တတ္ေအာင္ ၿပသႏုိင္သူပါ။ ေလာကၾကီးကို အေကာင္းဘက္ကေနပဲ ၾကည့္တဲ့သူေပါ့ ၊ အဲ့လိုလူက မင္းအျပစ္လုပ္ခဲ့မယ္ဆိုရင္ေတာင္ ေမ့ထားျပီး ခ်စ္ေပးႏိုင္မယ့္သူပါ....

၈. ေပါင္းသင္းဆက္ဆံေရး ေကာင္းသူ

ဘယ္သူ႔ကိုမဆို တည့္ေအာင္ ေပါင္းသင္းဆက္ဆံတတ္သူပါ။ လူတန္းစားမခဲြ ယဥ္ယဥ္ေက်းေက်း ေၿပာဆိုတတ္သူပါ။

၉. အခ်ိန္ကို တန္ဖိုးရွိရွိ အသံုးခ်တတ္သူ

အလုပ္အတြက္ အခ်ိန္၊ မိသားစုအတြက္ အခ်ိန္ကို ေကာင္းေကာင္းဇယားခ်ၿပီး အသံုးခ်တတ္သူပါ။

၁၀. မေမာက္မာပဲ တည္ၿငိမ္ေနေသာသူ

ကိုယ့္ရဲ႕အေၾကာင္းကို ကိုယ္အသိဆံုးၿဖစ္ၿပီး ဘယ္လိုေပါင္းသင္းဆက္ဆံေနထိုင္သင့္တယ္ဆိုတာကို နားလည္ေနသူပါ။

ကဲ ဖိုးသူေတာ္ပရိတ္သတ္ၾကီးေရ .. ကိုယ့္ေဘးနားမွာ ဒီလို မိန္းကေလးမ်ိဳးရွိေနျပီဆိုရင္ေတာ့ လက္မလြတ္ဘဲ ဆြဲထားသင့္ပါျပီေနာ္ ၊ ေယာက္်ားေလးမွမဟုတ္ပါဘူး မိန္းကေလးမ်ားကလည္း ကိုယ့္ေဘးနားမွာ ဒီလို ေကာင္ေလး ရွိေနျပီဆိုရင္ေတာ့ လက္လြတ္မခံသင့္ဘူးလို႔ ေျပာခ်င္ပါတယ္ေနာ္.......

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ယောင်္ကျားတွေ လက်မလွှတ်နိုင်သော မိန်းကလေးဆိုတာ လောကကြီးမှာ တကယ် ရှိပါတယ်။

ဒီစာလေးကို ယောင်္ကျားလေးတွေရော၊ မိန်းကလေးတွေကိုပါ ဖတ်စေချင်ပါတယ်။

၁. ဉာဏ်ထက်ပြီး သူနဲ့နေရင် ဉာဏ်ရည်တက်လာတယ်လို့ ခံစားရစေတယ်။

ဉာဏ်ကောင်းတဲ့ မိန်းကလေးဆိုတာ စိတ်ဝင်စားစရာ အရမ်းကောင်းပါတယ်။ ကိုယ့်ထက်ဉာဏ်ကောင်းလို့ မနာလိုမဖြစ်ပါနဲ့။ သူက ကိုယ့်ထက်သာနေလို့လည်း သိမ်ငယ်မှု မဖြစ်ပါနဲ့ ၊ လူတစ်ယောက်နဲ့တစ်ယောက်ဟာ အားသာချက်တွေ တူညီမှုမရှိပါ။ ကိုယ့်ကို တိုးတက်စေမဲ့သူက ဘေးနားမှာ ရှိတယ်ဆိုတာ ဝမ်းသာစရာပါ။ ကိုယ့်ကိုကိုယ် ကံကောင်းတဲ့သူလို့တောင် မှတ်ယူရဦးမှာပါ.....

၂. ဘယ်အချိန်မဆိုဘေးမှာရှိပြီး အားပေးနေတတ်တဲ့သူ

ဘယ်အချိန်မဆိုဘေးနားကနေ အားပေးနေပြီး သူရှိတော့ စိတ်ထဲမှာ တကယ်ကို အေးချမ်းစေပါတယ်။ ကိုယ်ဝမ်းနည်းအားငယ်နေတဲ့အချိန် ၊ စိတ်ဓါတ်ကျနေတဲ့အချိန်မျိုးမှာ ဒီလိုလူတစ်ယောက်ဆိုတာ အမှန်တကယ်လိုအပ်ပါတယ် ၊ ကိုယ်စိတ်ညစ်နေတာရဲ့ တစ်ဝက်လောက်က သူ့ရဲ့ဖေးမမှုမှာ သက်သာသွားစေတတ်ပါတယ်.......

၃. ကိုယ့်ရဲ့အားသူချက်ဆိုတာ ဘယ်လဲဆိုတာကို ရှင်းပြပေးတဲ့သူ

အမှားလုပ်မိချိန်၊ အလုပ်ကအဆင်မပြေဖြစ်ချိန်၊ အလုပ်သစ်ကို ကြိုးပမ်းနေချိန်၊ သူက ကိုယ့်ကို အမြဲအားပေးနေတယ်။ အားပေးတာတစ်ခုထဲမဟုတ်ပဲ ကိုယ့်ရဲ့အားသာချက်က ဘာလဲဆိုတာကိုပါ သင်ပြပေးသူပါ။ ကိုယ့်အားနည်းချက်ကို သိသွားပြီဆိုရင် ပြင်ရတာ မခက်တော့ဘူးလေ (ပြင်တတ်တဲ့သူ ဆိုရင်ပေါ့) ၊ ကမ္ဘာပေါ်မှာ မင်းကအတော်ဆုံးပဲလို့ သူကပြောနေမှာပါ.....

၄. ဘယ်နေရာမှာ မဆို ကူညီ၊ အားပေးဖို့ရန် အသင့်ရှိနေသူ

စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်းဆိုင်ရာ ဘယ်လို ပြသာနာတွေ ကြုံကြုံ သူက အနားမှာ အမြဲရှိနေတတ်တယ်။ ကိုယ့်ရဲ့ရည်မှန်းချက် အိမ်မက်တွေအတွက်  သူက ဖြည့်စီးပေးရန် အသင့်ရှိနေမှာပါ။ ကိုယ့်အတွက်ဆို အမြဲ Ready ဆိုပြီး အသင့်ကြိုနေပေးတဲ့သူ ၊ ဒီလို ချစ်သူလေးရှိတာကလည်း အားဆေးတစ်ခွက်ပါပဲနော့်.....

၅. အထက်တန်းကျသော အလှဖန်တီးရှင်

ပွဲလမ်းသွားစရာရှိနေချိန်မှာ ဘာမှကို ပြောစရာမလို အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သန့်ရှင်း သပ်ရပ်သော အလှတရားကို ချက်ချင်းဆိုသလို ဖန်တီး ဝတ်စားတတ်သူပါ။

၆. ပြန်ရဖို့ကို မတွေးသူ။

လူများက ကိုယ့်ဘက်ကို ကြည့်ပြီး အကူအညီပေးတတ်သူကများပါတယ်။ သူကတော့ ကူညီချင်လို့ကိုသာ ကူညီနေသူဖြစ်ပြီး ဘာမှပြန်မရလဲ ပြသာနာမရှိသူပါ။ စိတ်ရင်းနဲ့ ကူညီနေသူတစ်ယောက်ပါ။ အဲ့လိုလူက ကိုယ်ကျဆုံးသွားလို့ သူ့ကို ဘာမှ မပေးနိုင်ဘူး ၊ မဖြည့်ဆည်းနိုင်ဘူးဆိုရင်တောင် သူက မင်းကို ဖြည့်ဆည်းပေးနေဦးမှာအမှန်ပါ....

၇. ပတ်ဝန်းကျင်ကို ပျော်ရွှင်တိုးတက်စေရန် စွမ်းဆောင်နိုင်သူ

ဘာတွေပဲဖြစ်ဖြစ် အကောင်းဘက်ကတွေးပြီး အားလုံးကိုလည်း အကောင်းဘက်ကမြင်တတ်အောင် ပြသနိုင်သူပါ။ လောကကြီးကို အကောင်းဘက်ကနေပဲ ကြည့်တဲ့သူပေါ့ ၊ အဲ့လိုလူက မင်းအပြစ်လုပ်ခဲ့မယ်ဆိုရင်တောင် မေ့ထားပြီး ချစ်ပေးနိုင်မယ့်သူပါ....

၈. ပေါင်းသင်းဆက်ဆံရေး ကောင်းသူ

ဘယ်သူ့ကိုမဆို တည့်အောင် ပေါင်းသင်းဆက်ဆံတတ်သူပါ။ လူတန်းစားမခွဲ ယဉ်ယဉ်ကျေးကျေး ပြောဆိုတတ်သူပါ။

၉. အချိန်ကို တန်ဖိုးရှိရှိ အသုံးချတတ်သူ

အလုပ်အတွက် အချိန်၊ မိသားစုအတွက် အချိန်ကို ကောင်းကောင်းဇယားချပြီး အသုံးချတတ်သူပါ။

၁၀. မမောက်မာပဲ တည်ငြိမ်နေသောသူ

ကိုယ့်ရဲ့အကြောင်းကို ကိုယ်အသိဆုံးဖြစ်ပြီး ဘယ်လိုပေါင်းသင်းဆက်ဆံနေထိုင်သင့်တယ်ဆိုတာကို နားလည်နေသူပါ။

ကဲ ဖိုးသူတော်ပရိတ်သတ်ကြီးရေ .. ကိုယ့်ဘေးနားမှာ ဒီလို မိန်းကလေးမျိုးရှိနေပြီဆိုရင်တော့ လက်မလွတ်ဘဲ ဆွဲထားသင့်ပါပြီနော် ၊ ယောက်ျားလေးမှမဟုတ်ပါဘူး မိန်းကလေးများကလည်း ကိုယ့်ဘေးနားမှာ ဒီလို ကောင်လေး ရှိနေပြီဆိုရင်တော့ လက်လွတ်မခံသင့်ဘူးလို့ ပြောချင်ပါတယ်နော်.......

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top