iMyanmarHouse.com - Best Property Website for Myanmar
×

ေထာပတ္သီးကို တစ္ေန႔တစ္လံုး စားသံုးေပးတာဟာ ဆီးခ်ိဳေရာဂါကို ကာကြယ္ေပးႏိုင္တဲ့အျပင္ တျခားက်န္းမာေရး အက်ိဳးေက်းဇူးေတြ အမ်ားအျပားရွိေနပါတယ္။

ေထာပတ္သီးမွာ ပရိုတင္းဓါတ္ ၾကြယ္၀စြာပါ၀င္ပါတယ္။ ဒါ့အျပင္ အမွ်င္ဓါတ္၊ ပိုတက္ဆီယမ္၊ ဗီတာမင္ K၊ ဗီတာမင္ E၊ ဗီတာမင္ C၊ ဗီတာမင္ B၊ေဖာလစ္အက္ဆစ္နဲ႔ တျခား က်န္းမာေရးအတြက္ အေထာက္အကူျပဳတဲ့ အဟာရဓါတ္ေတြၾကြယ္၀စြာပါ၀င္ေနတာပါ။ ေထာပတ္သီးမွာ ကစီဓါတ္ပါ၀င္လို႔ တခ်ိဳ႕လူေတြက ၀ိတ္တက္မွာစိုးရိမ္ၿပီး မစားသံုးၾကေပမဲ့ ေထာပတ္သီးမွာပါ၀င္တဲ့ ကစီဓါတ္က ကယ္လိုရီပါ၀င္မႈနည္းပါးပါတယ္။ ဒါ့အျပင္ က်န္းမာေရးကိုလည္းအေထာက္အကူျပဳေစပါတယ္။

၁။ ဆီးခ်ိဳ

ေထာပတ္သီးဟာ ေသြးတြင္းသၾကားဓါတ္ပါ၀င္မႈနႈန္းကို ထိန္းခ်ဳပ္ႏိုင္ပါတယ္။ ေသြးတြင္းသၾကားဓါတ္ပါ၀င္မႈႏႈန္းကို တည္ၿငိမ္ေစၿပီး ဆီးခ်ိဳေရာဂါျဖစ္ပြားမႈအႏၱရာယ္ကို ေလွ်ာ့ခ်ေပးရာမွာ အေရးပါလွပါတယ္။

တေန႔ကို ေထာပတ္သီး တစ္၀က္ေလာက္စားသံုးေပးသင့္ပါတယ္။

၂။ ေရာင္ရမ္းမႈကိုေလွ်ာ့ခ်ေပးျခင္း

ပန္းနာရင္က်ပ္တာ ၊ ဓါတ္မတည့္တာ ၊ အဆစ္အျမစ္ေရာင္ရမ္းတာ ေတြကိုသက္သာေစတဲ့အျပင္ ယေန႔ေခတ္မွာ အျဖစ္မ်ားတဲ့ အယ္လ္ဇိုင္းမားေရာဂါ၊ ႏွလံုးေရာဂါ၊ ကင္ဆာေတြကို သက္သာေပ်ာက္ကင္းေစပါတယ္။

၃။ အသားအေရႏွင့္ ဆံေကသာအလွ

ေထာပတ္သီးမွာ ဗီတာမင္ E ပါ၀င္လို႔ အသားအေရကိုေခ်ာမြတ္ေစၿပီး ဆံသားေတြကို ေသာက္ေျပာင္ေစပါတယ္။ အသီးတစ္လံုးမွာ ဗီတာမင္ E ၂၀ % ပါ၀င္ၿပီး ခႏၱာကိုယ္အတြင္း သစ္ရႈးေတြပ်က္စီးျခင္းကို ကာကြယ္ေပးပါတယ္။ေစ်းႀကီးတဲ့ ဗီတာမင္ E ေတြ၀ယ္ယူစားသံုးမဲ့အစား ေထာပတ္သီးကို စားတာ ဒါမွမဟုတ္ ေထာပတ္ဆီကိုစားတာဟာ အသက္အရြယ္အိုမင္းရင့္ေရာက္မႈကို တားဆီးေပးႏိုင္ပါတယ္။

၄။ အရိုးမ်ားကို သန္မာေစျခင္း

ေထာပတ္သီးမွာ အရိုးေတြကို သန္မာေစတဲ ့ဗီတာမင္ K ၊ Copper (ေၾကးနီ) ဓါတ္ေတြပါ၀င္ပါတယ္။ ေလ့လာမႈေတြအရ ေထာပတ္သီးကိုစားသံုးေပးတာဟာ အရြယ္မေရြး အမ်ိဳးသားအမ်ိဳးသမီးမေရြး အားလံုးရဲ့ အရိုးေတြကို သန္မာေစတယ္ဆိုတာ သက္ေသျပႏိုင္ခဲ့ပါတယ္။

၅။ အစာေခ်ဖ်က္မႈ

ေထာပတ္သီးမွာ အမွ်င္ဓါတ္ ၾကြယ္၀စြာပါ၀င္တာၾကာင့္ အစာေခ်ဖ်က္မႈကို ေကာင္းမြန္ေစပါတယ္။

၆။ ဦးေႏွာက္စြမ္းရည္

Copper ဂုဏ္သတိၱ္က ဦးေႏွာက္ကို လံႈ႕ေဆာ္ေပးပါတယ္။ ေထာပတ္သီးမွာလည္း Copper ဓါတ္ၾကြယ္၀စြာပါ၀င္လိုပ ဦးေႏွာက္အတြက္ အစားအစာတစ္ခုအျဖစ္ အသံုးျပဳၾကပါတယ္။

၇။ ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစျခင္း

ေထာပတ္သီးမွာ ဗီတာမင္ B ကို အေျခခံျပဳလုပ္ထားတာေၾကာင့္ ဖ်ားနာတာနဲ႔ ေရာဂါပိုးမႊားအလြယ္တကူ၀င္ေရာက္မႈကို ကူညီေပးပါတယ္။ ဒါ့အျပင္ ဗီတာမင္ Cနဲ႔ E စတဲ့ဂုဏ္သတၱိေတြက ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစပါတယ္။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ထောပတ်သီးကို တစ်နေ့တစ်လုံး စားသုံးပေးတာဟာ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်တဲ့အပြင် တခြားကျန်းမာရေး အကျိုးကျေးဇူးတွေ အများအပြားရှိနေပါတယ်။

ထောပတ်သီးမှာ ပရိုတင်းဓါတ် ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် အမျှင်ဓါတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် K၊ ဗီတာမင် E၊ ဗီတာမင် C၊ ဗီတာမင် B၊ဖောလစ်အက်ဆစ်နဲ့ တခြား ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အဟာရဓါတ်တွေကြွယ်ဝစွာပါဝင်နေတာပါ။ ထောပတ်သီးမှာ ကစီဓါတ်ပါဝင်လို့ တချို့လူတွေက ဝိတ်တက်မှာစိုးရိမ်ပြီး မစားသုံးကြပေမဲ့ ထောပတ်သီးမှာပါဝင်တဲ့ ကစီဓါတ်က ကယ်လိုရီပါဝင်မှုနည်းပါးပါတယ်။ ဒါ့အပြင် ကျန်းမာရေးကိုလည်းအထောက်အကူပြုစေပါတယ်။

၁။ ဆီးချို

ထောပတ်သီးဟာ သွေးတွင်းသကြားဓါတ်ပါဝင်မှုနှုန်းကို ထိန်းချုပ်နိုင်ပါတယ်။ သွေးတွင်းသကြားဓါတ်ပါဝင်မှုနှုန်းကို တည်ငြိမ်စေပြီး ဆီးချိုရောဂါဖြစ်ပွားမှုအန္တရာယ်ကို လျှော့ချပေးရာမှာ အရေးပါလှပါတယ်။

တနေ့ကို ထောပတ်သီး တစ်ဝက်လောက်စားသုံးပေးသင့်ပါတယ်။

၂။ ရောင်ရမ်းမှုကိုလျှော့ချပေးခြင်း

ပန်းနာရင်ကျပ်တာ ၊ ဓါတ်မတည့်တာ ၊ အဆစ်အမြစ်ရောင်ရမ်းတာ တွေကိုသက်သာစေတဲ့အပြင် ယနေ့ခေတ်မှာ အဖြစ်များတဲ့ အယ်လ်ဇိုင်းမားရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာတွေကို သက်သာပျောက်ကင်းစေပါတယ်။

၃။ အသားအရေနှင့် ဆံကေသာအလှ

ထောပတ်သီးမှာ ဗီတာမင် E ပါဝင်လို့ အသားအရေကိုချောမွတ်စေပြီး ဆံသားတွေကို သောက်ပြောင်စေပါတယ်။ အသီးတစ်လုံးမှာ ဗီတာမင် E ၂၀ % ပါဝင်ပြီး ခန္တာကိုယ်အတွင်း သစ်ရှုးတွေပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ဈေးကြီးတဲ့ ဗီတာမင် E တွေဝယ်ယူစားသုံးမဲ့အစား ထောပတ်သီးကို စားတာ ဒါမှမဟုတ် ထောပတ်ဆီကိုစားတာဟာ အသက်အရွယ်အိုမင်းရင့်ရောက်မှုကို တားဆီးပေးနိုင်ပါတယ်။

၄။ အရိုးများကို သန်မာစေခြင်း

ထောပတ်သီးမှာ အရိုးတွေကို သန်မာစေတဲ့ဗီတာမင် K ၊ Copper (ကြေးနီ) ဓါတ်တွေပါဝင်ပါတယ်။ လေ့လာမှုတွေအရ ထောပတ်သီးကိုစားသုံးပေးတာဟာ အရွယ်မရွေး အမျိုးသားအမျိုးသမီးမရွေး အားလုံးရဲ့ အရိုးတွေကို သန်မာစေတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။

၅။ အစာချေဖျက်မှု

ထောပတ်သီးမှာ အမျှင်ဓါတ် ကြွယ်ဝစွာပါဝင်တာကြာင့် အစာချေဖျက်မှုကို ကောင်းမွန်စေပါတယ်။

၆။ ဦးနှောက်စွမ်းရည်

Copper ဂုဏ်သတ္တိ်က ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ်။ ထောပတ်သီးမှာလည်း Copper ဓါတ်ကြွယ်ဝစွာပါဝင်လိုပ ဦးနှောက်အတွက် အစားအစာတစ်ခုအဖြစ် အသုံးပြုကြပါတယ်။

၇။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း

ထောပတ်သီးမှာ ဗီတာမင် B ကို အခြေခံပြုလုပ်ထားတာကြောင့် ဖျားနာတာနဲ့ ရောဂါပိုးမွှားအလွယ်တကူဝင်ရောက်မှုကို ကူညီပေးပါတယ်။ ဒါ့အပြင် ဗီတာမင် Cနဲ့ E စတဲ့ဂုဏ်သတ္တိတွေက ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top