iMyanmarHouse.com - Best Property Website for Myanmar
×

Relationship တစ္ခုမွာ တစ္ဦးတစ္ေယာက္တည္းကပဲ အရမ္းကိုသည္းသည္းလႈပ္ခ်စ္ရျပီး က်န္တစ္ေယာက္ကေတာ့ သိပ္အေလးမထားဘူးဆိုရင္ ေပ်ာ္ရႊင္စရာေကာင္းတဲ့ Relationship ေလးကို တည္ေဆာက္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ အခ်စ္ဆိုတာ အေပးအယူရွိသလို အသြားအျပန္ လဲရွိပါတယ္။ ကိုယ့္ေမတၱာဟာ အသြားပဲရွိျပီး အျပန္မရွိဘူးဆိုရင္ ဒါဟာ ေပးဆပ္တဲ့ခ်စ္ျခင္းသပ္သပ္ ပါပဲ။ အခ်စ္ေတြအားလံုးထဲမွာ ေပးဆပ္ခ်စ္က အမြန္ျမတ္ဆံုးပါပဲ။ ဘာတစ္ခုမွမေမွ်ာ္လင့္ပဲ ခ်စ္တတ္တဲ့ အခ်စ္မ်ိဳးဟာ ေပးဆပ္တဲ့အခ်စ္မ်ိဳးပါ။ အမ်ိဳးသမီးေတြ ဟာ တကယ္ခ်စ္မိသြားတဲ့အခါ အမ်ိဳးသားေတြထက္ အဆေပါင္း မ်ားစြာပိုျပီးသတၱိရွိလာၾကပါတယ္။

ကိုယ္ခ်စ္ရတဲ့သူဟာ ဘယ္လိုလူမ်ိဳးပဲျဖစ္ေနပါေစ ခ်စ္မိသြားျပီ ဆိုရင္ အရာရာတိုင္းကို အေကာင္းျမင္တတ္ၾကပါတယ္။ ကိုယ့္အေပၚမေကာင္းသည့္တိုင္ေအာင္ မစြန္႕ခြာႏိုင္ပဲ ဒီလူ တစ္ဦးတစ္ေယာက္တည္းကိုသာ သစၥာတည္ျပီး စြဲစြဲျမဲျမဲ ခ်စ္ေနတတ္တာ မိန္းမေတြရဲ႕ ခ်စ္သတၱိပါ။ အခ်စ္ဆိုတာ ခြန္အား ေတြကိုလည္းျဖစ္ေပၚေစပါတယ္။ ႏူးညံ့သိမ္ေမြ႕တဲ့ မိန္းမသား တစ္ဦးအျဖစ္ကေန အခ်စ္စိတ္ေၾကာင့္ အရာရာကိုရင္ဆိုင္ရဲတဲ့ သတၱိေတြ အလိုလိုေပၚေပါက္လာတတ္ပါတယ္။ အခ်စ္ရဲ႕ စြမ္းအားဟာ ကမၻာေပၚမွာအျပင္းထန္ဆံုးလက္ႏွက္ျဖစ္ျပီး ဒါကိုကိုင္တြယ္အသံုးျပဳသူ အမ်ားစု ကလည္း အမ်ိဳးသမီးေတြပါ ပဲ။

တျခားသူေတြအေပၚမွာသာ ၾကမ္းခ်င္ၾကမ္းမိလိမ့္မယ္ ကိုယ္ခ်စ္ရ တဲ့သူ ေရွ႕မွာေတာ့ အမ်ိဳးသမီးေတြဟာ ခြန္အားမဲ့တဲ့ သိုးငယ္ ေလးေတြလို ျဖဴျဖဴစင္စင္နဲ႔ အရမ္းကိုခ်စ္စရာေကာင္းလြန္းတတ္ ၾကပါတယ္။ ဒါဟာ ဟန္ေဆာင္တာမဟုတ္ပဲ ရင္ထဲကလာတဲ့ အခ်စ္စိတ္ေၾကာင့္ ႏွလံုးသားကအလိုလို ႏူးညံ့သြားတာပဲ ျဖစ္ပါ တယ္။ အမ်ိဳးသမီးေတြဟာ ခ်စ္တ့ဲစိတ္တစ္ခုတည္းနဲ႔ပဲ အရာရာ ကိုမ်က္ကြယ္ျပဳႏိုင္ရဲတဲ့အထိ သတၱိေတြရွိလာတတ္ၾကပါတယ္။ အခ်စ္ၾကီးရင္ အမ်က္ၾကီးတယ္ဆိုတဲ့ စကားလည္းရွိတာမို႕ အရမ္းခ်စ္မိသြားတဲ့အခါမွာ ကိုယ္လုပ္မိတဲ့အမွားတစ္ခုေၾကာင့္ သူမစိတ္မွာအရမ္းကိုထိခိုက္နာၾကင္သြားတဲ့အခါ မလိုလား အပ္တဲ့ ျပႆနာမ်ိဳးေတြ ရွိလာတတ္တာမို႔ ကိုကိုတု႔ိအေနနဲ႔ လည္း ဆင္ျခင္ဖို႕လိုပါလိမ့္မယ္ေနာ္။

သင့္အနားမွာ သင့္ကိုအရမ္းခ်စ္ျပီး သင္လုပ္သမွ်အမွားေတြ အားလံုးကို ခြင့္လႊတ္ေပးတတ္တဲ့ ခ်စ္သူမိန္းကေလးမ်ိဳး ရွိေနျပီ လား။ ရွိေနျပီဆိုရင္ေတာ့ သူမကိုကမၻာေပၚက အေကာင္းဆံုး ေသာ ခ်စ္ျခင္းေမတၱာေတြကိုေပးစြမ္းျပီး ေပ်ာ္ရႊင္မႈကို ခံစားခြင့္ ေပးလုိက္ပါ။ လူတစ္ေယာက္က ကိုယ့္ကိုအရမ္းခ်စ္တယ္ဆိုတာ ကံေကာင္းမွျဖစ္ရတဲ့ျဖစ္စဥ္မ်ိဳးပါ။ အေကာင္းဆံုးေသာကံဆိုတာ ဘ၀မွာတစ္ၾကိမ္ပဲလာတတ္တာမို႔ ကိုယ့္ခ်စ္သူမိန္းကေလးရဲ႕ လက္ကို မလႊတ္တမ္းကိုင္ျပီး ခ်စ္စကားေတြ တသီၾကီးသာ ဖြဲ႕သီလိုက္ပါေတာ့ေနာ္။

Credit : marry
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Relationship တစ်ခုမှာ တစ်ဦးတစ်ယောက်တည်းကပဲ အရမ်းကိုသည်းသည်းလှုပ်ချစ်ရပြီး ကျန်တစ်ယောက်ကတော့ သိပ်အလေးမထားဘူးဆိုရင် ပျော်ရွှင်စရာကောင်းတဲ့ Relationship လေးကို တည်ဆောက်နိုင်တော့မှာ မဟုတ်ပါဘူး။ အချစ်ဆိုတာ အပေးအယူရှိသလို အသွားအပြန် လဲရှိပါတယ်။ ကိုယ့်မေတ္တာဟာ အသွားပဲရှိပြီး အပြန်မရှိဘူးဆိုရင် ဒါဟာ ပေးဆပ်တဲ့ချစ်ခြင်းသပ်သပ် ပါပဲ။ အချစ်တွေအားလုံးထဲမှာ ပေးဆပ်ချစ်က အမွန်မြတ်ဆုံးပါပဲ။ ဘာတစ်ခုမှမမျှော်လင့်ပဲ ချစ်တတ်တဲ့ အချစ်မျိုးဟာ ပေးဆပ်တဲ့အချစ်မျိုးပါ။ အမျိုးသမီးတွေ ဟာ တကယ်ချစ်မိသွားတဲ့အခါ အမျိုးသားတွေထက် အဆပေါင်း များစွာပိုပြီးသတ္တိရှိလာကြပါတယ်။

ကိုယ်ချစ်ရတဲ့သူဟာ ဘယ်လိုလူမျိုးပဲဖြစ်နေပါစေ ချစ်မိသွားပြီ ဆိုရင် အရာရာတိုင်းကို အကောင်းမြင်တတ်ကြပါတယ်။ ကိုယ့်အပေါ်မကောင်းသည့်တိုင်အောင် မစွန့်ခွာနိုင်ပဲ ဒီလူ တစ်ဦးတစ်ယောက်တည်းကိုသာ သစ္စာတည်ပြီး စွဲစွဲမြဲမြဲ ချစ်နေတတ်တာ မိန်းမတွေရဲ့ ချစ်သတ္တိပါ။ အချစ်ဆိုတာ ခွန်အား တွေကိုလည်းဖြစ်ပေါ်စေပါတယ်။ နူးညံ့သိမ်မွေ့တဲ့ မိန်းမသား တစ်ဦးအဖြစ်ကနေ အချစ်စိတ်ကြောင့် အရာရာကိုရင်ဆိုင်ရဲတဲ့ သတ္တိတွေ အလိုလိုပေါ်ပေါက်လာတတ်ပါတယ်။ အချစ်ရဲ့ စွမ်းအားဟာ ကမ္ဘာပေါ်မှာအပြင်းထန်ဆုံးလက်နှက်ဖြစ်ပြီး ဒါကိုကိုင်တွယ်အသုံးပြုသူ အများစု ကလည်း အမျိုးသမီးတွေပါ ပဲ။

တခြားသူတွေအပေါ်မှာသာ ကြမ်းချင်ကြမ်းမိလိမ့်မယ် ကိုယ်ချစ်ရ တဲ့သူ ရှေ့မှာတော့ အမျိုးသမီးတွေဟာ ခွန်အားမဲ့တဲ့ သိုးငယ် လေးတွေလို ဖြူဖြူစင်စင်နဲ့ အရမ်းကိုချစ်စရာကောင်းလွန်းတတ် ကြပါတယ်။ ဒါဟာ ဟန်ဆောင်တာမဟုတ်ပဲ ရင်ထဲကလာတဲ့ အချစ်စိတ်ကြောင့် နှလုံးသားကအလိုလို နူးညံ့သွားတာပဲ ဖြစ်ပါ တယ်။ အမျိုးသမီးတွေဟာ ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ပဲ အရာရာ ကိုမျက်ကွယ်ပြုနိုင်ရဲတဲ့အထိ သတ္တိတွေရှိလာတတ်ကြပါတယ်။ အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတဲ့ စကားလည်းရှိတာမို့ အရမ်းချစ်မိသွားတဲ့အခါမှာ ကိုယ်လုပ်မိတဲ့အမှားတစ်ခုကြောင့် သူမစိတ်မှာအရမ်းကိုထိခိုက်နာကြင်သွားတဲ့အခါ မလိုလား အပ်တဲ့ ပြဿနာမျိုးတွေ ရှိလာတတ်တာမို့ ကိုကိုတု့ိအနေနဲ့ လည်း ဆင်ခြင်ဖို့လိုပါလိမ့်မယ်နော်။

သင့်အနားမှာ သင့်ကိုအရမ်းချစ်ပြီး သင်လုပ်သမျှအမှားတွေ အားလုံးကို ခွင့်လွှတ်ပေးတတ်တဲ့ ချစ်သူမိန်းကလေးမျိုး ရှိနေပြီ လား။ ရှိနေပြီဆိုရင်တော့ သူမကိုကမ္ဘာပေါ်က အကောင်းဆုံး သော ချစ်ခြင်းမေတ္တာတွေကိုပေးစွမ်းပြီး ပျော်ရွှင်မှုကို ခံစားခွင့် ပေးလိုက်ပါ။ လူတစ်ယောက်က ကိုယ့်ကိုအရမ်းချစ်တယ်ဆိုတာ ကံကောင်းမှဖြစ်ရတဲ့ဖြစ်စဉ်မျိုးပါ။ အကောင်းဆုံးသောကံဆိုတာ ဘဝမှာတစ်ကြိမ်ပဲလာတတ်တာမို့ ကိုယ့်ချစ်သူမိန်းကလေးရဲ့ လက်ကို မလွှတ်တမ်းကိုင်ပြီး ချစ်စကားတွေ တသီကြီးသာ ဖွဲ့သီလိုက်ပါတော့နော်။

Credit : marry

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top