iMyanmarHouse.com - Best Property Website for Myanmar
×

ေဗဒင္ဆရာေအာင္ခ်စ္ပိုကို တရားဥပေဒအရ အျပစ္ရွိသည္ဟု ဆံုးျဖတ္လာပါက ေအာင္ခ်စ္ပိုအမည္အပါအဝင္ မင္းသိခၤတပည့္ဆိုသည့္အမည္ျဖင့္ ေဗဒင္ေဟာစားခြင့္ ႐ုပ္သိမ္းမည္ျဖစ္ေၾကာင္း မရမ္းတလင္းေအာင္ေျမမွ တာဝန္ခံဆရာ ဦးအုန္းခ်စ္ၿမိဳင္က ေဖေဖာ္ဝါရီ ၄ ရက္တြင္ အကုန္သိသတင္းဌာနသို႔ အတည္ျပဳ ေျပာၾကားသည္။

ယခုလတ္တေလာတြင္ ေဗဒင္ဆရာကို ေအာင္ခ်စ္ပိုကို မရမ္းတလင္းၿခံသို႔ လာခြင့္မျပဳေတာ့ေၾကာင္း ၎က ေျပာသည္။ “ ေလာေလာဆယ္ အေရးယူလိုက္တာကေတာ့ သူ႕ကို မရမ္းတလင္းၿခံကို လာခြင့္မေပးေတာ့ဘူး။ အြန္လိုင္းမွာ ေအာင္ခ်စ္ပို ေအာင္ခ်စ္ပိုနဲ႔ ပ်ံ႕ႏွံ႔ေနတာက ဆရာႀကီး မင္းသိခၤကိုပါ ထိခိုက္လာၿပီ။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ ေၾကညာခ်က္ထုတ္လိုက္တယ္။ အေျခအေနကို ၾကည့္ရတာ တစ္ဖက္မွာ မိန္းကေလးေတြက မိေကာင္းဖခင္သားသမီးေတြျဖစ္တယ္။ မဟုတ္ဘဲနဲ႔ေတာ့ မေျပာဘူး။ ဒါေပမဲ့ တစ္ဖက္ကလည္း ဆရာႀကီး မင္းသိခၤတပည့္ ေအာင္ခ်စ္ပိုျဖစ္ေနတယ္။ ဘယ္သူမွားတယ္၊ ဘယ္သူမွန္တယ္ဆိုတာ တရားဥပေဒအဆံုးအျဖတ္ ေစာင့္မယ္။ သူ (ေအာင္ခ်စ္ပို) မွားတယ္ဆိုရင္ေတာ့ သူ႔ကို ဆရာႀကီး မင္းသိခၤေပးထားတဲ့ ေဗဒင္ဆရာေအာင္ခ်စ္ပို နာမည္ကိုေရာ ဆရာႀကီး မင္းသိခၤနာမည္နဲ႔ ေဗဒင္ေဟာစားခြင့္ကိုပါ ႐ုပ္သိမ္းသြားမွာျဖစ္တယ္” ဟု ဦးအုန္းခ်စ္ၿမိဳင္က ေျပာသည္။

မိမိ္သည္ ဆရာႀကီး မင္းသိခၤ၏ ကိစၥရပ္မ်ားႏွင့္ပတ္သက္၍ GP ( General Power) လႊဲအပ္ခံထားရသူျဖစ္ေၾကာင္း၊ ေဗဒင္သင္တန္းမ်ားတြင္ အြန္လိုင္း၌ ပ်ံ႕ႏွံ႔ေနသည့္ ယၾတာမ်ိဳးမေပးသည့္အျပင္ ယခုကဲ့သို႔ အျဖစ္အပ်က္မ်ိဳးမွာ ဆရာႀကီး မင္းသိခၤ၏ တပည့္မ်ားတြင္ မရွိဖူးေသးေၾကာင္း ၎က ေျပာသည္။ ေဗဒင္ဆရာေအာင္ခ်စ္ပိုႏွင့္ပတ္သက္၍ ေမွာ္ဘီၿမိဳ႕ရွိ မရမ္းတလင္းေအာင္ေျမမွ ေဖေဖာ္ဝါရီ ၂ ရက္ေန႔စြဲျဖင့္ အေရးေပၚ ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။

အဆိုပါ ထုတ္ျပန္ခ်က္တြင္ မရမ္းတလင္းေအာင္ေျမအေနႏွင့္ ယခုကိစၥရပ္ကို လံုးဝ (လံုးဝ) မေထာက္ခံပါေၾကာင္း၊ အျဖဴအမဲသဲကြဲသည္အထိ ဥပေဒ၏ အဆံုးအျဖတ္ကို ေစာင့္ဆိုင္းေနေၾကာင္း၊ လူမႈကြန္ရက္ေပၚတြင္ စြပ္စြဲၾကသည့္အတိုင္း ေဗဒင္ဆရာဘက္က ဟုတ္မွန္ေနပါက အဘမင္းသိခၤအဖြဲ႔အစည္းတစ္ခုလံုးမွ ေဗဒင္ဆရာေအာင္ခ်စ္ပိုကို ျပင္းျပင္းထန္ထန္အျပစ္ေပးသြားမည္ျဖစ္ေၾကာင္း ပါရွိသည္။

ထို႔အျပင္ လူမႈကြန္ရက္ေပၚ၌ စြပ္စြဲခံေနရသည့္ ေဗဒင္ဆရာေအာင္ခ်စ္ပိုသည္ အဘမင္းသိခၤ၏ တပည့္တစ္ဦးျဖစ္႐ံုမွ်ႏွင့္ အဘ၏ နာမည္ဂုဏ္သတင္း(လံုးဝ) ထိခိုက္လိမ့္မည္မဟုတ္ေၾကာင္း၊ ထုိ႔ျပင္ ပညာသင္ညီအကိုမ်ားျဖစ္ေသာ အဘမင္းသိခၤ၏ အျခားေသာ တပည့္မ်ားကိုလည္း ထိခိုက္လိမ့္မည္မဟုတ္ဟု ယံုၾကည္ေၾကာင္း၊ ကာယကရွင္မ်ားျဖစ္သည့္ ေဗဒင္ဆရာကိုလည္း နားလည္သကဲ့သို႔ မိန္းကေလးမ်ားကိုလည္း သား၊ သမီးခ်င္း ကိုယ္ခ်င္းစားမိေၾကာင္း အဆိုပါထုတ္ျပန္ခ်က္တြင္ ေဖာ္ျပ ပါရွိသည္။

Credit : Lwinpyin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဗေဒင်ဆရာအောင်ချစ်ပိုကို တရားဥပဒေအရ အပြစ်ရှိသည်ဟု ဆုံးဖြတ်လာပါက အောင်ချစ်ပိုအမည်အပါအဝင် မင်းသိင်္ခတပည့်ဆိုသည့်အမည်ဖြင့် ဗေဒင်ဟောစားခွင့် ရုပ်သိမ်းမည်ဖြစ်ကြောင်း မရမ်းတလင်းအောင်မြေမှ တာဝန်ခံဆရာ ဦးအုန်းချစ်မြိုင်က ဖေဖော်ဝါရီ ၄ ရက်တွင် အကုန်သိသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

ယခုလတ်တလောတွင် ဗေဒင်ဆရာကို အောင်ချစ်ပိုကို မရမ်းတလင်းခြံသို့ လာခွင့်မပြုတော့ကြောင်း ၎င်းက ပြောသည်။ “ လောလောဆယ် အရေးယူလိုက်တာကတော့ သူ့ကို မရမ်းတလင်းခြံကို လာခွင့်မပေးတော့ဘူး။ အွန်လိုင်းမှာ အောင်ချစ်ပို အောင်ချစ်ပိုနဲ့ ပျံ့နှံ့နေတာက ဆရာကြီး မင်းသိင်္ခကိုပါ ထိခိုက်လာပြီ။ ဒါကြောင့် ကျွန်တော်တို့ ကြေညာချက်ထုတ်လိုက်တယ်။ အခြေအနေကို ကြည့်ရတာ တစ်ဖက်မှာ မိန်းကလေးတွေက မိကောင်းဖခင်သားသမီးတွေဖြစ်တယ်။ မဟုတ်ဘဲနဲ့တော့ မပြောဘူး။ ဒါပေမဲ့ တစ်ဖက်ကလည်း ဆရာကြီး မင်းသိင်္ခတပည့် အောင်ချစ်ပိုဖြစ်နေတယ်။ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ တရားဥပဒေအဆုံးအဖြတ် စောင့်မယ်။ သူ (အောင်ချစ်ပို) မှားတယ်ဆိုရင်တော့ သူ့ကို ဆရာကြီး မင်းသိင်္ခပေးထားတဲ့ ဗေဒင်ဆရာအောင်ချစ်ပို နာမည်ကိုရော ဆရာကြီး မင်းသိင်္ခနာမည်နဲ့ ဗေဒင်ဟောစားခွင့်ကိုပါ ရုပ်သိမ်းသွားမှာဖြစ်တယ်” ဟု ဦးအုန်းချစ်မြိုင်က ပြောသည်။

မိမိသည် ဆရာကြီး မင်းသိင်္ခ၏ ကိစ္စရပ်များနှင့်ပတ်သက်၍ GP ( General Power) လွှဲအပ်ခံထားရသူဖြစ်ကြောင်း၊ ဗေဒင်သင်တန်းများတွင် အွန်လိုင်း၌ ပျံ့နှံ့နေသည့် ယတြာမျိုးမပေးသည့်အပြင် ယခုကဲ့သို့ အဖြစ်အပျက်မျိုးမှာ ဆရာကြီး မင်းသိင်္ခ၏ တပည့်များတွင် မရှိဖူးသေးကြောင်း ၎င်းက ပြောသည်။ ဗေဒင်ဆရာအောင်ချစ်ပိုနှင့်ပတ်သက်၍ မှော်ဘီမြို့ရှိ မရမ်းတလင်းအောင်မြေမှ ဖေဖော်ဝါရီ ၂ ရက်နေ့စွဲဖြင့် အရေးပေါ် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မရမ်းတလင်းအောင်မြေအနေနှင့် ယခုကိစ္စရပ်ကို လုံးဝ (လုံးဝ) မထောက်ခံပါကြောင်း၊ အဖြူအမဲသဲကွဲသည်အထိ ဥပဒေ၏ အဆုံးအဖြတ်ကို စောင့်ဆိုင်းနေကြောင်း၊ လူမှုကွန်ရက်ပေါ်တွင် စွပ်စွဲကြသည့်အတိုင်း ဗေဒင်ဆရာဘက်က ဟုတ်မှန်နေပါက အဘမင်းသိင်္ခအဖွဲ့အစည်းတစ်ခုလုံးမှ ဗေဒင်ဆရာအောင်ချစ်ပိုကို ပြင်းပြင်းထန်ထန်အပြစ်ပေးသွားမည်ဖြစ်ကြောင်း ပါရှိသည်။

ထို့အပြင် လူမှုကွန်ရက်ပေါ်၌ စွပ်စွဲခံနေရသည့် ဗေဒင်ဆရာအောင်ချစ်ပိုသည် အဘမင်းသိင်္ခ၏ တပည့်တစ်ဦးဖြစ်ရုံမျှနှင့် အဘ၏ နာမည်ဂုဏ်သတင်း(လုံးဝ) ထိခိုက်လိမ့်မည်မဟုတ်ကြောင်း၊ ထို့ပြင် ပညာသင်ညီအကိုများဖြစ်သော အဘမင်းသိင်္ခ၏ အခြားသော တပည့်များကိုလည်း ထိခိုက်လိမ့်မည်မဟုတ်ဟု ယုံကြည်ကြောင်း၊ ကာယကရှင်များဖြစ်သည့် ဗေဒင်ဆရာကိုလည်း နားလည်သကဲ့သို့ မိန်းကလေးများကိုလည်း သား၊ သမီးချင်း ကိုယ်ချင်းစားမိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။

Credit : Lwinpyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top