iMyanmarHouse.com - Best Property Website for Myanmar
×

ပိုက္ဆံနဲ႔ သင့္ေပ်ာ္ရႊင္မႈကို မဝယ္ႏိုင္ဘူးလို႔ ေျပာၾကေပမယ့္ ပိုက္ဆံဟာ ေန႔စဥ္ဘဝအတြက္ မရွိမျဖစ္ ထိေတြ႔သံုးစဲြရမယ့္အရာပါ။ ပိုက္ဆံကို မွန္မွန္ကန္ကန္ အသုံးခ်တတ္မယ္ဆိုရင္ေတာ့ သင့္အတြက္ ေခါင္းရႈပ္စရာေတြ ေပၚလာမွာ မဟုတ္ပါဘူး။ မသံုးသင့္တဲ့ အရာေတြမွာ ပိုက္ဆံကို သံုးမိမယ္ဆိုရင္ေတာ့ သင့္ကို ေပ်ာ္ရႊင္မႈေတြ ေပးမယ့္အရာေတြအတြက္ မက်န္ေတာ့ဘဲေနပါလိမ့္မယ္။ လူေတာ္ေတာ္မ်ားမ်ားက ပိုက္ဆံသံုးဖို႔ မလိုအပ္ေပမယ့္ သံုးမိေနၾကတဲ့ေနရာ (၃) ခု ရွိတာကို သတိထားမိပါတယ္။

(၁) ဖက္ရွင္အသုံးအေဆာင္ပစၥည္း

ေခတ္မီေအာင္လို႔ ဆိုၿပီး ေပၚသမွ် ဖက္ရွင္ အသံုးအေဆာင္နဲ႔ ေနာက္ဆံုးေပၚ ပစၥည္းေတြကို မရမက လိုက္ဝယ္ၿပီး သံုးေနဖို႔ မလိုပါဘူး။ ကိုယ္ပိုင္စတိုင္လ္ရွိသူေတြက ဖက္ရွင္ေနာက္လိုက္ေလ့မရွိသလို ဒီလို အသစ္ထြက္တုိင္းသာ လိုက္ဝယ္ရမယ္ဆိုရင္ ရွာလို႔ေတာင္ ေလာက္မွာ မဟုတ္ပါဘူး။ သေဘာက်တိုင္း၊ အသစ္ထြက္တိုင္း အရူးအမူးဝယ္ယူဖို႔ မသင့္ပါဘူး။ လက္ပတ္နာရီနဲ႔အျခား Fancy လက္ဝတ္ရတနာေတြဟာ လည္းေန႔စဥ္ဘဝအတြက္ လိုအပ္ပါတယ္။ ဒါေပမယ့္ ဒီအရာေတြကိုလည္း ခ်င့္ခ်ိန္ၿပီးမွ ဝယ္ယူသင့္ပါတယ္။

(၂) အီလက္ထေရာနစ္ ပစၥည္း

စမတ္ဖုန္းေတြဆိုရင္ တစ္ႏွစ္ကို ေမာ္ဒယ္လ္တစ္မ်ိဳးအသစ္ထုတ္ေနတာကို သိမယ္ထင္ပါတယ္။ ထြင္တဲ့သူက ထြင္၊ ဝ.္တဲ့သူက ဝယ္၊ ဒီလို ထုတ္သမွ် အီလက္ထေရာနစ္ပစၥည္းေတြကို သံုးႏုိုင္တာက အဆင့္အတန္းတစ္ခုလုိ သတ္မွတ္ထားတဲ့သူေတြ ရွိပါတယ္။ မရွိမျဖစ္အရာေတြဆိုေပမယ့္ ဖက္ရွင္ပစၥည္းေတြလိုပဲ ေန႔တိုင္းေန႔တိုင္း အသစ္အသစ္ေတြ ထြက္ရွိေနတာပါ။ အသစ္ေတြထြက္တိုင္း မဝယ္ဘဲ ကိုယ္ Lifestyle နဲ႔ သင့္ေတာ္တဲ့ ပစၥည္းေတြကိုသာ ဝယ္သင့္ပါတယ္။ သံုးမရေတာ့ဘဲ ပ်က္သြားတဲ့အခါမွာ ျပင္လို႔ ရရင္ျပင္၊ ေရာင္းသင့္ရင္ ေရာင္းၿပီး အသစ္တစ္ခု ဝယ္တာက ပိုေကာင္းပါတယ္။

(၃) အေသာက္အစားနဲ႔ အေပ်ာ္အပါးကိစၥ

သူငယ္ခ်င္း အေပါင္းအသင္းေတြနဲ႔ ေတြ႕ဆံုၿပီး စကားေျပာၾကတာ၊ သြားလာစားေသာက္တာက တစ္ပတ္မွာ တစ္ခါေလာက္ဆိုရင္ လံုေလာက္ပါၿပီ။ ခ်စ္သူရည္းစားနဲ႕ ခ်ိန္းေတြ႕တဲ့အခါမွာလည္း အတူတူပါပဲ။ စိတ္ေျပလက္ေပ်ာက္မျဖစ္ဘဲ ဒီလိုသြားဖို႔အတြက္ ပိုက္ဆံမရွိမွာပါ ပူပန္ေနရမယ္၊ သင္ စိတ္ပင္ပန္းေနရမယ္ဆိုရင္ ဒီလို ေတြ႕ဆံုပဲြေတြ သြားတာကို ျပန္စမ္းစစ္ဆင္ျခင္သင့္ပါၿပီ။

Source : lifehack

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပိုက်ဆံနဲ့ သင့်ပျော်ရွှင်မှုကို မဝယ်နိုင်ဘူးလို့ ပြောကြပေမယ့် ပိုက်ဆံဟာ နေ့စဉ်ဘဝအတွက် မရှိမဖြစ် ထိတွေ့သုံးစွဲရမယ့်အရာပါ။ ပိုက်ဆံကို မှန်မှန်ကန်ကန် အသုံးချတတ်မယ်ဆိုရင်တော့ သင့်အတွက် ခေါင်းရှုပ်စရာတွေ ပေါ်လာမှာ မဟုတ်ပါဘူး။ မသုံးသင့်တဲ့ အရာတွေမှာ ပိုက်ဆံကို သုံးမိမယ်ဆိုရင်တော့ သင့်ကို ပျော်ရွှင်မှုတွေ ပေးမယ့်အရာတွေအတွက် မကျန်တော့ဘဲနေပါလိမ့်မယ်။ လူတော်တော်များများက ပိုက်ဆံသုံးဖို့ မလိုအပ်ပေမယ့် သုံးမိနေကြတဲ့နေရာ (၃) ခု ရှိတာကို သတိထားမိပါတယ်။

(၁) ဖက်ရှင်အသုံးအဆောင်ပစ္စည်း

ခေတ်မီအောင်လို့ ဆိုပြီး ပေါ်သမျှ ဖက်ရှင် အသုံးအဆောင်နဲ့ နောက်ဆုံးပေါ် ပစ္စည်းတွေကို မရမက လိုက်ဝယ်ပြီး သုံးနေဖို့ မလိုပါဘူး။ ကိုယ်ပိုင်စတိုင်လ်ရှိသူတွေက ဖက်ရှင်နောက်လိုက်လေ့မရှိသလို ဒီလို အသစ်ထွက်တိုင်းသာ လိုက်ဝယ်ရမယ်ဆိုရင် ရှာလို့တောင် လောက်မှာ မဟုတ်ပါဘူး။ သဘောကျတိုင်း၊ အသစ်ထွက်တိုင်း အရူးအမူးဝယ်ယူဖို့ မသင့်ပါဘူး။ လက်ပတ်နာရီနဲ့အခြား Fancy လက်ဝတ်ရတနာတွေဟာ လည်းနေ့စဉ်ဘဝအတွက် လိုအပ်ပါတယ်။ ဒါပေမယ့် ဒီအရာတွေကိုလည်း ချင့်ချိန်ပြီးမှ ဝယ်ယူသင့်ပါတယ်။

(၂) အီလက်ထရောနစ် ပစ္စည်း

စမတ်ဖုန်းတွေဆိုရင် တစ်နှစ်ကို မော်ဒယ်လ်တစ်မျိုးအသစ်ထုတ်နေတာကို သိမယ်ထင်ပါတယ်။ ထွင်တဲ့သူက ထွင်၊ ဝ.်တဲ့သူက ဝယ်၊ ဒီလို ထုတ်သမျှ အီလက်ထရောနစ်ပစ္စည်းတွေကို သုံးနိုင်တာက အဆင့်အတန်းတစ်ခုလို သတ်မှတ်ထားတဲ့သူတွေ ရှိပါတယ်။ မရှိမဖြစ်အရာတွေဆိုပေမယ့် ဖက်ရှင်ပစ္စည်းတွေလိုပဲ နေ့တိုင်းနေ့တိုင်း အသစ်အသစ်တွေ ထွက်ရှိနေတာပါ။ အသစ်တွေထွက်တိုင်း မဝယ်ဘဲ ကိုယ် Lifestyle နဲ့ သင့်တော်တဲ့ ပစ္စည်းတွေကိုသာ ဝယ်သင့်ပါတယ်။ သုံးမရတော့ဘဲ ပျက်သွားတဲ့အခါမှာ ပြင်လို့ ရရင်ပြင်၊ ရောင်းသင့်ရင် ရောင်းပြီး အသစ်တစ်ခု ဝယ်တာက ပိုကောင်းပါတယ်။

(၃) အသောက်အစားနဲ့ အပျော်အပါးကိစ္စ

သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ တွေ့ဆုံပြီး စကားပြောကြတာ၊ သွားလာစားသောက်တာက တစ်ပတ်မှာ တစ်ခါလောက်ဆိုရင် လုံလောက်ပါပြီ။ ချစ်သူရည်းစားနဲ့ ချိန်းတွေ့တဲ့အခါမှာလည်း အတူတူပါပဲ။ စိတ်ပြေလက်ပျောက်မဖြစ်ဘဲ ဒီလိုသွားဖို့အတွက် ပိုက်ဆံမရှိမှာပါ ပူပန်နေရမယ်၊ သင် စိတ်ပင်ပန်းနေရမယ်ဆိုရင် ဒီလို တွေ့ဆုံပွဲတွေ သွားတာကို ပြန်စမ်းစစ်ဆင်ခြင်သင့်ပါပြီ။

Source : lifehack

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top