iMyanmarHouse.com - Best Property Website for Myanmar
×

လူ႔ခႏၶာကိုယ္ထဲမွာ အေရးပါတဲ့ ကိုယ္လက္အဂၤါ အစိတ္အပိုင္းေတြ အမ်ားႀကီး႐ွိပါတယ္။ အဲဒီထဲမွာ ဆီးလမ္းေၾကာင္းနဲ႔ ခႏၶာကိုယ္က အဆိပ္အေတာက္ေတြကို စစ္ထုတ္ေပးရာမွာ အေရးပါတဲ့ ေက်ာက္ကပ္ကလည္း အလြန္အေရးႀကီးတဲ့ အခန္းက႑က ပါဝင္ေနပါတယ္။ လူတစ္ေယာက္မွာ ေက်ာက္ကပ္အလုပ္လုပ္ေဆာင္မႈ လံုးဝရပ္တန္႔သြားၿပီဆိုရင္ ေသဖို႔ပဲ က်န္ပါေတာ့တယ္။ ဒါေၾကာင့္ ေက်ာက္ကပ္က်န္းမာေရးကို အေထာက္အကူျပဳႏိုင္တဲ့ အစားအစာေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ေဂၚဖီထုပ္

ေဂၚဖီထုပ္ဟာ phytochemical အျပည့္ပါဝင္တဲ့ ဟင္းသီးဟင္း႐ြက္ တစ္မ်ိဳးပါ။ ေဂၚဖီထုပ္ထဲမွာ ပါဝင္တဲ့ antioxidant ေတြဟာ ခႏၶာကိုယ္ကို အႏၱရာယ္ေပးႏိုင္တဲ့ Free radical ေတြကို တိုက္ထုတ္ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ေက်ာက္ကပ္ကို ဒဏ္ပိေစမွာေတာ့ မဟုတ္ပါဘူး။ ဒါ့အျပင္ ဗိုက္တာမင္နဲ႔ သတၳဳဓာတ္ ၾကြယ္ဝမႈဟာ ေက်ာက္ကပ္အားေကာင္းေအာင္ ေထာက္ပံ့ေပးႏုိင္ပါတယ္။

၂။ င႐ုပ္ပြသီး

င႐ုပ္ပြသီးထဲမွာ ပိုတက္စီယမ္ ပါဝင္မႈနည္းပါးတာေၾကာင့္ ေက်ာက္ကပ္က်န္းမာေရးအတြက္ ေကာင္းမြန္ပါတယ္။ ဗိုက္တာမင္စီ၊ ဘီစစ္၊ ေအ၊ ေဖာလစ္အက္ဆစ္နဲ႔ အမွ်င္ဓာတ္ ၾကြယ္ဝစြာ ပါဝင္မႈတို႔အျပင္ အစားအစာကိုလည္း အေရာင္အဆင္းနဲ႔ အရသာကို ျဖည့္စြမ္းေပးႏုိင္ပါတယ္။ င႐ုပ္ပြသီးထဲမွာ ပါဝင္တဲ့ Lycopene ဆိုတဲ့ antioxidant ဟာ တခ်ိဳ႕ကင္ဆာေရာဂါေတြကိုလည္း ကာကြယ္တိုက္ထုတ္ေပးႏိုင္ပါေသးတယ္။

၃။ ၾကက္သြန္နီ

ၾကက္သြန္နီရဲ႕ အခိုးအေငြ႕က လူကို မ်က္ရည္ေတာက္ေတာက္ က်ေစႏုိင္တာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့ ေက်ာက္ကပ္ေတြ ပံုမွန္အလုပ္လုပ္ႏိုင္ေအာင္ေတာ့ ကူညီေပးႏိုင္ပါတယ္။ ၾကက္သြန္နီထဲမွာ flavonoid နဲ႔ quercetin ဆိုတဲ့ ျဒပ္ေပါင္းေတြပါဝင္ၿပီး အဲဒီေတြက ေသြးေၾကာထဲမွာ အဆီေတြျဖစ္မလာေအာင္ တားဆီေပးႏုိင္ပါတယ္။ ၾကက္သြန္နီေတြဟာ ပိုတက္စီယမ္ ပါဝင္မႈနည္းပါးၿပီး ေက်ာက္ကပ္ကို ဒဏ္ပိေစႏိုင္မဲ့ ဓာတုပစၥည္းေတြကိုလည္း ဖယ္႐ွားေပးႏုိင္ပါတယ္။

၄။ ကညြတ္

ကညြတ္ပင္ဟာ ကယ္လိုရီပါဝင္မႈ နည္းပါးၿပီး ဗုိက္တာမင္ ေအ၊ ေက နဲ႔ စီတို႔ ၾကြယ္ဝစြာပါဝင္တဲ့ ဟင္းသီးဟင္း႐ြက္တစ္မ်ိဳးပါ။ စမ္းသပ္ခ်က္ေတြအရ ကညြတ္ထဲမွာ ဆီးနဲ႔ေက်ာက္ကပ္ လုပ္ေဆာင္မႈေတြကို ပိုမိုအားေကာင္းေစတဲ့ အာဟာရဓာတ္ေတြ ပါဝင္ေနတယ္လို႔ ဆိုပါတယ္။

၅။ ၾကက္သြန္ျဖဴ

ၾကက္သြန္နီလိုပဲ ၾကက္သြန္ျဖဴမွာလည္း ဆိုးဝါးတဲ့ရနံ႔ တစ္မ်ိဳး ပါ႐ွိပါတယ္။ ဒါေပမဲ့ ၾကက္သြန္ျဖဴဟာ အာနိသင္ထိေရာက္တဲ့ ပရေဆးတစ္မ်ိဳးလည္း ျဖစ္ေနပါေသးတယ္။ အစားအစာေတြရဲ႕ အနံ႔၊ အရသာကို ပိုမိုေကာင္းမြန္ေအာင္ ေထာက္ကူေပးႏုိင္သလိုပဲ က်န္းမာေရးအရလည္း မ်ားစြာ အေထာက္အကူေပးႏုိင္ပါတယ္။ ၾကက္သြန္ျဖဴကို ေန႔စဥ္အစားအစာထဲမွာ ထည့္သြင္းစားသံုးေပးျခင္းက ဆီးနဲ႔ေက်ာက္ကပ္ဆိုင္ရာ ေဝဒနာေတြကို ေလ်ာ့ပါးေစႏိုင္ပါတယ္။

၆။ ပန္းေဂၚဖီ

ဗိုက္တာမင္စီ၊ ဖိုလိတ္နဲ႔ အမွ်င္ဓာတ္တို႔ဟာ ေက်ာက္ကပ္နဲ႔ ရင္းႏွီးကြ်မ္းဝင္မႈရွိတဲ့ အာဟာရဓာတ္ေတြျဖစ္ၿပီး အဲဒါေတြဟာ ပန္းေဂၚဖီထဲမွာ ၾကြယ္ဝစြာပါဝင္ပါတယ္။ ပန္းေဂၚဖီထဲမွာ အသည္းနဲ႔ ေက်ာက္ကပ္ကို အားေပးၿပီး ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားႏိုင္တဲ့ function ပါဝင္ပါတယ္။

၇။ ပန္းသီး

ပန္းသီးဟာ ဗိုက္တာမင္၊ သတၳဳဓာတ္နဲ႔ အမွ်င္ဓာတ္ ၾကြယ္ဝတဲ့ ရင္းျမစ္တစ္မ်ိဳးပါ။ ပန္းသီးထဲမွာ antioxidant နဲ႔ anti-inflammatory ဂုဏ္သတၱိေတြ ပါဝင္ၿပီး မေကာင္းတဲ့ ကိုလက္စ္ထေရာေတြကို တိုက္ထုတ္ေပးႏိုင္ပါတယ္။ ပန္းသီးစားသံုးျခင္းဟာ ေက်ာက္ကပ္ျပႆနာေတြကို ျဖစ္မလာေအာင္ ႀကိဳတင္တားဆီးေပးႏုိင္ပါတယ္။

Source: Stylecraze

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူ့ခန္ဓာကိုယ်ထဲမှာ အရေးပါတဲ့ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတွေ အများကြီးရှိပါတယ်။ အဲဒီထဲမှာ ဆီးလမ်းကြောင်းနဲ့ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို စစ်ထုတ်ပေးရာမှာ အရေးပါတဲ့ ကျောက်ကပ်ကလည်း အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ လူတစ်ယောက်မှာ ကျောက်ကပ်အလုပ်လုပ်ဆောင်မှု လုံးဝရပ်တန့်သွားပြီဆိုရင် သေဖို့ပဲ ကျန်ပါတော့တယ်။ ဒါကြောင့် ကျောက်ကပ်ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ အစားအစာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်ဟာ phytochemical အပြည့်ပါဝင်တဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဂေါ်ဖီထုပ်ထဲမှာ ပါဝင်တဲ့ antioxidant တွေဟာ ခန္ဓာကိုယ်ကို အန္တရာယ်ပေးနိုင်တဲ့ Free radical တွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ကို ဒဏ်ပိစေမှာတော့ မဟုတ်ပါဘူး။ ဒါ့အပြင် ဗိုက်တာမင်နဲ့ သတ္ထုဓာတ် ကြွယ်ဝမှုဟာ ကျောက်ကပ်အားကောင်းအောင် ထောက်ပံ့ပေးနိုင်ပါတယ်။

၂။ ငရုပ်ပွသီး

ငရုပ်ပွသီးထဲမှာ ပိုတက်စီယမ် ပါဝင်မှုနည်းပါးတာကြောင့် ကျောက်ကပ်ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဗိုက်တာမင်စီ၊ ဘီစစ်၊ အေ၊ ဖောလစ်အက်ဆစ်နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်မှုတို့အပြင် အစားအစာကိုလည်း အရောင်အဆင်းနဲ့ အရသာကို ဖြည့်စွမ်းပေးနိုင်ပါတယ်။ ငရုပ်ပွသီးထဲမှာ ပါဝင်တဲ့ Lycopene ဆိုတဲ့ antioxidant ဟာ တချို့ကင်ဆာရောဂါတွေကိုလည်း ကာကွယ်တိုက်ထုတ်ပေးနိုင်ပါသေးတယ်။

၃။ ကြက်သွန်နီ

ကြက်သွန်နီရဲ့ အခိုးအငွေ့က လူကို မျက်ရည်တောက်တောက် ကျစေနိုင်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျောက်ကပ်တွေ ပုံမှန်အလုပ်လုပ်နိုင်အောင်တော့ ကူညီပေးနိုင်ပါတယ်။ ကြက်သွန်နီထဲမှာ flavonoid နဲ့ quercetin ဆိုတဲ့ ဒြပ်ပေါင်းတွေပါဝင်ပြီး အဲဒီတွေက သွေးကြောထဲမှာ အဆီတွေဖြစ်မလာအောင် တားဆီပေးနိုင်ပါတယ်။ ကြက်သွန်နီတွေဟာ ပိုတက်စီယမ် ပါဝင်မှုနည်းပါးပြီး ကျောက်ကပ်ကို ဒဏ်ပိစေနိုင်မဲ့ ဓာတုပစ္စည်းတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

၄။ ကညွတ်

ကညွတ်ပင်ဟာ ကယ်လိုရီပါဝင်မှု နည်းပါးပြီး ဗိုက်တာမင် အေ၊ ကေ နဲ့ စီတို့ ကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါ။ စမ်းသပ်ချက်တွေအရ ကညွတ်ထဲမှာ ဆီးနဲ့ကျောက်ကပ် လုပ်ဆောင်မှုတွေကို ပိုမိုအားကောင်းစေတဲ့ အာဟာရဓာတ်တွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

၅။ ကြက်သွန်ဖြူ

ကြက်သွန်နီလိုပဲ ကြက်သွန်ဖြူမှာလည်း ဆိုးဝါးတဲ့ရနံ့ တစ်မျိုး ပါရှိပါတယ်။ ဒါပေမဲ့ ကြက်သွန်ဖြူဟာ အာနိသင်ထိရောက်တဲ့ ပရဆေးတစ်မျိုးလည်း ဖြစ်နေပါသေးတယ်။ အစားအစာတွေရဲ့ အနံ့၊ အရသာကို ပိုမိုကောင်းမွန်အောင် ထောက်ကူပေးနိုင်သလိုပဲ ကျန်းမာရေးအရလည်း များစွာ အထောက်အကူပေးနိုင်ပါတယ်။ ကြက်သွန်ဖြူကို နေ့စဉ်အစားအစာထဲမှာ ထည့်သွင်းစားသုံးပေးခြင်းက ဆီးနဲ့ကျောက်ကပ်ဆိုင်ရာ ဝေဒနာတွေကို လျော့ပါးစေနိုင်ပါတယ်။

၆။ ပန်းဂေါ်ဖီ

ဗိုက်တာမင်စီ၊ ဖိုလိတ်နဲ့ အမျှင်ဓာတ်တို့ဟာ ကျောက်ကပ်နဲ့ ရင်းနှီးကျွမ်းဝင်မှုရှိတဲ့ အာဟာရဓာတ်တွေဖြစ်ပြီး အဲဒါတွေဟာ ပန်းဂေါ်ဖီထဲမှာ ကြွယ်ဝစွာပါဝင်ပါတယ်။ ပန်းဂေါ်ဖီထဲမှာ အသည်းနဲ့ ကျောက်ကပ်ကို အားပေးပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်တဲ့ function ပါဝင်ပါတယ်။

၇။ ပန်းသီး

ပန်းသီးဟာ ဗိုက်တာမင်၊ သတ္ထုဓာတ်နဲ့ အမျှင်ဓာတ် ကြွယ်ဝတဲ့ ရင်းမြစ်တစ်မျိုးပါ။ ပန်းသီးထဲမှာ antioxidant နဲ့ anti-inflammatory ဂုဏ်သတ္တိတွေ ပါဝင်ပြီး မကောင်းတဲ့ ကိုလက်စ်ထရောတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ပန်းသီးစားသုံးခြင်းဟာ ကျောက်ကပ်ပြဿနာတွေကို ဖြစ်မလာအောင် ကြိုတင်တားဆီးပေးနိုင်ပါတယ်။

Source: Stylecraze

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top