iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ္ေဆာင္မင္းေသြးအေနနဲ႔ အိႏၵိယမင္းသမီး Riya Ray နဲ႔ အတူ မဟူရာရုပ္ရွင္ရုံ ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ပါဝင္သရုပ္ေဆာင္ သြား မယ္လုိ႔ သိရပါတယ္။ Riya Ray နဲ႔ ပတ္သက္တဲ့ အမွတ္တရအေၾကာင္းေလးေတြကုိလည္း ေျပာျပခဲ့ပါတယ္။

'' အိႏၵိယသရုပ္ေဆာင္ Riya ကဆုိရင္ ကၽြန္ေတာ္တုိ႔ေတြ သရုပ္ေဆာင္ေတြဆုၿပီးေတာ့ကာရုိက္တာေတြလုပ္ၾကတယ္၊ အဲ့ဒီမွာေတာ့ ေႏြးေႏြး ေထြးေထြးေလးျဖစ္သြားၾကတယ္။ ရုိက္ကြင္းေပၚေရာက္မွ ေတြ႔ရင္ နည္းနည္း ရွိန္ေနၾကမွာဆုိေတာ့ေလ ေႏြးေႏြးေထြးေထြးေလး ျဖစ္သြားတယ္။ သူလည္း ႀကိဳးႀကိဳးစားစားနဲ႔ သရုပ္ေဆာင္ပါတယ္'' လုိ႔ ဆုိပါတယ္။

ေဖာ္ေဖာ္ေရြေရြရွိတတ္တဲ့ Riya ရဲ႕ အႀကိဳက္ေတြကုိလည္း အခုလုိေျပာျပခဲ့ပါတယ္။

'' သူအရမ္းလြတ္လပ္တယ္၊ လက္ဖက္ရည္အရမ္းႀကိဳက္တယ္၊ စပုိက္ဆီ သူႀကိဳက္တယ္။ ငါတဲ့ အစားေတြအမ်ားႀကီး စားခ်င္တယ္၊ သူတုိ႔ ယဥ္ေက်းမႈနဲ႔ ကၽြန္ေတာ္တုိ႔နဲ႔လည္း သိပ္မကြာဘူး။ ကုိးကြယ္မႈမွာေရာ၊ စိတ္ေန စိတ္ခံစားမႈေရာ သိပ္မကြာတဲ့အတြက္ အမ်ားႀကီးညိွစရာ ေတြေတာ့ မရွိပါဘူး'' လုိ႔ သူကဆုိပါတယ္။

သရုပ္ေဆာင္မင္းေသြးကေတာ့ ျပည္ပႏုိင္ငံက မင္းသမီးနဲ႔ တြဲၿပီး သရုပ္ေဆာင္ရတာဟာ သူ႔အတြက္ ပထမဆုံးဇာတ္ကားပါလုိ႔ ဆုိပါတယ္။ မဟူရာ ရုပ္ရွင္ရုံ ဇာတ္ကားႀကီးကုိ ဒါရုိက္တာ ကုိျပည့္က ရုိက္ကူးပုံေဖာ္သြားမွာျဖစ္ၿပီး မင္းေသြးနဲ႔ အတူ ေနတုိး၊ ေက်ာ္ေက်ာ္ဗုိ၊ Riya Ray ၊ နန္းစုဦးတုိ႔က ပါဝင္သရုပ္ေဆာင္သြားမယ္လုိ႔ သိရပါတယ္။

Photo: Riya Facebook & Min Thway Facebook

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သရုပ်ဆောင်မင်းသွေးအနေနဲ့ အိန္ဒိယမင်းသမီး Riya Ray နဲ့ အတူ မဟူရာရုပ်ရှင်ရုံ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင် သွား မယ်လို့ သိရပါတယ်။ Riya Ray နဲ့ ပတ်သက်တဲ့ အမှတ်တရအကြောင်းလေးတွေကိုလည်း ပြောပြခဲ့ပါတယ်။

'' အိန္ဒိယသရုပ်ဆောင် Riya ကဆိုရင် ကျွန်တော်တို့တွေ သရုပ်ဆောင်တွေဆုပြီးတော့ကာရိုက်တာတွေလုပ်ကြတယ်၊ အဲ့ဒီမှာတော့ နွေးနွေး ထွေးထွေးလေးဖြစ်သွားကြတယ်။ ရိုက်ကွင်းပေါ်ရောက်မှ တွေ့ရင် နည်းနည်း ရှိန်နေကြမှာဆိုတော့လေ နွေးနွေးထွေးထွေးလေး ဖြစ်သွားတယ်။ သူလည်း ကြိုးကြိုးစားစားနဲ့ သရုပ်ဆောင်ပါတယ်'' လို့ ဆိုပါတယ်။

ဖော်ဖော်ရွေရွေရှိတတ်တဲ့ Riya ရဲ့ အကြိုက်တွေကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' သူအရမ်းလွတ်လပ်တယ်၊ လက်ဖက်ရည်အရမ်းကြိုက်တယ်၊ စပိုက်ဆီ သူကြိုက်တယ်။ ငါတဲ့ အစားတွေအများကြီး စားချင်တယ်၊ သူတို့ ယဉ်ကျေးမှုနဲ့ ကျွန်တော်တို့နဲ့လည်း သိပ်မကွာဘူး။ ကိုးကွယ်မှုမှာရော၊ စိတ်နေ စိတ်ခံစားမှုရော သိပ်မကွာတဲ့အတွက် အများကြီးညှိစရာ တွေတော့ မရှိပါဘူး'' လို့ သူကဆိုပါတယ်။

သရုပ်ဆောင်မင်းသွေးကတော့ ပြည်ပနိုင်ငံက မင်းသမီးနဲ့ တွဲပြီး သရုပ်ဆောင်ရတာဟာ သူ့အတွက် ပထမဆုံးဇာတ်ကားပါလို့ ဆိုပါတယ်။ မဟူရာ ရုပ်ရှင်ရုံ ဇာတ်ကားကြီးကို ဒါရိုက်တာ ကိုပြည့်က ရိုက်ကူးပုံဖော်သွားမှာဖြစ်ပြီး မင်းသွေးနဲ့ အတူ နေတိုး၊ ကျော်ကျော်ဗို၊ Riya Ray ၊ နန်းစုဦးတို့က ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Photo: Riya Facebook & Min Thway Facebook

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top