iMyanmarHouse.com - Best Property Website for Myanmar
×

ျပည္ပမွာ ေနထိုင္ေနတဲ့ အဆိုေတာ္ သဇင္က ျမန္မာႏုိင္ငံကို ေခတၱအလည္ျပန္ေရာက္ေနတာျဖစ္ပါတယ္။”ျပန္ေရာက္တာ ၄ ရက္ပဲ ရွိေသးတယ္။ ခဏပဲလာတာ။ ျပန္မွာ။ ႏွစ္ပတ္ေလာက္ပဲ ေနျဖစ္မယ္” လို႔ VIVID & HIROKO SHIMOTORI ပြဲကို လာေရာက္စဥ္မွာ သဇင္က ေျပာခဲ့တာ ျဖစ္ပါတယ္။

အခု သူမမွာ ကိုယ္ဝန္ ၁၀ ပတ္ရွိေနၿပီလို႔လည္း မီဒီယာေတြကို ေျပာခဲ့ပါတယ္။ သူမက မိန္းကေလးလုိခ်င္တာျဖစ္ေပမဲ့ အမ်ဳိးသားက ေယာက္်ားေလးလိုခ်င္တာျဖစ္ေၾကာင္းလည္း ေျပာျပခဲ့ပါတယ္။

သဇင္က အရင္လိုလွတုန္းပဲျဖစ္ၿပီး ကိုယ္ဝန္ေဆာင္ထားရတာျဖစ္တဲ့အတြက္ ခႏၶာကိုယ္ ျပည့္ျပည့္ၿဖိဳးၿဖိဳးေလးျဖစ္ေနတာကိုလည္း ျမင္ေတြ႕ရပါတယ္။ သူမဟာ ပြင့္႐ိုက္ဂါဝန္နီညိဳေရာင္ေလးကို ဝတ္ဆင္လို႔ ဆံပင္ေလးကို ေနာက္ဘက္မွာ ခပ္ျမင့္ျမင့္စုစည္းကာ ႐ိုး႐ိုးေလးသ ျပင္ဆင္ၿပီး ပြဲတက္ေရာက္လာခဲ့ပါတယ္။

“သဇင္ေနမေကာင္းေတာမိတ္ကပ္သင္တန္းလည္မဖြင္ျဖစ္ေတာ့ဘူး။ ဒီတစ္ခါ သီခ်င္းေလးေတြေတာ့ သဇင္ရင္ေသြးေလးရမွပဲ လုပ္ျဖစ္ေတာမယ္ထင္ပါတယ္႐ွင့္။ သဇင့္ကို အခုခ်ိန္ထိသတိရအားေပးတဲ့ပရိသတ္ကို ေက်းဇူးပါပဲ႐ွင့္”လို႔လည္း သဇင္က သူ႔ရဲ႕ေဖ့စ္ဘြတ္ေပ့ခ်္ကေနတစ္ဆင့္လည္း ပရိသတ္ကို အသိေပးခဲ့ပါေသးတယ္။

သဇင္က အိမ္ေထာင္က်ကတည္းက ခင္ပြန္းျဖစ္သူနဲ႔အတူ ၾသစေၾတးလ်မွာ သြားေရာက္ေနထိုင္ေနတာ ျဖစ္ေၾကာင္း သိရပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပြည်ပမှာ နေထိုင်နေတဲ့ အဆိုတော် သဇင်က မြန်မာနိုင်ငံကို ခေတ္တအလည်ပြန်ရောက်နေတာဖြစ်ပါတယ်။”ပြန်ရောက်တာ ၄ ရက်ပဲ ရှိသေးတယ်။ ခဏပဲလာတာ။ ပြန်မှာ။ နှစ်ပတ်လောက်ပဲ နေဖြစ်မယ်” လို့ VIVID & HIROKO SHIMOTORI ပွဲကို လာရောက်စဉ်မှာ သဇင်က ပြောခဲ့တာ ဖြစ်ပါတယ်။

အခု သူမမှာ ကိုယ်ဝန် ၁၀ ပတ်ရှိနေပြီလို့လည်း မီဒီယာတွေကို ပြောခဲ့ပါတယ်။ သူမက မိန်းကလေးလိုချင်တာဖြစ်ပေမဲ့ အမျိုးသားက ယောက်ျားလေးလိုချင်တာဖြစ်ကြောင်းလည်း ပြောပြခဲ့ပါတယ်။

သဇင်က အရင်လိုလှတုန်းပဲဖြစ်ပြီး ကိုယ်ဝန်ဆောင်ထားရတာဖြစ်တဲ့အတွက် ခန္ဓာကိုယ် ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်နေတာကိုလည်း မြင်တွေ့ရပါတယ်။ သူမဟာ ပွင့်ရိုက်ဂါဝန်နီညိုရောင်လေးကို ဝတ်ဆင်လို့ ဆံပင်လေးကို နောက်ဘက်မှာ ခပ်မြင့်မြင့်စုစည်းကာ ရိုးရိုးလေးသ ပြင်ဆင်ပြီး ပွဲတက်ရောက်လာခဲ့ပါတယ်။

“သဇင်နေမကောင်းတောမိတ်ကပ်သင်တန်းလည်မဖွင်ဖြစ်တော့ဘူး။ ဒီတစ်ခါ သီချင်းလေးတွေတော့ သဇင်ရင်သွေးလေးရမှပဲ လုပ်ဖြစ်တောမယ်ထင်ပါတယ်ရှင့်။ သဇင့်ကို အခုချိန်ထိသတိရအားပေးတဲ့ပရိသတ်ကို ကျေးဇူးပါပဲရှင့်”လို့လည်း သဇင်က သူ့ရဲ့ဖေ့စ်ဘွတ်ပေ့ချ်ကနေတစ်ဆင့်လည်း ပရိသတ်ကို အသိပေးခဲ့ပါသေးတယ်။

သဇင်က အိမ်ထောင်ကျကတည်းက ခင်ပွန်းဖြစ်သူနဲ့အတူ သြစတြေးလျမှာ သွားရောက်နေထိုင်နေတာ ဖြစ်ကြောင်း သိရပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top