iMyanmarHouse.com - Best Property Website for Myanmar
×

လူေတြက အသက္ႀကီးလာရင္ စိတ္ကိုေလွ်ာ့လိုက္ၾကပါတယ္။ အလုပ္ေလာဘေတြကိုေလွ်ာ့လိုက္ တယ္၊ ထစ္ခနဲဆိုစိတ္ျမန္လက္ျမန္တုန္႔ျပန္တတ္တဲ့ အက်င့္ေတြကိုေလွ်ာ့လိုက္တယ္၊ လိုခ်င္တပ္ မက္စိတ္ေတြကိုေလွ်ာ့လိုက္တယ္၊ ကုန္ကုန္ေျပာရရင္ ခင္တြယ္စရာမိသားစု၊ မိတ္ေဆြအေရအတြက္ ကိုပါေလွ်ာ့လိုက္ၾကတယ္။ ဆိုလိုတာက မိသားစုပဲျဖစ္ျဖစ္၊ မိတ္ေဆြသူငယ္ခ်င္းပဲျဖစ္ျဖစ္ကိုယ့္အနားမွာ မ်ားမ်ားစားစားရွိေနဖို႔မလိုေတာ့ဘဲ ကိုယ့္အေပၚေကာင္းတဲ့သူတစ္ေယာက္တစ္ေလ ေလာက္ရွိရင္ ကိုေက်နပ္သြားတတ္ၾကျခင္းပဲျဖစ္ပါတယ္။

ေနာက္ဆံုးကိုယ့္အနားမွာက်န္တ့ဲတစ္ေယာက္တစ္ေလဆိုတာ ကိုယ့္မိသားစုဝင္လည္းျဖစ္ခ်င္ျဖစ္မယ္၊ ခ်စ္သူ၊လက္တြဲေဖာ္လည္းျဖစ္ခ်င္မွျဖစ္မယ္ သူငယ္ခ်င္းမိတ္ေဆြလည္းျဖစ္ေကာင္းျဖစ္မယ္။
အဓိကကေတာ့ အေပၚယံေတြကိုမလိုခ်င္ေတာ့တာပါပဲ။ တခါတေလ အဲဒီလို ကိုယ့္ေဘးနားက်န္ခဲ့တဲ့ တစ္ေယာက္တစ္ေလဟာ မိသားစုဝင္၊ ခ်စ္သူလက္တြဲေဖာ္ထက္ မိတ္ေဆြသူငယ္ခ်င္းျဖစ္ေနတာက မ်ားပါတယ္။အဲဒီလိုျဖစ္ရတာကလည္း သင့္ဘဝမွာ ဘယ္လိုအဆိုးအေကာင္းေတြပဲႀကံဳႀကံဳ အားေပးေဖာ္လည္းရသလို သင့္စိတ္ကိုနားလည္ေပးႏိုင္တာလည္း သူငယ္ခ်င္းေတြပါပဲ။ သူငယ္ခ်င္းဆို တာ မိသားစုဝင္ေတြလို ေသြးသားမေတာ္စပ္သလို ခ်စ္သူလက္တြဲေဖာ္လို လိုခ်င္တပ္မက္မႈေတြမရွိ တဲ့အတြက္ ႏွစ္ဖက္လံုးကို မွ်ေဝနားလည္ေပးႏိုင္တဲ့ အရင္းႏွီးဆံုးလူသားေတြပါ။

ဒါေၾကာင့္ ရည္းစားေတြတစ္ေယာက္ၿပီးတစ္ေယာက္ကိုယ့္အေၾကာင္းေျပာင္းေနေပမယ့္၊ မိသားစုအိမ္ တြင္းေရးျပႆနာေတြခဏခဏတက္ေနေပမယ့္ ျဖစ္လာသမွ်သင့္ရဲ႕ခံစားမႈတိုင္း ကိုဒိုင္ခံနားေထာင္ ၿပီးႏွစ္သိမ့္ေပးႏိုင္ၾကျခင္းပဲျဖစ္ပါတယ္။ ဒါတင္မကေသးဘူး သူတို႔မွာဒီလို ပါဝါ Energyေတြကိုလည္း ပိုင္ဆိုင္ထားၾကပါေသးတယ္။

စြယ္စံုရတန္ခုိးရွင္ေတြေပါ့

မိန္းကေလးပဲျဖစ္ျဖစ္၊ ေယာက္်ားပဲျဖစ္ျဖစ္ အခ်စ္ဆံုးသူငယ္ခ်င္းေတြေရွ႕မွာဆို ဘယ္ေတာ့မွအားနာစရာ၊ ရွက္ေနစရာမလိုသလို အေၾကာင္းအရာေပါင္းစံုကိုရင္ဖြင့္ႏိုင္တယ္။ ျဖစ္သမွ်ျပႆနာေပါင္းစံုကိုလက္ခံ နားေထာင္ၿပီး ဒိုင္ခံအႀကံေပးႏိုင္တဲ့စြယ္စံုရတန္ခိုးရွင္ေတြလို႔ ေတာင္ေျပာလို႔ရတယ္။ အမ်ိဳးသမီးေတြဆို တစ္လတစ္ခါျဖစ္တဲ့ကိစၥကေန ရူးေပါေပါစိတ္ကူး ယဥ္အိမ္မက္ေတြအထိအကုန္ရင္ဖြင့္ႏိုင္သလို ေယာက္်ားေလးေတြ ဆိုရင္လည္း ရည္းစားအေၾကာင္း၊ မိသားစုအေၾကာင္း၊ အလုပ္အကိုင္ အေၾကာင္းေတြကို ဘယ္ဟာဆိုးသည္ ဘယ္ဟာေကာင္းသည္ ေဆြးေႏြးအႀကံေပး ႏိုင္တဲ့သူဆိုတာ အရင္းႏွီးဆံုး သူငယ္ခ်င္းေတြပဲ ရွိပါတယ္။

အၾကင္နာတရားလည္းႀကီးမားၾကတယ္

တကယ့္အခ်စ္ဆံုးသူငယ္ခ်င္းေတြဆိုတာ သင့္အေပၚမွာအၾကင္နာတရားထား ႏိုုင္ဆံုးလူသားေတြပါပဲ။ မိဘဆိုတာသင္ဆိုးရင္ဆံုးမမယ္၊သင္ေကာင္းရင္ခ်ီးက်ဴးမယ္ သင့္ကိုလမ္းမွန္ေရာက္ေအာင္ဆြဲေခၚမယ္ ဒါေပမဲ့ သင္နဲ႔ေတာ့ ဘယ္ေတာ့မွ တစ္သားတည္းျဖစ္မွာမဟုတ္ပါဘူး။ ခ်စ္သူ၊ လက္တြဲေဖာ္ဆိုရင္ ပိုေတာင္ဆိုးပါေသးတယ္၊ မိန္းကေလးတစ္ေယာက္ရဲ႕ခံစားခ်က္ကို မိန္းကေလးအခ်င္းခ်င္းပဲနား လည္ႏိုင္သလို ေယာက္်ားေလးတစ္ေယာက္ရဲ႕ သဘာဝကိုလည္း ေယာက္်ားအခ်င္းခ်င္းပဲသိႏိုင္ပါတယ္။ ဒါေၾကာင့္ဆန္႔က်င္ဘက္လိင္ျဖစ္တဲ့သင့္ရဲ႕လက္တြဲေဖာ္ကအျပည့္အဝနားလည္ေပးႏိုင္မွာမဟုတ္တာေတာ့ေသခ်ာပါတယ္။ သင့္ရဲ႕ဆိုးေမြေကာင္းေမြအားလံုးကိုခြင့္လႊတ္နားလည္ေပးၿပီး သင္နဲ႔တစ္သား တည္းရွိေနမယ့္သူေတြဟာ သူငယ္ခ်င္းေတြပါပဲ။

သူတို႔ဟာအာလာဒင္မီးခြက္ေစာင့္လိုပဲ

သူငယ္ခ်င္းေတြဆိုတာသင္လိုအပ္တိုင္းလက္နဲ႔ပြတ္ၿပီးဆုေတာင္းလိုက္တာနဲ႔သင့္ေရွ႕အေရာက္လာမယ့္ အာလာဒင္မီးခြက္ေစာင့္လိုပဲ သင္လိုအပ္တဲ့အခ်ိန္ ဖုန္းတစ္ခ်က္ဆက္၊ စာတစ္ေစာင္ပို႔လိုက္ တာနဲ႔အေရာက္လာမယ့္သူေတြပါ။ မိဘနဲ႔အဆင္မေျပလို႔အိမ္ကဆင္းလာတယ္ဆိုရင္ သင့္ကိုလက္ ခံေပးထားဖို႔အသင့္ရွိေနသလို ရည္းစားနဲ႔အဆင္မေျပရင္ ေနာက္တစ္ေယာက္ရွာေပးဖို႔လည္း ဝန္မေလး တတ္ပါဘူး။

သူတို႔ဟာအရိပ္လိုလူသားေတြပါ

သင့္ဘဝတစ္ေလွ်ာက္လံုး ေတြ႕ဆံုရတဲ့လူေတြ တစ္ေယာက္ၿပီးတစ္ေယာက္သာေျပာင္းသြားတယ္ သင့္အနားမွာမေျပာင္းလဲဘဲ ရွိေနတာကလည္းသူငယ္ခ်င္းေတြပါပဲ။ တကယ့္အရင္းႏွီးဆံုးမိတ္ေဆြ သူငယ္ခ်င္းေတြဆိုတာ သင္ေလွ်ာက္လွမ္းရာဘဝခရီးလမ္းတစ္ေလွ်ာက္ ထပ္ၾကပ္မကြာပါေနမယ့္ အရိပ္လိုလူသားေတြပါပဲ။

ကဲ ျမန္မာ့ပလက္ေဖာင္းပရိသတ္ႀကီးေရာ ကိုယ့္အနားမွာအဲဒီလိုသူငယ္ခ်င္းေတြရွိေနၾက ရဲ႕လား…ရွိေန တယ္ဆိုရင္ ဒီေဆာင္းပါးေလးကိုမွ်ေဝၿပီး ေက်းဇူးတင္စကားေျပာလိုက္ဦးေနာ္....။

Credit : myanmaplatform
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူတွေက အသက်ကြီးလာရင် စိတ်ကိုလျှော့လိုက်ကြပါတယ်။ အလုပ်လောဘတွေကိုလျှော့လိုက် တယ်၊ ထစ်ခနဲဆိုစိတ်မြန်လက်မြန်တုန့်ပြန်တတ်တဲ့ အကျင့်တွေကိုလျှော့လိုက်တယ်၊ လိုချင်တပ် မက်စိတ်တွေကိုလျှော့လိုက်တယ်၊ ကုန်ကုန်ပြောရရင် ခင်တွယ်စရာမိသားစု၊ မိတ်ဆွေအရေအတွက် ကိုပါလျှော့လိုက်ကြတယ်။ ဆိုလိုတာက မိသားစုပဲဖြစ်ဖြစ်၊ မိတ်ဆွေသူငယ်ချင်းပဲဖြစ်ဖြစ်ကိုယ့်အနားမှာ များများစားစားရှိနေဖို့မလိုတော့ဘဲ ကိုယ့်အပေါ်ကောင်းတဲ့သူတစ်ယောက်တစ်လေ လောက်ရှိရင် ကိုကျေနပ်သွားတတ်ကြခြင်းပဲဖြစ်ပါတယ်။

နောက်ဆုံးကိုယ့်အနားမှာကျန်တဲ့တစ်ယောက်တစ်လေဆိုတာ ကိုယ့်မိသားစုဝင်လည်းဖြစ်ချင်ဖြစ်မယ်၊ ချစ်သူ၊လက်တွဲဖော်လည်းဖြစ်ချင်မှဖြစ်မယ် သူငယ်ချင်းမိတ်ဆွေလည်းဖြစ်ကောင်းဖြစ်မယ်။
အဓိကကတော့ အပေါ်ယံတွေကိုမလိုချင်တော့တာပါပဲ။ တခါတလေ အဲဒီလို ကိုယ့်ဘေးနားကျန်ခဲ့တဲ့ တစ်ယောက်တစ်လေဟာ မိသားစုဝင်၊ ချစ်သူလက်တွဲဖော်ထက် မိတ်ဆွေသူငယ်ချင်းဖြစ်နေတာက များပါတယ်။အဲဒီလိုဖြစ်ရတာကလည်း သင့်ဘဝမှာ ဘယ်လိုအဆိုးအကောင်းတွေပဲကြုံကြုံ အားပေးဖော်လည်းရသလို သင့်စိတ်ကိုနားလည်ပေးနိုင်တာလည်း သူငယ်ချင်းတွေပါပဲ။ သူငယ်ချင်းဆို တာ မိသားစုဝင်တွေလို သွေးသားမတော်စပ်သလို ချစ်သူလက်တွဲဖော်လို လိုချင်တပ်မက်မှုတွေမရှိ တဲ့အတွက် နှစ်ဖက်လုံးကို မျှဝေနားလည်ပေးနိုင်တဲ့ အရင်းနှီးဆုံးလူသားတွေပါ။

ဒါကြောင့် ရည်းစားတွေတစ်ယောက်ပြီးတစ်ယောက်ကိုယ့်အကြောင်းပြောင်းနေပေမယ့်၊ မိသားစုအိမ် တွင်းရေးပြဿနာတွေခဏခဏတက်နေပေမယ့် ဖြစ်လာသမျှသင့်ရဲ့ခံစားမှုတိုင်း ကိုဒိုင်ခံနားထောင် ပြီးနှစ်သိမ့်ပေးနိုင်ကြခြင်းပဲဖြစ်ပါတယ်။ ဒါတင်မကသေးဘူး သူတို့မှာဒီလို ပါဝါ Energyတွေကိုလည်း ပိုင်ဆိုင်ထားကြပါသေးတယ်။

စွယ်စုံရတန်ခိုးရှင်တွေပေါ့

မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားပဲဖြစ်ဖြစ် အချစ်ဆုံးသူငယ်ချင်းတွေရှေ့မှာဆို ဘယ်တော့မှအားနာစရာ၊ ရှက်နေစရာမလိုသလို အကြောင်းအရာပေါင်းစုံကိုရင်ဖွင့်နိုင်တယ်။ ဖြစ်သမျှပြဿနာပေါင်းစုံကိုလက်ခံ နားထောင်ပြီး ဒိုင်ခံအကြံပေးနိုင်တဲ့စွယ်စုံရတန်ခိုးရှင်တွေလို့ တောင်ပြောလို့ရတယ်။ အမျိုးသမီးတွေဆို တစ်လတစ်ခါဖြစ်တဲ့ကိစ္စကနေ ရူးပေါပေါစိတ်ကူး ယဉ်အိမ်မက်တွေအထိအကုန်ရင်ဖွင့်နိုင်သလို ယောက်ျားလေးတွေ ဆိုရင်လည်း ရည်းစားအကြောင်း၊ မိသားစုအကြောင်း၊ အလုပ်အကိုင် အကြောင်းတွေကို ဘယ်ဟာဆိုးသည် ဘယ်ဟာကောင်းသည် ဆွေးနွေးအကြံပေး နိုင်တဲ့သူဆိုတာ အရင်းနှီးဆုံး သူငယ်ချင်းတွေပဲ ရှိပါတယ်။

အကြင်နာတရားလည်းကြီးမားကြတယ်

တကယ့်အချစ်ဆုံးသူငယ်ချင်းတွေဆိုတာ သင့်အပေါ်မှာအကြင်နာတရားထား နိုုင်ဆုံးလူသားတွေပါပဲ။ မိဘဆိုတာသင်ဆိုးရင်ဆုံးမမယ်၊သင်ကောင်းရင်ချီးကျူးမယ် သင့်ကိုလမ်းမှန်ရောက်အောင်ဆွဲခေါ်မယ် ဒါပေမဲ့ သင်နဲ့တော့ ဘယ်တော့မှ တစ်သားတည်းဖြစ်မှာမဟုတ်ပါဘူး။ ချစ်သူ၊ လက်တွဲဖော်ဆိုရင် ပိုတောင်ဆိုးပါသေးတယ်၊ မိန်းကလေးတစ်ယောက်ရဲ့ခံစားချက်ကို မိန်းကလေးအချင်းချင်းပဲနား လည်နိုင်သလို ယောက်ျားလေးတစ်ယောက်ရဲ့ သဘာဝကိုလည်း ယောက်ျားအချင်းချင်းပဲသိနိုင်ပါတယ်။ ဒါကြောင့်ဆန့်ကျင်ဘက်လိင်ဖြစ်တဲ့သင့်ရဲ့လက်တွဲဖော်ကအပြည့်အဝနားလည်ပေးနိုင်မှာမဟုတ်တာတော့သေချာပါတယ်။ သင့်ရဲ့ဆိုးမွေကောင်းမွေအားလုံးကိုခွင့်လွှတ်နားလည်ပေးပြီး သင်နဲ့တစ်သား တည်းရှိနေမယ့်သူတွေဟာ သူငယ်ချင်းတွေပါပဲ။

သူတို့ဟာအာလာဒင်မီးခွက်စောင့်လိုပဲ

သူငယ်ချင်းတွေဆိုတာသင်လိုအပ်တိုင်းလက်နဲ့ပွတ်ပြီးဆုတောင်းလိုက်တာနဲ့သင့်ရှေ့အရောက်လာမယ့် အာလာဒင်မီးခွက်စောင့်လိုပဲ သင်လိုအပ်တဲ့အချိန် ဖုန်းတစ်ချက်ဆက်၊ စာတစ်စောင်ပို့လိုက် တာနဲ့အရောက်လာမယ့်သူတွေပါ။ မိဘနဲ့အဆင်မပြေလို့အိမ်ကဆင်းလာတယ်ဆိုရင် သင့်ကိုလက် ခံပေးထားဖို့အသင့်ရှိနေသလို ရည်းစားနဲ့အဆင်မပြေရင် နောက်တစ်ယောက်ရှာပေးဖို့လည်း ဝန်မလေး တတ်ပါဘူး။

သူတို့ဟာအရိပ်လိုလူသားတွေပါ

သင့်ဘဝတစ်လျှောက်လုံး တွေ့ဆုံရတဲ့လူတွေ တစ်ယောက်ပြီးတစ်ယောက်သာပြောင်းသွားတယ် သင့်အနားမှာမပြောင်းလဲဘဲ ရှိနေတာကလည်းသူငယ်ချင်းတွေပါပဲ။ တကယ့်အရင်းနှီးဆုံးမိတ်ဆွေ သူငယ်ချင်းတွေဆိုတာ သင်လျှောက်လှမ်းရာဘဝခရီးလမ်းတစ်လျှောက် ထပ်ကြပ်မကွာပါနေမယ့် အရိပ်လိုလူသားတွေပါပဲ။

ကဲ မြန်မာ့ပလက်ဖောင်းပရိသတ်ကြီးရော ကိုယ့်အနားမှာအဲဒီလိုသူငယ်ချင်းတွေရှိနေကြ ရဲ့လား…ရှိနေ တယ်ဆိုရင် ဒီဆောင်းပါးလေးကိုမျှဝေပြီး ကျေးဇူးတင်စကားပြောလိုက်ဦးနော်....။

Credit : myanmaplatform

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top