iMyanmarHouse.com - Best Property Website for Myanmar
×

ယူရစ္အက္စစ္ဆိုတာ စားလိုက္တဲ့အစားအစာေတြထဲပါရွိတဲ့ ျပဴရင္းဓာတ္ေတြနဲ႔ ဆဲလ္ေသေတြဆီကေနျဖစ္လာတဲ့ ေသြးထဲကစြန္႔ပစ္ပစၥည္းျဖစ္ပါတယ္။ ေသြးထဲမွာ ယူရစ္အက္စစ္က ထိုက္သင့္သေလာက္ပမာဏေတာ့ရွိတာပံုမွန္ပဲဆိုေပမယ့္ ကိုယ္စားတဲ့အစားအစာေတြကို မတိုင္းခ်င့္ဘူးဆိုရင္ ယူရစ္အက္စစ္ပမာဏလြန္ကဲလာနိုင္ပါတယ္။  အဲဒီအခါ ေက်ာက္ကပ္က စစ္မထုတ္နုိင္ေတာ့ဘဲ အဆစ္အျမစ္ေတြေရာင္ရမ္းေစတဲ့ ေဂါက္ေရာဂါျဖစ္ေစနုိင္ပါတယ္။ ဒီအေျခအေနကိုမထိန္းခ်ဳပ္ဘူးဆိုရင္ ေသြးထဲက ယူရစ္အက္စစ္ပမာဏကပိုပိုမ်ားလာျပီး အရိုးအဆစ္ေတြနဲ႔ၾကြက္သားတစ္ရွဴးေတြမွာ ယူရစ္အက္စစ္ပံုေဆာင္ခဲေတြျဖစ္လာနုိင္တဲ့အႏၱရာယ္ရွိပါတယ္။

ေဂါက္ေရာဂါကို ေသခ်ာမကုသရင္ အရိုးအဆစ္ေတြပံုသ႑ာန္ပ်က္ယြင္းလာတာ၊ပ်က္စီးလာတာ၊ေက်ာက္ကပ္ေက်ာက္တည္တာေတြအထိ ျဖစ္ေစနိုင္ပါတယ္။ ယူရစ္အက္စစ္ကို ေသြးစစ္ၾကည့္ျပီးမွ သိနုိင္တာျဖစ္ျပီး ပံုမွန္ရွိရမယ့္ ယူရစ္အက္စစ္ပမာဏကေတာ့ အမ်ိဳးသားေတြမွာ 3.5 ကေန 7.0 mg/dl အမ်ိဳးသမီးေတြမွာ 2.5 ကေန 5.7 mg/dl ျဖစ္ပါတယ္။ ေဂါက္ေရာဂါရွိေနသူေတြေရာ၊ ယူရစ္အက္စစ္မ်ားေနသူေတြအတြက္ စားသံုးသင့္တဲ့အစားအစာ (၁၀)မ်ိဳးကို ေဖာ္ျပလိုက္ပါတယ္။

(၁) ပန္းသီး

ပန္းသီးမၾကာခဏစားေပးပါ။ malic acid ၾကြယ္ဝတာေၾကာင့္  ေသြးတြင္းကယူရစ္အက္စစ္ကိုေခ်ဖ်က္ေပးနိုင္ပါတယ္။

(၂) ဘယ္ရီသိီးမ်ား

စေတာ္ဘယ္ရီ၊ဘလူးဘယ္ရီစတဲ့ ဘယ္ရီသီးေတြစားေပးပါ။ ဘယ္ရီသီးေတြစားေပးျခင္းျဖင့္  ေရာင္ရမ္းမႈကိုေလ်ာ့က်ေစတဲ့အာနိသင္ေၾကာင့္ ေသြးထဲက ယူရစ္အက္စစ္ပမာဏကိုေလ်ာ့က်ေစပါတယ္။ သၾကားထည့္စားတာ၊ သိပ္မွည့္ေနတဲ့အသီးကိုစားတာေတြေတာ့ မလုပ္ဖို႔သတိထားပါ။ ဒီလိုစားရင္ ေသြးတြင္းကယူရစ္အက္စစ္ကိုေလ်ာ့က်ေစဖို႔အာနိသင္ကို ထိေရာက္မႈအားနည္းေစပါတယ္။

(၃) ခ်ယ္ရီသီး

တစ္ေန႔ကို ခ်ယ္ရီသီးဆယ္လံုးေလာက္စားေပးရင္ ယူရစ္အက္စစ္ပမာဏေလ်ာ့က်ေစနိုင္ပါတယ္။ မုန္႔ထဲထည့္တာ၊ ခ်ယ္ရီသီးယိုကိုစားတာေတြမဟုတ္ဘဲ သဘာဝအသီးအတိုင္းသာစားရမွာပါ။

(၄) အမွ်င္ဓာတ္မ်ားတဲ့အစားအစာမ်ား

အမွ်င္ဓာတ္မ်ားတဲ့အစားအစာေတြက ေသြးထဲကယူရစ္အက္စစ္ကုိစုပ္ယူေပးျပီးေက်ာက္ကပ္ကတဆင့္ ယူရစ္အက္စစ္ေတြကို ဖယ္ရွားနိုင္ဖို႔ အေထာက္အကူေပးပါတယ္။ ကိုယ့္မွာယူရစ္အက္စစ္မ်ားေနျပီဆိုရင္ အုတ္ဂ်ံဳ၊မုန္လာဥနီ၊မုေယာစပါး စတဲ့အမွ်င္ဓာတ္မ်ားတဲ့အစားအစာေတြပိုစားေပးပါ။

(၅) လိေမၼာ္သီးနဲ႔သံပရာသီး

ဗီတာမင္စီက ယူရစ္အက္စစ္ေလွ်ာ့ခ်ရာမွာ အစြမ္းထက္ပါတယ္။ အရိုးအဆစ္ေတြမွာျဖစ္ေနတဲ့ ယူရစ္အက္စစ္ပံုေဆာင္ခဲေတြကို ေၾကပ်က္ေစျပီးဖယ္ရွားေပးနုိင္ပါတယ္။ သံပရာသီး၊ဂရိတ္ဖရု၊လိေမၼာ္သီးတို႔ကိုေဖ်ာ္ရည္ေသာက္ေပးတာက အက်ိဳးရလဒ္ေကာင္းေစမွာပါ။

(၆) ငွက္ေပ်ာသီး

ငွက္ေပ်ာသီးစားေပးတာကလည္း ယူရစ္အက္စစ္ေလ်ာ့က်ေစဖို႔ အက်ိဳးျပဳပါတယ္။

(၇) သခြားသီးနဲ႔ ပန္းေဂၚဖီစိမ္း

ခရမ္းခ်ဥ္သီး၊ သခြားသီးနဲ႔ ပန္းေဂၚဖီစိမ္းေတြကိုစားေပးရင္ ေသြးတြင္းယူရစ္အက္စစ္မ်ားမလာေစဖို႔ ၾကိဳတင္ကာကြယ္ေပးနိုင္ပါတယ္။

(၈) ေရ

ေနာက္တစ္ခ်က္က ေရကိုအလံုအေလာက္ေသာက္ေပးဖို႔ပါ။ ပိုလွွ်ံေနတဲ့ ယူရစ္အက္စစ္အပါအဝင္ ခႏၶာကိုယ္ထဲကအဆိပ္အေတာက္မွန္သမွ်ကို ေရကသန္႔စင္ေပးတဲ့အတြက္ တစ္ေန႔ ေရ ၈ ခြက္ေတာ့ေသာက္သင့္ပါတယ္။

(၉) အဆီထုတ္နို႔ထြက္ပစၥည္းမ်ား

အဆီထုတ္နို႔ထြက္ပစၥည္းေတြစားေပးတာလည္း ေကာင္းပါတယ္။ အဆီထုတ္ႏြားနို႔နဲ႔ ဒိန္ခဲတို႔လိုမ်ိဳးေတြ စားေပးရင္ ယူရစ္အက္စစ္မမ်ားေအာင္ ကာကြယ္ေပးပါတယ္။

(၁၀) လက္ဖက္စိမ္း

လက္ဖက္စိမ္းကိုေန႔စဥ္ေသာက္ေပးရင္လည္း ယူရစ္အက္စစ္မ်ားသူေတြအတြက္ ေလွ်ာ့ခ်နိုင္ေစသလို ေဂါက္ေရာဂါျဖစ္နိုင္ေျခကို ေလ်ာ့နည္းေစပါတယ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ယူရစ်အက်စစ်ဆိုတာ စားလိုက်တဲ့အစားအစာတွေထဲပါရှိတဲ့ ပြူရင်းဓာတ်တွေနဲ့ ဆဲလ်သေတွေဆီကနေဖြစ်လာတဲ့ သွေးထဲကစွန့်ပစ်ပစ္စည်းဖြစ်ပါတယ်။ သွေးထဲမှာ ယူရစ်အက်စစ်က ထိုက်သင့်သလောက်ပမာဏတော့ရှိတာပုံမှန်ပဲဆိုပေမယ့် ကိုယ်စားတဲ့အစားအစာတွေကို မတိုင်းချင့်ဘူးဆိုရင် ယူရစ်အက်စစ်ပမာဏလွန်ကဲလာနိုင်ပါတယ်။  အဲဒီအခါ ကျောက်ကပ်က စစ်မထုတ်နိုင်တော့ဘဲ အဆစ်အမြစ်တွေရောင်ရမ်းစေတဲ့ ဂေါက်ရောဂါဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေကိုမထိန်းချုပ်ဘူးဆိုရင် သွေးထဲက ယူရစ်အက်စစ်ပမာဏကပိုပိုများလာပြီး အရိုးအဆစ်တွေနဲ့ကြွက်သားတစ်ရှူးတွေမှာ ယူရစ်အက်စစ်ပုံဆောင်ခဲတွေဖြစ်လာနိုင်တဲ့အန္တရာယ်ရှိပါတယ်။

ဂေါက်ရောဂါကို သေချာမကုသရင် အရိုးအဆစ်တွေပုံသဏ္ဍာန်ပျက်ယွင်းလာတာ၊ပျက်စီးလာတာ၊ကျောက်ကပ်ကျောက်တည်တာတွေအထိ ဖြစ်စေနိုင်ပါတယ်။ ယူရစ်အက်စစ်ကို သွေးစစ်ကြည့်ပြီးမှ သိနိုင်တာဖြစ်ပြီး ပုံမှန်ရှိရမယ့် ယူရစ်အက်စစ်ပမာဏကတော့ အမျိုးသားတွေမှာ 3.5 ကနေ 7.0 mg/dl အမျိုးသမီးတွေမှာ 2.5 ကနေ 5.7 mg/dl ဖြစ်ပါတယ်။ ဂေါက်ရောဂါရှိနေသူတွေရော၊ ယူရစ်အက်စစ်များနေသူတွေအတွက် စားသုံးသင့်တဲ့အစားအစာ (၁၀)မျိုးကို ဖော်ပြလိုက်ပါတယ်။

(၁) ပန်းသီး

ပန်းသီးမကြာခဏစားပေးပါ။ malic acid ကြွယ်ဝတာကြောင့်  သွေးတွင်းကယူရစ်အက်စစ်ကိုချေဖျက်ပေးနိုင်ပါတယ်။

(၂) ဘယ်ရီသီးများ

စတော်ဘယ်ရီ၊ဘလူးဘယ်ရီစတဲ့ ဘယ်ရီသီးတွေစားပေးပါ။ ဘယ်ရီသီးတွေစားပေးခြင်းဖြင့်  ရောင်ရမ်းမှုကိုလျော့ကျစေတဲ့အာနိသင်ကြောင့် သွေးထဲက ယူရစ်အက်စစ်ပမာဏကိုလျော့ကျစေပါတယ်။ သကြားထည့်စားတာ၊ သိပ်မှည့်နေတဲ့အသီးကိုစားတာတွေတော့ မလုပ်ဖို့သတိထားပါ။ ဒီလိုစားရင် သွေးတွင်းကယူရစ်အက်စစ်ကိုလျော့ကျစေဖို့အာနိသင်ကို ထိရောက်မှုအားနည်းစေပါတယ်။

(၃) ချယ်ရီသီး

တစ်နေ့ကို ချယ်ရီသီးဆယ်လုံးလောက်စားပေးရင် ယူရစ်အက်စစ်ပမာဏလျော့ကျစေနိုင်ပါတယ်။ မုန့်ထဲထည့်တာ၊ ချယ်ရီသီးယိုကိုစားတာတွေမဟုတ်ဘဲ သဘာဝအသီးအတိုင်းသာစားရမှာပါ။

(၄) အမျှင်ဓာတ်များတဲ့အစားအစာများ

အမျှင်ဓာတ်များတဲ့အစားအစာတွေက သွေးထဲကယူရစ်အက်စစ်ကိုစုပ်ယူပေးပြီးကျောက်ကပ်ကတဆင့် ယူရစ်အက်စစ်တွေကို ဖယ်ရှားနိုင်ဖို့ အထောက်အကူပေးပါတယ်။ ကိုယ့်မှာယူရစ်အက်စစ်များနေပြီဆိုရင် အုတ်ဂျုံ၊မုန်လာဥနီ၊မုယောစပါး စတဲ့အမျှင်ဓာတ်များတဲ့အစားအစာတွေပိုစားပေးပါ။

(၅) လိမ္မော်သီးနဲ့သံပရာသီး

ဗီတာမင်စီက ယူရစ်အက်စစ်လျှော့ချရာမှာ အစွမ်းထက်ပါတယ်။ အရိုးအဆစ်တွေမှာဖြစ်နေတဲ့ ယူရစ်အက်စစ်ပုံဆောင်ခဲတွေကို ကြေပျက်စေပြီးဖယ်ရှားပေးနိုင်ပါတယ်။ သံပရာသီး၊ဂရိတ်ဖရု၊လိမ္မော်သီးတို့ကိုဖျော်ရည်သောက်ပေးတာက အကျိုးရလဒ်ကောင်းစေမှာပါ။

(၆) ငှက်ပျောသီး

ငှက်ပျောသီးစားပေးတာကလည်း ယူရစ်အက်စစ်လျော့ကျစေဖို့ အကျိုးပြုပါတယ်။

(၇) သခွားသီးနဲ့ ပန်းဂေါ်ဖီစိမ်း

ခရမ်းချဉ်သီး၊ သခွားသီးနဲ့ ပန်းဂေါ်ဖီစိမ်းတွေကိုစားပေးရင် သွေးတွင်းယူရစ်အက်စစ်များမလာစေဖို့ ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

(၈) ရေ

နောက်တစ်ချက်က ရေကိုအလုံအလောက်သောက်ပေးဖို့ပါ။ ပိုလှျှံနေတဲ့ ယူရစ်အက်စစ်အပါအဝင် ခန္ဓာကိုယ်ထဲကအဆိပ်အတောက်မှန်သမျှကို ရေကသန့်စင်ပေးတဲ့အတွက် တစ်နေ့ ရေ ၈ ခွက်တော့သောက်သင့်ပါတယ်။

(၉) အဆီထုတ်နို့ထွက်ပစ္စည်းများ

အဆီထုတ်နို့ထွက်ပစ္စည်းတွေစားပေးတာလည်း ကောင်းပါတယ်။ အဆီထုတ်နွားနို့နဲ့ ဒိန်ခဲတို့လိုမျိုးတွေ စားပေးရင် ယူရစ်အက်စစ်မများအောင် ကာကွယ်ပေးပါတယ်။

(၁၀) လက်ဖက်စိမ်း

လက်ဖက်စိမ်းကိုနေ့စဉ်သောက်ပေးရင်လည်း ယူရစ်အက်စစ်များသူတွေအတွက် လျှော့ချနိုင်စေသလို ဂေါက်ရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top