iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ ၂၀ ေက်ာ္အ႐ြယ္ဆိုတာက စူးစမ္းရွာေဖြ ေလ့လာေနဆဲအခ်ိန္၊ ေငြေၾကးျပႆနာေတြနဲ႕ ႀကဳံရခ်ိန္ နဲ႕ အလုပ္အကိုင္ အတည္အက်မရွိေသးခ်ိန္ျဖစ္ပါတယ္။ ဒီလိုကိစၥရပ္ေတြ ႀကဳံေတြ႕ရခ်ိန္မွာ သင့္ဘဝက ေျပာင္းလဲမႈေတြ အမ်ားႀကီး ျဖစ္လာပါလိမ့္မယ္။ ဒီလို အာ႐ုံမ်ားလွတဲ့ ၁၀ စုႏွစ္ထဲမွာ အခ်စ္ေရး ကလည္း ဘဝမွာ အေရးပါဆုံးလို႔ ထင္ရေပမဲ့ ေရွာင္ၾကဥ္သင့္တဲ့ အေၾကာင္းျပခ်က္ေကာင္းေတြရွိပါတယ္။

၁။ မေသခ်ာမေရရာမႈေတြ အမ်ားႀကီးရွိေနေသးတဲ့အခ်ိန္ပါ

တကၠသိုလ္ကေန ဘြဲ႕ရတယ္။ လုပ္ငန္းခြင္ဝင္ဖို႔ ျပင္ဆင္ရတယ္။ အလုပ္အတြက္ လိုအပ္တဲ့ သင္တန္းေတြ တက္ရတယ္။ ဒီအခ်ိန္မွာ သင္ဘာျဖစ္မလဲဆိုတာ ေျပာလို႔မရဘူး။ ဒီအခ်ိန္မွာ ႀကိဳးစားထားမွ ေရရာတဲ့ အနာဂတ္ ရွိမွာျဖစ္တယ္။ အဲလိုမဟုတ္ဘဲ အခ်စ္ေရးနဲ႕ပဲ သင္ လုံးခ်ာလည္ လိုက္ေနမယ္ ဆိုရင္ေတာ့ သင့္ေရွ႕ေရးက သင္ေမွ်ာ္လင့္သလို ျဖစ္လာဖို႔ မလြယ္ပါဘူး။

၂။ တည္ၿငိမ္ဖို႔ ႀကိဳးစားရမယ့္အခ်ိန္

လူတစ္ေယာက္ကို အတည္တက် လက္မတြဲမီမွာ ကိုယ့္ရဲ႕ဘဝကို ခိုင္မာေအာင္ အရင္တည္ေဆာက္ရပါမယ္။ စိတ္ခံစားခ်က္နဲ႕ ေငြေၾကး တည္ၿငိမ္မႈ မရွိေသးတဲ့ ၂၀ ေက်ာ္အ႐ြယ္မွာ အခ်စ္ေရးကို အေလးအနက္ ထားမယ္ဆိုရင္ စိတ္ခ်မ္းေျမ့မႈ နည္းပါလိမ့္မယ္။

၃။ အသက္ ၂၀ ေက်ာ္အ႐ြယ္မွာ အားလုံးရဲ႕အေျခအေနက အတူတူပါပဲ

အသက္ ၂၀ ေက်ာ္အ႐ြယ္မွာ သင့္မွာ အခက္အခဲေတြ၊ အဆင္မေျပမႈေတြ အမ်ားႀကီး ႀကဳံေတြ႕ရပါလိမ့္မယ္။ ဒါေပမဲ့ သင္တစ္ေယာက္တည္း မဟုတ္ပါဘူး။ ဒါဟာ လူတိုင္း ႀကဳံေတြ႕ရတဲ့ ျပႆနာပါ။ အလုပ္ေကာင္းေကာင္းရဖို႔၊ စားဝတ္ေနေရးေျပလည္ဖို႔ သင္ အေသအလဲ ႀကိဳးစားေနရခ်ိန္ေပါ့။ ဒီအခ်ိန္မွာ အခ်စ္ေရး အဆင္ေျပေအာင္ လုပ္နိုင္ေပမဲ့ ႏွစ္ေယာက္စလုံး ၂၀ ေက်ာ္အ႐ြယ္၊ ႏွစ္ဖက္စလုံးမွာ အခက္အခဲကိုယ္စီနဲ႕၊ ရင့္က်က္မႈလည္း မရွိေသးတဲ့အတြက္ ေအာင္ျမင္သာယာတဲ့ အခ်စ္ေရးေတာ့ ရဖို႔ ခဲယဥ္းပါလိမ့္မယ္။

၄။ တစ္ေယာက္တည္း ေပ်ာ္ေအာင္ ဘယ္လိုေနရမလဲ သင္ယူသင့္တယ္

လူအမ်ားစုက တစ္ေယာက္တည္းေနရမွာကို အလြန္ေၾကာက္ၾကပါတယ္။ အဲဒါေၾကာင့္ ရည္းစား ရေအာင္ထားတယ္ ဒါမွမဟုတ္ အဆင္မေျပတဲ့ အခ်စ္ေရးကို ကုတ္ကပ္တြယ္ထားတတ္ၾကတယ္။ ကိုယ့္ရဲ႕ ေပ်ာ္႐ႊင္မႈက တျခားသူေတြအေပၚ မွီခိုေနတယ္ဆိုရင္ တစ္ခ်ိန္ခ်ိန္မွာ သင္ အလဲလဲအၿပိဳၿပိဳ ျဖစ္ရပါလိမ့္မယ္။ အသက္ ၂၀ ေက်ာ္အ႐ြယ္ဟာ တစ္ေယာက္တည္းလည္း အဆင္ေျပနိုင္ေအာင္ ႀကိဳးစားၾကည့္သင့္တဲ့ အေကာင္းဆုံးအခ်ိန္ပါ။ ဒါမွ တစ္ခ်ိန္မွာ ကိုယ့္စိတ္တိုင္းက် အိမ္ေထာင္ေရးကို ဖန္တီးနိုင္မွာ ျဖစ္တယ္။

၅။ အလ်င္စလိုလုပ္စရာ မလိုပါဘူး

သင့္အသက္က ငယ္ငယ္ေလးပဲ ရွိပါေသးတယ္။ သင္ဘယ္လိုလူလဲ၊ သင္ဘာလိုခ်င္တာလဲဆိုတာ ရွာေဖြဖို႔ အခ်ိန္ေတြ အမ်ားႀကီး ရွိပါေသးတယ္။ သင့္ရဲ႕ ႏုပ်ိဳတဲ့အခ်ိန္ကို အခ်စ္ေရးအတြက္ ငိုေႂကြးရင္း အဆုံးမသတ္လိုက္ပါနဲ႕။

၆။ အခ်စ္ေရးဆိုတာ လိုအပ္ခ်က္တစ္ခု မဟုတ္ဘူး

သင့္မွာ ရည္းစားမရွိတာနဲ႕ ေသမသြားပါဘူး။ သင္စိုးရိမ္ပူပန္ရမယ့္ ဒီထက္အေရးႀကီးတဲ့အရာေတြ ဘဝမွာ ရွိပါေသးတယ္။ အခ်စ္ေရးဆိုတာ ေအာင္ျမင္မႈရဲ႕ ေသာ့ခ်က္မဟုတ္တဲ့အတြက္ ပထမဦးစားေပးအျဖစ္ မသတ္မွတ္သင့္ပါဘူး။

၇။ တစ္ႀကိမ္ေလာက္ေတာ့ အမွီအခိုကင္းသူအျဖစ္ ေနသင့္ပါတယ္

အလုပ္ကို ႀကိဳးစားလုပ္ရင္ ေနာက္ဆုံးမွာ သင့္ဘာသာ ရပ္တည္နိုင္တဲ့ အေျခအေနတစ္ခုကို ေရာက္ရွိမွာပါ။ မိဘ၊ ခ်စ္သူ၊ သူငယ္ခ်င္းမိတ္ေဆြေတြကို မွီခိုမေနပါနဲ႕။ အဲဒီလို အေျခအေနကို အသက္ ၂၀ ေက်ာ္အ႐ြယ္မွာ ရလိုက္ရင္ ဘယ္ေလာက္ေတာင္ ေက်နပ္စရာ ေကာင္းလိုက္မလဲ။ တကယ္လို႔သာ သင္ဟာ ဒီအ႐ြယ္မွာ အခ်စ္ေရးကို ဦးစားေပးၿပီး သင့္ရည္းစားအတြက္ အခ်ိန္ေတြ၊ ေငြေတြ အကုန္ခံေနရင္ သင့္ရဲ႕ ပန္းတိုင္က ေဝးသြားပါလိမ့္မယ္။ ကိုယ့္ဘာသာေနျခင္းက ဘာနဲ႕မွ မလဲနိုင္တဲ့ လြတ္လပ္မႈျဖစ္ၿပီး အဲဒီအတြက္ သင့္ရဲ႕အခ်စ္ေရးကို ခဏေလာက္ ေဘးဖယ္ထားသင့္ပါတယ္။

Credit : The Hits Popping
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အသက် ၂၀ ကျော်အရွယ်ဆိုတာက စူးစမ်းရှာဖွေ လေ့လာနေဆဲအချိန်၊ ငွေကြေးပြဿနာတွေနဲ့ ကြုံရချိန် နဲ့ အလုပ်အကိုင် အတည်အကျမရှိသေးချိန်ဖြစ်ပါတယ်။ ဒီလိုကိစ္စရပ်တွေ ကြုံတွေ့ရချိန်မှာ သင့်ဘဝက ပြောင်းလဲမှုတွေ အများကြီး ဖြစ်လာပါလိမ့်မယ်။ ဒီလို အာရုံများလှတဲ့ ၁၀ စုနှစ်ထဲမှာ အချစ်ရေး ကလည်း ဘဝမှာ အရေးပါဆုံးလို့ ထင်ရပေမဲ့ ရှောင်ကြဉ်သင့်တဲ့ အကြောင်းပြချက်ကောင်းတွေရှိပါတယ်။

၁။ မသေချာမရေရာမှုတွေ အများကြီးရှိနေသေးတဲ့အချိန်ပါ

တက္ကသိုလ်ကနေ ဘွဲ့ရတယ်။ လုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်ရတယ်။ အလုပ်အတွက် လိုအပ်တဲ့ သင်တန်းတွေ တက်ရတယ်။ ဒီအချိန်မှာ သင်ဘာဖြစ်မလဲဆိုတာ ပြောလို့မရဘူး။ ဒီအချိန်မှာ ကြိုးစားထားမှ ရေရာတဲ့ အနာဂတ် ရှိမှာဖြစ်တယ်။ အဲလိုမဟုတ်ဘဲ အချစ်ရေးနဲ့ပဲ သင် လုံးချာလည် လိုက်နေမယ် ဆိုရင်တော့ သင့်ရှေ့ရေးက သင်မျှော်လင့်သလို ဖြစ်လာဖို့ မလွယ်ပါဘူး။

၂။ တည်ငြိမ်ဖို့ ကြိုးစားရမယ့်အချိန်

လူတစ်ယောက်ကို အတည်တကျ လက်မတွဲမီမှာ ကိုယ့်ရဲ့ဘဝကို ခိုင်မာအောင် အရင်တည်ဆောက်ရပါမယ်။ စိတ်ခံစားချက်နဲ့ ငွေကြေး တည်ငြိမ်မှု မရှိသေးတဲ့ ၂၀ ကျော်အရွယ်မှာ အချစ်ရေးကို အလေးအနက် ထားမယ်ဆိုရင် စိတ်ချမ်းမြေ့မှု နည်းပါလိမ့်မယ်။

၃။ အသက် ၂၀ ကျော်အရွယ်မှာ အားလုံးရဲ့အခြေအနေက အတူတူပါပဲ

အသက် ၂၀ ကျော်အရွယ်မှာ သင့်မှာ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ အများကြီး ကြုံတွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒါဟာ လူတိုင်း ကြုံတွေ့ရတဲ့ ပြဿနာပါ။ အလုပ်ကောင်းကောင်းရဖို့၊ စားဝတ်နေရေးပြေလည်ဖို့ သင် အသေအလဲ ကြိုးစားနေရချိန်ပေါ့။ ဒီအချိန်မှာ အချစ်ရေး အဆင်ပြေအောင် လုပ်နိုင်ပေမဲ့ နှစ်ယောက်စလုံး ၂၀ ကျော်အရွယ်၊ နှစ်ဖက်စလုံးမှာ အခက်အခဲကိုယ်စီနဲ့၊ ရင့်ကျက်မှုလည်း မရှိသေးတဲ့အတွက် အောင်မြင်သာယာတဲ့ အချစ်ရေးတော့ ရဖို့ ခဲယဉ်းပါလိမ့်မယ်။

၄။ တစ်ယောက်တည်း ပျော်အောင် ဘယ်လိုနေရမလဲ သင်ယူသင့်တယ်

လူအများစုက တစ်ယောက်တည်းနေရမှာကို အလွန်ကြောက်ကြပါတယ်။ အဲဒါကြောင့် ရည်းစား ရအောင်ထားတယ် ဒါမှမဟုတ် အဆင်မပြေတဲ့ အချစ်ရေးကို ကုတ်ကပ်တွယ်ထားတတ်ကြတယ်။ ကိုယ့်ရဲ့ ပျော်ရွှင်မှုက တခြားသူတွေအပေါ် မှီခိုနေတယ်ဆိုရင် တစ်ချိန်ချိန်မှာ သင် အလဲလဲအပြိုပြို ဖြစ်ရပါလိမ့်မယ်။ အသက် ၂၀ ကျော်အရွယ်ဟာ တစ်ယောက်တည်းလည်း အဆင်ပြေနိုင်အောင် ကြိုးစားကြည့်သင့်တဲ့ အကောင်းဆုံးအချိန်ပါ။ ဒါမှ တစ်ချိန်မှာ ကိုယ့်စိတ်တိုင်းကျ အိမ်ထောင်ရေးကို ဖန်တီးနိုင်မှာ ဖြစ်တယ်။

၅။ အလျင်စလိုလုပ်စရာ မလိုပါဘူး

သင့်အသက်က ငယ်ငယ်လေးပဲ ရှိပါသေးတယ်။ သင်ဘယ်လိုလူလဲ၊ သင်ဘာလိုချင်တာလဲဆိုတာ ရှာဖွေဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်။ သင့်ရဲ့ နုပျိုတဲ့အချိန်ကို အချစ်ရေးအတွက် ငိုကြွေးရင်း အဆုံးမသတ်လိုက်ပါနဲ့။

၆။ အချစ်ရေးဆိုတာ လိုအပ်ချက်တစ်ခု မဟုတ်ဘူး

သင့်မှာ ရည်းစားမရှိတာနဲ့ သေမသွားပါဘူး။ သင်စိုးရိမ်ပူပန်ရမယ့် ဒီထက်အရေးကြီးတဲ့အရာတွေ ဘဝမှာ ရှိပါသေးတယ်။ အချစ်ရေးဆိုတာ အောင်မြင်မှုရဲ့ သော့ချက်မဟုတ်တဲ့အတွက် ပထမဦးစားပေးအဖြစ် မသတ်မှတ်သင့်ပါဘူး။

၇။ တစ်ကြိမ်လောက်တော့ အမှီအခိုကင်းသူအဖြစ် နေသင့်ပါတယ်

အလုပ်ကို ကြိုးစားလုပ်ရင် နောက်ဆုံးမှာ သင့်ဘာသာ ရပ်တည်နိုင်တဲ့ အခြေအနေတစ်ခုကို ရောက်ရှိမှာပါ။ မိဘ၊ ချစ်သူ၊ သူငယ်ချင်းမိတ်ဆွေတွေကို မှီခိုမနေပါနဲ့။ အဲဒီလို အခြေအနေကို အသက် ၂၀ ကျော်အရွယ်မှာ ရလိုက်ရင် ဘယ်လောက်တောင် ကျေနပ်စရာ ကောင်းလိုက်မလဲ။ တကယ်လို့သာ သင်ဟာ ဒီအရွယ်မှာ အချစ်ရေးကို ဦးစားပေးပြီး သင့်ရည်းစားအတွက် အချိန်တွေ၊ ငွေတွေ အကုန်ခံနေရင် သင့်ရဲ့ ပန်းတိုင်က ဝေးသွားပါလိမ့်မယ်။ ကိုယ့်ဘာသာနေခြင်းက ဘာနဲ့မှ မလဲနိုင်တဲ့ လွတ်လပ်မှုဖြစ်ပြီး အဲဒီအတွက် သင့်ရဲ့အချစ်ရေးကို ခဏလောက် ဘေးဖယ်ထားသင့်ပါတယ်။

Credit : The Hits Popping

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top