iMyanmarHouse.com - Best Property Website for Myanmar
×
Credit : My Style
မင်္ဂလာပါနော်။ ဒီတခါမှာတော့လူတိုင်းအတွက အသုံးဝင်မယ့် နည်းလမ်းကောင်းတချို့ကို မျှဝေပေးချင်ပါတယ်။ သင့်ရဲ့ အဝတ်အစားတွေကို အမြဲတမ်း အသစ်အတိုင်းအတိုင်း ဖြစ်နေစေဖို့ ကြုံတွေ့လာရတဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။
၁။ အဝတ်အစား စွန်းထင်တဲ့အခါ သံပယိုရည် (သို့) မုန့်ဖုတ်ဆိုဒါ (Baking Soda) နဲ့ စိမ်ပြီး လျှော်ဖွတ်လိုက်ပါ။
၂။ ဆွယ်တာ အမွှေးတွေ ရှုပ်ထွေးမနေအောင်၊ ပွမနေအောင် ပလတ်စတစ်နဲ့ ထုပ်ပြီး ရေခဲသေတ္တာထဲ ၃ နာရီမှ ၄ နာရီအထိ ထည့်ထားပါ။
၃။ ဆံပင်ဖြောင့်စက်နဲ့ တွန့်ကြေနေတဲ့ အဝတ်အစားကို ပြန်ညပီးချောအောင် လုပ်လို့ရပါတယ်။
၄။ မိတ်ကပ်လိမ်းလို့ ပေသွားတာကို နှုတ်ခမ်းမွှေး (သို့) အမွှေးတွေ ရိတ်တဲ့ Shaving Foam လိမ်းပေးပြီး ခဏထားပါ။ ပြီးရင် ရေနဲ့ ခပ်ဖွဖွလေးပွတ်ပေးလိုက်ပါ။
၅။ ဖိနပ်ထိပ်က အရမ်းကြပ်နေတဲ့အခါမှာ ကျွတ်ကျွတ်အိတ်ထဲကို ရေထည့်ပြီး ဖနပ်အထဲထည့်ကာ ရေခဲသေတ္တာထဲမှာ တစ်ညလုံးထားထားပါ။ မနက်ကျရင် စီးတဲ့အခါသက်သောင့်သက်သာဖြစ်သွားပါလိမ့်မယ်။
၆။ ဝိုင်နီပေသွားလို့ စွန်းထင်းနေတာကို ဝိုင်ဖြူနည်းနည်းလောင်းထည့်လိုက်ပါ။ ပြီးရင် မုန့်ဖုတ်ဆိုဒါ အပေါ်ကနေ နည်းနည်းဖြူးလိုက်ပြီး ၂ နာရီ ၃ နာရီအထိထားကာ လျှော်ဖွတ်လိုက်ပါ။
၇။ ဘွတ်ဖိနပ်အရှည်တွေကို ပုံစံမပျက်အောင် မဂ္ဂဇင်း (သို့) စာအုပ်အဟောင်းတစ်ခုခုကို လိပ်လိုက်ပြီး ဖိနပ်ထဲ ထည့်ထားပေးလိုက်ပါ။
၈။ အင်္ကျ ီ မှာ နှုတ်ခမ်းနီ ပေသွားတဲ့အခါ Hair Spray နဲ့ ဖြန်းပေးလိုက်ပါ။
၉။ ဖိနပ်အသစ်စီးလို့ နာတာမျိုးမဖြစ်အောင် ခြေအိတ်စွပ်ပြီး ရှုးဖိနပ်ထဲထည့်စီးပါ။ ပြီးရင် ဆံပင်လေမှုတ်စက်နဲ့ မိနစ်အနည်းငယ် လေမှုတ်ပေးလိုက်ပါ။
၁၀။ ဆွယ်တာအင်္ကျ ီ မှာ အသီးတွေ ထတဲ့အခါ နှုတ်ခမ်းမွှေး ရိတ်တာနဲ့ သေချာလေး ရိတ်ပေးလိုက်ပါ။
၁၁။ ဘွတ်ဖိနပ်အဖြူစွန်းထင်းညစ်ညမ်းနေတဲ့အခါ သွားတိုက်ဆေးနဲ့ သေချာလေး ပွတ်တိုက်ပေးလိုက်ပါ။ ပြီးရင် ရေဆေးလိုက်ပါ။
Credit : My Style
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top